ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်ကောင်းမြတ်မင်းမှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

ဥပုသ် ဟူသောစကားသည် ဥပေါသထ ဟူသော ပါဠိမှ ကူးစက်လာသော ပါဠိပျက် စကားတည်း။
ဥပ+ ၀သထ- ဟုပုဒ်ခွဲ၊ ဥပ- ညစာ မစားခြင်း၊ ၀သထ- နေခြင်း၊ ညစားမစား ခြင်း၊ သူ့ အသက်မသတ်ခြင်း၊ စသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော သီလကို ခံယူဆောက်တည် ၍ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော် စသော အာရုံများကို အာရုံပြုကာ (ဘာဝနာ) ပွါးလျက် အကုသိုလ်စိတ်များ မဖြစ်စေဘဲ စိတ်စင်ကြယ်အောင် စောင့်စည်းနေထိုင်မှုကို ဥပုသ်စောင့် ဟုခေါ်သည်။


(ဆောင်ပုဒ်) မိမိ စိတ်မှာ စင်ကြယ်လာအောင် အင်္ဂါရှစ်တန် သီလခံ၍ ခြိုးခြံ အောင့်အည်း တဖြောင့်တည်းဖြင့်၊ စောင့်စည်း အားထုတ် တရားကုတ် ဥပုသ်စောင့် ဟုမှတ်။

၁။ နက်ဖြန် ဥပုသ်စောင့်မည်ဟု ကြံစည်သော သူတော်စင်သည် ဥပုသ်စောင့်သည့် အခိုက်၌ အိမ်မှုကိစ္စတွေကို ဆောင်ရွက်ခြင်းငှာ မလျော်သောကြောင့် ယနေ့ လိုအခါကပင် အိမ်မှုကိစ္စ များကို တာဝန်ရှိသမျှ ပြီးစီးအောင် စီမံထားရာ၏။

၂။ ချက်ပြုတ် ကျွေးမွေးမည့်သူ အဆင်သင့်ရှိလျှက် နက်ဖြန် မိမိစားဖို့ အတွက် ပြောပြ စီစဉ် ထားရာ၏။ (ဥပုသ်စောင့်ခိုက် ခါတိုင်းထက် ကောင်းကောင်း စားဖို့ကား မစီမံသင့်)

၃။ ချက်ပြုတ် ကျွေးမွေးမည့်သူ မရှိလျှင် နက်ဖြန် ကိစ္စနည်းအောင် ပြီးစီးကောင်းသော စားဖွယ် သောက်ဖွယ်များကို ပြီးစီးစေအောင် စီမံထားရာ၏။

၎။ နက်ဖြန် နံနက် အာရုဏ်တက်ချိန်ကပင် ကိုယ်လက်များကို စင်ကြယ်အောင် ပြု၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသော အ၀တ်ကို ၀တ်ဆင်ရာ၏။

၅။ ပန်းပန်မှု နံ့သာလိမ်းမှုနှင့် အထူးတလည် ပြင်ဆင်မှုကို မပြုရာ။

၆။ ထို့နောက် ခပ်စောစောကပင် သီလဆောက်တည်ရာ၏၊ (သီလဆောက်တည်သောအခါ ပါဠိလို နားမလည်လျှင် မြန်မာလို ဆောက်တည်နိုင်ပါသည်၊ ရှစ်ပါးသီလ နှုတ်တိုက်မရလျှင်ကား ဘုရားပညတ်တော်မူအပ်သော ဥပုသ်သီလကို ဆောက်တည်ပါ၏ ဟုနှုတ်က မိမိဘာသာ ဆို၍လည်း ဆောက်တည်နိုင်၏)။

၇။ သီလဆောက်တည်ပြီးလျှင် ကျွေးမွေး လှူဒါန်းဖွယ်ရာ ကိစ္စရှိက ထိုကိစ္စကို ပြုလုပ်၍ မရှိက မိမိအတွက် သင့်တော်ရုံ စီမံ၍ စားသောက်ရာ၏။ (တစ်ထပ်သာမက ညစာမစားဘဲ နေနိုင် လောက်အောင်ပင် စားသောက်ခွင့်ရှိ၏)။

၈။ ကျွေးမွေး စားသောက်ပြီးလျှင် ကိုယ်လက် မစင်ကြယ်က ရေချိုးရာ၏၊ (ကိုယ်စင်ကြယ်မှ စိတ်ကြည်လင်၊ စိတ်ကြည်လင်မှ တရားကို အာရုံပြု၍ ကောင်းသည်)။

၉။ ထို့နောက် မိမိတစ်ယောက်တည်း နေသင့်သူဖြစ်လျှင် တစ်ကိုယ်တည်းနေ၍ အဖော်နှင့် နေသင့်သူဖြစ်က သဘောတူ အဖော်နှင့်တကွ သင့်တော်သော ဆိတ်ငြိမ်ရာ ဌာန၌ ဗြဟ္မာဥပုသ်ကို စောင့်လိုလျှင် ဘုရားဂုဏ်တော်ကို အာရုံပြု၍ နေရာ၏)။

၁၀။ တာရှည်စွာ ဆင်ခြင်၍ မနေနိုင်လျှင် တရားစာကိုလည်း ကြည့်ရှု့ ရွတ်ဖတ်နေရာ၏၊ (ထိုင်၍ချည်း နေရမည်ဟု မဆိုလို၊ လှဲကာ စင်္ကြံ့သွားကာ အမျိုးမျိုးမျှတအာင် နေစေလို၏)။

၁၁။ နည်းလမ်းကျကျ ဟောပြောမည့်ပုဂ္ဂိုလ် ရှိလျှင် တရားနာရာ၏။

၁၂။ ညဥ့်အချိန်သို့ ရောက်သောအခါ မိမိ၏ သီလကို ပြန်၍ ဆင်ခြင်ပြီးလျှင် အရိယာ သူတော်ကောင်း ရဟန္တာအပေါင်းနှင့် ယနေ့အတွက် မိမိတူမျှပုံကို အောက်မေ့ရာ၏။

အောက်မေ့ပုံ

ရဟန္တာ အရှင်မြတ်တို့သည် သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ လောကီအာရုံ ကာမဂုဏ်တို့မှ ရှောင်ကြဉ်၍ ညစာ စားမှု့ ၊ ပန်းနံ့ သာစသည် လိမ်းကျံမှုများကို မပြုသကဲ့သို့  ငါသည်လည်း ယနေ့အဖို့ ထိုအမှု အမျိုးမျိုးကို ရှောင်ကြဉ်သဖြင့် ရဟန္တာအရှင်မြတ်များနှင့် တူပေသည်တကားဟု မိမိကိုယ် အလွန်မြှောက်တင်ကာ ရဟန္တာယောင်္ကျား၊ရဟန္တာမိန်းမ စိတ်ကို ဖြစ်စေပြီးလျှင် ယခုလို အသက်ထက်ဆုံး စောင့်စည်းနေပါလျှင် မကြာခင် ဒုက္ခခပ်သိမ်း ငြိမ်းပေလိမ့်မည်ဟု ဆင်ခြင်ရာ၏။

၁၄။ နံနက် အာရုဏ်တက်၌ မိမိရည်မှန်းထားသော အချိန်စေ့သော အခါ အလိုအလျောက် ရှစ်ပါးသီလ မရှိတော့ဘဲ ငါးပါးသီလသာ ကျန်တော့သည်။ ( ယခုကာလ အချို့ အရပ်မှာလို ငါးပါးသီလ ယူကာ ဥပုသ်ချနေဖွယ် မလိုပါ)။ ဤကား ဥပုသ်စောင့်ပုံ အစီအစဉ်တည်း။

အကိုးအကား- ရတနာ့ဂုဏ်ရည် (တောင်မြို့ဆရာတော်ဘုရားကြီး)

Views: 281

ဘလော့အမျိုးအစား(ဘာသာရေး, သုတ)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

ဦးအောင်ကိုး သည် January 10, 2012 က 9:34pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ျဥပုသ်စေါင့်ခြင်းဆိုင်ရာ ဘုရားဟောကျမ်းခံများ ကိုဖြည့်စွက်ပေးကြပါရန်မေတ္တာရပ်ပါသည်။

နီနီဟန်နီ သည် January 10, 2012 က 7:03pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ဥပုသ်စောင့်ခြင်တာမှ အရမ်းပါဘဲ အခွင့်မသာတာကအစ်မ အတွက်ကြီးစွာသောဆုံးရူံးခြင်းပါဘဲ ဒါပေမဲ့ငါးပါးသီလကိုတော့ အထူးဆင်ခြင်စောင့်ထိမ်းပါတယ်..ဖတ်ခွင့်ရတာကိုဘဲကျေးဇူးတင်ပါတယ် ညီမရေ...။

စန္ဒာ သည် October 11, 2011 က 8:15pmတွင် မှတ်ချက်ရေးသားသွားပါသည်။
ပေးတဲ့ဆုနဲ့ပြည့်ပါစေရှင်...
ကူးမ သည် October 11, 2011 က 8:10pmတွင် မှတ်ချက်ရေးသားသွားပါသည်။
ကျေးဇူးတင်ပါတယ်. မစန္ဒာ... မစန္ဒာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေရှင်
Khin Swe Mar သည် August 28, 2011 က 6:45pmတွင် မှတ်ချက်ရေးသားသွားပါသည်။
သီတဂူ ဗုဒ္ဓတက္ကသိုလ်မှ ဒေါက်တာပညာသီဟ ၏ ရှင်းလင်းချက်အရ ဥပုသ် = ဥပ + ၀ဿတ = အနီး + နေခြင်း။ သူတော်ကောင်းများနဲ့ နီးအောင်နေခြင်း ၊ သူတော်ကောင်းများ၏အကျင့်သီလ နဲ့နီးအောင်နေခြင်းလို့ ဆိုပါတယ် ။ ကွဲလွဲနေတာလေး မို့လို့ ဆွေးနွေးကြည့်တာပါ ။
monlay သည် August 27, 2011 က 9:32pmတွင် မှတ်ချက်ရေးသားသွားပါသည်။
ဥပုသ်စောင့်နိုင်ရန်ကြိုးစားပါမည်။ကျေးဇူးတင်ပါသည်။သင်လည်းကိုယ်စိတ်နှလုံးချမ်းမြေ့ပါစေ။
ဦးအောင်ကိုး သည် August 25, 2011 က 8:41pmတွင် မှတ်ချက်ရေးသားသွားပါသည်။
ဥပုဒ်စေါင့်ခြင်းဆိုင်ရာ ဘုရားဟောမျာကိုဖတ်ချင်ပါသည် ဘယ်သုတ္တံဒေသနာတွင်ဥပုဒ်စေါင့်ခြင်းအကြောင်းဘာ့ကြောင့်စေါင့်သင့်ကြောင်းစသည်
မျာရှာဖွေတင်ပြပေးလျှင်အလွန်ကောင်းပါမည်။
naychi သည် August 25, 2011 က 4:53pmတွင် မှတ်ချက်ရေးသားသွားပါသည်။
ကျေူးဇူးတင်ပါတယ် ဥပုဒ်စောင့်နည်းကို အခုသိရသည့်အတွက် အကျိုးများလှပါသည်။ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းကင်းပါစေ။
yeyintthein သည် August 25, 2011 က 1:48pmတွင် မှတ်ချက်ရေးသားသွားပါသည်။
ဥပုသ်စောင့်နိုင်ရန်ကြိုးစားပါမည်။ကျေးဇူးတင်ပါသည်။သင်လည်းကိုယ်စိတ်နှလုံးချမ်းမြေ့ပါစေ။
koko သည် August 24, 2011 က 10:44pmတွင် မှတ်ချက်ရေးသားသွားပါသည်။
ယခု ဥပုဒ်မ စောင့်ဖြစ်တာ တော်တော် ကြာပြီး၊သတိပေးသလိုပါပဲ..ကျေးဇူးတင်ပါတယ်။

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................


anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

လေ့လာရန်

အဖွဲ့ဝင်များအားသိစေရန်


☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

အဖွဲဝင်များ

  • Soe Gyi ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • moemoe

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

Soe Gyi liked မူကြိုဆရာ's blog post 'သဲပုံစေတီတော် ပေါ်ပေါက်လာပုံလေးပါ'
3 minutes ago
Soe Gyi shared dimplemit's blog post on Facebook
6 minutes ago
Soe Gyi liked dimplemit's blog post 'တရားဆေးသောက် ရောဂါပျောက်'
6 minutes ago
Soe Gyi shared thein wai's blog post on Facebook
22 minutes ago
Soe Gyi liked thein wai's blog post 'မြတ်စွာဘုရား၏ ထူးခြား အံ့သြဖွယ်များ (ဗုဒ္ဓနေ့အတွက်)။'
38 minutes ago
zawmintun commented on whitecolor's blog post 'ဗုဒ္ဓဘာသာဝင် ဆိုသည်မှာ'
"ကျေးဇှုးပါ အရမ်းကောင်းပါတယ်"
1 hour ago
မောင်အေးချမ်း commented on thein wai's blog post 'ပဋိစ္စသမုပ္ပါဒ် လည်ပုံပြတ်ပုံ တရားကို အလွယ်တကူ နားလည် သဘောပေါက်ကြစေရန်။'
"share သွားပါတယ်ခင်ဗျာ..ကျေးဇူးပါပဲနော်.."
1 hour ago
မောင်အေးချမ်း shared thein wai's blog post on Facebook
1 hour ago
မောင်အေးချမ်း shared whitecolor's blog post on Facebook
1 hour ago
dimplemit left a comment for Thal Maung Khant
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
1 hour ago
dimplemit left a comment for Yu Yu Mon
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
1 hour ago
dimplemit left a comment for Zat Zat
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
1 hour ago

© 2013   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...