ဗုဒ္ဓကမ္ဘာဆိုဒ် စတင်ဖြစ်ပေါ်လာပုံ
ကျွန်တော့်နာမည်အရင်းက တင်အေးနိုင် ပါ။ဆိုဒ်မှာတော့ ကောင်းမြတ်မင်း လို့ပေးထားပါတယ်။
ကျွန်တော် ဒီဗုဒ္ဓကမ္ဘာဆိုဒ်ကို စတင်တည်ထောင်ဖြစ်တဲ့ အကြောင်းအရင်းကတော့ ဖြူးဆရာတော် ဟောကြားတော်မူသော "သွေးနဲ့ရေးတဲ့သာသနာ" ဆိုတဲ့ တရားတော်ကို နာကြားရလို့ပဲ ဖြစ်ပါတယ်။ကျွန်တော် ၀က်ပ်ဆိုဒ်တွေ လိုက်ပြီးလေ့လာကြည့်တဲ့အခါမှာ တရားနဲ့ပတ်သတ်တဲ့ စာပေဆိုဒ်တွေ MP3ဆိုဒ်တွေ များပါတယ်။မန်ဘာတွေ ကိုယ်တိုင်ဝင်ပြီး တိုက်ရိုက်ဆွေးနွေးလို့ မရကြပါဘူး။ ၀က်ပ်ဆိုဒ်တွေမှာ မန်ဘာတွေအများဆုံးဝင်နေတာက www.ning.com က ပြုလုပ်ထားတဲ့ မြန်မာဆိုဒ်တွေပါ။တစ်ချို့ နိုင်းဝက်ပ်ဆိုဒ်တွေဆိုရင် မန်ဘာဦးရေ ၁သောင်းကနေပြီးတော့ ၅သောင်းကျော် အထိရှိပါတယ်။အဲဒီဆိုဒ်တွေထဲမှာ ဗုဒ္ဓဘာသာအဖွဲ့တွေ ရှိပါတယ်။ဒါပေမဲ့ ကျွန်တော် အားမရပါဘူး။ သဘောလည်းမကျပါဘူး။ဘာဖြစ်လို့လည်းဆိုတော့ ဘာသာရေးနဲ့ လူမူရေး၊ နိုင်ငံရေး အကုန်ရောနေပါတယ်။အဲဒီတော့ ထူးဆန်းတဲ့သတင်းတွေ၊ နိုင်ငံရေးတွေ တွေ့ရင် စိတ်က ဗုဒ္ဓစာပေကို မရောက်တော့ဘဲ သတင်းတွေဘက်ရောက်သွားပါတယ်။ကျွန်တော် အွန်လိုင်းမှာ ချက်တင်လုပ်ရင်းနဲ့ မြန်မာတွေ တော်တော်များများဟာ ကိုယ်ရဲ့ဘာသာကို အခြေခံလေးတောင်မှ မသိကြပါလားဆိုတာ တွေ့လိုက်ရပါတယ်။ကျွန်တော် ဆိုဒ်တွေတော်တော်များများကို လေ့လာကြည့်ပါတယ်။အဲဒီ့ဆိုဒ်တွေထဲကမှ ဒီ www.ning.com ကနေပြီးဖန်တီးထားတဲ့ဆိုဒ်တွေဟာ မြန်မာတွေနဲ့ ရင်းနှီးကျွမ်းဝင်တယ်။ တော်တော်များများကလည်း စိတ်ဝင်စားကြတယ်။ ဟိုသွားဒီသွား လွယ်ကူတယ်။တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးလို့ရတယ်။ဘာသာရေးနဲ့ ပတ်သတ်ပြီး မသိတာမေး သိတာဝေမျှလို့ရပါတယ်။ဒါကြောင့် ကျွန်တော် ဒီ( နိုင်း) ကနေပြီးတော့ "ဗုဒ္ဓကမ္ဘာ" လို့ အမည်ပေးပြီး ဗုဒ္ဓတရားနှင့် ဗုဒ္ဓစာပေ သီးသန့်ဆိုဒ်တစ်ခုကို၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ (၉)ရက်နေ့မှာ စတင်ပန္နက်ရိုက် ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဆိုဒ်ထဲမှာ ဗုဒ္ဓစာပေများ၊ ဆရာတော်ကြီး၏တရားတော်များ လေ့လာနိုင်ရန်ရည်ရွယ်ထားပါတယ်။ကျွန်တော့ရဲ့ သူငယ်ချင်းမိတ်ဆွေများကို ဗုဒ္ဓစာပေများကို လေ့လာစေချင်တယ်။ တရားတော်များကိုလည်း နာစေချင်ပါတယ်။ လေ့လာပါ၊တရားတွေနာပါလို့လည်း အထူးတိုက်တွန်းပါတယ်။ဗုဒ္ဓစာပေများကို လေ့လာလိုက်စားနေကြသော ဓမ္မမိတ်ဆွေများကိုလည်း ကိုယ်သိတာတွေကို အများသူငါ လေ့လာမှတ်သားနိုင်ရန် ဝေမျှခဲ့ပါလို့ ကျနော်ကောင်းမြတ်မင်း(တင်အေးနိုင်)မှ တောင်းဆိုချင်ပါတယ်။
ကျွန်တော့်ကို လာရောက်ကူညီနေသော ဆိုဒ်ထဲမှတာဝန်ရှိသူတွေနဲ့ မိတ်ဆက်ပေးပါ့မယ်။
ဥယာဉ်မှူးလေး(ရွှေမြန်မာဥယာဉ် )
ဂျွန်ဖြိုး(ဖူးစာရှင်လေး)
ကိုနတ်ဆိုး(နိဗ္ဖာန်ဆော်)
ကိုစိုင်းဇေယျာ
ကိုအောင်အောင်
လင်းလင်းအောင်
မမလွမ်း(ချောကလက်မြို့တော်)
ပုညလုံမေ
မစန္ဒာ
ဒီအဖွဲ့ဝင်များအပြင် နောက်ထပ်ကူညီပေးကြသူတွေလည်း အများကြီးရှိပါတယ်။
အလုပ်တွေများတဲ့ ကြားထဲက လာရောက်ကူညီကြသော ညီအစ်ကိုမောင်နှမအားလုံးကို ကျွန်တော် ကောင်းမြတ်မင်း(တင်အေးနိုင်)မှ အထူးကျေးဇူးတင်ပါတယ်။
Views: 1807
ဘလော့အမျိုးအစား(ကျေးဇူးတင်လွှာ)
မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)
Thwe zin သည် April 24, 2013 က 7:21pmတွင် မှတ်ချက်ရေးသားသွားပါသည်။ မသိတာလေးတွေ လေ့လာမှတ်သားခွင့်ရတဲ့ ကံ.....ဆိုဒ်တည်ထောင်သူကိုလည်းကျေးဇူးတင်မိပါတယ်ရှင်။ ရည်ရွယ်ချက်လေးကောင်းလွန်းပါတယ်ရှင် ဓမ္မမိတ်ဆွေများ ဒါန ၊ သီလ -သမထ ၊ ၀ိပဿနာ...........လမ်းမှန်အားထုတ်နိုင်ပြီး နိဗ္ဗာန် သို့် မျက်မှောက်ပြုနိုင်ကြပါစေရှင်.....
U Tun Hla သည် February 8, 2013 က 10:29pmတွင် မှတ်ချက်ရေးသားသွားပါသည်။ အလွန်ကောင်းမွန်တဲ့ရည်ရွယ်ချက်ပါ၊သာဓုခေါ်ပါတယ်၊
nangkhanmoon သည် February 3, 2013 က 12:38pmတွင် မှတ်ချက်ရေးသားသွားပါသည်။
myintthihakyaw သည် December 21, 2012 က 1:45pmတွင် မှတ်ချက်ရေးသားသွားပါသည်။ ကောင်းပါတယ်ဗျာ။
သန္ဒာလင်း သည် November 14, 2012 က 5:42pmတွင် မှတ်ချက်ရေးသားသွားပါသည်။ ဒီကနေ့ဟာ အရမ်းပျော်ပါတယ်...ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးနဲ့ အသက်ရှင်နေရတဲ့သူ...အသက်ရှင်ခဲ့ရတဲ့သူဆိုတော့...ဗုဒ္ဓမြတ်စွာဘုရားကို
အသွေးအသားအသက်နဲ့ထပ်တူချစ်တာပါ...ဒါကြောင့် ဗုဒ္ဓသာသနာတော်ကြီးအရှည်တည်တံ့ခိုင်မြဲနေဖို့ကို ဘ၀မှာ အလေးထားဆုံးပါ...
wannita သည် November 9, 2012 က 10:37amတွင် မှတ်ချက်ရေးသားသွားပါသည်။ ဘုန်းဘုန်းလည်း ဗုဒ္ဓကမ္ဘာအဖွဲ့ဝင်ဖြစ်ရတာ ၀မ်းသာပါ၏ ၊ ဗုဒ္ဓဒေသနာ ကမ္ဘာလွှမ်းစေရမည်၊ သူတော်ကောင်းတရား သူတော်ကောင်ဓာတ်တရား မြတ် လူနတ်ကိုယ်စီ တည်ရပေမည်ဟူသောခံယူချက်ဖြင့် ဤဆိုဒ်သည် အမျိုးဘာသာသာသနာစောင့်ရှောက်ရာလည်းရောက်၏၊ နောက်ပြီးသာသနြာ့ပုရာလည်းရောက်ပါ၏၊ သို့ပါသောကြောင့် ဗုဒ္ဓ ဓမ္မ သံဃ ရတနာစစ် ရတနာမှန်အဖိုးတန်ရတနာကို ကိုယ်စီရပြီးသူတော်ကောင်းတရားကိန်းဝပ်ကာမဂ်ဖိုလ် နိဗ္ဗာန်ချမ်းသာမြတ်ကိုတက်လှမ်းရယူနိုင်ကြပါစေဟု ဆုတောင်းမေတ္တာပို့ပါသည်။
kyawminkhaing သည် October 9, 2012 က 3:57pmတွင် မှတ်ချက်ရေးသားသွားပါသည်။ ကျတော်လဲ အဖွဲ့ဝင် ဖြစ်ရတာကို အားရကျေနပ်မိပါတယ်ဗျာ ကျေးဇူးလဲ တင်ပါတယ် ကျတော် သိချင်တာ ရချင်တာပေါ့နော် (၂၄)ပစ္စည်း ပဌာန်း မြန်မာပြန် သိချင်ပါတယ်ဗျာ လိုလဲ လိုချင်ပါတယ် ရှာကြည့်တာ တင်ထားတယ်ဆိုရင်လဲ ပြောပေးပါဗျာ ကျေးဇူးတင်ပါတယ်
ချစ်သူမောင် သည် October 6, 2012 က 2:36amတွင် မှတ်ချက်ရေးသားသွားပါသည်။
NWE MYO OO သည် August 28, 2012 က 3:46amတွင် မှတ်ချက်ရေးသားသွားပါသည်။ ဓမ္မအဖွဲံဝင်ဖြစ်ရလို. အတိုင်းမသိဝမ်းသာပါတယ်.အားလုံးကို.........ကျေးဇူးတင်ပါတယ်...
မောင်ကေ(ပုပ္ပါးမြေ) သည် August 27, 2012 က 2:30amတွင် မှတ်ချက်ရေးသားသွားပါသည်။ ကျေးဇုးတင်တယ် ရွှေပုပ္ပါးကိုလာခဲ့နော် ထန်းလျှက်နဲ့ဧည့်ခံပါ့မယ်
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ မှ(ကြိုဆိုပါတယ်)
( မှတ်ပုံတင်ရန်နေရာ)
(မှတ်ပုံတင်ပြီးသားသူများ)၀င်ရန်
အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး
နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)
Name of Account. U HLAING KYAW HTWE
NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ
ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့
လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

အရှင်ဝဏ္ဏ ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။
aung aung soe ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။


ရဲမင်းထွန်း ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

thetnaungmawgyun ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။


kham ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

ရဲမင်းထွန်း liked အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)'s blog post 'ယဉ်ကျေးမှုသင်တန်းတစ်ခုတွင် ပြောခဲ့တဲ့ ဘာသာကာကွယ်ရေးစကားစု'
Angledaewi commented on မူကြိုဆရာ's blog post 'မေတ္တာလေ.ကျင်.ခန်း'
ဂျူလိုင်မိုး commented on အရှင်ဝဏ္ဏ's blog post 'ဘာသာခြားတစ်ဦးနှင့် ဆုံတွေ့ခဲ့ရာဝယ်'
Angledaewi commented on dimplemit's blog post 'ဘ၀မှာ ဘာအရေးကြီးဆုံးလဲဆိုတာ....'
© 2013 Created by ကောင်းမြတ်မင်း.
Powered by
© Copyright Ning Network Name Goes Here.
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။
Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺