☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺သည်( ၂၀၁၁ )ခုနှစ်ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါသည်။

 

 

☺☺☺ဗုဒ္ဓကမ္ဘာသာသနာပရဟိတအသင်း☺☺☺

ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်တို့ (Buddhismworld's Admins) မှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

        လွန်လေပြီးသော နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်စွာဘုရားရှင် ဇေတ၀န်ရွှေကျောင်းတော်
မှာ မွေ့လျော်သီတင်းသုံးစဉ်ကာလ တနေ့တွင် ဘုရားရှင်ရဲ့ တပည့်သာဝကတွေဟာ သင်္ကန်းကိုယ်
စီရုံပြီး ဆွမ်းခံသွားရင်း   အချိန်ကလေး စောနေသေးတဲ့အတွက် ဒိဌိပရဗိုဇ်ကျောင်းကို  ခေတ္တခဏ  
ဝင်ကြပါတယ်။
         ဒိဌိပရဗိုဇ်ကြီးက သူ့ရဲ့တပည့်တွေကို၊ ဘုရားရှင်ရဲ့ တပည့်ရဟန်းတွေကို စောင်းငဲ့ပြီးတော့
ငါ့ရှင်တို့....“ငါတို့လည်း နိဝရဏ ၅ ပါးကို ဟောပြောလေ့ရှိတယ်။ ရှင်ဂေါတမလည်း နိဝရဏ ၅ ပါး
ကို ဟောပြောလေ့ရှိတယ်။ ငါတို့လည်း ဗောဇ္ဈင် ၇ ပါးကို ဟောပြောလေ့ရှိတယ်။ ရှင်ဂေါတမလည်း
ဗောဇ္ဈင် ၇ ပါးကို ဟောပြောလေ့ရှိတာပဲ ဘာများထူးခြားလို့လဲ ငါရှင်တို့.......။ ငါတို့လည်း    ဒီတ
ရားတွေကို ဟောပြောနေတာပဲ၊ ရှင်ဂေါတမကလည်း ဒီတရားတွေကို ဟောပြောနေတာပဲ၊   ဘာမှ
ထူးခြားချက် မရှိပါဘူး” လို့  ပြောတော့   တပည့်ရဟန်းတွေက တားလည်းမတားမြစ်၊    ချက်ချင်း
ပြန်ပြီးငြင်းခုံမှု မပြုပါဘဲ ...၊  အသာကလေးပဲ ကိုယ့်ဆွမ်းကိုယ်ခံကာ  ကျောင်းတော်သို့ ပြန်လာခဲ့
ကြပါတယ်။
         ကျောင်းတော်ကို ပြန်ရောက်တဲ့အခါမှာ ဘုရားရှင်အား လျှောက်ထားပါတယ်။ “ ဘုန်းတော်
ကြီးတော်မူသော မြတ်စွာဘုရား၊ ဒီကနေ့ တပည့်တော်တို့ ဆွမ်းခံကြွရာ အချိန် စောနေသေးသဖြင့်
ဒိဌိပရဗိုဇ်ကျောင်းကို ခေတ္တခဏ ၀င်နေတဲ့အခါမှာ  ဒိဌိပရဗိုဇ်ကြီးက သူ့ရဲ့တပည့်တွေကို၊ တပည့်
တော်တို့ကို စောင်းငဲ့ပြီးတော့ငါ့ရှင်တို့  ....“ ငါတို့လည်း နိဝရဏ  ၅ ပါးကို ဟောပြောလေ့ရှိတယ်။
ရှင်ဂေါတမလည်း  နိဝရဏ ၅ ပါးကို ဟောပြောလေ့ရှိတယ်။ ငါတို့လည်း   ဗောဇ္ဈင် ၇ ပါးကို ဟော
ပြောလေ့ရှိတယ်။ ရှင်ဂေါတမလည်း ဗောဇ္ဈင် ၇ ပါးကို ဟောပြောလေ့ရှိတာပဲ ဘာများထူးခြားလို့လဲ
ငါရှင်တို့  .......။ ငါတို့လည်း    ဒီတရားတွေကို ဟောပြောနေတာပဲ၊ ရှင်ဂေါတမကလည်း ဒီတရား
တွေကို ဟောပြောနေတာပဲ၊ ဘာမှထူးခြားချက် မရှိပါဘူး , လို့  ဟောပြောနေပါတယ် အရှင်ဘုရား၊
တပည့်တော်တို့မှာ  ဘုရားရှင် အဆုံးအမတရားတော်မှတစ်ပါး မည်သည့်ပုဂ္ဂိုလ်ရဲ့ အဆုံးအမတရား
ကို လိုက်နာကျင့်သုံးခြင်း မပြုပါ။ ဘုရားတပည့်တော်တို့မှာ  ဘုရား၊ တရား၊ သံဃာမှတစ်ပါး    ယုံ
ကြည်အားကိုးရာ မရှိပါဟု လျှောက်ကာ... ထူးခြားချက်ကို မိန့်တော်မူပါ”ဟု လျှောက်ထားတော့...။
         ဘုရားရှင်က .. “ ရဟန်းတို့ ဒိဌိပရဗိုဇ်တို့ ဟောပြောညွှန်ပြလေ့ရှိသော တရားဟာ    သူတို့
ကိုယ်တိုင် ကျင့်ကြံအားထုတ်ပြီး သိခြင်း မဟုတ်ဘဲနဲ့    တစ်ပါးသောပုဂ္ဂိုလ်တွေထံမှ   ရယူလာတဲ့
အသိတွေကို ယူပြီး သူတို့ဟောနေတာ ပြောနေတာ၊    သူတို့ ဟောမှု ပြောမှုတို့သည်  လက်တွေ့
ကိုယ်တိုင်ကိုယ်ကျ ကျင့်ကြံပွားများ အားထုတ်ပြီးမှ သိလို့ ဟောခြင်း မဟုတ်ပါဘဲနဲ့   ကြားဖူးနာဖူး
သာမန်အသိလေးတွေကို ရယူပြီးတော့ ဟောပြောလျက်ရှိနေတယ်။ ငါတို့ဆီက တဆင့်ကြား တရား
တော်မြတ်တွေကို သူတို့ သညာအားဖြင့် မှတ်ယူကာ ဒိဌိသာသနာကြီးပွားရာ   ကြီးပွားကြောင်းဖြစ်
တဲ့ ဆင်တူယိုးမှားအဖြစ် ဟောပြောနေတာ၊ ဒီ ဒိဌိပရဗုဇ်တွေ ဟောဖေါ်ညွှန်ပြအပ်သော   နိဝရဏ
တရား ၅ ပါးတို့ မှာ သညာသိသာ ဖြစ်တယ်၊ သူတို့ သန္တာန်ထဲမှာ မရှိတဲ့တရားတွေသာ  ဖြစ်တယ်။
ကိုယ်ကိုတိုင် ကျင့်ကြံပြီးမှ သိတဲ့ အသိဟာ ပညာသိဖြစ်တယ်” လို့ ခွဲခြားပြလိုက်ပါတယ်။
         ဒါကြောင့် ကိုယ်သိတဲ့တရားကို စာလုံးနဲ့ စကားလုံးနဲ့ ပုံဖေါ်လို့ မရတဲ့ဟာတွေ အများကြီးပါ။
ပညာသိ သဘောကို စကားလုံးတွေနဲ့ ပုံဖေါ်သညာပြုလို့ မရနိုင်ပါဘူး၊ သကြားဆိုတဲ့ အရာရဲ့ပညတ်
သဘောကို စကားလုံးတွေနဲ့ ပုံဖော်လို့ရကောင်းပေမယ့် သူ့အထဲမှာ ရှိတဲ့ ချိုတဲ့သတ္တိ  အမှန်တကယ်
ရှိနေတဲ့ ပရမတ်သဘောကို စကားလုံးတွေနဲ့ ဘယ်လိုမှ ပုံဖော်လို့ မရနိုင်ပါဘူး။ ကိုယ်တိုင် စားကြည့်
ပြီး သိတဲ့အသိသာလျှင် တကယ့်အမှန်သိ သဘောပါ။ ဒါဟာ ဥပမာပါ.. ပြည့်စုံတိကျတဲ့ ဥပမာတော့
မဟုတ်ပါဘူး။ ဒီအတိုင်းပါပဲ တရားရဲ့ ထူးခြားချက်တွေကို တိတိကျကျ ပုံဖေါ်ရေးသား ဟောပြောလို့
မရနိုင်ပါ။
         ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း ကိုယ်တိုင်ကျင့်ကြံ၍ သိသောအသိ
“ပညာသိဖြင့်” တရားဓမ္မများကို ကျင့်ကြံအားထုတ်မှာသာ တရားထူးတရားမြတ် ရနိုင်မယ်လို့ ကိုယ်စီ
သဘောပေါက်ကြပြီး ကျင့်ကြံအားထုတ်ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
 { ၁၃၇၄ ခုနှစ်၊ နတ်တော်လဆုတ် ၄ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲမြို့သစ် တရားစခန်း၌
   မြောက်ဦးဆရာတော် ၀န၀ါသီ အရှင်ဝါယာမိန္ဒ ဟောကြားသော “သညာသိနှင့် ပညာသိ” တရား
     တော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
     (တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့်
   သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
 

ကြည့်နှုန်း= 9

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................

 

 

anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

အဖွဲဝင်များ

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

thein wai သည် ဘလော့တင်သွားပါသည်။
Jun 2
ညီထွေး သည်အရှင်ဝိမလဝံသ's ၏ '“သတိထားဆင်ခြင်ဖွယ် မပေးလှူကောင်းသော အလှူ(၁၀)မျိုး”' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 28
ညီထွေး သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 28
နှင်းဖြူ သည်ဦးထွန်းလင်းဦး's ၏ 'ဝိပဿနာဖြင့်​ မရဏလမ်းကို ​ကျော်​ဖြတ်​ခြင်း' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
နှင်းဖြူ သည်သူရ​အောင်​'s ၏ 'ဝိရိယ၏ အရည်​​သွေ​လေးမျိုး' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
နှင်းဖြူ သည်သူရ​အောင်​'s ၏ 'ဝိရိယ၏ အရည်​​သွေ​လေးမျိုး' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
နှင်းဖြူ သည်phyuthi's ၏ 'ဗုဒ္ဓကမ္ဘာသာသနာဟိအသင်း (၁၇) ကြိမ်မြောက်အလှူပွဲ @@@@@@@@@@@@@@@@@@@ အတွက် အသိပေးနိုးဆော်ခြင်း @@@@@@@@@@@' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
OHNMAR သည် Thein Naing Ohn's၏ '၀ိဝေကသုံးပါး နှင့် ပပဉ္စတရား'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"ကျေးဇူးပါနော်"
မေ 22
အရှင်ပညာသိရီ သည်သူရ​အောင်​'s ၏ 'ဝိရိယ၏ အရည်​​သွေ​လေးမျိုး' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 4
အရှင်ပညာသိရီ သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 4
အရှင်ပညာသိရီ သည်profileကိုပြုပြင်သွားသည်။
မေ 4
Profile Iconkyaw wunna tun and Daw Yee Yee Swe joined ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺
Apr 29

© 2017   Created by A BuddhismworldAdmin.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...