☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺သည်( ၂၀၁၁ )ခုနှစ်ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါသည်။

 

 

☺☺☺ဗုဒ္ဓကမ္ဘာသာသနာပရဟိတအသင်း☺☺☺

ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်တို့ (Buddhismworld's Admins) မှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

ဝိဝေကသုံးပါး နှင့် ပပဉ္စတရား

ဝိဝေက - ဆိတ်ငြိမ် ဆိုတာ သုံးပါးရှိပါတယ်။ (၁) ကာယ၀ိဝေက - ကိုယ်ဖြင့် ဆိတ်ခြင်း ဆိုတာက နှစ်ကိုယ် သုံးကိုယ် စသည် အဖော်မရှိဘဲ တကိုယ်တည်းနေတာကို ဆိုတာပါ၊ ဒါကြောင့် အဖော်မမှီးတကိုယ်တည်းနေတာကို ကာယ၀ိဝေကလို့ခေါ်ပါတယ်။

အဲဒီ ကာယ၀ိဝေကဟာ တရားအားထုတ်ရာမှာ အလွန်ကျေးဇူးများပါတယ်၊ ဒါကြောင့် တရားအားထုတ်ဖို့ နေရာကို ညွှန်ပြရာမှာ (၁) အရညဂတော ၀ါ - တောအရပ်သို့ ကပ်၍ ဖြစ်စေ၊ (၂) ရုက္ခမူလဂတော ၀ါ - သစ်ပင်ရင်း သစ်ပင်အောက်သို့ ကပ်၍ ဖြစ်စေ၊ (၃) သုညာဂါရဂတော ၀ါ - ဆိတ်ငြိမ်ရာကျောင်းသို့ ကပ်၍ ဖြစ်စေလို့ ညွန်ကြားတော်မူတာပါ။ တရားအားမထုတ်ပဲ အလွတ်နေရာမှာတောင်မှ အလိုနည်းတဲ့ပုဂ္ဂိုလ် အတွက်ဆိုယင် တစ်ယောက်တည်း နေရတာဟာ အလွန်အေးချမ်းပါတယ်။

(၂) စိတ္တ၀ိဝေက - စိတ်အလိုအားဖြင့် ငြိမ်းခြင်းဆိုတာကတော့ ကိလေသာအဖော်နှင့် မရောရှက်ပဲ စင်ကြယ်တဲ့ စိတ် တစ်ကိုယ်တည်း သက်သက်ဖြစ်နေတာကို ဆိုတာပါ၊ ဈာန်စိတ် မဂ်စိတ် ဖိုလ်စိတ် ၀ိပဿနာစိတ် တကိုယ်တည်း သက်သက် ဖြစ်နေတာပါပဲ၊ ကိလေသာ အဖော်မမှီးဘဲ ဈာန်စိတ် မဂ်စိတ် ဖိုလ်စိတ် ၀ိပဿနာစိတ် တကိုယ်တည်း သက်သက်ဖြစ်နေတာကို စိတ္တ၀ိဝေကခေါ်ပါတယ်။

(၃) ဥပဓိဝိဝေက - ဥပဓိ ကင်းဆိတ်ရာကတပါး ပါဝင်ပါတယ်၊ အဲဒါကတော့ ကိလေသာ ခန္ဓာ အဘိသင်္ခါရဆိုတဲ့ ဥပဓိအားလုံး ကင်းဆိတ်တဲ့ နိဗ္ဗာန်ပါပဲ။ ကိလေသာ ခန္ဓာ အဘိသင်္ခါရ ကင်းတဲ့ နိဗ္ဗာန်ကို ဥပဓိဝိဝေက ခေါ်ပါတယ်။

ဝိဝေကခေါ်တဲ့ အဲဒီ ဆိတ်ငြိမ်တရား သုံးပါးကို ဘယ်လို သိမြင်ပြီး ရာဂစသော ကိလေသာ ငြိမ်းပါသလဲ။

သန္တိပဒဆိုတဲ့ အငြိမ်းဓာတ်တရားကို ဘယ်လိုသိမြင်ပြီး ငြိမ်းပါသလဲ။

သန္တိ ဆိုတာ ငြိမ်းခြင်း သဘောပါပဲ၊ ပဒ ဆိုတာကလည်း အရိယမဂ်ဉာဏ်ဖြင့် ရောက်အပ်တဲ့ အငြိမ်းဓာတ် နိဗ္ဗာန်ပါပဲ။

ဒီလိုဆိုတော့ ဥပဓိ ၀ိဝေကနှင့် ထပ်တူဖြစ်နေပါတယ်၊ ဒါပေမယ့် ဒီအနက်ကိုလည်း မဟာနိဒ္ဒေသမှာ ရှေးဦးစွာ ဖွင့်ပြထားပါတယ်၊ ဒုတိယအဖွင့် အလိုအားဖြင့်တော့ သန္တိ - ငြိမ်းခြင်း + ပဒ - အကြောင်း = သန္တိပဒ - ငြိမ်းခြင်း၏ အကြောင်း - ငြိမ်းကြောင်း တရားလို့ ဖွင့်ပြထားပါတယ်။

အဲဒီငြိမ်းကြောင်းတရားက ဘာလည်းဆိုယင် သတိပဋ္ဌာန်လေးပါး၊ သမ္ပပ္ပဓာန်လေးပါး၊ ဣဒ္ဓိပါဒ်လေးပါး၊ ဣနြေ္ဒငါးပါး၊ ဗိုလ်ငါးပါး၊ ဗောဇ္ဈင်ခုနှစ်ပါး၊ မဂ္ဂင်ရှစ်ပါး ဆိုတဲ့ ဗောဓိပက္ခိယတရား (၃၇) ပါးပါပဲ။

အဲဒီထဲမှာ သတိပဋ္ဌာန် လေးပါးဖြစ်ပွားနေယင် ကျန်တဲ့ ဗောဓိပက္ခိယတရားတွေလည်း မကင်းရာ မကင်းကြောင်း ဖြစ်တဲ့အတွက် အကုန်လုံး ပါဝင်သွားတာပါပဲ။

တုဝဋကသုတ်မှာ - နိမ္မိတရုပ်ပွား ဘုရားရှင်၏မေးခွန်းမှာ ၀ိဝေကနှင့် သန္တိပဒကို ဘယ်လိုမြင်ပြီး ငြိမ်းပါသလဲ၊ ငြိမ်းစေပါသလဲ - လို့ မေးထားပါတယ်။

အဲဒီ အမေးနှင့်အညီ တစ်ပါးတည်းနေလျက် ကာယ၀ိဝေကကို သိရမယ်၊ ကိလေသာကင်းဆိတ်တဲ့ ဈာန်စိတ် ၀ိပဿနာစိတ် မဂ်စိတ်များကို ဖြစ်ပွားစေကာ စိတ္တ၀ိဝေကကို သိရမယ်၊ မဂ်ဉာဏ်ဖြင့် ဥပဓိဝိဝေကခေါ်တဲ့ နိဗ္ဗာန်ကို သိရမယ်၊ အဲဒီ နိဗ္ဗာန်ကို သိမြင်ကြောင်းဖြစ်တဲ့ သတိပဋ္ဌာန် စသည်ကို မည်သို့မည်ပုံ ပွားစေရမယ် .. စသည်ဖြင့် ၀ိဝေကနှင့် သန္တိပဒမြင်ပုံကို ပြပြီးတော့ ကိလေသာငြိမ်းပုံကို ဖော်ပြယင် လွယ်လွယ်နဲ့သိနားလည်ဖို့ ရှိပါတယ်။

ဝိပဿနာပညာ မဂ်ပညာတို့ဖြင့် သိမြင်ပြီး ငြိမ်းစေရမယ်ဆိုတော့ အခြေခံ သမာဓိစိတ်နှင့် ၀ိပဿနာစိတ် မဂ်စိတ် ဆိုတဲ့ စိတ္တ၀ိဝေကလည်း ပြည့်စုံတယ်၊ အဲဒီ သမာဓိ ၀ိပဿနာတို့၏ အခြေခံဖြစ်တဲ့ ကာယ၀ိဝေကလဲ ပြည့်စုံခဲ့တယ်လို့ သိရပါမယ်။

အတိုချုပ်အားဖြင့်တော့ သံသရာကို ရှည်လျား ကြာမြင့်စေတတ်တဲ့ ပပဉ္စခေါ် နယ်ချဲ့တရားအစု၏ အမြစ်အရင်းရယ်၊ ငါလို့ထင်ပြီး ထောင်လွှားတတ်တဲ့ မာနရယ်၊ ဒီတရားတွေကို ဆင်ခြင်ဉာဏ်ပညာ ၀ိပဿနာပညာ အရိယမဂ်ပညာတို့ဖြင့် ထိုက်သည်အားလျော်စွာ သိမြင်ပြီး အဲဒီကကိလေသာတွေ ဖြစ်ခွင့်မရအောင် အကုန်လုံးပိတ်ဆို့တားမြစ်ရမယ်၊ ချုပ်ငြိမ်းစေရမယ်လို့ ဆိုလိုတာပါ။

ပပဉ္စတရားဆိုတာ လောကဘက်မှာလည်း အကျယ်ချဲ့တတ်တယ်၊ သံသရာမှာလည်း အကျယ်ချဲ့ပြီး ရှည်ကြာစေတတ်တယ်၊ သံသရာကို ရှည်ကြာစေတတ်တဲ့ အဲဒီ ပပဉ္စတရားကို အမြစ်ပါချုပ်ငြိမ်းစေရန် ညွန်ကြားတဲ့ တရားဖြစ်တဲ့အတွက် ဒီသုတ်ကို တုဝဋကသုတ်လို့ခေါ်ပါတယ်။

တုဝဋကသုတ်ဆိုတာ အချုပ်အားဖြင့်တော့ သံသရာမှာ ရှည်ကြာအောင် နယ်ချဲ့တတ်တဲ့ ပပဉ္စတရားကို ပယ်ကြောင်းတရားပဲဖြစ်ပါတယ်။

ပပဉ္စ - နယ်ချဲ့တရားဆိုတာ တဏှာရယ် မာနရယ် ဒိဋ္ဌိရယ် ၊ ဒီသုံးပါးပါပဲ။ အဲဒီ တဏှာ ဒိဋ္ဌိတို့၏ မူလအရင်းအမြစ်ဆိုတာကိုလည်း အ၀ိဇ္ဇာရယ်၊ အယောနိသော မနသိကာရရယ်၊ အသ္မိမာနရယ်၊ အဟိရိကရယ်၊ အနောတ္တပ္ပရယ်၊ ဥဒ္ဓစ္စရယ် - ဒီတရား ၆ ပါးပါပဲ။

အ၀ိဇ္ဇာစသော အကြောင်း ၆ ပါးကြောင့် တဏှာပပဉ္စဖြစ်ပွားသလိုပင် ဒိဋ္ဌိပပဉ္စလည်း ဖြစ်ပွားပါတယ်။

မြင်ဆဲစသည်မှာ ထင်ရှားတဲ့ ရုပ်နာမ်တွေကို အတ္တကောင်လို့ အယူမှားတဲ့ ဒိဋ္ဌိဟာ အမှန်အတိုင်းမသိဘဲ အလွဲသိမှားတဲ့ အ၀ိဇ္ဇာကြောင့်လည်း ဖြစ်တယ်၊ အလွဲနှလုံးသွင်းမိတဲ့ အယောနိသော မနသိကာရကြောင့်လည်း ဖြစ်တယ်၊ မာန အဟိရက အနောတ္တပ္ပ ဥဒ္ဓစ္စတို့ကြောင့်လည်းဖြစ်တယ်။

ဒါကြောင့် အဲဒီအ၀ိဇ္ဇာစသည်ကို ဒိဋ္ဌိပပဉ္စ၏ အမြစ်အရင်းလို့လည်း ပြဆိုထားပါတယ်။ အဲဒီ အမြစ်အရင်းများနှင့်တကွ ဒိဋ္ဌိပပဉ္စကို ချုပ်ငြိမ်းစေလိုယင်လည်း မြင်ဆဲစသည်မှာ ထင်ရှားတဲ့ ရုပ်နာမ်တရားတွေကို အမှန်အတိုင်း သိအောင် ရှုမှတ်နေရုံပါပဲ၊ အဲဒီလို ရှုမှတ်နေယင် အဲဒီအ၀ိဇ္ဇာစသော အမြစ်အရင်း အကြောင်းများနှင့်တကွ ဒိဋ္ဌိပပဉ္စကို ၀ိပဿနာဉာဏ် အရိယမဂ်ဉာဏ်တို့ဖြင့် ချုပ်ငြိမ်းစေနိုင်ပါတယ်။

ဒါကြောင့် ပပဉ္စသင်္ခါယ - ပပဉ္စခေါ်တဲ့ နယ်ချဲ့တရားအစု၏၊ မူလံ - အမြစ်အရင်းကို၊ မန္တာ - မန္တာယ - ပညာဖြင့် သိမြင်၍၊ သဗ္ဗံ - အလုံးစုံကို၊ ဥပရုန္ဓေ - ဖြစ်ခွင့် ပယ်ရှားလျက် မြစ်တား ချုပ်ငြိမ်းစေရာ၏ .. လို့ ဟောကြားတော်မူခဲ့ပါတယ်။

သံသရာမှာ ရှည်ကြာစေတတ်တဲ့ ပပဉ္စတရားကို ပယ်ဖို့ ဟောထားတဲ့အတွက် ဒီသုတ်ကို တုဝဋကသုတ်လို့ ခေါ်ခြင်းဖြစ်ပါတယ်။

မဟာစည်ဆရာတော်ဘုရား၏ တုဝဋကသုတ်မှ ထုတ်နှုတ်ဖော်ပြပါသည်။

https://www.facebook.com/Dhamma-Notes-by-Thein-Naing-Ohn-1514787362...

https://www.facebook.com/%E1%80%93%E1%80%99%E1%81%BC%E1%80%95%E1%80...

ကြည့်နှုန်း= 137

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

U Tin Zaw သည် ဖေဖော်ဝါရီ 1, 2017 က 5:57pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ကျေးဇူးပါဗျာ

ဖိုး​မောင်​ သည် ဇန်န၀ါရီ 30, 2017 က 11:57amတွင် မှတ်ချက်ရေးသားသွားပါသည်။
ဘုရားရှင်​၏ညီ​တော်​ နန္ဒမင်းသားဝတ္ထု​လေးဖတ်​ချင်​လို့​ကျေးဇူးပြု၍တင်​​ပေးပါလို့​တောင်းဆိုပါရ​စေ

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................

 

 

anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

အဖွဲဝင်များ

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

U Sam Win သည် thein wai's၏ 'ငါကိုယ်တိုင် သောတာပန် တည်ပြီလား။'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"​ကျေးဇူးပါပဲ ကူးယူ share ခွင့်​ပြုပါခင်​ဗျာ"
Apr 14
Thet Thet Aung shared their blog post on Facebook
Apr 12
Thet Thet Aung shared their blog post on Facebook
Apr 12
yamin သည်phyuthiကို မှတ်ချက်ရေးခဲ့ပါသည်။
"ကျေးဇူးပါရှင့်"
Apr 11
ven.sobana သည်profileကိုပြုပြင်သွားသည်။
Mar 28
ven.sobana သည်ကိုယ်ပိုင်ဓါတ်ပုံပြောင်းသွားပါသည်။
Mar 28
phyuthi သည်ဘလော့တင်သွားပါသည်။
Mar 27
Profile Iconဝင်းမြတိအောင် and Thein Myint joined ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺
Mar 25
thein wai သည် ဘလော့တင်သွားပါသည်။
Mar 25
kyaw myo tun သည်thein wai's ၏ 'ငါကိုယ်တိုင် သောတာပန် တည်ပြီလား။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Mar 15
kyaw myo tun သည်thein wai's ၏ 'သံသယဖြစ်စရာ ကြုံလာလို့ရှိရင်။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Mar 15
kyaw myo tun သည်thein wai's ၏ 'သံသယဖြစ်စရာ ကြုံလာလို့ရှိရင်။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Mar 15

© 2017   Created by A BuddhismworldAdmin.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...