☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺သည်( ၂၀၁၁ )ခုနှစ်ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါသည်။

 

 

☺☺☺ဗုဒ္ဓကမ္ဘာသာသနာပရဟိတအသင်း☺☺☺

ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်တို့ (Buddhismworld's Admins) မှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

ဗုဒ္ဓကမ္ဘာသာသနာဟိတအသင်း န၀မအကြိမ်မြောက် အလှူ ပွဲ

ဗုဒ္ဓကမ္ဘာ သာသနာဟိတအသင်းသည် (၆.၄.၂၀၁၄)ရက်နေ့က ပုသိမ်မြို့ နယ် ၊ သစ်ပုတ်ကုန်းကျေးရွာတွင် ယဉ်ကျေးလိမ္မာနှင့် အင်္ဂလိပ်စာ အခြေခံ တစ်လ သင်တန်းဖွင့်လှစ်နိုင်ရေအတွက် မတည်ထောက်ပံ့လှူ ဒါန်းပေးနိုင်ခဲ့ပါသည်။
အသင်းမှ နေ၍ အလှူ ပွဲများကျင်းပပေးခဲ့သည်မှာ ယခု အကြိမ်နဲ့ ဆိုရင် (၉)ကြိမ် ပြည့်မြောက်ခဲ့ပါပြီ..။ ယခုအလှူ ကျင်းပပေးရာ ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ် သစ်ပုတ်ကုန်း ကျေးရွာကလေးသည် ရန်ကုန်မှ ဆိုလျှင် အတော်အသင့်ဝေးသည့် ခရီးဟု ဆိုရပေမည်။

အလှူ ပွဲ အခမ်းအနား အချိန်မှီကျင်းပနိုင်ရေး ရောက်ရှိဖို့ အတွက် စိုင်းပြင်းရသည်ကလဲ လွယ်တော့ မလွယ်လှ ( နေအပွင့်မှာ အနေသင့်ကလေး လိုက်ပါရတဲ့ ခရီးမျိုးမဟုတ်) ၊ မနက် (၄) နာရီလောက်ကတည်းက လှူ ဖွယ်ဝတ္ထူ အစုစုကို စုရပ်သို့ ပို့ဆောင်၊ လိုက်ပါဆင်နွှဲကြမည့် မိတ်ဆွေအပေါင်းကလဲ စုရပ်ကို အချိန်မှီလာရ။ အပြင်မှာ မှောင်နေပေမယ့် ကျနော်တို့ရဲ့ နှလုံးသားထဲ မှာတော့သဒ္ဓါတရားအလင်းရောင် တပြောင်ပြောင် ထွန်းလင်းနေသည့် နှယ်..။ မည်သို့ပင် ခရီးကလှမ်းလို့ လမ်းကြမ်းပါစေဦး..ဓါတ်သန်လှသည့် ကျနော်တို့ အသင်သူ-သား ၊ ဓမ္မမိတ်ဆွေများ၏ သဒ္ဓါတရားကိုတော့ တားဆီးနိုင်စွမ်း မရှိခဲ့ပါ။

မနက် ၅ နာရီ ၁၅ မိနစ်မှာတော့ ပုသိမ်ခရီးစဉ်အတွက် စုရပ်(၁ ) မှ စတင်ထွက်ခွါနိုင်ခဲ့ပါပြီး စုရပ် (၂) မှ ၅ နာရီ ၄၅ မိနစ်မှာ ထွက်ခွါနိုင်ခဲ့ပါသည်။ ကားသည် လေဟုန်ကိုခွင်း၍ တရိတ်ရိတ်ပြေးလွှားရင် မနက် ၈ နာရီမှာတော့ ပန်းတနော်မြို့မှာ ခရီးတထောက် နားပြီး ပုသိမ်မြို့သို့ ဆက်လက်ခရီးနှင့်ခဲ့ပါသည်။ ဒီလိုနဲ့ မနက် ၁၀ နာရီမှာတော့ ကျနော်တို့အဖွဲ့သားတွေကို တင်ဆောင်လာသည့် မော်တော်ယာဉ်သည် သစ်ပုတ်ကုန်းကျေးရွာ ကျောင်းတိုက်မုဒ်ဦးဝသို့ ဆိုက်ရောက်ခဲ့ပါသည်။

ကျနော်တို့ အဖွဲ့သားတွေ ကားအပေါ်မှာ ဆင်းကြတယ်ဆိုရင်ပဲ မြင်တွေ့ရသည့် မြင်ကွင်းက ရင်ထဲမှာ ဖော်မပြတက်။ မတ်တပ် ကိုယ်စီရပ်လျှက် လက်အုပ်ကလေးကိုချီ မင်္ဂလာပါလို့ နုတ်ဆက်ရင်း ၀မ်းပန်တသာ ခရီးဦးကြိုပြုနေရှာသည့်...ယဉ်းကျေးသင်းတန်းရောက် ခွင့်ရကြမည့် ကလေးသူငယ် ကျောင်းသားကလေးများ နှင့် ကျေးရွာဒေသခံ မိဘပြည်သူများ။

အဖွဲ့သားအားလုံး ကျောင်းပေါ်သို့ တက်ရောက်ခါ ကျောင်းတိုက်ဆရာတော်ကို ဖူးမျှော်ရင်း ခေတ္တနားပြီးနောက်.... လမ်းတစ်လျှောက် ဆာလာသမျှ အတိုးချ စားပါတော့တယ် ။ ကျနော်တို့တတွ ထမင်းစားကြသည့် မှတ်တမ်းဓါတ်ပုံတွေတော် အပြန်အလှန် ရိုက်နိုင်ခြင်းမရှိ။

နေ့လည် ၁၂ နာရီ ၀န်းကျင်မှာတော့ အခမ်းအနားကို နမောတဿ (၃) ကြိမ်နဲ့ စတင်ဖွင့်လှစ်ခါ ဆရာတော်မှ ချီးမြင့်သည့် သီလပေးတရား ၊ လှူ ဖွယ်ဝတ္ထု အစုစုတို့အတွက် ရေစက်ချ အနုမောဒနာတရားကို နာယူကြပါသည်။ ပြီးနောက် သင်တန်းတခုလုံးအတွက် ဦးဆောင်တာဝန်ယူ သင်ကြားပို့ချပေးမည့် ဦးပဉ္ဇင်း အရှင်ခေမာစာရ မှ သင်းတန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက် နှင့် ကျောင်းသားမိဘများ ၊ကျေးရွာဒေသ လူကြီးများကပါ အားလုံးလက်တွဲ ၀ိုင်းဝန်လုပ်ဆောင်ပေးဖို့ တိုက်တွန်း လမ်းညွှန်မှု စကား မိန့်ကြားပါသည်။ နောက်ဆုံးအနေဖြင့် ကျေးရွာလူကြီးမှ ကျေးဇူးတင်စကားပြောကြားရင် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆိုကာ အခမ်းအနားပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါည်။

ကျနော်တို့ အဖွဲ့သားတွေလဲ ကလေးငယ်များကို ဗလာစာအုပ် ၊ ဘော့လ်ပင် ၊ အအေး နှင့်မုန့်များကို ဝေငှပေးပြီနောက် ဆရာတော်အား နုတ်ဆက်ဦးချကန်တော့ပြီး ..ရန်ကုန်အပြန် ခရီးကို နေ့လည် ၁ နာရီ ၃၀ မိနစ်မှာ ပြန်လည်ထွက်ခွါ လာခဲ့ပါသည်။ ရသလောက်အချိန်လေးမှာ လိုက်ပါဆင်နွှဲကြသည့် အဖွဲ့တော်သားများ ကုသိုလ်ရရှိစေခြင်း ၊ အမှတ်တရ ဖြစ်စေခြင်းအတွက် ပုသိမ်မြို့ပေါ်ရှိ စေတီ(၂) ဆူသို့ ပို့ဆောင်ပေးပြီးနောက် ပုသိမ်းမြို့ မှ နုတ်ဆက်ထွက်ခွါလာခဲ့ကြရာ ရန်ကုန်သို့ ည ၉ နာရီအချိန်တွင် ချောမောစွာနဲ့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

ယခုလို အလှူ ပွဲ တစ်ပွဲ အထမြောက် အောင်မြင်စေဖို့အတွက် အဖက်ဖက်မှ ပါဝင်ဆောင်ရွက်ကြသော မိတ်ဆွေများ ၊ အလှူ ရှင်များနှင့် ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးဥပကာယ အထူးတင်ရှိပါကြောင်း ပြောကြားရင်း နိရုံးချုပ်ကာ ဓမ္မဆွေတော်မျိုးတော် အပေါင်း ပီတိ သဒ္ဓါဝေကာ သာဓု ခေါ်စေနိုင်ဖို့ မှတ်တမ်းဓါတ်ပုံများကို တင်ပြပေးလိုက်ပါသည်။

IMG_20140406_103909IMG_20140406_103909

IMG_20140406_104924

IMG_20140406_103825

IMG_20140406_105538

IMG_20140406_124845

IMG_20140406_125510

IMG_20140406_124924

မှတ်ချက်။    ။ ဓါတ်ပုံများကို အစားထိုးကာ ပြန်လည်တင်ပြပေးပါဦးမည်။ ယနေ့ နေ့လည် ၁၂ နာရီ နှင် ညနေ ၃ နာရီ အချိန်များ၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) သတင်းတွင် ထုတ်လွှင့်ပြသ သွားသည့် ကျနော်တို့ အလှူ ကျင်းပပေးရာ သစ်ပုတ်ကုန်ကျေးရွာ ယဉ်ကျေးလိမ္မာနှင့် အင်္ဂလိပ်စာ ၁ လသင်တန်း သတင်းထုတ်လွှင့်မှုကို ဆိုဒ်မှာ တင်ပြပေးသွားပါမည်။

ကြည့်နှုန်း= 280

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

thein aung သညှ်ဧပြီ 30, 2014 က 5:19pmတွင် မှတ်ချက်ရေးသားသွားပါသည်။

thein aung သညှ်ဧပြီ 30, 2014 က 5:19pmတွင် မှတ်ချက်ရေးသားသွားပါသည်။

တကဲ့ကိုဝမ်းသာစရာပါမိဖကကိုးကွယ်လို့သားသမီးကလည်းကိုးကွယ်တယ်ဆိုတာထက်သိသင့်သည်များထဲမှအခြေခံအဆင့်လောက်ကလေးတော့တတ်သိထားကြဖို့လိုနေတာအမှန်ပါမြန်မာလိုသိစေတာကပေါ်သဘာဝကျပါတယ်

နှင်းဖြူ သညှ်ဧပြီ 25, 2014 က 9:10pmတွင် မှတ်ချက်ရေးသားသွားပါသည်။

သာဓု...သာဓု...သာဓု...

thein aung သညှ်ဧပြီ 9, 2014 က 11:08amတွင် မှတ်ချက်ရေးသားသွားပါသည်။

သာဓုအကြိမ်ကြိမ်ခေါ်ပါတယ်တကဲ့ကိုလိုအပ်လုပ်ပေးသင့်သောအလုပ်ပါ

၄၄၂ ဇော်ဇော်နိုင် သညှ်ဧပြီ 7, 2014 က 10:43pmတွင် မှတ်ချက်ရေးသားသွားပါသည်။

သာဓု...သာဓု...သာဓု...သတ္တ၀ါအားလုံးရကြပါစေသော်

အသျှင် ပညိန္ဒ ဇောင်ကြမ်းပင် သညှ်ဧပြီ 7, 2014 က 7:39pmတွင် မှတ်ချက်ရေးသားသွားပါသည်။
ဇောင်ကြမ်းပင်ကျောင်းတိုက်
သံဃာတော်များ စားကျက်နေကြပါသည်
အသျှင် ပညိန္ဒ ဇောင်ကြမ်းပင် သညှ်ဧပြီ 7, 2014 က 7:36pmတွင် မှတ်ချက်ရေးသားသွားပါသည်။
မှန်တယထင်ရင်
အသျှင် ပညိန္ဒ ဇောင်ကြမ်းပင် သညှ်ဧပြီ 7, 2014 က 7:33pmတွင် မှတ်ချက်ရေးသားသွားပါသည်။
လုပ်ကြကွာလုပ်
ကလေးတို.ဆရာမ သညှ်ဧပြီ 7, 2014 က 7:29pmတွင် မှတ်ချက်ရေးသားသွားပါသည်။

သာဓု -သာဓု -သာဓုပါ
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................

 

 

anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

အဖွဲဝင်များ

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

thein wai သည် ဘလော့တင်သွားပါသည်။
Jun 2
ညီထွေး သည်အရှင်ဝိမလဝံသ's ၏ '“သတိထားဆင်ခြင်ဖွယ် မပေးလှူကောင်းသော အလှူ(၁၀)မျိုး”' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 28
ညီထွေး သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 28
နှင်းဖြူ သည်ဦးထွန်းလင်းဦး's ၏ 'ဝိပဿနာဖြင့်​ မရဏလမ်းကို ​ကျော်​ဖြတ်​ခြင်း' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
နှင်းဖြူ သည်သူရ​အောင်​'s ၏ 'ဝိရိယ၏ အရည်​​သွေ​လေးမျိုး' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
နှင်းဖြူ သည်သူရ​အောင်​'s ၏ 'ဝိရိယ၏ အရည်​​သွေ​လေးမျိုး' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
နှင်းဖြူ သည်phyuthi's ၏ 'ဗုဒ္ဓကမ္ဘာသာသနာဟိအသင်း (၁၇) ကြိမ်မြောက်အလှူပွဲ @@@@@@@@@@@@@@@@@@@ အတွက် အသိပေးနိုးဆော်ခြင်း @@@@@@@@@@@' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
OHNMAR သည် Thein Naing Ohn's၏ '၀ိဝေကသုံးပါး နှင့် ပပဉ္စတရား'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"ကျေးဇူးပါနော်"
မေ 22
အရှင်ပညာသိရီ သည်သူရ​အောင်​'s ၏ 'ဝိရိယ၏ အရည်​​သွေ​လေးမျိုး' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 4
အရှင်ပညာသိရီ သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 4
အရှင်ပညာသိရီ သည်profileကိုပြုပြင်သွားသည်။
မေ 4
Profile Iconkyaw wunna tun and Daw Yee Yee Swe joined ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺
Apr 29

© 2017   Created by A BuddhismworldAdmin.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...