☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺သည်( ၂၀၁၁ )ခုနှစ်ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါသည်။

 

 

☺☺☺ဗုဒ္ဓကမ္ဘာသာသနာပရဟိတအသင်း☺☺☺

ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်တို့ (Buddhismworld's Admins) မှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေ အားလုံးလိုလို ဒါနပြုခြင်းနဲ့ ပတ်သက်ပြီး ပုဗ္ဗ မုဉ္စ အပရ စေတနာ ဆိုတာလေးကို ကြားဖူးကြမှာပါ..

ဒါပေမယ့် ဘာကိုဆိုလိုတယ် အဓိပ္ပါယ်ကဘာဆိုတာကို တော်တော်များများ သိကြမှာ မဟုတ်ဘူးလို့ထင်ပါတယ်..

ကျနော်လည်း အရင်ကမသိခဲ့ပါဘူး ဆရာတော် အရှင်ဇနကာဘိဝံသရေးသားတဲ့ ကိုယ်ကျင့်အဘိဓမ္မာကျမ်းထဲမှာ ဖတ်လိုက်ရလို့

အားလုံးကိုလည်း သိစေချင်တဲ့ စေတနာနဲ့ ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ….

ပုဗ္ဗစေတနာ

အလှူတစ်မျိုးကို လှူဒါန်းရာ၌ ပုဗ္ဗစေတနာ ၊ မုဉ္စစေတနာ ၊ အပရစေတနာ ဟု ၃ မျိုးရနိုင်၏ ။

ထို့တွင် အလှူပေးမည်ဟု ကြံစည်ကာ ထိုအလှူနှင့်ဆိုင်သော ပစ္စည်းများကို ရှာဖွေစုဆောင်း နေသော အခါမှစ၍ မလှူမီ ရှေ့အဖို့၌

ဖြစ်သမျှကုသိုလ်စေတနာတွေသည် ပုဗ္ဗစေတနာ မည်၏ ။ ထိုသို့ ပုဗ္ဗစေတနာ နယ်အတွင်း၌ ဤအလှူဒါနကို အကြောင်းပြု၍

အလှူ့ ဒကာ အလှူ့ ဒကာမ ၊ ကျောင်းဒကာ ၊ ကျောင်းအမ စသည်ဖြင့် ထင်ရှားကျော်ကြားစေလိုသောစိတ် ၊ ကျော်စောလိုသောစိတ် ၊

မိမိလှူနိုင်ကြောင်း ကြွားလိုသောစိတ်များ မဖြစ်စေရပါ ။ လှူဖို့ရာ ပစ္စည်းစုခိုက် အိမ်သားအချင်းချင်း အလှူနှင့် စပ်၍ မကျေမနပ် ဒေါသ

မာန စသော အကုသိုလ်များ ၊ အလှူကို လှူမည်ဟု ကြံခဲ့ပြီးမှ တစ်စုံတစ်ခုအတွက် စိတ်ပျက်ပြီး တွန်းဆုတ်သော မလှူလိုသော စိတ်များ

မဖြစ်စေရ ။ ထိုသို့ မဖြစ်စေဘဲ ပျော်ရွှင်ဝမ်းမြောက်စွာ အရာရာကျေနပ်လျက် လှူဖွယ် အရပ်ရပ်တို့ကို စီမံနိုင်လျှင် “ပုဗ္ဗစေတနာ တွေ

အလွန်စင်ကြယ်စွာ ဖြစ်နေပြီ” ဟုမှတ်ပါ ။

မုဉ္စစေတနာ

မုဉ္စ - သဒ္ဒါသည် စွန့်လွတ်ခြင်း ဟူသော အနက်ကို ဟော၏ ။ ထို့ကြောင့် စွန့်လွတ် လှူဒါန်းနေတုန်း အခိုက်၌ ဖြစ်သော စေတနာသည်

(ဆွမ်းလှူရာ၌ ဆွမ်းကို အလှူခံ ပုဂ္ဂိုလ်အား ကပ်လှူနေတုန်းမှာ ဖြစ်သော စေတနာနှင့် ကိုယ်ထိလက်ရောက် မကပ်ဘဲ နှုတ်ဖြင့်

လျှောက်ထား၍ လှူရာ၌ “လှူပါ၏” ဟု ဆိုခိုက်မှာ ဖြစ်သော စေတနာသည်) မုဉ္စစေတနာ မည်၏ ။ ဤမုဉ္စစေတနာ အခိုက်လည်း

ပြခဲ့သော အကုသိုလ်စိတ်များ မဖြစ်စေဘဲ ၊ အလှူခံမည့် ပုဂ္ဂိုလ်ကိုလည်း ကပ်ငြိတွယ်တာသော တဏှာလောဘစိတ် မဖြစ်စေဘဲ ယခု

လှူဒါန်းလိုက်သည့် အတွက်ကြောင့် ငါ၏ ကိစ္စကို ကူညီဆောင်ရွက်လိမ့်မည်ဟု တစ်စုံတစ်ခုသော လောကီအကျိုးကို မမျှော်လင့်ဘဲ

ရက်ရက်ရောရော လှူဒါန်းနိုင်ပါလျှင် “မုဉ္စစေတနာတွေ စင်ကြယ်စွာ ဖြစ်ပြီ” ဟု မှတ်ပါ ။

အပရစေတနာ

အလှူအထမြောက်ပြီးနောက် ထိုကုသိုလ်နှင့် စပ်၍ဖြစ်သမျှစေတနာကို အပရစေတနာ ဟုခေါ်၏ ။ ထို့ကြောင့် ဒါနပြုပြီးနောက်ထိုဒါနကို

သတိရတိုင်း “အလှူအထမြောက်ပေပြီ ၊ ၀မ်းမြောက်ဖွယ် ကောင်းပေသည် ။ နောက်ထပ် လှူချင်သေးသည်” ဟု ၀မ်းမြောက် ၀မ်းသာ

ဖြစ်နေလျှင် အပရစေတနာ နယ်၌လည်း ကုသိုလ် စေတနာတွေ ထပ်မံတိုးပွားပြန်၏ ။ အလှူပေးပြီးနောက် ပစ္စည်းပျက်ပြား၍ ဖြစ်စေ ၊

ကျောင်းဆောက် ကိုးကွယ်ပြီးနောက် ကျောင်းထိုင် ဘုန်းကြီးအပေါ်၌ မကျေနပ်၍ ဖြစ်စေ “ငါလှူမိတာ မှားလေစွ” ဟု အပရစေတနာ

ပျက်လျှင် အလှူနှင့်စပ်၍ မကျေနပ်ခြင်းဟူသော ဒေါသ အကုသိုလ်ပင် ဖြစ်ပါသေးသည် ။

သတိထားဖွယ်

ဒါနပြုရာ၌ ကျောင်းဆောက်မှု ၊ ဘုရားတည်မှု ၊ အလှူကြီးပေးမှု စသည်တို့ဖြင့် ကြီးကျယ်သော ဒါနလည်းရှိ၏ ။ ဆွမ်း ၊ သင်္ကန်း ၊ ဆေး

အစရှိသည်တို့ဖြင့်လည်းကောင်း ၊ မရှိဆင်းရဲသားတို့အား စွန့်ကြဲပေးကမ်းမှု စသည်တို့ဖြင့်လည်းကောင်း အနည်းအပါး ဒါနလည်းရှိ၏ ။

ထို့တွင် ကြီးကျယ်သော ဒါနတို့၌ အလှူခံပုဂ္ဂိုလ် အတွက်ဖြစ်စေ ၊ သူတစ်ပါးတို့လာရောက် နှောင့်ယှက်သောကြောင့် ဖြစ်စေ

စေတနာပျက်ဖွယ်တွေ (စိတ်ထားမတက်သူ ၊ ဥာဏ်မရှိသူမှာ) များလှ၏ ။ ထို့ကြောင့် ထိုသို့ ဒါန အကြီးအကျယ် လှူရာ၌ မိမိကိုယ်တိုင်

စွမ်းနိုင်သမျှ စဉ်းစားရုံသာမကဘဲ မိတ်ဆွေကောင်းဆရာကောင်းတို့နှင့် တိုင်ပင်ကာ ပုဂ္ဂိုလ်ကောင်းများကို ရွေးချယ်၍

ပြုလုပ်ထိုက်ကြပေသည် ။ အနည်းငယ်ပြုကြသော ဒါနတို့ကားခွေး တိရစ္ဆာန်များကို ကျွေးမွေးရခြင်းသည်ပင် အကျိုးများလှပြီ

ဖြစ်သောကြောင့် အလှူခံပုဂ္ဂိုလ်ကို မရွေးချယ်သော်လည်း အရေးမကြီးလှ ၊ အချို့ အရာ၌ သံဃိတဒါန မြောက်အောင် စိတ်ထား၍

အချို့ အရာဝယ် လှူဖွယ်ဝတ္တုများ၌ မတွယ်တာဘဲ မုတ္တစာဂီ ဖြစ်အောင် စွန့်လွှတ် ပေးကမ်းလှူဒါန်းကြရမည် ။ (မုတ္တ = မတွယ်တာဘဲ

လွတ်လွတ်ကျွတ်ကျွတ် + စာဂီ = စွန့်ကြဲပေးကမ်းလေ့ရှိသူ ) “အလှူခံပုဂ္ဂိုလ်၌လည်း မတွယ်တာ ၊ လှူဖွယ်ပစ္စည်း၌လည်း မတွယ်တာ ၊

နောက်ဘ၀၌ လူနတ်စည်းစိမ်ကိုလည်း မတွယ်တာ မတောင့်တဘဲ နိဗ္ဗာန်ကိုရည်မှန်းလျက် လွတ်လွတ်ကျွတ်ကျွတ် လှူဒါန်းသူ”ဟုဆိုလိုသည် ။

မှတ်ချက် ။ ဆရာတော် အရှင်ဇနကာဘိဝံသရေးသားတဲ့ ကိုယ်ကျင့်အဘိဓမ္မာကျမ်းမှထုပ်နှတ်ရေးသား
တင်ပြပါသည် ။ မောင်သိန်းထိုက်

ကြည့်နှုန်း= 307

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

aung aung soe သညှ်ဧပြီ 15, 2013 က 12:16amတွင် မှတ်ချက်ရေးသားသွားပါသည်။

ကျေးဇူးပါ...ရွှင်လန်းချမ်းမြေ့ပါစေ

Aye Aye Cho သည် နိုဝင်ဘာ 30, 2012 က 6:04amတွင် မှတ်ချက်ရေးသားသွားပါသည်။

ဖတ်မှတ်သွားပါတယ် မောင်လေးရေ ပုဗ္ဗ မုဉ္စ အပရ စေတနာ သုံးတန်ပြတ်ထန်းပြီး လှူဖွယ်ဝတ္တုများ၌ မတွယ်တာဘဲ မုတ္တစာဂီ ဖြစ်အောင် စွန့်လွှတ် ပေးကမ်းလှူဒါန်းပါမယ်...နောက်ဘ၀၌ လူနတ်စည်းစိမ်ကိုလည်း မတွယ်တာ မတောင့်တဘဲ နိဗ္ဗာန်ကိုရည်မှန်းလျက် လွတ်လွတ်ကျွတ်ကျွတ် လှူဒါန်းသူ ဖြစ်အောင်ကြိုးစားပါမည်။....တရားအသိတွေ တိုးပွါးရလို့ ကျေးဇူးအထူးပါမောင်လေးရေ...ရွှင်လန်းချမ်းမြေ့ပါစေ....။

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................

 

 

anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

အဖွဲဝင်များ

နေ့စဉ်ဘလော့များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

ဖိုးကံထူး သည် A BuddhismworldAdmin's ၏ 'ဗုဒ္ဓဘာသာအမေးအဖြေကဏ္ဍ' အဖွဲ့တွင်မှတ်ချက်ရေးခဲ့ပါသည်။
"Naynayအပြစ်​မဖြစ်​နိုင်​ပါဘူး ကျုယ်​ကတကယ်​​မေတ္တ္တ္တာထားနိုင်​ဖို့ပဲရှိတယ်​ယူနိုင်​ပါတယ်​…"
9 နာရီအကြာ
ဖိုးကံထူး joined A BuddhismworldAdmin's group
Thumbnail

ဗုဒ္ဓဘာသာအမေးအဖြေကဏ္ဍ

ဆရာတော်ဆန်နီနေမင်းနှင့်တကွသံဃာတော်များဖြေကြားပေးမည် ဖြစ်ပါသဖြင့် မိမိ…See More
9 နာရီအကြာ
ဖိုးကံထူး liked ဖိုးကံထူး's profile
9 နာရီအကြာ
ဖိုးကံထူး သည်thein wai's ၏ 'တစ်ယောက်တည်းငြိမ်းချမ်းအောင်နေနည်း။(ယောဆရာတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကိုဟောကြား)' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
23 နာရီအကြာ
ဖိုးကံထူး သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မနေ့ကပြုလုပ်သွားပါသည်။
ဖိုးကံထူး သည်hla moe 24ကို မှတ်ချက်ရေးခဲ့ပါသည်။
"မ​တွေ့တာကြာလို့ပိုလှလာတယ်​ဆရာမိုး"
မနေ့ကပြုလုပ်သွားပါသည်။
ဖိုးကံထူး သည် thein wai's၏ 'ငါကိုယ်တိုင် သောတာပန် တည်ပြီလား။'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"​မောင်​သုည​ရေးထားတာဖတ်​ဖူးတယ်​ဒီဆိုက်​မှာတင်​ထားတယ်​ ​ကျေးဇူးပါထပ်​ပီးထတ်​ရတယ်​ဦးသိန်​​ဝေ"
မနေ့ကပြုလုပ်သွားပါသည်။
ဖိုးကံထူး သည် phyuthi's၏ 'ဗုဒ္ဓကမ္ဘာသာသနာဟိအသင်း (၁၇) ကြိမ်မြောက်အလှူပွဲ @@@@@@@@@@@@@@@@@@@ အတွက် အသိပေးနိုးဆော်ခြင်း @@@@@@@@@@@'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"သာဓုပါခင်​ဖျ အလည်​မ​ရောက်​တာကြာလို့အ​ကောင့်​​တောင်​​မေ့​နေပီ…"
တနင်္ဂနွေ
ဖိုးကံထူး သည်phyuthi's ၏ 'ဗုဒ္ဓကမ္ဘာသာသနာဟိအသင်း (၁၇) ကြိမ်မြောက်အလှူပွဲ @@@@@@@@@@@@@@@@@@@ အတွက် အသိပေးနိုးဆော်ခြင်း @@@@@@@@@@@' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
တနင်္ဂနွေ
ဖိုးကံထူး သည်phyuthi's ၏ 'ဗုဒ္ဓကမ္ဘာသာသနာဟိအသင်း (၁၇) ကြိမ်မြောက်အလှူပွဲ @@@@@@@@@@@@@@@@@@@ အတွက် အသိပေးနိုးဆော်ခြင်း @@@@@@@@@@@' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
တနင်္ဂနွေ
U Sam Win သည် thein wai's၏ 'တစ်ယောက်တည်းငြိမ်းချမ်းအောင်နေနည်း။(ယောဆရာတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကိုဟောကြား)'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"ကူးယူခွင့်ပြုပါ share ခွင့်ပြုပါ ခင်ဗျား"
Jul 18
U Sam Win သည်thein wai's ၏ 'တစ်ယောက်တည်းငြိမ်းချမ်းအောင်နေနည်း။(ယောဆရာတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကိုဟောကြား)' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Jul 18

© 2017   Created by A BuddhismworldAdmin.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...