ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်ကောင်းမြတ်မင်းမှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

တစ်ဖက်သတ်ဆိုတာ တစ်ဖက်ကိုသတ်ပေမယ့် နှစ်ဖက်လုံးသေပါတယ်

နောက်တစ်ခု အကျိုးစီးပွားတတစ်ကိုယ်ကောင်းဆန်တယ်ဆိုတာကတော့ အရပ်ထဲမှာ ပြောနေကျအတိုင်းပဲပေါ့။ ကိုယ့်ရဲ့အကျိုးစီးပွားအတွက် သူတစ်ပါးအကျိုးစီးပွား ထိခိုက်နစ်နာအောင်၊ ပျက်စီးဆုံးရှုံးအောင် လုပ်တဲ့ပုဂ္ဂိုလ်ဟာ အကျိုးစီးပွားတစ်ကိုယ်ကောင်းဆန်တဲ့ ပုဂ္ဂိုလ်ပါပဲ။
ဘယ်သူသေသေ ငတေမာပြီးရော။ ကိုယ်အဆင်ပြေရင်ပြီးရော၊ ကိုယ်ချမ်းသာရင်ပြီးရော၊ ကိုယ်ပြည့်စုံရင်ပြီးရော။ သူများတွေဘာဖြစ်ဖြစ်။
ကိုယ့်ရဲ့အကျိုးစီးပွားပြည့်စုံဖို့အတွက် သူတစ်ပါး စိတ်ဆင်းရဲရင် ဆင်းရဲပါစေ။ မျက်ရည်ပေါက်ကြီးငယ်ကျရင် ကျပါစေ။ မျက်ရည်ပေါက်ကြီးငယ်ကျရုံမကလို့ သေရင်သေပါစေ။ ကိုယ်နဲ့ ဘာမှမဆိုင်ဘူး။ ကိုယ်အဆင်ပြေရင်ပြီးရော။
အဲဒီလို ကိုယ့်ရဲ့အကျိုးစီးပွားအတွက် သူတစ်ပါးအကျိုးစီးပွား ထိခိုက်နစ်နာအောင်၊ ပျက်စီးဆုံးရှုံးအောင် လုပ်တဲ့ပုဂ္ဂိုလ်ဟာ အကျိုးစီးပွားတစ်ကိုယ်ကောင်းဆန်တဲ့ပုဂ္ဂိုလ်။ အဲဒီပုဂ္ဂိုလ်မျိုးဟာလည်း အသေလှတဲ့သူ မဖြစ်နိုင်ပါဘူး။
ကိုယ်အဆင်ပြေရင်ပြီးရော၊ ကိုယ်ချမ်းသာရင်ပြီးရောဆိုတဲ့ပုဂ္ဂိုလ်ရဲ့  စိတ်အစဉ်မှာ ကိလေသာတွေပဲ လွှမ်းမိုးနေမှာပဲ။ ဘာကိလေသာ အများဆုံးလွှမ်းမိုးမလဲ။ လောဘကိလေသာပေါ့။ ၀ိသမလောဘပေါ့။ မမျှတတဲ့လောဘပေါ့။ မတရားတဲ့ လောဘပေါ့။ လွန်ကဲတဲ့လောဘပေါ့။ လောဘကိလေသာ အမြဲတမ်း လွှမ်းမိုးနေတာ။
ဘယ်သူ့ဆီကဘာရမလဲ။ ဘယ်သူ့ဆီက ဘာခံစားရမလဲ။ ဒါပဲ အမြဲတမ်းစဉ်းစားနေမှာပဲ။ ဘယ်သူနဲ့ တွေ့လိုက်တွေ့လိုက် ကိုယ်ရဖို့၊ ဘာအဖြစ်အပျက်နဲ့ ကြုံလိုက်ကြုံလိုက် ကိုယ်ကောင်းဖို့၊ ဒါပဲ သူအမြဲတမ်းစဉ်းစားနေမှာပဲ။
ကိုယ်ရဖို့ ၊ ကိုယ်ကောင်းဖို့ဆိုတာပဲ အမြဲတမ်းစဉ်းစားနေတော့ ကိုယ်ရဖို့၊ ကိုယ်ကောင်းဖို့အတွက်ဆိုရင် ဘာအကုသိုလ်မဆိုလုပ်ရဲတယ်။ ကိုယ့်လုပ်ရပ်ကြောင့် ဘယ်သူတွေ ဘယ်လိုပဲ ဒုက္ခရောက်ရောက် ဂရုမစိုက်ဘူး။
ဦးဇင်းတို့ ၂၀၀၃ ခုနှစ်၊ ၀ါတွင်းတုန်းက သတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်။ ပါရာဂွေးနိုင်ငံမှာ ကုန်တိုက်ကြီးတစ်ခု မီးလောင်တော့ ကုန်တိုက်ပိုင်ရှင်က ကုန်တိုက်ရဲ့  အပြင်ထွက်တဲ့ ထွက်ပေါက်ခြောက်ပေါက်ကို အကုန်လုံးပိတ်ထားလိုက်တယ်။ ဈေးဝယ်နေတဲ့ပုဂ္ဂိုလ်တွေ ငွေမရှင်းဘဲ ထွက်သွားမှာစိုးလို့တဲ့။ ငွေမရှင်းဘဲ ထွက်သွားလို့မရအောင်ဆိုပြီးတော့ ကုန်တိုက်ရဲ့ ထွက်ပေါက်ကြီး အကြီးရော၊ အသေးရော အကုန်ပိတ်ပစ်လိုက်တယ်။
ကုန်တိုက်ရဲ့ ထွက်ပေါက်မှန်သမျှ အကုန်ပိတ်ပစ်လိုက်တော့ လူပေါင်းများစွာ မီးလောင်ပြီးသေကြတာပေါ့။ လူပေါင်းနှစ်ရာကျော်သေသွားတယ် ထင်တယ်နော်။ ဘယ်လောက်တစ်ကိုယ်ကောင်းဆန်ထားလဲ။ ဘယ်လောက် အသိဥာဏ်မဲ့ထားလဲ။
တစ်ကိုယ်ကောင်းဆန်တဲ့ပုဂ္ဂိုလ် တစ်ကိုယ်ကောင်းဆန်တဲ့ လောဘတရား လွှမ်းမိုးလာပြီဆိုရင် မလုပ်သင့်ဆိုတာ ဘာမှမသိတော့ဘူး။ ဈေးဝယ်သူတွေ မီးလောင်သွားတော့ရော သူတို့ဆီက ပိုက်ဆံရပါဦးမလား။ မရတော့ဘူး။ ဈေးဝယ်တဲ့လူတွေလည်းသေတဲ့အပြင် ကုန်တိုက်က ပစ္စည်းဥစ္စာတွေလည်း ဆုံးရှုံးသွားတာပဲ။
အပေါက်တွေ ပိတ်ထားတော့ အပြင်က မီးသတ်မယ့်ပုဂ္ဂိုလ်တွေလည်း ၀င်ပြီးတော့ မီးသတ်လို့ မရတော့ဘူးလေ။ ဒီတော့ ကိုယ့်ကုန်တိုက်က ပစ္စည်းဥစ္စာတွေလည်း မီးလောင်ဆုံးရှုံးကုန်တာပေါ့။
အပေါက်တွေ ပိတ်ထားလည်း ပိုက်ဆံပြန်မရ။ ဖွင့်ထားလည်း ပိုက်ဆံပြန်မရမယ့်အတူတူ ဖွင့်ထားရင် လူတွေ မသေတော့ဘူးပေါ့။ မီးသတ်သမားတွေ အထဲဝင်ငြိမ်းသတ်နိုင်တဲ့အတွက် ကိုယ့်ပစ္စည်းတွေလည်း ဒီလောက်ကြီး မဆုံးရှုံးတော့ဘူးပေါ့။ တစ်ကိုယ်ကောင်းဆန်တဲ့ လောဘက လွှမ်းမိုးနေတော့ ကိုယ့်လုပ်ရပ်ကြောင့် ကိုယ်ရော၊ သူတစ်ပါးရော၊ နှစ်ဦးနှစ်ဖက်လုံး ဘာမှ အကျိုးမရှိဘူးဆိုတာ လုံးဝမသိတော့ဘူးလေ။
တစ်ကိုယ်ကောင်းဆန်တဲ့အတွက် သူတစ်ပါးအကျိုးကိုလည်း ပျက်စီးအောင် လုပ်ရာရောက်သွားတယ်။ ကိုယ့်အကျိုးကိုလည်း ပျက်စီးအောင်လုပ်ရာရောက်သွားတယ်။
တစ်ကိုယ်ကောင်းဆန်ပြီဟေ့ဆိုရင် လုပ်သင့်မလုပ်သင့်၊ အကောင်းအဆိုး၊ အကြောင်းအကျိုး ဘာမှ နားမလည်တော့ဘူး။ သူတို့လည်းပဲ တရားစွဲမခံရဘူးလား။ လူသတ်မှု၊ လူသေမှုနဲ့ တရားစွဲခံရတာပေါ့။ ကိုယ့်အကျိုးလည်း ပျက်စီးသွားတာပဲ။ ဈေးဝယ်သူတွေလည်း ဒုက္ခရောက်၊ ကိုယ်လည်း ဒုက္ခရောက်၊ နှစ်ဦးနှစ်ဖက်လုံးဒုက္ခရောက်ပါတယ်။
“ တစ်ဖက်သတ် “ ဆိုတာ တာ တစ်ဖက်ကို သတ်လိုက်တာ၊ ဒါပေမဲ့ တစ်ဖက်လည်းသေ၊ ကိုယ်လည်းသေ၊ နှစ်ဖက်လုံးသေတယ်။ ကိုယ့်ရဲ့  တစ်ဖက်သတ်လုပ်ရပ်ကြောင့် တစ်ဖက်လည်း ဒုက္ခရောက်တယ် ကိုယ်လည်း ဒုက္ခရောက်တယ်။ တစ်ဖက်လည်း ပျက်စီးဆုံးရှုံးတယ်။ ကိုယ်လည်းပျက်စီးဆုံးရှုံးတယ်။ တစ်ဖက်လည်း အကျိုးမရှိဘူး။ ကိုယ်လည်း အကျိုးမရှိဘူး။
ကိုယ်လည်း အကျိုးမရှိဘူးဆိုတာက အခုလို ပျက်စီးဆုံးရှုံးတဲ့ကိစ္စမျိုးမှာတော့ သိသာထင်ရှားတာပေါ့လေ။ ပုံမှန်အခြေအနေမျိုးတွေမှာတော့ ကိုယ့်အတွက် အကျိုးရှိသလို ဖြစ်နေတယ်။ ရှိသင့်သလောက်လည်းရှိတယ်။ ဒါပေမဲ့ ခိုင်မာတဲ့အကျိုး၊ ရေရှည်တဲ့အကျိုးမဟုတ်ဘူး။ ကံကောင်းလွန်းလို့ ဒီဘ၀အကျိုးရှိလည်း နောင်ဘ၀တွေမှာတော့ အကျိုးမရှိနိုင်ဘူး။ အကုသိုလ်ရဲ့  အကျိုးဆင်းရဲဒုက္ခခံရမှာပဲ။ နှစ်ဖက်သေတယ်ဆိုတာ အဲဒါပြောတာ။ အဲဒီအထိ ရည်ရွယ်ပြီးပြောတာ။
တစ်ကိုယ်ကောင်းဆန်တဲ့ပုဂ္ဂိုလ်ဟာ ကိုယ်ကောင်းစားဖို့၊ ကိုယ်အဆင်ပြေဖို့ဆိုရင် အကုသိုလ်မှန်သမျှ ဘာမဆိုပြုရဲတယ်။ ဒုစရိုက်မှန်သမျှ ဘာမဆို ကျူးလွန်ရဲတယ်။ သူများအသတ်သတ်မှ ကိုယ့်ဘ၀အဆင်ပြေမယ်ဆိုရင် သတ်ဖို့ လုံး၀၀န်မလေးဘူး၊ သတ်ရဲတယ်။ သူများပစ္စည်းခိုးမှ ကိုယ့်ဘ၀အဆင်ပြေမယ်ဆိုရင် ခိုးဖို့ လုံး၀၀န်မလေးဘူး။ ခိုးရဲတယ်။ လိမ်မှ ညာမှ ကိုယ့်ဘ၀အဆင်ပြေမယ်ဆိုရင် လိမ်ဖို့ ညာဖို့ လုံး၀၀န်မလေးဘူး လိမ်ရဲ ညာရဲပါတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ပုဂ္ဂိုလ် မလုပ်ရဲတဲ့ မကောင်းမှု၊ မပြုရဲ တဲ့ ဒုစရိုက်ဆိုတာ ရှိကိုမရှိတော့ဘူး။
ပြီးတော့ စိတ်အစဉ်မှာ ဘယ်သူ့ဆီက ဘာရမလဲဆိုတာ စဉ်းစားနေတဲ့စိတ်က အမြဲတမ်း လွှမ်းမိုးနေတဲ့အတွက်ကြောင့် ပစ္စုပ္ပန်အသက်ရှင်စဉ်မှာလည်း စိတ်အေးချမ်းမှုဆိုတာ မရှိပါဘူး။ မအေးချမ်းတဲ့စိတ်နဲ့သေမယ်ဆိုရင် အပါယ်လေးဘုံပဲရောက်မှာပေါ့။
ကိလေသာဖြစ်ရုံလေးတွင်မကဘူး ၊ အကုသိုလ်တွေကလည်း ကျူးလွန်သေးတာဆိုတော့ သေခါနီးမှာ ဒီအကုသိုလ်အာရုံတွေထင်လာပြီးတော့ အပါယ်လေးဘုံ ရောက်ပါတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ပုဂ္ဂိုလ် အပါယ်လေးဘုံရောက်မယ်ဆိုတာ အထူးပြောစရာတောင်မလိုဘူး။ အကုသိုလ်အလုပ်ကို သတိရဖို့ အခွင့်အလမ်းပိုများနေလို့။
ကံကောင်းထောက်မလို့ လူပြန်ဖြစ်လာမယ်ဆိုရင်လည်း တစ်ကိုယ်ကောင်းဆန်တဲ့မိဘမျိုး၊ တစ်ကိုယ်ကောင်းဆန်တဲ့ ဆရာသမားမျိုး၊ တစ်ကိုယ်ကောင်းဆန်တဲ့ ညီအစ်ကို၊ မောင်နှမ၊ ဆွေမျိုး၊ မိတ်ဆွေ၊ အပေါင်းအသင်း၊ သူငယ်ချင်းမျိုးနဲ့ပဲ တွေ့ကြုံရမှာပဲ။ ကိုယ်က တစ်ကိုယ်ကောင်းဆန်ခဲ့တာကိုး။
ကိုယ့်ရဲ့  တစ်ကိုယ်ကောင်းဆန်မှု၊ တစ်ဖက်သတ်လုပ်မှုကြောင့် အပါယ်လေးဘုံရောက်ရတာ။ တစ်ကိုယ်ကောင်းဆန်သူရဲ့  ၀န်းကျင်မှာ လူဖြစ်ရတာ၊ ပစ္စုပ္ပန်မှာလည်း ကိုယ်ဖြစ်ချင်သလိုဖြစ်မလာလို့ စိတ်ညစ်ရတာ၊ စိတ်ဆင်းရဲရတာတွေဟာ ကိုယ့်ဘက်က သေတာတွေပါပဲ။ တစ်ဖက်သတ်ဆိုပေမယ့် နှစ်ဖက်သေပါတယ်။
တစ်ကိုယ်ကောင်းဆန်တဲ့သူဟာ ကိုယ့်အတွက်ပဲ ကိုယ်စဉ်းစားတဲ့အတွက် ကိုယ်နဲ့ပတ်သက်သူကြောင့် ကိုယ့်အကျိုးထိခိုက်လာမယ်ဆိုရင် ကိုယ်နဲ့ပတ်သက်သူ တစ်ဖက်ရဲ့  အလုပ်တွေကို ၀င်ရောက်စွပ်ဖက်ပြီး မလုပ်ဖြစ်အောင် ပိတ်ပင်ဟန့်တားတတ်တယ်။ တစ်ဖက်ကို သတ်လိုက်တာပဲ။ တစ်ဖက်ရဲ့ အလုပ်က လူပေါင်းများစွာ အကျိုးရှိမယ့်အလုပ်ဖြစ်နေရင် လူပေါင်းများစွာရဲ့အကျိုးပါ ဖျက်ဆီးပစ်လိုက်တာပဲ။ ကိုယ်ဘက်သေတာ၊ မသေတာထက် တစ်ဖက်မသေဖို့က ပိုအရေးကြီးတယ်။ တစ်ဖက်ကို သတ်တဲ့ တစ်ဖက်သတ်လုပ်ရပ်မျိုး ဘယ်တော့မှ မလုပ်မိပါစေနဲ့။
အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏ အသေလှတဲ့သူစာအုပ်မှ

Views: 43

ဘလော့အမျိုးအစား(စာပေ)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

ဝိ သု ကြုံ (အသေမဦးခင်) သည် August 13, 2012 က 5:41pmတွင် မှတ်ချက်ရေးသားသွားပါသည်။
ကျေးဇူးတင်ပါတယ်နော်။ နောင်လည်း ဒီလို မျိုးတရားတော်များ များများတင်ပေးပါဦးနော်။
သာဓု........သာဓု.........သာဓု

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................


anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

လေ့လာရန်

အဖွဲ့ဝင်များအားသိစေရန်


☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

အဖွဲဝင်များ

  • whitecolor ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • လှိုင်ကျော်ထွေး ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

ကိုညီညီတင် left a comment for uzawana
"လေးစားကြည်ညိုရပါသော ဆရာတော်" အရှင်ဇဝန (ကုန်းဇောင်း)" ဘုရား ရှိသေစွာ ဦးတင် လျှက်…"
1 hour ago
ကိုညီညီတင် commented on ကိုညီညီတင်'s group '"ဓမ္မဒါန ဘလော့ဘ်ရေးသားမျှဝေသူ များ"…သို့ လေးလေးစားစား…ပြန်ကြားလွှာ ကဏ္ဍ'
"လေးစားကြည်ညိုရပါသော ဆရာတော်" အရှင်ဇဝန (ကုန်းဇောင်း)" ဘုရား ရှိသေစွာ ဦးတင် လျှက်…"
1 hour ago
Myat Noe Thu commented on ကောင်းမြတ်မင်း's group 'မေတ္တာပို့ ရန်နေရာ'
"အရိမေတ္တယျဗုဒ၀င်၁၊၂၊၃ ကူးယူသွားပါသည်။ ကျေးဇူးတင်ပါ၏"
1 hour ago
Myat Noe Thu commented on ကောင်းမြတ်မင်း's group 'မေတ္တာပို့ ရန်နေရာ'
"လုံးစုံများစွာသတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ကမ္ဘာသူ/သားများအားလုံး အေးချမ်းသာယာရှိပါစေ…"
1 hour ago
kham commented on ကိုညီညီတင်'s blog post '"မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး ဟောကြားတော်မူသည့် " နေရေး၊သေရေး အဖြေပေးဖို့ " တရားတော်"'
"လူ့ ဘ၀က တော်တော်တိုတာပဲနော်အခုနေ နောက် ၅၀ နေရရင်တောင်အိပ်ချိန်ကိုနှူတ်တော့ နှစ် ၂၅ လောက်ပဲသွားလာ…"
1 hour ago
ကိုညီညီတင် သည် ဘလော့တင်သွားပါသည်။
2 hours ago
padout liked မူကြိုဆရာ's blog post 'နီးနီးဝေးဝေး ရန်သူ'
2 hours ago
Profile Iconashin indobhhasa, အိမ့်သူ, anatta and 1 more joined ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺
2 hours ago
padout liked မူကြိုဆရာ's blog post 'ဆုတ်ခေတ်'
3 hours ago
padout liked မူကြိုဆရာ's blog post 'ငါ့မှာ ရန်သူမရှိပါဘူး'
3 hours ago
padout liked Ashin Nandavamsa's blog post 'သက်ပျင်းချ အတွေးတစ်စ နောက်ကွယ်မှာ'
3 hours ago
လှိုင်ကျော်ထွေး left a comment for အိမ့်သူ
"မိတ်ဆွေကို...ဗုဒ္ဓကမ္ဘာဆိုဒ် ဓမ္မမိသားစု မှ နွေးထွေးစွာ ကြိုဆိုပါ၏...။"
3 hours ago

© 2013   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...