ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်ကောင်းမြတ်မင်းမှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...


သတ္တ၀ါတို့ ချမ်းသာသုခတိုးပွားများပြားရန်အတွက် ပြုလုပ်သင့်သော ကောင်းမူကုသိုလ်များ လုပ်ငန်းများသည် ပုညကြိယာဝတ္ထုမည်၏။ ထိုပုညကြိယာ ၀တ္ထုကား ဆယ်မျိုးရှိသည်။

(၁) ဒါန = စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း၊

(၂) သီလ = ကာယကံ ၀စီကံ တို့ကို စောင့်ရှောက်ခြင်း၊

(၃) ဘာဝနာ = ဘုရားဂုဏ်စသည်ကို အာရုံပြုနေခြင်း၊ သမထ၀ိပဿနာ ဘာဝနာပွားများခြင်း၊

(၄) အပစာယန = ရိုသေထိုက်သူကို ရိုသေခြင်း၊

(၅) ဝေယျာဝစ္စ = သူတပါးတို့၏ အပြစ်ကင်းသော ကိစ္စကြီးငယ်ကို ပြုစုဆောင်ရွက်ခြင်း၊

(၆) ပတ္တိဒါန = မိမိပြုလုပ်သော ကုသိုလ်အဖို့ကို အမျှပေးဝေလျှင် ၀မ်းမြောက်စွာ သာဓုခေါ်ခြင်း၊

(၇) ပတ္တာနုမောဒန = သူတပါးတို့ ကုသိုလ် ကောင်းမူ ပြုသည်ကို အမျှပေးဝေလျှင် ၀မ်းမြောက်စွာ သာဓုခေါ်ခြင်း၊

(၈) ဓမ္မဿဝန = တရားဒေသနာကို ကောင်းစွာ နာယူခြင်း၊

(၉) ဓမ္မဒေသနာ = တရားဟောပြော ပြသခြင်း၊

(၁၀) ဒိဋ္ဌိဇုကမ္မ = ဖြောင့်မှန်သော အယူဝါဒရှိခြင်း၊ (ကံ - ကံ၏အကျိုးကို ယုံကြည်ခြင်း)။

ဒါန
စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းသည် ဒါနမည်၏ ပုဗ္ဗ မုဉ္စ အပရ စေတနာသုံးတန်ပြည့်ဝစွာဖြင့် လှူဒါန်းခြင်း၊ မိမိစွန့်လှူသော ပစ္စည်းကို နှမြောတွယ်တာမူမရှိဘဲ အလောဘစိတ်ဖြင့် လှူဒါန်းခြင်း၊ ကမ္မဿကတာဉာဏ်နှင့် ယှဉ်၍ လှူဒါန်းခြင်းတို့သည် ဒါနအကျိုးတရား ပိုမိုပြည့်ဝသော လှူဒါန်းခြင်းတို့ ဖြစ်သည်။ ဒါနပြုလုပ်သဖြင့် သံသရာဝယ် ဘောဂသမ္ပတ္တိနှင့် ပြည့်စုံရသည်။

သီလ
ကာယကံ ၀စီကံတို့ကို စောင့်ရှောက်ခြင်း၊ ကိုယ်ကျင့်သီလများ စောင့်ထိန်း ခြင်းသည် သီလမည်၏။ သီလ စောင့်ထိန်းသူသည် ကာယကံ ၀စီကံတို့ကို စောင့်ရှောက်ရသည်။ လူတို့အတွက် ခါးဝတ်ပုဆိုးကဲ့သို့ အမြဲစောင့်ထိန်းရမည့် သီလမှာ ငါးပါးသီလဖြစ်သည်။ လူတိုင်းလိုက်နာ ကျင့်သုံးရမည့် ကိုယ်ကျင့်သီလကောင်းမွန်လုံခြုံရေး၊ လူတိုင်း ကိုယ်ကျင့်တရား ပြည့်ဝရေးသည်လည်း အရေးပါလှသည်။ ကိုယ်ကျင့်သီလပြည့်စုံရန် လူတိုင်း စောင့်ထိန်းသင့်သည်။ အခြားသော ဥပုသ်သီလတို့မှာ စောင့်ထိန်းနိုင်လေ အကျိုးကြီးလေဖြစ်သည်။ ပြင်ပ ပစ္စည်းအလှူဒါနထက် ကိုယ်ကျင့်သီလတရားက ပိုမိုမြင့်မြတ်သည်။ သီလနှင့် ပြည့်စုံသူသည် သံသရာဝယ် ဘ၀သမ္ပတ္တိနှင့် ပြည့်စုံရသည်။

ဘာဝနာ
ဘုရားဂုဏ်စသည်ကို အာရုံပြုနေခြင်း၊ သမထ၀ိပဿနာ ဘာဝနာ ပွားများခြင်းသည် ဘာဝနာမည်၏။ ဘာဝနာကုသိုလ်သည် ဒါန သီလတို့ထက် ပိုမိုမြင့်မြတ်သည်။ မနောကံဖြင့် ပြုလုပ်ပွားများရသော အလုပ်ဖြစ်၍ စိတ်ဓာတ်တည်ကြည်ငြိမ်သက်ရန် လိုအပ်သည်။ ဘုရားပွင့်တော်မူရာ ဤအခါဝယ် ဗုဒ္ဓါနုဿတိဘာဝနာ၊ မေတ္တာဘာဝနာတို့ကို ပွားများရန် အဆင်ပြေနေကြသည်။ အာနာပါနဿတိစသော သမထဘာဝနာများကို ပွားများခြင်း၊ ဘုရားပွင့်လာရာအခါမှသာ ကြားနာသိရသော လွန်စွာတွေ့ကြုံခဲ့သည့် အနိစ္စ ဒုက္ခ အနတ္တ ၀ိပဿနာရူပွားမူများကို ပြုလုပ်နေခြင်းသည် လွန်စွာ အကျိုးကြီးမားလှသည်။ နံ့သာတစ်ရှူ၊ နွားနို့တစ်ညှစ် လက်ဖျစ်တစ်တွက် အချိန်တိုလေးမျှ ပွားများသော ဘာဝနာကုသိုလ်သည်ပင် အချိန်များစွာ ပြုလုပ်သော ဒါန သီလတို့ထက် အကျိုးပေးကြီးသည်။ ဘုရားသာသနာတော်နှင့် တွေ့ကြုံရကျိုးနပ်လေအောင် သမထဘာဝနာအပြင် ၀ိပဿနာဘာဝနာကိုလည်း ကျိုးစားအားထုတ်ရပေမည်။

အပစာယန
ရိုသေထိုက်သူကို ရိုသေခြင်းသည် အပစာယန မည်၏။ ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါး မိဘဆရာများနှင့် မိမိထက် အသက်သိက္ခာဂုဏ်ကြီးသူများ၊ တရားကျင့်ကြံနေသူများ၊ အမျိုးဘာသာ သာသနာနှင့် တိုင်းပြည် တိုးတက်ကောင်းမွန်အောင် စီမံဆောင်ရွက်နေသူများစသည်တို့သည် ရိုသေထိုက်သူများ ဖြစ်ကြသည်။ ထိုသူတို့ကို ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း၊ ရှိခိုးခြင်း၊ ငုံ့လျှိုကိုင်းရိုင်းသွားလာခြင်း စသော ရိုသေမူတို့ကို ပြုလုပ်ခြင်းသည် အပစာယန မည်၏။ အပစာယနတရားနှင့် ပြည့်စုံသူသည် ဤဘ၀တွင် လူတကာ၏ ချစ်ခင်ခြင်း၊ ကြီးပွားတိုးတက်ခြင်းကို ရရှိပြီး နောင်တမလွန်၌လည်း သုဂတိဘုံသို့ ရောက်နိုင်လေသည်။

ဝေယျာဝစ္စ
သူတပါးတို့၏ အပြစ်ကင်းသော ကိစ္စကြီးငယ်ကို ပြုစုဆောင်ရွက်ပေးခြင်းသည် ဝေယျာဝစ္စမည်၏။ ရိုသေထိုက်သူတို့၏ ၀တ်ကြီးဝတ်ငယ်ကို ပြုစုဆောင်ရွက်ပေးခြင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း၏ အလုပ်ကိစ္စများကို ကူညီဆောင်ရွက်ပေးခြင်း၊ ခရီးသွားလာရာ၌ ကူညီယိုင်းပင်းခြင်း၊ အိုမင်းသူတို့ကို ဖေးမကူညီခြင်း၊ ကျောင်း အိမ် ရပ်ရွာ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဘုရားစေတီ ဗောဓိပင်တို့ကို ရှင်းလင်းသန့်ရှင်းအောင် ပြုလုပ်ခြင်း၊ လူအများ ချမ်းသာစွာ သွားလာနေနိုင်ရေးအတွက် လမ်းပြင်ခြင်း၊ တံတားဆောက်ခြင်း၊ ရေချမ်းစင်တည်ထားခြင်း၊ တည်းခိုနားနေရာ ဆောက်လုပ်ခြင်း စသည်တို့သည် ဝေယျာဝစ္စမည်၏။ ကုသိုလ်ကောင်းမူနှင့် စပ်လျဉ်းသော ထိုထို အမူကိစ္စ အမျိုးမျိုးတို့ကို ပကာသနမဖက် သန့်ရှင်းစင်ကြယ်သောစိတ်၊ အများလူတို့၏ အကျိုးလိုလားသော စိတ်ဖြင့် ကိုယ်ရော စိတ်ပါ အားထုတ်မူများပင် ဖြစ်လေသည်။

ပတ္ထိဒါန
မိမိပြုလုပ်သော ကုသိုလ်အဖို့ကို အမျှပေးဝေခြင်းသည် ပတ္တိဒါန မည်၏။ မိမိရအပ်ပြီးသော ကုသိုလ်အဖို့ကို သူတပါးတို့အား မိမိနှင့်ထပ်တူ အကျိုးရစေရန် အမျှပေးဝေရသည်။ ဤသို့ အမျှပေးဝေလျှင် မိမိကုသိုလ်အဖို့ လျော့နည်း မသွားသည့်အပြင် အခြားသူများပါ မိမိကုသိုလ်၏ အကျိုးကို ရရှိနိုင်သဖြင့် ကုသိုလ်ကောင်းမူပြုလုပ်ပြီးတိုင်း မေတ္တာစေတနာဖြင့် အမျှပေးဝေရသည်။ ယမမင်းသည် ငရဲဘုံသို့ ရောက်လာသူအား သုဂတိဘုံသို့ ရောက်စေရန် ကုသိုလ်တရားတို့ကို စစ်မေးလေ့ရှိသည်။ ထို့ကြောင့် ယမမင်းအားလည်း အမျှဝေကြရသည်။ မိဘဘိုးဘွားကစ၍ (၃၁) ဘုံ ကျင်လည်ကုန်သော သတ္တ၀ါ ဝေနေယျအားလုံးတို့အား အမျှပေးဝေရသည်။

ပတ္တာနုမောဒနာ
သူတပါးတို့က ကုသိုလ်ကောင်းမူအမျှပေးဝေလျှင် ၀မ်းမြောက်စွာ သာဓုခေါ်ခြင်းသည် ပတ္တာနုမောဒနာမည်၏။ အမျှဝေမူ သာဓုခေါ်မူတို့သည် စိတ်စေတနာထက်သန်လျှင် ထက်သန်သလောက် အကျိုးပေးနိုင်သည်။ သာမန်ကိစ္စများမဟုတ်ကြပေ။ ဘ၀များစွာ ကောင်းကျိုး ပေးနိုင်ကြသည်။ သူတဦးကောင်းမူပြုလုပ်သည်ကို မိမိမပြုနိုင်သေးလျှင် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ရမည်။ ၀မ်းမြောက်ကြည်နူးစွာ အားပေးထောက်ခံ သာဓုခေါ်မူကြောင့် နှစ်ဦးနှစ်ဘက်စလုံးတွင် ကုသိုလ်တရားတို့ တိုးပွားလာကြသည်။ အမျှဝေမူ သာဓုခေါ်မူသည် ဆီမီးတိုင်တစ်တိုင်မှ ဆီမီးများကို ပွားယူမူနှင့်တူသည်။ မိမိဆီမီးတိုင်တစ်တိုင်မှ အခြားသော ဆီမီးတိုင်ပေါင်းများစွာကို မျှဝေ ထွန်းညှိပေးသည်ရှိသော် မိမိဆီမီးတိုင်တွင်လည်း အလင်းရောင်မလျော့သလို အခြားဆီမီးတိုင် များလည်း အလင်းရောင် ကျယ်ပြန့်များပြား ထွန်းတောက်သွားကြသည်။ ဤအတူပင် အမျှဝေသူမှာ ကုသိုလ်လျော့မသွားဘဲ သာဓုခေါ်သူမှာ ကုသိုလ်အကျိုးပွားတိုး ခံစားရလေသည်။

တမလွန်ဘ၀ရောက်နေကြသော ပေတဂတိရရှိသူများသည် မိမိကို ရည်ညွှန်း၍ ပေးပို့သော အမျှဝေမူကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ရလျှင် ချက်ချင်းပင် အကျိုးပေးတတ်၏။ နတ်အမျိုးမျိုးနှင့် သူတပါးပေးကမ်းမူကို မှီ၍ အသက်မွေးကြရကုန်သော ပရဒတ္တူပဇီဝိပြိတ္တာ၊ ဝေမာနိကပြိတ္တာတို့သည် အမျှဝေမူကို သာဓုခေါ်ရလျှင် ချက်ချင်းပင် ချမ်းသာသုခရနိုင်ကြသည်။ တမလွန်ဘ၀ပြောင်းသူတို့အား အထူးရည်ညွန်း၍ အမျှဝေမူပြုလုပ်လျှင် အကျိုးထူးခံစားရကြောင်းဗိမ္ဗိသာမင်းနှင့် ပြိတ္တာဆွေမျိုးတို့ အကြောင်းက ပြဆိုနေသည်။ သို့ဖြစ်၍ ဘ၀တပါးပြောင်းသွာားသူတို့အား အထူးရည်ညွှန်း၍ ကုသိုလ်ပြုကာ အမျှပေးဝေရမည်။

ဓမ္မဿဝန
တရားဒေသနာတော်ကို ကောင်းစွာနာယူခြင်းသည် ဒမ္မဿဝနမည်၏။ လောကီလောကုတ္တရာ အကျိုးစီးပွားအမျိုးမျိုးတို့နှင့် စပ်လျဉ်းသော တရားစကားများကို ယောနိသော မနသိကာရ စေတနာဖြင့် ကြားနာမူဖြစ်သည်။ အထူးသဖြင့် ဘ၀သံသရာမှ လွတ်မြောက်ရေး တရားတော်များကို နာကြားမူသည်သာ တရားတော်နာကြားမူ အစစ်အမှန်ဖြစ်သည်။ မြတ်စွာဘုရား၏ တရားတော်များကို ကြားနာမှတ်သားလိုက်နာရပေမည်။

ဓမ္မဒေသနာ
တရားဟော ပြသခြင်းသည် ဓမ္မဒေသနာမည်၏။ မြတ်စွာဘုရား၏ ဒေသနာတော်တရားတော်များကို ယောနိသော မနသိကာရ စေတနာဖြင့် လာဘ်လာဘရရှိမူ နာမည်ကျော်ကြားမူ စသည်တို့ကို မငဲ့ဘဲ ဟောကြားပြသမူ၊ စာပေရေးသားဖြန့်ဖြူးမူ၊၊ စာပေပို့ချသင်ကြားပေးမူစသည့် သူတပါးတို့ကို အသိပညာပေးမူများသည် ဓမ္မဒေသနာမည်၏။ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ဟူသော ဒေသနာတော်အရ တရားဟောပြ ပို့ချသင်ကြားမူသည် အလှူတကာတို့တွင် အကြီးမြတ်ဆုံးဖြစ်၍ ကြိုးစားအားထုတ် ပြုလုပ်ရပေမည်။

ဒိဋ္ဌိဇုကမ္မ
ဖြောင့်မှန်သော အယူဝါဒရှိခြင်း။ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်းသည် ဒိဋ္ဌိဇုကမ္မမည်၏။ အယူဖြောင့်မှန်ရေးသည် သတ္တ၀ါတိုင်းအတွက် အရေးအကြီးဆုံးဖြစ်သည်။ အလှူ၏ အကျိုးသည် အမှန်ရှိ၏ စသည်ဖြင့် သမ္မာဒိဋ္ဌိဖြစ်ရာ ဖြစ်ကြောင်း (၁၀)မျိုးကို ဖြောင့်မှန်စွာ ယုံကြည် သိမြင် လက်ခံကျင့်သုံးမူသည် ဒိဋ္ဌိဇုကမ္မ ဖြစ်၏။ ဒိဋ္ဌိဇုကမ္မ အယူဖြောင့်မှန်ရေးအတွက် သမ္မာဒိဋ္ဌိကဒသ၀တ္ထုခေါ် သမ္မာဒိဋ္ဌိဖြစ်ကြောင်း တရားဆယ်မျိုးတို့မှာ -

(၁) ပေးလှူရခြင်း၏ အကျိုးကျေးဇူးသည် အမှန်ရှိ၏ (တ္ထိဒိန္နံ)၊

(၂) ယဇ်ကြီး(အလှူကြီး) ပူဇော်ရခြင်း၏ အကျိုးကျေးဇူးသည် အမှန်ရှိ၏ (အတ္ထိ ဒိဋ္ဌံ)၊

(၃) ယဇ်ငယ်(အလှူငယ်) ပူဇော်ရခြင်း၏ အကျိုးကျေးဇူးသည် အမှန်ရှိ၏ (အတထိ ဟုတံ)၊

(၄) ကောင်းစွာပြုအပ်သော ကုသိုလ်ကံ၊ မကောင်းသဖြင့် ပြုအပ်သော အကုသိုလ်ကံတို့၏ အကျိုးဆက်(ဖလ) အကျိုးရင်း(၀ိပါက)သည် အမှန်ရှိ၏။(အတ္ထိ သုကတဒုက္ခဋာနံ ကမ္မာနံ ဖလံ ၀ိပါကော)၊

(၅) ဤလောကသည် အမှန်ရှိ၏ (အတ္ထိ အယံ လောကော)၊

(၆ ) တမလွန်လောကသည် အမှန်ရှိ၏ (အတ္ထိ ပရော လောကော)၊

(၇) အမိ၌ ကောင်းမွန်စွာပြုခြင်း၊ မကောင်းသဖြင့် ပြုခြင်း၏ အကျိုးကျေးဇူးသည် အမှန်ရှိ၏ (အတိမာတာ)၊

(၈) အဘ၌ ကောင်းမွန်စွာပြုခြင်း၊ မကောင်းသဖြင့် ပြုခြင်း၏ အကျိုးကျေးဇူးသည် အမှန်ရှိ၏ (အတ္ထိပိတာ)၊

(၉) သေ၍ တဖန်ဖြစ်ပြန်သော သတ္တ၀ါတို့သည် အမှန်ရှိကုန်၏ (သတ္ထိ သတ္တာ သြပပါတိကာ)၊

(၁၀) ဤလောကကို လည်းကောင်း၊ တမလွန်လောကကို လည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်ကုန်သော ညီညွတ်ကုန်သော ကောင်းသော အကျင့်ရှိကုန်သော သမဏ ဗြဟ္မဏတို့သည် လောက၌ အမှန်ရှိကုန်၏(အတ္ထိ လောကေ သမဏာဗြဟ္မဏာ သမ္မဂ္ဂတာ သမ္မာ ပဋိပန္နာ) –

တို့ဖြစ်ကြသည်။ ဤသမ္မာဒိဋ္ဌိက ဒသ၀တ္ထုနှင့် ပြည့်စုံမှသာလျှင်သမ္မာဒိဋ္ဌိက အယူမှန်သူ အမျိုးကောင်းသား အမျိုးသမီး စင်စစ်ဖြစ်နိုင်ကြသည်။

မိစ္ဆာဒိဋ္ဌိ(၁၀)မျိုးမှလည်းကောင်း၊ ဣဿရနိမ္မနဒိဋ္ဌိ စသည်တို့မှ လည်းကောင်း၊ လောကီအယူအဆ ဗေဒင် ယတြာ လောကီဒိဋ္ဌမင်္ဂလာတို့မှ လည်းကောင်း လွတ်ကင်းစင်ကြယ်၍ ကံ - ကံ၏ အကျိုးကို ဖြောင့်မှန်စွာ ယုံကြည်သိမြင်ပြီး လောကသံသရာ နှစ်ဖြာကောင်းကျိုး ပွားတိုးစည်ပင်စေရန် ကုသိုလ်ကံတို့ကို အားထုတ်ပြုလုပ်ရပေမည်။ သတ္တ၀ါတိုင်းအတွက် ကမ္မဿကဟာသမ္မာဒိဋ္ဌိခေါ် ကံ - ကံ၏အကျိုးကို အမှန်သိမြင်ရေးသည် အရေးအကြီးဆုံးဖြစ်သကဲ့သို့ အကျိုးအကြီးဆုံးလည်း ဖြစ်သည်။ ထိုဉာဏ် အမြင်မှန်ဖြင့် ပြုလုပ်မှသာ အထက်တန်းကျသော ဘ၀သမ္ပတ္ထိ၊ ဘောဂသမ္ပတ္ထိနှင့် ဘ၀လွတ်ရာ နိဗ္ဗာန်အထိရောက်နိုင်သည်။ အပြစ်ရှိသော အမူတို့တွင် မိစ္ဆာဒိဋ္ဌိခေါ် အယူလွဲမှားမူသည် အပြစ်အကြီးဆုံးဖြစ်၍ နိယတမိစ္ဆာဒိဋ္ဌိခေါ် ဘုရားချွတ်၍မျှ မကျွတ်သောသူများသည် သံသာရခါဏုကခေါ် သံသရာသစ်ငုတ်ကြီးများ ဖြစ်ကြရသည်။ အယူဖြောင့်မှန်သူဖြစ်ရန် အားထုတ်ကြရပေမည်။

(မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။)
မှတ်ချက်။ ။https://www.facebook.com/photo.php?fbid=433382316711794&set=a.1...မှကူးယူဖေါ်ပြပါသည်။
လောကီ၊ လောကုတ္တရာ ချမ်းသာ အပေါင်းနှင့် ပြည့်ဝနိုင်ကြပါစေ။
mmt

Views: 35

ဘလော့အမျိုးအစား(ဘာသာရေး)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................


anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

လေ့လာရန်

အဖွဲ့ဝင်များအားသိစေရန်


☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

အဖွဲဝင်များ

  • padout ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • လှိုင်ကျော်ထွေး ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • Thaung Tan

  • dimplemit ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

lin htike ဓမ္မ မိတ်ဆွေအသစ်တစ်ယောက်ကို ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺မှနွေးထွေးစွာကြိုဆိုပါတယ်
51 minutes ago
အရှင်ဝဏ္ဏ posted a blog post

ဒီနေ့လည်း လွဲဆွဲဦးမယ်

နေလုံးကြီး ၀င်သွားတာနဲ့သြော်..တစ်နေ့ကုန်သွားပါပြီလားလို့ ညီးတွားကြတယ်၊တစ်နေ့တာဆိုတဲ့…See More
1 hour ago
thein wai posted a blog post

လူတိုင်းလူတိုင်း ခံစားနေရတဲ့ “ ဒုက္ခ (၇) မျိုး ” ။

လူတိုင်းလူတိုင်း ခံစားနေရတဲ့ ဒုက္ခ ( ၇ ) မျိုးမှာ= (၁) ဒုက္ခ ဒုက္ခ။ (၂) ၀ိပရိဏာမဒုက္ခ။ (၃) သင်္ခါရဒုက္ခ။…See More
1 hour ago
Thaung Tan posted a blog post

ရဟန်းကို ဘာကြောင့် ရိုသေလေးစားရှိခိုးထိုက်သလဲ

ရဟန်းကို ဘာကြောင့် ရိုသေလေးစားရှိခိုးထိုက်တယ် ဆိုတာကို ဗုဒ္ဓက မုနိ သုတ်တော် မှာ ဒီလို အသိပေး…See More
1 hour ago
Thaung Tan shared whitecolor's blog post on Facebook
2 hours ago
Thaung Tan liked whitecolor's blog post 'လောကဓံမုန်တိုင်းများ နှင့် ကြံ့ခိုင်သည့်စိတ်ထား'
2 hours ago
Zar Ni liked thein wai's blog post 'မြတ်စွာဘုရား၏ ထူးခြား အံ့သြဖွယ်များ (ဗုဒ္ဓနေ့အတွက်)။'
3 hours ago
thanhtunzaw liked dimplemit's blog post 'တရားဆေးသောက် ရောဂါပျောက်'
3 hours ago
Thaung Tan liked dimplemit's blog post 'မိတ်ဆွေဖြစ်ခဲ့ပြန်ပေါ့....'
3 hours ago
Thaung Tan liked မောင်သုည's blog post '၀မ်းစာ'
3 hours ago
နီစံ (အနီ) and အရှင်ပဏ္ဍိတ(ဒေါင်းဖြူ) are now friends
3 hours ago
နီစံ (အနီ) shared လှိုင်ကျော်ထွေး's blog post on Facebook
4 hours ago

© 2013   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...