ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်ကောင်းမြတ်မင်းမှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

မဟာရတနာကရဆရာတော် ( ၉၇ဝ ခန့်-၁ဝ၅ဝ ခန့် )၏ထေရုပ္ပတ္တိ


မဟာရတနာကရဆရာတော်သည် သာလွန်မင်းတရား လက်ထက်တွင် ထင်ရှားသော ဆရာတော်တစ်ပါး ဖြစ်သည်။ ဘွဲ့မည်မှာ သျှင်သဒ္ဓမ္မာလင်္ကာရ ဖြစ်၏။ ငယ်စဉ်က ဆင်ဦးဘုရင် ဆရာတော်ထံတွင် စာပေများကို သင်ကြားရ၏။ ဆင်ဦိးဘုရင်ဆရာတော်သည် တောင်ငူ၌ သီတင်းသုံးနေစဉ် သျှင်သဒ္ဓမ္မာလင်္ကာရမှာ ပဉ္စင်းပျိုမျှသာ ရှိသေးသည်။ ထိုအချိန်တွင် တောင်ငူ မိဖုရားက ကြည်ညိုသဖြင့် ဆွမ်းဝတ်တည်ရန် လျှောက်ထားရာ ဆရာဖြစ်သူက လာဘ်များလျှင် စာသင် ပျက်စီးမည်စိုးသောကြောင့် ပယ်မြစ်တားဆီးတော်မူသည်။
သျှင်သဒ္ဓမ္မာလင်္ကာရသည် နောင်အခါတွင် ပင်းယရွှေဥမင်ကျောင်းတိုက်၌ လေးဆက် မြောက် သီတင်းသုံးတော်မူသည်။ သက္ကရာဇ် ၁ဝဝ၁-ခုနှစ်တွင် သာလွန်မင်းတရားက ဘုံစံကျောင်းတော်ကို ဆောက်လုပ်၍ တင်လှူတော်မူသည်။ ဆရာတော်အား ' မဟာရတနာကရ' ဟူသော ဘွဲ့တံဆိပ်ကိုလည်း ပေးအပ်တော်မူ၏။ ထိုအခါမှ စ၍ မဟာရတနာကရဆရာတော် ဟူ၍ ထင်ရှားလာလေသည်။
ဆရာတော်သည် သာလွန်မင်းတရား၏ ' သီရိသုဓမ္မ မဟာရာဇာဓိပတိ ' ဟူသော ဘွဲ့နာမံတော်ကို ဆန်းအလင်္ကာစသည့် နည်းတို့ဖြင့် ' ရာဇိန္ဒ ရာဇ နာမာဘိဓေယျ ဒီပနီ ' ဟူသော ကျမ်းကို ရေးသားလေသည်။ ထိုကျမ်းကို နေမျိုးသီရိဇေယျကျော်ထင်လျှောက်ထုံး၌ စံကျောင်း ဆရာတော်ဟု ရှိသည်။ ဤသည်မှာ ဆရာတော်၏ ကျောင်းအမည်တွင် ဘုံသဒ္ဒါကို ချေထားသည် ဟု ယူဆဖွယ်ဖြစ်သည်။
မှန်နန်းရာဇဝင်တော်ကြီးတွင် သာလွန်မင်းတရားဆရာတော် ပင်းယရွှေဥမင် မဟာရတနာကရဘုန်းကြီး စီရင်သော သက္ကဒါန်စာတမ်းတွင်လည်း ဟု ကျမ်းညွှန်းပြထား သောကြောင့် ဆရာတော်သည် သက္ကဒါန်စာတမ်းကိုလည်း ရေးသားကြောင်း သိရှိရပေသည်။
သက္ကရာဇ် ၁ဝ၃၄-ခုနှစ်တွင် နန်းတက်သော ဝမ်းဘဲအင်းစံမင်း လက်ထက်၌ ဆရာတော်သည် အရိယာသူတော်ကောင်းတို့၏ အကျိုးငှာ ဓမ္မပဒကျမ်းကို မှီး၍ ' ရတနာကရ ဝတ္ထုတော်ကြီး ' ကို ရေးသားစီရင်တော်မူသည်။ ကျမ်းပြုသော သက္ကရာဇ်မှာ ၁ဝ၄၂-ခု ဖြစ်၏။ ထိုဝတ္ထုကို ပင်းယရွှေစည်းခုံကျောင်းတိုက်၌ နေစဉ် ရေးသားသဖြင့် ဆရာတော်သည် နောင်အခါ တွင် ရွှေစည်းခုံကျောင်းတိုက်သို့ ပြောင်းရွှေ့နေဆိုင်သည်ဟု မှတ်ယူနိုင်ပေသည်။ သို့မဟုတ် နှစ်တိုက်တွင် အလှည့်ကျ သီတင်းသုံးသည်လည်း ဖြစ်နိုင်ပေသည်။
မာန်အောင်ရတနာ စနေမင်း လက်ထက် သက္ကရာဇ် ၁ဝ၆၉-ခု၊ ပြာသိုလပြည့်ကျော် ၁၂-ရက်နေ့တွင်-


ဘုံစံတုလွတ်ကျောင်းတော်ကို တင်လှူတော်မူမည်ဟူ၍ ဆင်းလုံးမြင်းရင်း စစ်သည် ဗိုလ်ပါများနှင့်တကွ ထွက်တော်မူ၍ ညဥ့်လေးချက်တီးကျော် တစ်မောင်းတွင် ဆရာတော် ရတနာကရအား လှူတော်မူသည်။


ဟု မှန်နန်းရာဇဝင်တော်ကြီး- တတိယတွဲတွင် ဆိုထားသဖြင့် ဆရာတော်သည် ထိုနှစ်အထိ အသက်ရှင်ဆဲ ရှိသေးသလောဟု စဉ်းစားဖွယ် ဖြစ်၏။ အသက်ရှင်ဆဲ ဖြစ်သည်ဆိုက ဆရာတော် သည် အသက် ၁ဝဝ- ဝန်းကျင်သို့ ရောက်ရှိနေပေတော့မည်။ မှန်နန်းရာဇဝင်အရ ဆရာတော် ရတနာကရမှာ ဘွဲ့မည်ဖြစ်သော သျှင်ရတနာကရဟုဆိုက အခြားတစ်ပါးဟု ဆုံးဖြတ်ရပေ တော့မည်။


ကိုးကား

  1. ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။



ဆက်လက်လေ့လာရန်


၁) သာလွန်မင်းအမေးတော်ပုံကျမ်း၊ မှန်နန်းရာဇဝင်တော်ကြီး- တတိယတွဲ၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ မြန်မာစာပေသမိုင်း၊ ကဗျာကြေးမုံ ပိဋကတ်ကြေးမုံကျမ်း၊ စာပေ့တာဝန်၊ သာသ နာလင်္ကာရစာတမ်း ၊

 ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးများ၏ထေရုပ္ပတ္တိများကို လေ့လာတွေ့ ရှိသမျှ
ပြန်လည်မျှဝေတင်ပြခြင်းဖြင့်  ကုသိုလ်ဒါန ပြုလိုက်ရပါသည်...။

အောင်အောင်(မကစ)
www.ledimyethar.com
www.depelyin.co.cc

Views: 9

ဘလော့အမျိုးအစား(ဘာသာရေး, ထေရုပ္ပတ္တိ)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................


anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

လေ့လာရန်

အဖွဲ့ဝင်များအားသိစေရန်


☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

ကလေးတို.ဆရာမ shared မူကြိုဆရာ's blog post on Facebook
53 minutes ago
ကလေးတို.ဆရာမ commented on မူကြိုဆရာ's blog post 'အူမနှင့် သီလ'
"ကောင်းလိုက်တဲ့ ရှင်းလင်းတင်ပြချက် ပါလား ---- Facebook ကို Share လိုက်ပြီဆရာရေ --- အားလုံး…"
59 minutes ago
မူကြိုဆရာ posted blog posts
1 hour ago
toeyawai@gmail.com commented on dimplemit's blog post 'ကွက်လပ်ဖြည့်စိတ်ဓါတ်'
"ဖတ်သွားပါတယ်"
1 hour ago
toeyawai@gmail.com commented on အရှင်ဝဏ္ဏ's blog post 'အပေါက်သေးသေးမှ မာနကို ချောင်းကြည့်ခြင်း'
"ကျေးဇူးတင်ပါတယ်ဦးဇင်း"
1 hour ago
အမေ့ဂုဏ်ရည်ဆရာတော်လေး posted a status
"ကုသိုလ်ဆိုတာ အန၀ဇ္ဇသုခ၀ိပါက လက္ခဏာ =အပြစ်မရှိကောင်းကျိုးပေးခြင်း လက္ခဏာရှိပါတယ်။"
1 hour ago
kaungsu is now friends with thuthunaing and San Min Htun
1 hour ago
thuthunaing posted photos
2 hours ago
ဖိုးကံထူး commented on ဇော်ထက်မောင်'s blog post 'ဗုဒ္ဓကမ္ဘာဆိုဒ်တွင်းရှိ ဓမ္မဘလော့ဘ်ရေးသားသူများ (မျှဝေဓမ္မဒါနပြုသူများ) သို့ မေတ္တာရပ်ခံလွှာ'
"ဟုတ်ကဲ့ပါမရေးးတက်လို့ကိုမရေးဘူး စာပဲဖတ်တယ်"
5 hours ago
KO KO commented on နတ်ဆိုး(နိဗ္ဖာန်ဆော်)'s blog post 'လောကကို နွေးထွေးစေတဲ့ လက်အစုံများ'
"မှတ်သားထိုက်ပါတယ်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။"
5 hours ago
KO KO liked နတ်ဆိုး(နိဗ္ဖာန်ဆော်)'s blog post 'လောကကို နွေးထွေးစေတဲ့ လက်အစုံများ'
5 hours ago
KO KO liked AShin KoSalla's blog post 'ကိုးကွယ်မှန်မှ ချမ်းသာရ တရားတော်'
5 hours ago

© 2013   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...