၆ နှစ်သား အရွယ်တွင် ရွာဘုန်းကြီးကျောင်းတွင် စာပေ စတင် သင်ကြားသည်။ ၁၂ နှစ် အရွယ်တွင် ငယ်ဆရာ ပျဉ်းမနား ကျောင်းဘုန်းကြီး ဦးအာဒိစ္စထံ ရှင်သာမဏေ ပြုသည်။ "ရှင်သောဘန" ဘွဲ့ရသည်။
ရှင်သာမဏေ ဘဝမှာပင် ဆရာတော် ဦးအာစာရထံတွင် သဒ္ဒတ္တဘေဒစိန္တာ ခေါ် သဒ္ဒါငယ်ကျမ်းကို သင်ယူသည်။ သူကြီးကျောင်း ဆရာတော် ဦးပရမထံတွင် ပရိယတ္တိဆိုင်ရာ ကျမ်းဂန်များ ဆက်လက် သင်ယူသည်။ ဋီကာကျော်ကို နှုတ်တိုက်ရသည်။ အခြား စာသင်သားများကိုပင် ပို့ချနိုင်သည်။ ခက်ခဲလှသော ဂဏဂမီႝရ ခေါ် ဂဏန်း စာအုပ်ကြီးကို မိမိဘာသာ လေ့လာ တတ်မြောက်သည်။
အသက် ၁၉ နှစ် ကျော်သော အခါ ၁၂၈၅ ခု၊ တန်ဆောင်မုန်း လပြည့်ကျော် ၄ ရက် (၂၆၊ ၁၁၊ ၂၃) တနင်္လာနေ့တွင် အင်ကြင်းတောတိုက် ဗဒ္ဓသိမ်တော်၌ မဟာဗိုလ် ဂိုဏ်းချုပ် ဆရာတော်၊ သုမေဓာ ဆရာတော် ဘုရားကြီး၊ အရှင်နိမ္မလ မထေရ်ကို ဥပဇ္ဈာယ်ပြု ဆရာတော် ဦးပရမ ပါဝင်သော ကမ္မဝါစာ ဆရာတော်များ၏ ချီးမြှောက်မှုဖြင့် ရဟန်းအဖြစ်သို့ ရောက်သည်။ ပရိယတ်၊ ပဋိပတ် နှစ်ရပ် ဆည်းပူး လေ့လာ သင်ယူသည်။ ရဟန်းဖြစ်ပြီး ၄ လတွင် ရုက္ခမူ ဓုတင်၊ ပိဏ္ဍပါတိက ဓုတင်၊ ဧကာသနိက ဓုတင်၊ ပတ္တပိုဏ် ဓုတင်များ ဆောက်တည်တော် မူသည်။
၁၂၈၆ ခုနှစ်၊ ရဟန်းဝါ မရမီက အစိုးရ ပထမငယ်တန်း၊ ၁၂၈၈ ခုနှစ်တွင် ပဌမလတ်တန်း၊ ၁၂၈၉ ခုနှစ်တွင် ပဋ္ဌမကြီးတန်း အောင်တော်မူသည်။ (၁၂၈၇ ခုနှစ်တွင် ခရီးထွက်နေ သဖြင့် စာမေးပွဲ မဝင်ခဲ့)။ ၁၂၉၀ ပြည့်နှစ်တွင် မန္တလေး ရတနာပုံမြို့တော်သို့ ကရောက်၍ ထင်ရှားသော ဆရာတော်ကြီးများ ဖြစ်သော ချမ်းသာကြီး ဆရာတော် ဦးလက္ခဏာ၊ တောင်သမန် ခင်မကန် တိုက်သစ် ဆရာတော် ဦးဣန္ဒဝံသာဘိဝံသထံတွင် စာပေ ကျမ်းဂန်များ ဆက်လက် သင်ယူ ဆည်းပူးသည်။ ၁၃၀၃ ခုနှစ်၊ စာချတန်း စာမေးပွဲ ဖြေဆိုရာ ၉ ကျမ်း ရှိသည့်အနက် ၈ ကျမ်း ဂုဏ်ထူးဖြင့် အောင်သဖြင့် သာသနဓဇ သိရီပဝရ ဓမ္မာစရိယ ဘွဲ့တံဆိပ် ရတော်မူသည်။
၁၂၉၁ ခုနှစ်တွင် မော်လမြိုင် တောင်ဝိုင်းလေး ဆရာတော်ကြီး ဆင့်ခေါ်မှု အရ တောင်ဝိုင်းလေးသို့ က၍ စာပေပို့ချ သင်ကြားပေးသည်။ တောင်ဝိုင်းလေးတွင် စာသင်ကြား ပို့ချစဉ် ကိုယ်တိုင်လည်း မဟာသတိပဋ္ဌာနသုတ်၊ အဋ္ဌကထာ၊ ဋီကာတို့ကို လေ့လာ ဆည်းပူးသည်။
၁၂၉၃ ခုနှစ်၊ ပြာသို လပြည့်ကျော် ၇ ရက်တွင် ဆရာတော်ကြီးထံ ခွင့်ပန်၍ တောထွက် တရားရှာ ခရီးထွက်ခဲ့သည်။ တောတောင် ခရီးကြမ်း တရားရှာ ထွက်ရာတွင် ဝတ္ထုငွေ မဆောင်၊ ငွေအလှူမခံ ဘိနပ်မပါ သင်္ဃန်း ၃ ထည်၊ သပိတ်နှင့် ပရိက္ခရာ ရှစ်ပါးသာ သယ်ဆောင်တော်မူသည်။ ၁၂၉၃ ခု၊ တပေါင်းလဆန်း ၅ ရက်နေ့တွင် သတိပဋ္ဌာန် ဝိပဿနာ အလုပ်တွင် ထင်ရှား ကျော်ကြားလှသော သထုံမြို့ မင်းကွန်းဇေတဝန် ဆရာတော် ဘုရားကြီးထံသို့ ဆိုက်ရောက်သည်။ ရောက်သည်နှင့် ရက်မဆိုင်းဘဲ ကမ္မဋ္ဌာန်း တရားတောင်း၍ စတင် အားထုတ်တော်မူသည်။
တရား အားထုတ်၍ ၄ လ အချိန်တွင် တောင်ဝိုင်းလေး ဆရာတော်ကြီး မကျန်းမာ၍ ၁၂၉၄ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက်နေ့တွင် တောင်ဝိုင်းလေးသို့ ပြန့်ကရသည်။ ဆရာတော်ကြီး ပြန်လွန်တော်မူ၍ ကျောင်းစောင့် အဖြစ် တာဝန်ယူပြီး စာသင်သားများအား စာပေပို့ချ သင်ကြားပေးပြီး မိမိကိုယ်တိုင်မူ ဝိပဿနာများ ဆက်လက် ရှုမှတ် ပွားများ အားထုတ်သည်။
၁၃၀၀ ပြည့်နှစ်တွင် ဆိပ်ခွန်သို့ ခေတ္တပြန့်ကပြီး ပွဲဦးထွက် သတိပဋ္ဌာန် ဝိပဿနာ အလုပ်ပေး တရား ဟောကြား၍ တရား အားထုတ်သူများကို တရားပြသ ပေးတော်မူသည်။ တရား အားထုတ်သူ ၃ ဦး ရှိသည်။ တရား အားထုတ်သူများ အပြင်းအထန် အားထုတ်ကြသည်။
ဒုတိယ ကမ္ဘာစစ်ကြီးကြောင့် ၁၃၀၃ ခုနှစ်တွင်ပင် ဆိပ်ခွန်ရွာသို့ ပြန့်ကရောက်တော်မူပြီး ဝိပဿနာ တရားများ ဟောကြား၍ လက်တွေ့ တရား အားထုတ်နည်း ပြသတော်မူသည်။ တရား အားထုတ်ကြသော ဥပသကာတို့၏ တောင်းပန် လျောက်ထားမှုကြောင့် ဉာဏ် အနုအလတ် - အရင့် ပုဂ္ဂိုလ်တို့ အားလုံးနှင့် သင့်လျော်သော ဝိပဿနာ ရှုနည်းကျမ်းကြီးကို စီရင် ရေးသားတော် မူပါသည်။ စာမျက်နှာ ၈၀၀ ကျော် ရှိသော ဝိပဿနာ ရှုနည်းကျမ်းကြီး နှစ်တွဲကို စစ်ကြီးကာလ အတွင်း ၇ လနှင့် အပြီး စီရင် ရေးသား ပြီးစီးသည်။ ပဋိပတ္တိသာသနာ သတိပဋ္ဌာန် ဝိပဿနာ ရှုနည်းများတွင် အလွန် ခိုင်ခန့်သော ကျမ်းကြီး ဖြစ်သည်။
ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာ၊ အင်ကြင်းတော ကျောင်းတိုက်ကြီး၏ အဝင်ဝ၌ အလွန်ကြီးမားသော ကုက္ကုပင်ကြီး လေပြင်းဒဏ်ကြောင့် လဲကျသော အခါ၊ ယင်း ကုက္ကုပင်ကြီး၏ ပင်စည်မှာ အတွင်း၌ အသားမရှိ အခေါင်းဖြစ်လျှက် ရှိ၏။ စည်ကြီး ပြုလုပ်ရန် အဆင်သင့်လျှက် ရှိ၏။ ပင်စည်ကြီးကို ဖြတ်ထွင်းလျှက် သားရေတို့ဖြင့် ကြက်ကာ ကြီးမားသော စည်ကြီး ပြုလုပ်ထားရှိပြီး အရှင် သောဘန တရားဟောကာနီး၌ စည်ကြီးကို တီးစေ၍ ပရိသတ် စုဝေးစေသည်။ ထိုစည်ကို အကြောင်းပြု၍ ထိုစည်ကြီး ရှိသော ကျောင်းတိုက်ကို မဟာစည် ကျောင်းတိုက်၊ ထိုကျောင်းတိုက်၌ သီတင်းသုံး၍ တရားဟောသော ဆရာတော်ကို မဟာစည် ဆရာတော်ဟု ဘွဲ့တော် ဖြစ်ပေါ်ခဲ့သည်။ ထိုစည်ကြီး ကား ဆိပ်ခွန်ရွာ မဟာစည် ကျောင်းတိုက်၌ ယနေ့တိုင် တည်ရှိပါသည်။
၁၉၄၇ ခုနှစ်တွင် ဖွဲ့စည်း တည်ထောင်သော ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်တွင် ကိုးကွယ် သာသနာပြုရန် အတွက် ပရိယတ် ပဋိပတ် စွယ်စုံရ ဆရာတော် တပါး ရှာဖွေရာ ဆိပ်ခွန်ရွာ မဟာစည် ကျောင်းတော်မှ ဆရာတော် ဦးသောဘနသည် ပရိယတ် ပဋိပတ် စွယ်စုံ ကျွမ်းကျင်တော်မူသည်ဟု သတင်းရရှိ သဖြင့် ဥက္ကဋ္ဌကြီး ဆာဦးသွင်က ဆရာတော်အား စစ်ကိုင်းတောင် သမိဒ္ဓေါဒယချောင်သို့ ပင့်၍ တရားနာပြီး လေ့လာ အကဲခတ်ရာ ကျော်ကြားသည့် အတိုင်း မှန်ကန်သဖြင့် နိုင်ငံတော် ဝန်ကြီးချုပ်အား ဆရာတော် ဘုရားကြီးကို ရန်ကုန်သို့ ပင့်ဆောင်ပေးရန် မေတ္တာ ရပ်ခံသည်။ နိုင်ငံတော် ဝန်ကြီးချုပ် ကိုယ်တိုင် သွားရောက်၍ ရန်ကုန် သာသနာ့ ရိပ်သာသို့ ၁၃၁၁ ခု၊ တန်ဆောင်မုန်း လပြည့်ကျော် ၆ ရက်နေ့တွင် ပင့်ဆောင်ခဲ့သည်။
မဟာစည် ဆရာတော် ဘုရားကြီးသည် သာသနာ့ ရိပ်သာတွင် ၁၃၁၁ ခု၊ နတ်တော်လပြည့် (၄၊ ၁၂၊ ၄၉) နေ့မှ စ၍ ဓမ္မစကြာ တရားတော်ကို ဟောကြားကာ ရိပ်သာ ဖွင့်လှစ်တော်မူသည်။ ဝိပဿနာ အလုပ်ပေး တရားကို နာယူ ကျင့်သုံးသူ ယောဂီ ၂၅ ဦးမှ စတင်ခဲ့သည်။
၁၃၁၁ ခုနှစ်၊ (၁၉၅၂ ခုနှစ်) ၌ မဟာစည် ဆရာတော် ဘုရားကြီးအား နိုင်ငံတော် အစိုးရက ဆက်ကပ် လှူဒါန်းသော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို လက်ခံ ရရှိတော်မူသည်။
မြန်မာနိုင်ငံ သာသနာ့သမိုင်း မှတ်တိုင်ကြီး ဖြစ်သော ဆဋ္ဌသင်္ဂါယနာတင် ပွဲကြီးတွင် ထေရဝါဒ နိုင်ငံများ ပါဝင်သော သင်္ဂါယနာ ဖြစ်စေလို၍ ထိုနိုင်ငံများသို့ စည်းရုံး လှုံ့ဆော်ရေး မစ်ရှင်တခု ဖွဲ့၍ သွားရောက် စည်းရုံးသည်။ ထိုအဖွဲ့ကို အဘိဓဇမဟာရဋ္ဌဂုရု ညောင်ရမ်း ဆရာတော် ဘုရားကြီး ဦးဆောင်၍ မဟာစည် ဆရာတော် ဘုရားကြီးက အဖွဲ့ဝင် အဖြစ် လိုက်ပါ ဆောင်ရွက်သည်။ သင်္ဂါယနာ တင်ရာတွင် အရေးကြီးသော လုပ်ငန်း နှစ်ရပ် ရှိသည်။ သင်္ဂါယနာ အခမ်းအနား ဆောင်ရွက်ရေးနှင့် အခြေခံ လုပ်ငန်း ဖြစ်သော ပိဋကတ်တော်များ စိစစ် သုတ်သင် ရိုက်နှိပ်ရေး ဖြစ်သည်။ မဟာစည် ဆရာတော် ဘုရားကြီးသည် ထိုလုပ်ငန်း နှစ်ရပ်စလုံးတွင် (၁) သင်္ဂါယနာ ဝန်ဆောင် ဆရာတော်၊ (၂) ပုဈက ဆရာတော်၊ (၃) ကျမ်းများ သုတ်သင်ရသော သြသာန ဆရာတော်၊ (၄) အဋ္ဌကထာ၊ ဋိကာများကို စိစစ် သုတ်သင် သင်္ဂါယနာ တင်သည့် ဆရာတော် စသည့် တာဝန်များကို သင်္ဂါယနာ စတင်သော ၁၃၁၆ ခုနှစ်၊ ကဆုန်လပြည့်နေ့မှ ပြီးဆုံးသည့်တိုင် ၄ နှစ် တာဝန်ကို ထူးကဲ ပြောင်မြောက်စွာ ဆောင်ရွက်တော် မူပါသည်။
သင်္ဂါယနာ တင်ရာတွင် ဆရာတော်ကြီးသည် (က) ဆဋ္ဌသံဂီ တိသြဝါဒါစရိယ သံဃနာယက၊ (ခ) ဆဋ္ဌသံဂီတိတ္တာရက၊ (ဂ) ဆဋ္ဌသံဂီတိဘာရနိတ္တာရက၊ (ဃ) ဆဋ္ဌသံဂီတိမရမ္မိက တိပိဋကဝိသောဓက၊ (င) ဆဋ္ဌသံဂီတိသြသာနသောဓေယျ ပတ္တပါဋ္ဌက၊ (စ) အဋ္ဌကထာသံဂီတိကာရက၊ (ဆ) ဋီကာသံဂီတိကာရက၊ (ဇ) ဆဋ္ဌသံဂီတိဓမ္မပုဈက ဆရာတော် အဖြစ် အဓိက ကျသော တာဝန်များကို ဆောင်ရွက်တော် မူခဲ့ပါသည်။
ငြိမ်သက် တိမ်မြုပ် သကဲ့သို့ ရှိနေသော သတိပဋ္ဌာန် ဝိပဿနာ လမ်းစဉ်ကြီးကို လှုံ့ဆော် ဖော်ထုတ်ရာတွင် မဟာစည် ဆရာတော်ကြီး၏ ရှုမှတ်နည်းသည် ထင်ရှား ကျော်ကြားလှသည်။
ဆိပ်ခွန်ရွာမှ သတိပဋ္ဌာန် လမ်းစဉ်သည် မြန်မာနိုင်ငံ ဒေသ အသီးသီးသို့ ပျံ့နှံ့လျက် ရှိပြီး ဆဋ္ဌသင်္ဂါယနာ တင်သည့် အခါ ကမ္ဘာ အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များပါ ဆရာတော် ဘုရားကြီး၏ ရှုမှတ်နည်းကို သိရှိကြပြီး လက်ခံ ယုံကြည်စွာဖြင့် ရှုမှတ် အားထုတ် လာကြသည်။ ၂၅ ဦး မျှဖြင့် မဟာစည် သာသနာ့ ရိပ်သာတွင် စတင်ခဲ့သော သတိပဋ္ဌာန် အရှိန်အဟုန်သည် တရား အားထုတ်ပြီး သူပေါင်း သန်းကျော် အထိ များပြား လာခဲ့ပြီး ပြည်တွင်း၌လည်း ရိပ်သာခွဲပေါင်း ၄၅၀ ကျော် အထိ ရှိလာခဲ့သည်။ ဆရာတော်ကြီးသည် ၁၉၈၁ ခုနှစ်မှ ၁၉၈၂ ခုနှစ်ထိ တနှစ် အတွင်း မြန်မာနိုင်ငံ အတွင်း၌ တရား ဌာနပေါင်း ၃၁၄ ဌာန တည်ထောင်ခဲ့၍ ယောဂီပေါင်း ၇ သိန်းကျော်ကို ဝိပဿနာ တရား အားထုတ် စေခဲ့သည်။
ကမ္ဘာနိုင်ငံများ ဖြစ်သော ယိုးဒယား၊ လာအို၊ ကမေႝာဒီးယား၊ သီရိလင်္ကာ (သီဟိုဋ္ဌ်)၊ နီပေါ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန် စသည့် အာရှနိုင်ငံများ၊ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ စသည့် နိုင်ငံများသို့ ကတော်မူပြီး မဟာသတိပဋ္ဌာန် ဝိပဿနာ လမ်းစဉ်ဖြင့် တရားအမြိုက်ဆေး တိုက်ကျွေး သာသနာ ပြုခဲ့သည်။ သီရိလင်္ကာ (သီဟိုဠ်) နိုင်ငံ၌ ကမ္မဋ္ဌာန်း ဌာနခွဲပေါင်း ၂၂ ဌာန ရှိ၍ ယောဂီပေါင်း ၃,၈၈၈ ဦး ရှိခဲ့သည်။ ယိုးဒယား နိုင်ငံ၌ ဌာနခွဲပေါင်း ၃၀၀ ကျော်ရှိ၍ ယောဂီပေါင်း ၂ သိန်း ရှိခဲ့သည်ဟု ငွေရတု စာစောင်တွင် ဖော်ပြ ထားသည်။ ရွှေရတုပွဲ ကျင်းပသော အချိန်၌ ပြည်တွင်း ပြည်ပ သာသနာပြု ကမ္မဋ္ဌာန်း ဌာနပေါင်း ၁.၂ သန်း ရှိသွားပြီဟု သိရသည်။
ဆရာတော်ကြီးသည် ၁၉၅၂ ခုနှစ်မှ စပြီး အိန္ဒိယ၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဂျပန်၊ ယိုးဒယား၊ အင်ဒိုနီးရှား စသည့် နိုင်ငံများသို့ ကရောက်၍ သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်တော် မူခဲ့သည်။ ၁၉၇၉ ခုနှစ်၊ သက်တော် ၇၄ နှစ်တွင် အနောက် ဥရောပနှင့် အမေရိက တိုက်နိုင်ငံ များသို့ ကရောက် သာသနာ ပြုတော်မူသည်။ ၁၉၈၀ ပြည့်နှစ်၊ သက်တော် ၇၆ နှစ်တွင် ဒုတိယ အကြိမ် အနောက် ကမ္ဘာသို့ သာသနာပြုရန့် ကတော် မူခဲ့ပြန်သည်။
ဆရာတော် ဘုရားကြီးသည် ၁၃၄၂ ခုနှစ်တွင် မြန်မာနိုင်ငံ သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးတွင် နိုင်ငံတော် အစိုးရနှင့် သံဃာတော် တသိန်းကျော်တို့က ကိုးကွယ် တင်မြှောက်ကြသော နိုင်ငံတော် သြဝါဒါစရိယ အဖွဲ့တွင် ပါဝင် ဆောင်ရွက်တော် မူခဲ့သည်။
ကျေးဇူးတော်ရှင် မဟာစည် ဆရာတော် ဘုရားကြီးသည် သက်တော် ၇၈ နှစ်၊ သိက္ခာတော် ၅၈ ဝါ၊ ၁၃၄၄ ခုနှစ်၊ ဒုတိယ ဝါဆိုလဆုတ် ၁၀ ရက် (၁၄၊ ၈၊ ၈၂) စနေနေ့ မွန်းလွဲ ၁ နာရီ ၃၆ မိနစ်တွင် ရန်ကုန်မြို့ မဟာစည် သာသနာ့ ရိပ်သာ၊ စံကျောင်းတော်တွင် ကမ္မဇရပ် ချုပ်ငြိမ်းတော်မူသည်။ မြန်မာနိုင်ငံနှင့် နိုင်ငံ အသီးသီးမှ တပည့်သံဃာ၊ ယောဂီပေါင်းတို့ ပူဇော်ကန်တော့ ဂါရဝ ပြုနိုင်ရန် ၇ ရက် အပူဇော်ခံ၍ အန္တိမ အဂ္ဂိ ဈာပနကို ၂၀၊ ၈၊ ၈၂ နေ့တွင် ကျင်းပကြပါသည်။
အနန္တ ကျေးဇူးတော်များကို အောက်မေ့ ပူဇော်သော အားဖြင့် မဟာစည် သာသနာ့ ရိပ်သာတွင် နေရာ သီးခြားပြု၍ ဆရာတော် ဘုရားကြီး၏ အရိုးပြာများ၊ ဆရာတော် ဘုရားကြီး၏ အသုံးအဆောင်များကို ဌာပနာ၍ ဝိပဿနာ ရှုနည်းကျမ်းကြီး၂ တွဲကိုလည်း အပြည့်အစုံ ကျောက်ထက် အက္ခရာ တင်ထားသော မဟာစည် ဗိမာန်တော်ကြီးကို ၁၅၊ ၁၂၊ ၈၉ နေ့တွင် ဆောက်လုပ်ပြီး ဆရာတော် ဘုရားကြီး၏ ရုပ်ထုတော်ကို ကိုးကွယ် ပူဇော် ထားရှိုပါသည်။
၁၃၆၆ ခုနှစ်၊ ဒုတိယ ဝါဆို လပြည့်ကျော် ၃ ရက်နေ့တွင် ကျေးဇူးတော်ရှင် ဆရာတော် ဘုရားကြီး၏ သက်တော် (၁၀၀) ပြည့်သည့် အခါသမယကို ဂုဏ်ပြု ပူဇော်သော အားဖြင့် မဟာစည်ရိပ်သာ မဟာစည် စံကျောင်းတော် ရင်ပြင်တွင် "မဟာစည်ရာပြည့် ဗိမာန်တော်" ကို တည်ဆောက်၍ ဆရာတော် ဘုရားကြီး၏ ကြေးသွန်း ရုပ်ထုတော်ကို ပူဇော် ထားရှိသည်။
၁၃၆၆ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက်မှ လပြည့်နေ့ အထိ (၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၆ ရက်) တွင် ဗိမာန်တော် ဖွင့်ပွဲအပြင် သက်တော်ရာပြည့် ပူဇော်ပွဲ၊ (၅၅) နှစ်မြောက် မဟာစည် သြဝါဒခံယူ ပူဇော်ပွဲများကို ကျင်းပ ပူဇော်ကြပါသည်။
၁။ ကာမသုတ္တန် တရားတော် - ၁၉၈၆ ခုနှစ်
၂။ ကမ္မဋ္ဌာန်းတရား အားထုတ်ရခြင်း အကြောင်း - ၁၉၈၆ ခုနှစ်
၃။ ကမ္ဘာ့ သာသနာပြု တရားတော် - ၁၉၇၉ ခုနှစ်
၎။ ကမ္ဘာ့ သာသနာပြု တရားတော် (ဒုတိယပိုင်း) - ၁၉၉၃ ခုနှစ်
၅။ စူဠဝေဒလ္လသုတ် တရားတော် - ၁၉၇၉ ခုနှစ်
၆။ တက္ကသိုလ် ဝိပဿနာ တရားတော် - ၁၉၇၈ ခုနှစ်
၇။ တက္ကသိုလ် ဝိပဿနာ တရားတော်နှင့် နောက်ဆက် တွဲဝိပဿနာတော်ဖြင့် ရောဂါ ပျောက်ကြောင်း သာဓက ဝတ္ထုများ - ၁၉၉၁ ခုနှစ်
၈။ ဓမ္မစကြာ တရားတော်ကြီး - ၁၉၉၃ ခုနှစ်
၉။ ဓမ္မစကြာ အနတ္တလက္ခဏသုတ် မဟာသတိ ပဋ္ဌာန်းတရားတော် - ၁၉၉၂ ခုနှစ်
၁၀။ ဓမ္မိကသုတ် တရားတော် - ၁၉၉၃ ခုနှစ်
၁၁။ နိဗ္ဗာနပဋိသံယုတ္တကထာ (ခေါ်) နိဗ္ဗာန်ဆိုင်ရာ တရားတော် - ၁၉၇၅ ခုနှစ်
၁၂။ ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီး - ၁၉၉၃ ခုနှစ်
၁၃။ ပုရာဘေဒသုတ် တရားတော် - ၁၉၇၅ ခုနှစ်
၁၄။ ဗောဇ္ဈင် တရားတော် - ၁၉၉၅ ခုနှစ်
၁၅။ ဗုဒ္ဓသာသနာ အန္တရာယ် ကာကွယ်ရေး - ၁၉၉၃ ခုနှစ်
၁၆။ ဗြဟ္မဝိဟာရ တရားတော် - ၁၉၉၃ ခုနှစ်
၁၇။ မဟာစည် ဆရာတော်ကြီး၏ ထူးခြားသော အတွေးအမြင်များ (စုဆောင်းသူ သာမဏေကျော်) - ၁၉၉၅ ခုနှစ်
၁၈။ မဟာစည် ဓမ္မဒေသနာ ဆောင်ပုဒ်များ - ၁၉၉၀ ပြည့်နှစ်
၁၉။ မဟာစည် နှစ် (၅၀) ပြည့် ဆရာတော် - ၁၉၉၉ ခုနှစ်
၂၀။ မဟာစည် ဝိနယ်ဝိနိဈယသင်္ဂဟ - ၁၉၉၃ ခုနှစ်
၂၁။ မဟာသတိပဋ္ဌာန် ဝိပဿနာရှုနည်း အကျဉ်းချုပ် - ၁၉၈၅ ခုနှစ်
၂၂။ မာလုကျပုတ္တသုတ် တရားတော် - ၁၉၉၃ ခုနှစ်
၂၃။ ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင် တရားတော် - ၁၉၈၅ ခုနှစ်
၂၄။ လောကဓံ တရားတော် - ၁၉၉၁ ခုနှစ်
၂၅။ ဝိပဿနာ ရှုနည်းကျမ်း (ပထမတွဲ) - ၁၉၉၁ ခုနှစ်
၂၆။ ဝိပဿနာ ရှုနည်းကျမ်း (ဒုတိယတွဲ) - ၁၉၉၃ ခုနှစ်
၂၇။ ဝိပဿနာ အခြေခံတရားတော် - ၁၉၉၀ ပြည့်နှစ်
၂၈။ ဝိပဿနာ အလုပ်ပေး တရားတော်ကြီး - ၁၉၅၄ ခုနှစ်
၂၉။ ဝိသုဓ္ဒိမဂ် မြန်မာပြန် (တတိယတွဲ) - ၁၉၉၁ ခုနှစ်
၃၀။ ဝိသုဒ္ဓိမဂ် မြန်မာပြန် (စတုတ္ထတွဲ) - ၁၉၉၃ ခုနှစ်
၃၁။ သီလဝန္တသုတ္တန် တရားတော် - ၁၉၉၃ ခုနှစ်
၃၂။ သစ္စေခသုတ် တရားတော် - ၁၉၉၂ ခုနှစ်
၃၃။ သတ္တပဉ္စသုတ် တရားတော် - ၁၉၉၂ ခုနှစ်
၃၄။ သမ္မာပရိဗ္ဗာဇနိယသုတ် တရားတော်နှင့် နောက်ဆက်တွဲ တရားဆွေးနွေးပွဲ မှတ်တမ်း - ၁၉၉၂ ခုနှစ်
၃၅။ သလ္လေခသုတ် တရားတော်ကြီး (ပထမတွဲ) - ၁၉၉၂ ခုနှစ်
၃၆။ သလ္လေခသုတ် တရားတော်ကြီး (ဒုတိယတွဲ) - ၁၉၉၃ ခုနှစ်
၃၇။ ဟေမဝတ သုတ္တန် - ၁၉၉၃ ခုနှစ်
၃၈။ အဆိုအမိန့်များ - ၁၉၉၅ ခုနှစ်
၃၉။ အနတ္တလက္ခဏသုတ် တရားတော်ကြီး - ၁၉၉၄ ခုနှစ်
၄၀။ အဘိဓမ္မာ တရားတော်ကြီး - ၁၉၉၂ ခုနှစ်
၄၁။ အရိယာတို့သဘော - ၁၉၉၆ ခုနှစ်
၄၂။ အရိယာဝါဒ တရားတော် - ၁၉၉၀ ပြည့်နှစ်
၄၃။ အာသီဝိသောပမသုတ် - ၁၉၉၄ ခုနှစ်
၄၄။ သြဝါဒ ဓမ္မအမွေ - ၁၉၉၂ ခုနှစ်
03:54, 4 ဇူလိုင် 2009 (UTC)
ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးများ၏ထေရုပ္ပတ္တိများကို လေ့လာတွေ့ ရှိသမျှ
ပြန်လည်မျှဝေတင်ပြခြင်းဖြင့် ကုသိုလ်ဒါန ပြုလိုက်ရပါသည်...။
အောင်အောင်(မကစ)
www.ledimyethar.com
www.depelyin.co.cc
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ မှ(ကြိုဆိုပါတယ်)
( မှတ်ပုံတင်ရန်နေရာ)
(မှတ်ပုံတင်ပြီးသားသူများ)၀င်ရန်
အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး
နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)
Name of Account. U HLAING KYAW HTWE
NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ
ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့
လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

လှိုင်ကျော်ထွေး ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

kham ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

Ei Ei Nyein ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

Thet Thet Oo ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

Htain Lin Oo ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

Htain Lin Oo commented on လှိုင်ကျော်ထွေး's blog post 'ဗုဒ္ဓသာသနာတော်၌ အပြောရ အသိရ အခက်ဆုံးတရားဆိုတာ ဘာလဲ'
Htain Lin Oo liked လှိုင်ကျော်ထွေး's blog post 'ဗုဒ္ဓသာသနာတော်၌ အပြောရ အသိရ အခက်ဆုံးတရားဆိုတာ ဘာလဲ'
Htain Lin Oo commented on မူကြိုဆရာ's blog post 'နက်နဲထူးဆန်း မြတ်ပဋ္ဌာန်းဒေသနာတော်သင်တန်း မှတ်စုများ'
thetnaungmawgyun commented on dimplemit's blog post 'ဒုက္ခများမြောင် လူတို့ဘောင်ဝယ်'
© 2013 Created by ကောင်းမြတ်မင်း.
Powered by
© Copyright Ning Network Name Goes Here.
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။
Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺