ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်ကောင်းမြတ်မင်းမှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် အပိုင်း(၁၆)

သစ္စာ ၄-ပါးကိုဟောတယ်ဆိုတာ
အဲဒါကြောင့် သစ္စာ ၄-ပါးဟောတယ်ဆိုတာ လုပ်ငန်းစဉ်ကို ဟောတာပဲ။ ကမ္မဋ္ဌာန်းအား
ထုတ်တယ်ဆိုတာ ဒုက္ခနိရောဓဂါမိနီပဋိပဒါဆိုတဲ့ မဂ္ဂင် ၈-ပါးနဲ့  ဒုက္ခသစ္စာပေါ်မှာ
အလုပ်လုပ်တယ်၊ အလုပ်လုပ်ရင် တစ်ဖက်က သမုဒယကိုဖယ်ရှားပြီး တစ်ဖက်က နိရောဓ
သစ္စာကို မျက်မှောက်ပြုမယ်-ဒါပဲ၊ ဒီနေရာမှာ ဒုက္ခသစ္စာကို ဘာနဲ့ ကြည့်မလဲဆိုရင်
သတိပဋ္ဌာန် ၄-ပါးနဲ့ ကြည့်ရမယ်၊ ဒုက္ခဟာ သတိပဋ္ဌာန် ၄-ပါးရဲ့ အာရုံပဲ။

အဲဒါကြောင့် သမာဓိထူထောင်ခြင်းဖြင့် နီဝရဏတရားတွေကို ဖယ်ရှားလိုက်တယ်၊
သတိထူထောင်ခြင်းဖြင့် သတိပဋ္ဌာန်ပေါ်မှာ စိတ်ကိုအခြေစိုက်ပြီးတော့ ဗောဇ္ဈင် ၇-ပါး
အကျင့်တရားကို ပွားများခြင်းဖြင့် သံသရာဝဋ်က လွတ်သွားနိုင်တယ်၊ ဘုရားပဲဖြစ်ဖြစ်
ပစ္စေကဗုဒ္ဓါပဲဖြစ်ဖြစ်၊ ရဟန္တာပဲဖြစ်ဖြစ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ပဲဖြစ်ဖြစ်
ဒီလမ်းတစ်ခုတည်းက ဒီကျင့်စဉ်နဲ့  သွားတယ်လို့ ပဲမှတ်ပါ၊ အဲဒါတွေ မကျင့်ဘဲနဲ့ သော
တာပန်ဖြစ်တာ မရှိဘူး၊ တစ်ခြားနည်းနဲ့ သောတာပန်ဖြစ်နိုင်တာ မရှိဘူး၊ သကဒါဂါမ်ဖြစ်
တာ မရှိဘူး၊ အနာဂါမ်ဖြစ်တာ မရှိဘူး၊ တစ်ချို့ က တရားလေးနာလိုက်တာနဲ့ ကျွတ်သွား
တယ်ဆိုတာကို မကျင့်လိုက်ရဘူး အောက်မေ့ကြတယ်၊ မဟုတ်ဘူး၊ သစ္စာ ၄-ပါးကို ရှင်း
ပြလိုက်တဲ့အချိန်မှာ နာယူမှတ်သားရင်း ကျင့်ပြီးသွားဖြစ်သွားတယ်၊ အသိဥာဏ်ဆိုတာ
အလွန်လျှင်မြန်တယ်၊ ခုပြော ခုသိတာလေ၊ ဒီနေရာမှာ အသိဥာဏ်ရဲ့  အရာသာဖြစ်ပါ
တယ်။

ဒါကြောင့်မို့  ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့ ဒီသတိပဋ္ဌာန်တရား ၄-ပါး အခြေခံအားဖြင့်
သံသရာဝဋ်ကကျွတ်ပြီး ခုနတုန်းကပြောခဲ့တဲ့ အကျိုးတရားကျေးဇူးတွေ ရရှိဖို့ အတွက်
ဒါတစ်ခုတည်းသောနည်းလမ်းပဲ၊ နိဗ္ဗာန်ကို ရောက်ဖို့ ရာအတွက် တစ်ခုတည်းသော
နည်းလမ်းပဲဆိုတာ နောက်ရက်များမှ ကာယနုပဿနာ အကျဉ်းချုပ် ၁-ရက်ဟောမယ်၊
ဝေဒနာနုပဿနာ အကျဉ်းချုပ် ၁-ရက်ဟောမယ်၊ စိတ္တာနုပဿနာ အကျဉ်းချုပ် ၁-ရက်
ဟောမယ်၊ ဓမ္မာနုပဿနာ အကျဉ်းချုပ် ၁-ရက်ဟောမယ်၊ မဟာသတိပဋ္ဌာနသုတ်ကြီး
မှာ မြတ်စွာဘုရားက ကမ္မဋ္ဌာန်းအာရုံ ကမ္မဋ္ဌာန်းအားထုတ်နည်း ၂၁-မျိုး ပေးထားတယ်၊
အဲဒီ ၂၁-မျိုးထဲက ဘယ်လမ်းကပဲ လျှောက်လျှောက် ဘယ်အာရုံနဲ့ ပဲသွားသွား ကိုယ့်
သန္တာန်မှာ သတိတရားထူထောင်ပြီး ကိလေသာ အာသဝေါတွေကင်းဝေးရန် အဓိကဖြစ်
တယ်လို့ သဘောကျပြီး ကျင့်စဉ်အတိုင်း ကျင့်ကြံ ကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်
သတည်း။

ကာယာနုပဿနာ

ကာယနုပဿနာ -ကာယကို အဖန်တလဲလဲ ရှုမြင်သုံသပ်ခြင်း(Contemplation of the
Body
)။ အနုပဿနာဆိုတာ အဖန်ဖန်အထပ်ထပ် ဆင်ခြင်သုံးသပ်ပြီး ရှုမြင်ခြင်း၊ ကာယ
ဆိုတဲ့ ကမ္မဋ္ဌာန်းအာရုံ meditation object တစ်ခုပေါ်မှာ သတိ၊ ဥာဏ်၊ ၀ီရိယတွေနဲ့ စဉ်ဆက်မပြတ် အကြိမ်ကြိမ် အထပ်ထပ် ဆင်ခြင် သုံးသပ်နေတာကို ကာယနုပဿနာ
လို့  ခေါ်တယ်။

မဟာသတိပဋ္ဌာနသုတ်မှာ ကမ္မဋ္ဌာန်းအာရုံ ၂၁-မျိုးပေးထားတဲ့ အနက် ကာယနုပဿနာ
နဲ့  စပ်ဆိုင်တဲ့ ကမ္မဋ္ဌာန်း ၁၄-မျိုး ရှိတယ်၊ အဲဒီ ၁၄-မျိုးကို အပိုင်း ၆-ပိုင်းခွဲပြီး မြတ်စွာ
ဘုရားကဟောထားတယ်၊ အဲဒီအပိုင်း ၆-ပိုင်းနဲ့  မိမိရဲ့ သတိစွမ်းအားတွေ၊ဥာဏ်စွမ်းအား
တွေ အဓိကအားဖြင့် ဒီစွမ်းအား ၂-ခု ထက်လာအောင် လေ့ကျင့်ပေးတာ၊ ဒီကနေ့ 
ခေတ်မှာတော့ ကမ္မဋ္ဌာန်းထိုင်တယ်၊ တရားအားထုတ်တယ် (Meditation Practice)လို့ ဒီလိုပြောနေကြတယ်။

ကမ္မဋ္ဌာန်းထိုင်တယ်ဆိုတာ စိတ်ကို အာရုံနဲ့ လေ့ကျင့်ပေးတာပဲ၊ ကာယနုပဿနာဆိုတာ
ကာယဆိုတဲ့အာရုံနဲ့ စိတ်ကိုလေ့ကျင့်ပေးတာ၊စိတ်ဆိုတဲ့နေရာမှာ အဓိကက ကာယပေါ်
မှာ သတိလေး ကွာမသွားအောင် လေ့ကျင့်ပေးတာ၊သတိကွာမသွားရင် ကာယရဲ့ အနေ
အထား၊ ကာယရဲ့ သဘာဝ၊ ကာယရဲ့ လုပ်ဆောင်မှု၊ကာယရဲ့ ပေါ်လာတဲ့ အခြင်းအရာ
တွေ၊ ထိုကာယရဲ့ အနီးကပ်ဆုံးအကြောင်းဆိုတာတွေကို ထင်ထင်ရှားရှားသိနိုင်တဲ့ 
အသိဥာဏ်ပေါ်လာတယ်၊ အဲဒီလို သတိကပ်ပြီးတော့ အမြဲမပြတ် ကြည့်ရှုလိုက်တဲ့အခါ
ဥာဏ်ရည်ဥာဏ်သွေးတွေ ထက်လာပြီး ပိုပိုပြီးတော့ သဘောပေါက်လာတယ်၊ အဲဒီလို
သဘောပေါက်အောင် လေ့ကျင့်တဲ့နည်းတွေကို မြတ်စွာဘုရားက ဟောထားတာပါ။

ဒီကနေ့  မြတ်စွာဘုရားဟောထားတဲ့ နည်းစနစ်တွေအတိုင်း ဘုန်းကြီးတို့  အကျဉ်းချုပ်
ပြီးတော့ ဟောပါမယ်၊ အနှစ်ချုပ်ဆိုတဲ့အတိုင်း အကျယ်တ၀င့် မဟောပါဘူး၊ မြတ်စွာဘု
ရားဟောထားတဲ့ အဓိပ္ပါယ်လေးတွေ နားလည်ယုံ အနှစ်ချုပ်လေးတွေ ဟောပါမယ်။

သတိပဋ္ဌာန်ဆိုတာ မြန်မာနိုင်ငံမှာ ထွန်းကားနေတဲ့ ရိပ်သာအမျိုးမျိုးက ပြနေကြတဲ့
သတိပဋ္ဌာန်ပါပဲ၊ ဒီတရားကလွဲပြီး အားထုတ်စရာလည်း မရှိပါဘူး၊ မြတ်စွာဘုရား ကိုယ်
တိုင်က ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မဆိုပြီးတော့ ဟောခဲ့တာ၊ လူ့ သန္တာန်မှာ ကမ္မဋ္ဌာန်း
အာရုံအဖြစ် အသုံးချနိုင်ဖို့ ၊သတိတရား စွဲကပ်ပြီး အသိဥာဏ်တိုးတက်အောင် လေ့ကျင့်
ဖို့ သဘာဝအာရုံတွေကို ခုလိုဟောထားတယ်၊ ဒါကြောင့်မို့  ဒီကနေ့ ကာယအာရုံနဲ့ 
ပတ်သက်ပြီး လေ့ကျင့်တဲ့နည်းစနစ်တွေကို ပြောမယ်၊မပြောခင် အကျဉ်းချုပ်တစ်ခု
ပြောပြမယ်။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)၏ မဟာသတိပဋ္ဌာနသုတ် အနှစ်ချုပ်မှ ကူးယူပူဇော်ပါသည်။
ဆက်လက်ဖော်ပြပါဦးမည်။

Views: 31

ဘလော့အမျိုးအစား(ဗုဒ္ဓစာပေ, အခန်းဆက်)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

mmt သည် August 13, 2012 က 1:09amတွင် မှတ်ချက်ရေးသားသွားပါသည်။

ဖတ်မှတ်နာယူရတာ ကျေးဇူးများလို့ သာဓု...သာဓု...သာဓု...ခေါ်မိပါတယ်။
ကျန်းမာ ချမ်းသာ ပါစေ။

hla moe 24 သည် August 11, 2012 က 5:31pmတွင် မှတ်ချက်ရေးသားသွားပါသည်။

စေတနာထားပြီး စိတ်ရှည် လက်ရှည်ကို ဖော်ပြပေးနေတဲ့ အတွက်

အထူးကျေးဇူးတင်ပါတယ်...သာဓု အကြိမ်အကြိမ်လဲး ခေါပါတယ် မိတ်ဆွေ

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................


anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

လေ့လာရန်

အဖွဲ့ဝင်များအားသိစေရန်


☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

အဖွဲဝင်များ

  • kham ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • yarmoe

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

mun mun aung liked မူကြိုဆရာ's blog post 'မဟာသမယသုတ် (မြန်မာပြန်)'
43 minutes ago
ကလေးတို.ဆရာမ and San Min Htun are now friends
1 hour ago
အရှင်ဣန္ဒာသက္က posted a status
"ဓမ္မမိတ်ဆွေများ အားလုံး ကိုယ်ရော စိတ်ပါ ကျန်းမာချမ်းသာကြပါစေ.."
1 hour ago
capt, kyaw hsaung liked thein wai's blog post 'ပြုပြင်စရာတွေ ပြုပြင်ကြပါ။'
2 hours ago
dimplemit left a comment for htunhlaaung
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
2 hours ago
dimplemit left a comment for ဗုဒ္ဓဟောကြား မြတ်တရား
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
2 hours ago
dimplemit left a comment for tun
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
2 hours ago
dimplemit left a comment for Thet Naing Tun
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
2 hours ago
dimplemit left a comment for Than Tun Aung
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
2 hours ago
dimplemit left a comment for san nyunt
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
2 hours ago
dimplemit left a comment for myominaung
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
2 hours ago
dimplemit left a comment for pandavansa
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
2 hours ago

© 2013   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...