ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်ကောင်းမြတ်မင်းမှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...


MZ logo
မုံလယ်ဆရာတော်
MZ logo
ဘွဲ့အမည် ဘဒ္ဒန္တသံဝရ
ငယ်အမည် မောင်ဝသိန်း
ခမည်းတော်အမည် ဦးငွေထွန်း
မယ်တော်အမည် ဒေါ်ဆေးရန်
မွေးသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ နတ်တော် လပြည့်ကျော်(၁၃)ရက်၊ သောကြာနေ့၊ နံနက်(၁)နာရီ
မွေးသက္ကရာဇ် ၇-၁-၁၉၂၁ ခုနှစ်
ကိုးကွယ်မှု ဗုဒ္ဓဘာသာ (ထေရဝါဒ)
ဆက်ကပ်ခံဘွဲ့ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ
ဘွဲ့ဆက်ကပ်ခံနှစ် ၂၀၀၀ ပြည့်နှစ်
မွေးရာဇာတိ အနောက်ဂန့်ဂေါ၊ ဂန့်ဂေါမြို့နယ်၊ မကွေးတိုင်း

မုံလယ်ဆရာတော်အလောင်းအလျာကို အနောက်ဂန့်ဂေါမြို့နယ်နေ ခမည်းတော် ဦးငွေထွန်း၊ မယ်တော် ဒေါ်ဆေးရန်တို့မှ ၁၂၈၂ ခုနှစ်၊ နတ်တော် လပြည့်ကျော်(၁၃)ရက်၊ သောကြာနေ့၊ နံနက်(၁)နာရီ အချိန်တွင် မီးရှူးသန့်စင် ဖွားမြင်ခဲ့ပါသည်။ ငယ် အမည်မှာ မောင်ဝသိန်းဖြစ်သည်။ ညီအစ်ကို မောင်နှမ လေးယောက် ရှိသည့်အနက် တတိယမြောက် သားရတနာဖြစ်သည်။


ရှင်သာမဏေပြုခြင်း


ဆရာတော် (၃)နှစ်အရွယ်တွင် မိခင်ဒေါ်ဆေးရန် ကွယ်လွန်ခဲ့သည်။ အသက်(၁၄)နှစ်အရွယ်တွင် မိထွေး ဒေါ်ဆေးသွယ်က မုခ်ဦးကျောင်းဆရာတော် ဦးသောဘိတအား ဥပဇ္ဈာယ်ပြုလျက် ရှင်သာမဏေဘောင်သို့ သွတ်သွင်းချီးမြင့်ခြင်း ခံရသည်။ ဘွဲ့အမည်မှာ ရှင်သံဝရ ဖြစ်သည်။


ကုန်သည်ဘ၀သို့


ရှင်သံဝရသည် သာမဏေ၀ါ(၁)၀ါဆိုပြီး လူထွက်ခဲ့သည်။ ထို့နောက် ကျောက်ပုတီး အရောင်းအ၀ယ် လုပ်ငန်းဖြင့် လည်းကောင်း၊ လှေသူကြီးဘ၀ဖြင့် လည်းကောင်း၊ မုံရွာမြို့ရိုးတစ်လျှောက် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ခဲ့ရသည်။


ရှင်သာမဏေပြုခြင်း


ထို့နောက် သက်တော်(၅၆)နှစ် အရွယ်တွင် မုံလယ်တောရဆရာတော်ဦးဇာဂရထံတွင် ရှင်သာမဏေပြုခဲ့ပါသည်။ ရှင်သာမဏေဘ၀ဖြင့် မုံလယ်တောရကျောင်း တောင်ဘက်ရေကန်၏ နောက်ဘက်နေရာတွင် တဲထိုး၍ သီတင်းသုံးကာ တရားအားထုတ်ခဲ့ပါသည်။ သက်တော်(၅၇)နှစ် သာမဏေ(၁)၀ါအရတွင် အနောက်ဂန့်ဂေါရွာ မာန်အောင်ကျောင်း (သုဿန်ကျောင်း)ဆရာတော် ဦးသုစိတ္တာလင်္ကာရ မဟောထေရ်ကို ဥပဇ္ဈာယ်ပြု၍ ကုန်သည်ကြီး ဦးအေးဖေ၊ ဒေါ်အုန်းကြည် တို့က ရဟန်းဒါယကာခံကာ ရဟန်းဘောင်သို့ သွတ်သွင်း ချီးမြှင့် ခဲ့ကြသည်။


တရားအားထုတ်တော်မူခြင်း


ရဟန်း(၆)၀ါအရတွင် မန္တလေးမြို့ မြို့ဟောင်းမင်္ဂလာတိုက် ဆရာတော် ဦးဓမ္မိဿရ၊ မြို့ဟောင်းတောင်ပြင်တိုက် ဆရာတော် ဦးသုမန တို့ထံတွင် မိုးကုတ်ဝိပဿနာနည်း နိဿရည်းခံ ကျင့်ကြံ ရှုပွားအားထုတ်တော် မူခဲ့ပါသည်။


တရားစတင်ဟောကြားခြင်း


မန္တလေးမြို့ဟောင်း တောင်ပြင်တိုက်မှ ပြန်ကြွခဲ့ပြီးနောက် သုံးပင်၊ လေးပင်ရှိသော ဇရပ်ကလေးတွင် ဒေါ်ချယ်၊ ဒေါ်စောနှစ်၊ ဒေါ်ရွှေမြိုင်၊ ဒေါ်နွားစိန်၊ ဒေါ်ခင်စိန်၊ ဒေါ်အေရှိန် စသည့် ယောဂီ(၆)ဦးနှင့် တရားစတင် ဟောကြားခဲ့ပါသည်။ လေး၊ ငါး၊ ခြောက် လခန့် အကြာတွင် ထန်းလက်မိုး၊ ထရံကာ ၀ါးဓမ္မာရုံ ဆောက်လုပ်ပြီးနောက် ဒေါ်သောင်းတင်၊ ဒေါ်မြကြည်၊ ဒေါ်အေကေနှင့် ဒေါ်အုန်းကြူ စသည့် ယောဂီများပါ ရောက်ရှိလာကြပြီး တရားစခန်းဝင် အားထုတ်ကြပါသည်။


ပြည်တွင်း သာသနာပြုခြင်း


ထို့နောက် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ မြစ်ကြီးနား၊ နမ္မတီး(မြတောင်)၊ တာချီလိတ်၊ ကျိုင်းတုံ၊ မဘိမ်း၊ မိုးနဲ၊ ဟိုပုံး၊ အောင်ပန်း၊ ဖြူး၊ မကွေး၊ မင်းဘူး၊ မင်းတပ်၊ ကျောက်ထု၊ မန်းသံပုရာကန်၊ စလေ၊ ချောက်၊ ဆိပ်ဖြူ၊ ပခုက္ကူ၊ ကျောက်ပန်းတောင်း၊ ကလေး(တောင်သာ)၊ တမူး၊ ကြို့ပင်ကောက်၊ မော်လမြိုင်ကျွန်း၊ ရွှေကျင်(သူရဲသမိန်-ကွမ်းဆိပ်)၊ ဖားကန့် (မှော်စီစာ)၊ ဟုမ္မလင်း၊ သုံးခွ၊ ခရမ်း၊ မြိတ်၊ ထားဝယ်၊ ညောင်ဦး၊ ဝေါမြို့၊ ၀န်းသို၊ ကော့ကရိတ်၊ ရန်ကုန်မြို့ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်၊ မိတ္ထီလာ၊ ပြည်နှင့် အမရပူရမြို့များသို့လည်းကောင်း၊ ဂန့်ဂေါမြို့နယ် အတွင်းရှိ နှမ်းခါး၊ မွှေ့လယ်၊ ကန်၊ မင်းရွာ၊ တောင်ခင်ရန်၊ ကျောက်ပြုတ်၊ ကျော၊ ချောင်းကောက်၊ မြင်းဇာ၊ မြင်သား၊ ဘော်ပြင်းနှင့် ကျောက်ဖူးကျေးရွာများသို့ လည်းကောင်း ကြွရောက်၍ တရားစခန်းများဖွင့်ကာ သာသနာပြု ဟောကြားနေပါသည်။


ပြည်ပ သာသနာပြုခြင်း


ဆရာတော် ဘုရားကြီးသည် ကိုယ်တွေ့ ဥာဏ်မြင်တရားများကို မြန်မာပြည်အရပ်အပြင် အမေရိကန်၊ သြစတြေးလျ၊ ထိုင်း၊ အင်္ဂလန်နှင့် စင်ကာပူ စသည့် ပြည်ပနိုင်ငံများသို့ ဒကာ၊ ဒကာမများ၏ ပင့်ဆောက်ချက်အရ သာသနာပြု ခရီးစဉ် ကြွရောက်ပြီး တရားစခန်းများ ဖွင့်လှစ် ဟောကြားတော်မူနေပါသည်။


ဘွဲ့တံဆိပ် ဆက်ကပ် ခံယူတော်မြင်ခြင်း


ဆရာတော်ဘုရားကြီးအား ၁၃၆၁ ခု၊ တပေါင်းလပြည့်နေ့တွင် (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ)၏ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့ ဆက်ကပ်ခြင်းကို ခံယူရရှိတော်မူခဲ့ပါသည်။


မုံလယ်ဓမ္မရိပ်သာများ


ဆရာတော်သည် ယခုအခါ-
  1. အနောက်ဂန့်ဂေါ မုံလယ်တောရကျောင်း(ပင်ရင်း)၊ ဖုန်း-၀၆၂-၅၀၀၈၈၊ ၀၆၂-၅၀၀၈၉၊
  2. ပဲခူး(၁၀ မိုင်ကုန်း)၊ တိုက်ခွဲ အမှတ်-၁၊ ဖုန်း-၀၉-၈၆၅၀၉၄၇၊
  3. ကျိုင်းတုံမြို့၊ တိုက်ခွဲ အမှတ်-၂၊ ဖုန်း-၀၈၄-၂၂၅၀၁၊
  4. မန္တလေးမြို့၊ တိုက်ခွဲ အမှတ်-၃၊ ဖုန်း-၀၂-၆၄၀၆၂၊
  5. တောင်ကြီးမြို့၊ ဖုန်း-၀၈၁-၂၀၀၉၆ တို့တွင် မုံလယ်ဓမ္မရိပ်သာ ကျောင်းတိုက်ခွဲများ ဖွင့်လှစ်ကာ တရားဓမ္မများ ဟောကြား ပြသနေပါသည်။

ကိုးကားကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ခန္ဓာဖွဲ့၊ သစ္စာဖွဲ့ ပဋိစ္စသမုပ္ပါဒ်တရားတော် စာအုပ်မှ

 ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးများ၏ထေရုပ္ပတ္တိများကို လေ့လာတွေ့ ရှိသမျှ
ပြန်လည်မျှဝေတင်ပြခြင်းဖြင့်  ကုသိုလ်ဒါန ပြုလိုက်ရပါသည်...။

အောင်အောင်(မကစ)
www.ledimyethar.com
www.depelyin.co.cc

Views: 95

ဘလော့အမျိုးအစား(ဘာသာရေး, ထေရုပ္ပတ္တိ)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

အရှင်အာစိဏ္ဏ သည် August 14, 2012 က 2:18amတွင် မှတ်ချက်ရေးသားသွားပါသည်။

htin lin thar သည် August 7, 2012 က 11:26pmတွင် မှတ်ချက်ရေးသားသွားပါသည်။
thanks
wunnatun သည် August 7, 2012 က 11:21pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ကျေးဇူတင်ပါတယ်..............။

zin mar win သည် August 7, 2012 က 11:10amတွင် မှတ်ချက်ရေးသားသွားပါသည်။

sardu sardu sardu

နီစံ (အနီ) သည် August 7, 2012 က 8:33amတွင် မှတ်ချက်ရေးသားသွားပါသည်။

ဖတ်ခွင့်ရတာ မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................


anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

လေ့လာရန်

အဖွဲ့ဝင်များအားသိစေရန်


☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

အဖွဲဝင်များ

  • Thet Thet Oo ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • kham ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • Htain Lin Oo ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • dimplemit

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

Htain Lin Oo liked စန္ဒာ's blog post 'ဥပုဒ်စောင့်လိုသူများအတွက်'
15 minutes ago
Ei Ei Nyein liked မူကြိုဆရာ's blog post 'ငြိမ်းချမ်းခြင်း တရားတော်'
18 minutes ago
Htain Lin Oo liked စန္ဒာ's blog post 'အဖွဲ့ဝင်များအား တောင်းဆိုခြင်း'
21 minutes ago
Htain Lin Oo liked ကောင်းမြတ်မင်း's blog post '( ဆွေးနွေးခန်းစည်းကမ်းချက်များ)'
23 minutes ago
Thet Thet Oo liked လှိုင်ကျော်ထွေး's blog post 'ဗုဒ္ဓဘုရားရှင်ဟာ ၀ိပဿနာတရားကို ပွားများ မှတ်သားသေးသလား'
30 minutes ago
Htain Lin Oo replied to နီစံ (အနီ)'s discussion 'တရား ရိပ်သာ ကဏ္ဍ'
"ဧရာဝတီတိုင်း ဒေသကြီး ၊ ဇလွန် မြို့ ၊ မိုးကုတ် ၀ိပဿနာအဖွဲ့ခွဲ (၉၆)၊ (၁) လ တရားစခန်းများကို…"
34 minutes ago
လှိုင်ကျော်ထွေး posted blog posts
42 minutes ago
Ei Ei Nyein shared မူကြိုဆရာ's blog post on Facebook
47 minutes ago
Profile Iconမြတ်ကိုကိုဟန်, thetnaungmawgyun and Thet Thet Oo joined ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺
1 hour ago
kyaemone shared မူကြိုဆရာ's blog post on Facebook
1 hour ago
Htain Lin Oo commented on လှိုင်ကျော်ထွေး's blog post 'ဗုဒ္ဓသာသနာတော်၌ အပြောရ အသိရ အခက်ဆုံးတရားဆိုတာ ဘာလဲ'
"သိအောင် ကြိုးစားဖို့ နေနေသာ၊ စိတ်ဝင်စားမှု ရှိသူ အရေအတွက် က အနည်းငယ်မျှသာ ရှိပါတယ်။"
1 hour ago
Htain Lin Oo liked လှိုင်ကျော်ထွေး's blog post 'ဗုဒ္ဓသာသနာတော်၌ အပြောရ အသိရ အခက်ဆုံးတရားဆိုတာ ဘာလဲ'
1 hour ago

© 2013   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...