သတိရဲ့ အာရုံကို လေးမျိုးခွဲရခြင်း
ဒီနေရာမှာ အဋ္ဌကထာဆရာက သတိရဲ့ အာရုံကို ၄-မျိုးထဲ ထားရခြင်း အကြောင်းကို ရှင်းပြတယ်၊ ကာယလို့ 
ဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ ဝေဒနာလို့ ဆိုတဲ့ စိတ်ရဲ့ ခံစားချက်၊ စိတ္တလို့ ဆိုတဲ့ ကြံစည်တဲ့စိတ်၊ ဓမ္မလို့ ဆိုတဲ့ ကျန်တဲ့
သဘာဝတရား၊ အဲဒီလို ၄-မျိုးထဲကမ္မဋ္ဌာန်းအာရုံအဖြစ် မြတ်စွာဘုရားဟောရခြင်းမှာအကြောင်းရှိပါတယ်တဲ့။
ဘာအကြောင်းလဲလို့  အကျဉ်းချုပ်ပြောရရင် သတ္တ၀ါတွေမှာ ထင်ယောင် မြင်ယောင် မှားယွင်းနေတဲ့ အတွေးအမြင်
အယူအဆတွေ ရှိတယ်၊ သတ္တ၀ါတွေရဲ့  မှားယွင်းမှုလေးတွေ (အင်္ဂလိပ်လိုတော့Perversion (သို့ မဟုတ်)
Hallucination, ပါဠိစာပေလိုပြောရရင် ၀ိပလ္လာသပေါ့၊) မမှန်မကန် မှားမှားယွင်းယွင်း တွေးခေါ်ယူဆနေ
ကြတာတွေရှိတယ်၊အဲဒီ တွေးခေါ်ယူဆတဲ့ အတွေးတွေကိုအရင်ဖယ်ရှားပစ်ဖို့  လိုအပ်တယ်၊ဘာဖြစ်လို့ လဲဆိုတော့
မှားမှားယွင်းယွင်း ယူဆထားတဲ့ အတွေးတွေကိုမဖျောက်ဘဲနဲ့  အသိဥာဏ်ဆိုတာ မဖြစ်နိုင်ဘူး။
ဒါကြောင့်မို့  မှားမှားယွင်းယွင်းတွေးနေတဲ့ ၀ိပလ္လာသ အတွေးတွေဟာ ဘာတွေလဲဆိုရင် ကာယနဲ့ ပတ်သက်
လာရင် လူတွေက မလှတဲ့ ခန္ဓာကိုယ်ကြီးပဲဖြစ်စေ လှတယ်လို့ ပဲ တွေးတာ၊ အလှအပကို ကြံဖန်ပြီးတော့တွေးတာ၊
မလှရင်လည်း လှအောင် ကြံဖန်ပြီးပြင်တယ်လေ၊ အဲဒီတော့ ကာယကို လူတွေက သုဘလို့ ပဲမြင်တယ်၊ အသုဘ
လို့ မမြင်ဘူး၊ အလောင်းကောင်ကြီးမြင်မှ အသုဘလို့ မြင်တယ်နော်၊ ကိုယ့်ကို အသုဘလို့ ပြောရင်စိတ်ဆိုးလိုက်
မယ့် ဖြစ်ခြင်း။
သို့ သော် စဉ်းစားကြည့်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ကြီးက သန့် ရှင်းသလားလို့ မေးလိုက်ရင် လူတွေဟာ နေ့ စဉ်
နဲ့ အမျှ ရေမိုးချိုးပြီး အပြင်က နံ့ သာတွေလိမ်းထားလို့ သန့် ရှင်းတယ်ထင်နေတာ၊ အကယ်၍သာ နံ့ သာတွေ
အကူအညီ မယူဘဲနဲ့ ရေမိုးမချိုးဘဲနဲ့ ထားကြည့်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုတောင် နှစ်သက်စရာ ရှိမှာမဟုတ်
ဘူးနော်၊ ဒါကြောင့်မို တကယ့်သဘာဝကို ကြည့်မယ်ဆိုရင် လူ့ ရဲ့ ခန္ဓာကိုယ်ဟာ အသုဘ ပဲ၊ မတင့်တယ်ဘူး
မလှပဘူး၊ ဒီအဓိပ္ပါယ်ပဲ၊ သို့ သော် လူတွေက အစစ်အမှန်ကို ဖုံးကွယ်ထားပြီးတော့ သုဘအနေနဲ့  ရှုမြင်ပြီး
မှားမှားယွင်းယွင်း မြင်နေကြတယ်၊ ဒါကို ၀ိပလ္လာသလို့ ခေါ်တယ်။
စိတ်ထဲက အသိတွေ မှားနေတယ်၊ အမှတ်တွေ မှားနေတယ်၊ အယူအဆတွေ မှားနေတယ်ဆိုတဲ့ မှားယွင်းမှု
၃-မျိုးပေါ့ ၊ သညာဝိပလ္လာသ၊ စိတ္တ၀ိပလ္လာသ၊ ဒိဋ္ဌိဝိပလ္လာသတွေပဲ၊ အဲဒါကို ဖယ်ရှားပစ်ဖို့  မြတ်စွာဘုရားက
ကာယပေါ်မှာ “ကာယနုပဿီ ၀ိဟရတိ” လို့ အရှိကို အရှိအတိုင်းမြင်အောင် သတိထားခိုင်းတာ၊ ဘုန်းကြီးတို့ 
က အမှန်အတိုင်း မမြင်သည့် အတွက်ကြောင့် အရှိကို အရှိအတိုင်း မမြင်ဘူး၊ အတွေးတွေနဲ့  ဖုံးထားတယ်၊
အဲဒီလို မမြင်သည့်အတွက်ကြောင့် မြတ်စွာဘုရားက တကယ့်အသုဘ အစစ်အမှန်ကိုသုဘလို့ ထင်နေတဲ့
မှားယွင်းတဲ့ အတွေးစိတ်တွေကို ကာယနုပဿနာဆိုတဲ့ အလေ့အကျင့်နဲ့ ဖယ်ရှားပစ်ပါလို့  ဒီလိုခိုင်းတာ။
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)၏ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်မှ ကူးယူပူဇော်ပါသည်။ ဆက်လက်ဖော်ပြပါဦးမည်။
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ မှ(ကြိုဆိုပါတယ်)
( မှတ်ပုံတင်ရန်နေရာ)
(မှတ်ပုံတင်ပြီးသားသူများ)၀င်ရန်
အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး
နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)
Name of Account. U HLAING KYAW HTWE
NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ
ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့
လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။
aung aung soe ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

Angledaewi ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

ရဲမင်းထွန်း ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

thetnaungmawgyun ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။


kham ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။
Angledaewi commented on မူကြိုဆရာ's blog post 'မေတ္တာလေ.ကျင်.ခန်း'
ဂျူလိုင်မိုး commented on အရှင်ဝဏ္ဏ's blog post 'ဘာသာခြားတစ်ဦးနှင့် ဆုံတွေ့ခဲ့ရာဝယ်'
Angledaewi commented on dimplemit's blog post 'ဘ၀မှာ ဘာအရေးကြီးဆုံးလဲဆိုတာ....'
Angledaewi commented on Myaenu Kyun's blog post 'လူ့ကိုယ်ခန္ဓာဖြင့် နတ်ပြည်ရောက်သူများ'
saipyaekhine commented on အရှင်ဝဏ္ဏ's blog post 'နိဗ္ဗာန်လိုချင်ရင် မင်းကိုဘေးဖယ်'
© 2013 Created by ကောင်းမြတ်မင်း.
Powered by
© Copyright Ning Network Name Goes Here.
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။
Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺