ဝေဒနာနုပဿနာ
နောက်တစ်ခုက သုခဆိုတဲ့အထင်၊ လူတွေက အမြဲတမ်း ချမ်းသာတာကိုပဲ တွေးတယ်၊
ချမ်းသာတာကိုပဲ ကြံနေတယ်၊ကမ္ဘာပေါ်က လူတွေကိုပဲကြည့်၊ နှစ်သစ်ကူးရင် Happy
New Year လို့ လာကုန်ပြီ၊ Happy! Happy! နဲ့ နေတာပဲ၊ချမ်းသာဆိုတာကိုပဲ ရှာတာ၊
အဲဒီတော့ ဝေဒနာဆိုတဲ့ ခံစားမှုလေးတွေဟာ ချမ်းသာမှုလို့ ပဲ တွက်တယ်လေ၊ ချမ်းသာ
ရင် သုခဝေဒနာ စိတ်ထဲမှာ ကျေနပ်ရင် သောမနဿဝေဒနာ၊ အဲဒီ သုခဝေဒနာသည်ပင်
တကယ့်ချမ်းသာအစစ်ဆိုပြီး စိတ်ထဲမှာ အတွေးမှား၊ အကြံမှား၊ အသိမှားတွေ ၀င်နေ
တယ်၊ မြတ်စွာဘုရားက သုခမဟုတ်ဘူး ဒုက္ခဆိုတာ သိအောင် ဝေဒနာနုပဿနာရှုပါ
တဲ့၊ နို့ မို့ ဆိုရင် ကိုယ့်ရဲ့ ခံစားချက်တွေဟာ ကျေနပ်စရာလေးတွေ ဖြစ်နေတယ်ပေါ့၊ ဒါ
ကြောင့်မို့  ဝေဒနာနုပဿနာကို မြတ်စွာဘုရားကဟောပါတယ်။
စိတ္တာနုပဿနာ
နောက်တစ်ခါ စိတ္တာနုပဿနာ -ကိုယ့်စိတ်ကလေးနဲ့  ပတ်သက်ပြီး လူတွေဟာ ငါ့စိတ်
ကလေး ထာဝရရှိနေတယ်လို့ တွေးကြတယ်၊တကယ်တော့ စိတ်ဟာ လျှင်မြန်တဲ့အဟုန်
နဲ့  ရွေ့ လျားနေတာ၊ စိတ်တစ်ခုရဲ့  အတိုင်းတာဟာ ဘယ်လောက်မှ မကြာဘူး၊ခဏငယ်
၃-ချက်ဆိုတာ တစ်စက္ကန့် ကို အပုံများစွာ ပုံပြီးမှ သူ့ ရဲ့ အချိန်လေးကို ပြောလို့ ရမယ်၊
လက်ဖျစ်တစ်တွက် အချိန်ကလေးမှာ စိတ်ဟာ ကုဋေတစ်သိန်းလောက် ဖြစ်နိုင်တယ်ဆို
တော့ နည်းတာမဟုတ်ဘူး၊ သို့ သော် သိပ်မြန်တဲ့ နှုန်းနဲ့ သွားနေတဲ့ စိတ်ကိုပဲ မြဲတယ်
လို့ ထင်ကြတယ်၊ အဲဒီအတွေးဟာ မှားတဲ့ အတွေးပဲ၊ အဲဒီ မှားနေတဲ့ အတွေးကို
မှန်ကန်လာအောင်၊ ဒီအတွေးတွေ ပျောက်အောင် စိတ္တာနုပဿနာကို မြတ်စွာဘုရားက
ဟောတာပါ။
ဒါက သတိကောင်းကောင်း ထူထောင်ပြီးတော့ သတိစွမ်းအားထက်လာမှ မမြဲတဲ့သ
ဘောဟာ ပိုထင်ရှားတာ၊ ဗမာစကားတောင်ရှိသေးတယ်၊ “သတိမမူ ဂူမမြင်” တဲ့၊သတိ
တရားဟာ အလွန်အရေးကြီးတယ်၊ သတိထားလာရင် စိတ္တာနုပဿနာမှာ မမြဲတဲ့သ
ဘောတွေ တွေ့ လာတယ်၊ အလွန်လျှင်မြန်တဲ့ စိတ်ကလေးရဲ့  မမြဲတဲ့သဘောတွေကို
သိလာတယ်။
ဓမ္မာနုပဿနာ
နောက်ဆုံးတစ်ခုက ဓမ္မာနုပဿနာ၊ ဓမ္မဆိုတာ ကျန်တဲ့စိတ် စေတသိက် ရုပ်တွေ၊ စိတ်
ထဲမှာ ပေါ်လာတဲ့ အခြေအနေတွေ အားလုံးပဲဖြစ်တယ်၊ ဒီသဘာဝတရားတွေကို ကြည့်
ပြီး ငါဆိုတဲ့ အတွေး(သို့ မဟုတ်) အတ္တဆိုတဲ့ အမြင်မျိုး မြင်နေကြတာ၊ အဲဒီ မှားယွင်း
တဲ့ အတွေးတွေ၊ မှားးယွင်းတဲ့ မှတ်သားမှုတွေ၊ မှားယွင်းတဲ့ အသိတွေကို ဖယ်ရှားပစ်ဖို့ 
အတွက် ဓမ္မကိုလည်း သတိနဲ့ စောင့်ကြည့်ဖို့ မြတ်စွာဘုရား ဟောကြားခဲ့ပါတယ်။
လူတွေမှာ မှားနေတာက မတင့်တယ်တာကို တင့်တယ်တယ်လို့ ၊မချမ်းသာတာကို
ချမ်းသာတယ်လို့ ၊မမြဲတာကို မြဲတယ်လို့ ၊အတ္တမဟုတ်တာကို အတ္တဟုတ်တယ်လို့ 
ထင်တယ်၊အဲဒီ မှားယွင်းနေတဲ့အမြင်တွေကို ဖယ်ရှားဖို့ အတွက် သတိရဲ့ အာရုံ ၄-မျိုး
ကို ဟောပြီး ဒီပေါ်မှာ လေ့ကျင့်လိုက်ရင် အထင်မှားမှုတွေဟာ အားလုံးဖယ်ရှားပစ်နိုင်
ပြီတဲ့၊ ဒါကြောင့်မို့  မြတ်စွာဘုရားဟာ သတိပဋ္ဌာန်တရားကို ၄-မျိုးထဲ ဟောတာပါတဲ့။
နောက်တစ်နည်း ရှင်းပုံတစ်ခု ရှိသေးတယ်၊ တရားအားထုတ်မယ်ဆိုရင် လမ်းစဉ် ၂-မျိုး
ရှိတယ်…။ သမထလမ်း၊ ၀ိပဿနာလမ်း၊ သမထကျင့်စဉ်နဲ့  သွားမှာလား၊ ၀ိပဿနာ
ကျင့်စဉ်နဲ့  သွားမှာလား၊ သမထကျင့်စဉ် ကျင့်တဲ့လူဟာလည်း ထက်မြက်တဲ့ ပုဂ္ဂိုလ်ရှိ
သလို ညံ့တဲ့ပုဂ္ဂိုလ်လည်းရှိတယ်၊ ညံ့တဲ့ပုဂ္ဂိုလ်အတွက် မြတ်စွာဘုရားက ထင်သာမြင်
သာအောင် ကာယနုပဿနာကိုပေးတာ၊ သမထကျင့်စဉ် ကျင့်ချင်ရင် ကာယနုပဿနာ
နဲ့  ကျင့်လို့ ပြောတာ၊ ထက်မြက်တဲ့ ပုဂ္ဂိုလ်ကျတော့ အဲဒီထက်သိမ်မွေ့ တဲ့ ဝေဒနာ-
နုပဿနာ နဲ့ ကျင့်ပါလို့ ပြောတာ။
ကျင့်တဲ့ပုဂ္ဂိုလ်က “တပည့်တော်တို့ တော့ ၀ိပဿနာလမ်းကြောင်းပဲတိုက်ရိုက်သွားမယ်”
ဆိုရင်..သိပ်ပြီး မထက်မြက်တဲ့ပုဂ္ဂိုလ်ဆို စိတ္တာနုပဿနာ၊ စိတ်ဆိုတာ သိသာတယ်ပေါ့၊
ကျန်တဲ့ ဓမ္မတွေကျတော့ သိဖို့ နဲနဲခက်လာတယ်၊ ဒါကြောင့် ဓမ္မာနုပဿနာက
ထက်မြက်တဲ့ပုဂ္ဂိုလ်အတွက် ဖြစ်တယ်၊ ဒီလို သမထယာနိက အတွက်က ၂-ခုဆိုတော့
၎-ခု မဖြစ်ဘူးလား၊အာရုံ ၄-မျိုး ခွဲဟောတယ်။
နောက်တစ်ခု အဋ္ဌကထာဆရာတွေ ရှင်းပြတာက…ပုဂ္ဂိုလ်ဆိုတာ ၂-မျိုးရှိတယ်၊
အတွယ်အတာ အားကြီးတဲ့ ပုဂ္ဂိုလ်က တစ်မျိုး၊ အတွေးအမြင် မှားယွင်းတဲ့ ပုဂ္ဂိုလ်က
တစ်မျိုး၊ အတွယ်အတာ အလေ့အကျင့် ရနေတဲ့ပုဂ္ဂိုလ်ဟာ တဏှာဝိစရိတ- တဏှာ
အဖြစ်များတဲ့ ပုဂ္ဂိုလ်က တစ်ခု၊ ဒိဋ္ဌိဝိစရိတ အယူအဆ မှားယွင်းတဲ့ ပုဂ္ဂိုလ်ကတစ်ခု။
လောကမှာ ဒီလို ပုဂ္ဂိုလ် ၂-မျိုး ရှိတဲ့အထဲက တဏှာဝိစရိတ-အတွယ်အတာ အဖြစ်များ
တဲ့ပုဂ္ဂိုလ်အတွက် အတွယ်အတာဖြစ်မှုက သိပ်ပြီးတော့ မထက်မြက်ဘူးဆိုရင်၊ မပြင်း
ထန်ဘူးဆိုရင် ကာယနုပဿနာကို ကျင့်ရမယ်၊ ပြင်းထန်မယ်ဆိုရင် ဝေဒနာနုပဿနာ
ကိုကျင့်ရမယ်။
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)၏ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်မှ ကူးယူပူဇော်ပါသည်။
ဆက်လက်ဖော်ပြပါဦးမည်။
မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)
mmt သည် August 8, 2012 က 2:41amတွင် မှတ်ချက်ရေးသားသွားပါသည်။ ၀ိစရိတ အကြောင်းကိုသိမှတ်ရလို့ ကျေးဇူးတင်မိပါတယ်။
ကိုယ်ကျန်းမာ စိတ်ချမ်းသာ ရှိပါစေ။
နီစံ (အနီ) သည် August 7, 2012 က 8:23amတွင် မှတ်ချက်ရေးသားသွားပါသည်။ ကျေးဇူးတင်ပါတယ်
သာဓု သာဓု သာဓု ပါ
စာအုပ်က မဖတ်ဖြစ်တော့ ခုလိုဘလော့ဖတ်ရတော့..အဆင်ပြေတယ်..
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ မှ(ကြိုဆိုပါတယ်)
( မှတ်ပုံတင်ရန်နေရာ)
(မှတ်ပုံတင်ပြီးသားသူများ)၀င်ရန်
အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး
နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)
Name of Account. U HLAING KYAW HTWE
NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ
ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့
လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

dimplemit ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

Htain Lin Oo ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။
Htain Lin Oo liked thein wai's blog post 'ရဟန္တာဖြစ်လျက် ဆွမ်းတစ်နပ်မှ ၀အောင် မဘုန်းပေးရခြင်း အကြောင်း။'
dimplemit left a comment for သင်းသင်းစိုး
dimplemit left a comment for htunhlaaung
Htain Lin Oo liked thein wai's blog post 'လက်ဆောင်ပေးတဲ့ အထဲမှာ အကောင်းဆုံး လက်ဆောင်ဆိုတာ ဘာဖြစ်မလဲ ?။'
dimplemit left a comment for Aye Aye Myat
dimplemit left a comment for yehtetaung
dimplemit left a comment for လွမ်းလိုက်တာဗျာ
dimplemit left a comment for sandawbartha
dimplemit left a comment for phyokoko
© 2013 Created by ကောင်းမြတ်မင်း.
Powered by
© Copyright Ning Network Name Goes Here.
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။
Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺