မဟုတ်တော့ပြုံးခံ ဟုတ်တော့ကုန်းခံ ဘယ်နေရာဖြစ်ဖြစ်ခံရမှာနော် ။ ဘယ်နေရာသွားသွားလောကဓံနဲ့မလွတ်ဖူးဘုရား ခံခဲ့ကြတာချည်းဘဲဘုရား။
မဟုတ်တော့လည်း ငါ့အကြောင်းမသိလို့ ပြောတာလို့ ခံလိုက်ပေါ့ ဟုတ်တော့လည်း အော် ဟုတ်တာပါဘဲလားလို့ခံလိုက်ပေါ့။ ခံရမှာတွေချည်းနော်။
သစ်ပင်မြင့်လာရင် တောအုပ်မကင်းမှ။ လေကတော့တိုက်မှာ။ ဆိုးလေက တောင်ကနေတိုက်ရင် ကောင်းလေက မြောက်ကတိုက်မှာ ။ ဘယ်ဘက်တိုက်တိုက် မယိမ်းမှ နော်။ ပြီးတော့ ခင်ဗျားတို့အတွေ့အကြုံဆိုရင် အဆိုးလောကဓံက မွေးကတည်းက ကြုံထားတာ မိတ်ဆွေတွေဗျ သက်သာတယ်။
အကောင်းလောကဓံကအခုမှတွေ့ဘူးတာဗျ။သံသရာကြီး အကောင်းလောကဓံက ဒို့ တုန်လှုပ်မှာနော်။ အကောင်းကျော်နိုင်ရင် အဆိုးကအလိုလိုကျော်တာပေါ့ ။ အကောင်းကို ကျော်နိုင်ဘို့ သိပ်လိုအပ်ပါတယ်ဘုရား။ အကောင်းကို ကြပ်ကြပ်သတိထားပါဘုရား။ ကြပ်ကြပ်ကောင်းလေ အရှင်ဘုရား ကြပ်ကြပ်သတိထားလေပါ ဘုရား။ အကြိုက်နဲ့တိုးလေ ကြောက်စရာကောင်းလေပါဘုရား။ အကြိုက်ကိုအရှင်ဘုရားရေ ကြောက်တတ်ပါ စေနော်။ အကြိုက်ကိုကြောက်တတ်ပါစေနော်။ အကြိုက်ကိုကြောက်ရင် အကြောက်ကြရင် မလိုအပ်တော့ဘူး ဘုရား။ ရနိုင်ပါ့မလား ဦးဇ၀န။ အကြိုက်ကို ကြောက်ဖို့လိုအပ်တယ်ဘုရား။
သဘောကျအတုယူစရာလေး ဖတ်မိလို့ ကူးတင်ပေးတာပါ။
Views: 412
ဘလော့အမျိုးအစား(တရားစာပေ)
မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)
ayeayemaw သည် July 18, 2012 က 3:30pmတွင် မှတ်ချက်ရေးသားသွားပါသည်။ သတိပေးတရားလေး ကျေးဇူးတင်ပါတယ်။
မတင်တင်မိုး သည် July 18, 2012 က 11:19amတွင် မှတ်ချက်ရေးသားသွားပါသည်။ အကြိုက်ကို ကြောက်ဖို့လိုအပ်ပါတယ် လောကဓံတရားမှာအဆိုးထက်အကောင်းကိုကြံ့ကြံ့ခံနိုင်ဘို့
သတိပေးတရားလေးပါ ကျေးဇူးတင်ပါတယ်။
zin mar win သည် July 18, 2012 က 10:10amတွင် မှတ်ချက်ရေးသားသွားပါသည်။ sardu sardu sardu
Angledaewi သည် July 18, 2012 က 12:47amတွင် မှတ်ချက်ရေးသားသွားပါသည်။ ဆုံးမသြ၀ါဒများကိုနာယူခွင်.ရလို.ကျေနပ်မိပါတယ်။ဆရာတော်ကြီးများကိုလည်းဦးတင်ပါတယ်။
kolayko သည် July 17, 2012 က 2:06pmတွင် မှတ်ချက်ရေးသားသွားပါသည်။ မှတ်သားစရာပါ။။
Zaw Min Htun သည် July 17, 2012 က 1:14pmတွင် မှတ်ချက်ရေးသားသွားပါသည်။ ဘာသာ သာသနာအတွက် ဆရာတော်ကြီးနှင့် ဘုန်းဘုန်း ရှင်ဇ၀န(မေတ္တာရှင်) (၂)ပါးစလုံးကို ဖူးတွေ့ခွင့်ရပြီး ဆရာတော်ကြီးရဲ့ အဆုံးအမသြ၀ါဒ များကို သိမြင်ခွင့်ရလို့ ဘလော့တင်ပေးထားသော ဓမ္မမိတ်ဆွေအား အထူးကျေးဇူးတင်ရှိပါတယ်။
နောင်လည်း ယခုလိုမျိုး မှတ်သားသိခွင့်ရှိမည့် အကြောင်းအရာများကို ထပ်မံတင်ပေးနိုင်ပါရန် မေတ္တာဖြင့် တောင်းဆိုအပ်ပါသည်။
thet naing သည် July 17, 2012 က 11:36amတွင် မှတ်ချက်ရေးသားသွားပါသည်။ လောကဓမ္မ လောကဓံ တရား ၈-ပါး ဆိုတာ ဘုရားရှင်တော်တောင်မှ ရှောင်လွှဲလို့ မရတဲ့ သဘောရှိတော့ သာမန် သူလို ကိုယ်လို ပုဂ္ဂိုလ်တွေ
အတွက်ကတော့ အဆန်းမဟုတ်တော့ပါဘူး၊သူ့ စိတ်နဲ့ သူနှိုင်းပြီး ပြောဆိုတာကို ကိုယ်ကမခံနိုင်ရင်တော့ သူ့ အမှားကနေ ကိုယ့်အမှား ဖြစ်
သွားမှာပေါ့၊လောကမှာ စန္ဒယားကလည်း စန္ဒယားသံထွက်မှာပဲ၊ ၀ါးလက်ခုပ်ကလည်း ၀ါးလက်ခုပ်သံ ထွက်မှာပဲ၊ကြိုက်စရာမဟုတ်သလို
မကြိုက်စရာ ပယ်စရာလည်း မဟုတ်ပါဘူး၊ကြိုက်ရင် သဿတဒိဋ္ဌိ၊ မကြိုက်ရင် ဥစ္ဆေဒဒိဋ္ဌိ၊ ကြိုက်ခြင်း မကြိုက်ခြင်းဟာ ကိုယ့်မှာရှိတဲ့ ကိလေသာကြောင့်သာ ဖြစ်ရတာပါ၊ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အာရုံတွေကြောင့် မဟုတ်ပါဘူး၊ ကိုယ့်မှာ ရှိနေတဲ့ မပယ်ရသေးတဲ့ အနုသယ ကိလေသာတွေကြောင့်ပါ၊ ဒါကို အမှန်အတိုင်း သိပြီးအကုသိုလ် မဖြစ်အောင်နေနိုင်ရင် ကိုယ့်အတွက် ပိုပြီးတော့ အကျိုးရှိတာပေါ့၊
အကျိုးရှိအောင် နေတတ် ထိုင်တတ်ကြပါစေ။ဘလော့ပိုင်ရှင်ကို ကျေးဇူးအထူးတင်ပါတယ်၊
ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ပါစေလို့ ...။
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ မှ(ကြိုဆိုပါတယ်)
( မှတ်ပုံတင်ရန်နေရာ)
(မှတ်ပုံတင်ပြီးသားသူများ)၀င်ရန်
အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး
နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)
Name of Account. U HLAING KYAW HTWE
NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ
ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့
လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

ကိုညီညီတင် ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

thein wai ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။
ကေခိုင်စိုး replied to yamin's discussion 'ဘာသာခြား ဆန့်ကျင်ရေးတရား'
ကေခိုင်စိုး commented on အရှင်ဝိမလဝံသ's blog post '"ဗုဒ္ဓဘာသာကို အမြစ်ပြတ် ဖြိုခွင်းဖို့ကြိုးစားခဲ့တဲ့ သံလျင်မြို့စားငဇင်ကာ"'
ကေခိုင်စိုး liked အရှင်ဝိမလဝံသ's blog post '"ဗုဒ္ဓဘာသာကို အမြစ်ပြတ် ဖြိုခွင်းဖို့ကြိုးစားခဲ့တဲ့ သံလျင်မြို့စားငဇင်ကာ"'
© 2013 Created by ကောင်းမြတ်မင်း.
Powered by
© Copyright Ning Network Name Goes Here.
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။
Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺