ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်ကောင်းမြတ်မင်းမှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

ဝိသာခါကျောင်းအမ (၃)
အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)

ဝိသာခါကျောင်းအမ (၇)နှစ်သမီး အရွယ်အရောက်တွင် ဘုရားရှင်သည် နောက်လိုက်ပါ ရဟန်း သံဃာများစွာဖြင့်အကျွတ်တရား ရထိုက် သူ သေလပုဏ္ဏားစသူ ဝေနယျများစွာတို့၏ တရားရနိုင် လောက်သည့် အားကြီးသောမှီရာ ပါရမီ ကုသိုလ်ထူးရှိကြသည်ကို မြင်တော်မူသဖြင့် ဘဒ္ဒိယမြို့သို့ ဒေသစာရီ ခရီြးွကချီတော်မူလာခဲ့ပါသည်။

ဘုရားရှင် ဒေသစာရီခရီးြွကတော်မူခြင်းသည်-
၁။ ကျွတ်ထိုက်သည့် ဝေနေယျသတ္တဝါ။
၂။တရားထူးရနိုင်လောက်သည့် အားကြီးသောမှီရာ ပါရမီကုသိုလ်ထူးရှိကြသူ-ဟူ၍ အကြောင်းနှစ်မျိုး ကို သတိပြုမိစေချင်သည်။
ပွင့်ရန် အဆင့်သင့်ဖြစ်နေသော ပဒုမ္မကြာသည် နေအရုဏ်အရောင်ကို ရလိုက်တာနှင့်တပြိုင်နက် ပွင့်ဖတ်များ ပြန့်ကားပြီး ပွင့်သလိုမျိုး ဘုရားထံမှ တရားတစ်ပုဒ် နာကြားခွင့်ရလိုက်တာနှင့် တရားထူးကို တန်းပြီးသိလိုက် တော့၏။ ဉာဏ်ပွင့်တော့၏။ ထိုပုဂ္ဂိုလ်မျိုးကို ဝေနေယျ(ဗောဓေယျ) သတ္တဝါ-ဟု ဆိုသည်။

ပညာမျက်စိတွင် ကိလေသာမြူကင်းပြီး ထက်မြက်သည့် ဉဏ်ပညာရှိသူ၊တရားထူးကို သိမြင်ရန် အသင့်ဖြစ်နေသူ များပင် ဖြစ်ကြ၏။
ထိုသို့ ဝေနေယျသတ္တဝါဖြစ်ရခြင်းသည် ဘဝများစွာတွင် ဘုရားရှင်တစ်ဆူ၏သာသနာတော်၌ ဝိပဿနာတရား ကို အပီအပြင် အားထုတ်ခဲ့ဖူးခြင်း၊ ဝိဝဋ္ဋနိဿိတကုသိုလ်ခေါ် ဝဋ်ဘဝတွေမှလွတ်မြောက်ရာ နိဗ္ဗာန်ကိုသာတစ်ကြောင်းတည်း ဆုတောင်းခဲ့ခြင်း၊တရားထူးကို သိမြင်နိုင်ရန် လွန်ကဲသော ဆန္ဒရှိခြင်း၊ လွန်လွန်ကဲကဲ ဆည်းပူးအားထုတ်ခဲ့ဖူးသော ဒါန စသော ကုသိုလ်ပါရမီများ ရှိခဲ့ခြင်းတို့ကြောင့် ဖြစ်၏။
မှတ်ချက်။ ဝိဝဋ္ဋနိဿိတ ကုသိုလ်ဖြစ်ပါမှ ပါရမီမြောက်သည်။ပါရမီကုသိုလ်ရှိပါမှ တရားထူး မဂ်ဖိုလ် နိဗ္ဗာန်ကို သိမြင်နိုင်သည်။

တရားထူး သိမြင်နိုင်ခြင်းနှင့်ပါတ်သက်၍-
၁။ တရားတစ်ပုဒ်တစ်ပါဒ နာကြားရရုံဖြင့် တရားထူးကို သိမြင်နိုင်သည့် ဥဂ္ဃဋိတညူပုဂ္ဂိုလ်။
၂။ အကျယ် ချဲ့ဟောပြပါမှ တရားထူးကို သိမြင်နိုင်သည့် ဝိပဉ္စိတညူပုဂ္ဂိုလ်။
၃။ ကိုယ်တိုင် အချိန်များစွာ တရားလည်းနာ၊အားလည်း အားထုတ်ပါမှ တရားထူးကို သိနိုင်သည့် နေယျပုဂ္ဂိုလ်။
၎။ မည်သို့ပင် အားထုတ်အားထုတ် ဤဘဝတွင် တရားထူးကို လုံးဝမရနိုင်ဘဲ အထုံပါရမီဖြစ်ရုံမျှသော ဒသပရမ ပုဂ္ဂိုလ်-ဟူ၍ ပုဂ္ဂိုလ်လေးမျိုးလေး စားကို စာပေတွင် ပြဆိုထားသည်။

ယနေ့ခေတ်တရားအားထုတ်ကြသူများသည် မိမိကိုယ်ကို နေယျပုဂ္ဂိုလ်လို့ သတ်မှတ်ကာ တရား လည်းနာ၊တရားလည်း အားထုတ်ကြရမှာ ဖြစ်၏။
မိမိတို့မြို့သို့ ဘုရားရှင်နှင့်အတူ နောက်လိုက်နောက်ပါ ရဟန်းတော်ပေါင်းများစွာ ခြံရန်လျှက် ကြွတော်မူလာသည်ကို မေဏ္ဍကသူဋ္ဌေးကြီး ကြားရသည်နှင့် မြေးဖြစ်သူ ဝိသာခါသူငယ်မကို-

“ချစ်မြေး၊အဖိုးတို့ ဘဒ္ဒိယမြို့ကို ဘုရားရှင်နဲ့ရဟန်းတော်တွေ ကြွလာကြတယ်၊ချစ်မြေးအတွက်လည်း မင်္ဂလာ၊ဖိုးဖိုး တို့ မိသားစုများအတွက်လည်း မင်္ဂလာဖြစ်အောင် ချစ်မြေး ဘုရားရှင်ကို ရထားငါးရာနဲ့ ခရီးဦးကြိုဆိုပါ၊ချစ်မြေးရဲ့အခြံအရန် သူငယ်မ ငါးရာတို့ကိုလည်း ခေါ်သွားပါ” လို့ ဘုရားရှင်နှင့် သံဃာတော်များ ကို ကြိုဆိုဖို့ရန် စေလွတ်လိုက်သည်။

“ကောင်းပါပြီး ဖိုးဖိုး” ဟု ဆိုကာ အခြံအရန် သူငယ်မ ငါးရာနှင့်အတူ (၇)နှစ်သမီးမျှသာရှိသေးသည့် ကျောင်းအမ လောင်းလျာသည် ဘုရားရှင်နှင့် သံဃာတော်များကို ခရီးဦးကြိုဆိုရန် ရထားယာဉ်ငါးရာဖြင့် ထွက်ခဲ့သည်။

လိမ္မာပါးနပ်သူ၊အကြောင်းအကျိုး ဝေဘန်နိုင်သူဖြစ်၍ ဘုရားရှင်ရှေ့တော်မှောက်သို့ မရောက်မှီ ယာဉ်ပေါ်မှဆင်းကာ ခြေထောက်ဖြင့်သာ လက်အုပ် ချီသွား၍ ရိုရိုသေသေ ဘုရားရှင်ကို ရှိခိုပြီး သင့်တော်ရာ အရပ်တွင် ထိုင်နေပါသည်။
ဘုရားရှင်သည် (၇)နှစ်သမီး ကျောင်းအမလောင်း၏စရိုက်နှင့်သင့်တော်မည့် တရားတော်ကို ဟောတော်မူပါသည်။

ပိဋကတ်တွင် မည်သည့် တရားဟူ၍ အမည်မတပ်ပါ၊ ကျောင်းအမ၏စရိုတ်နှင့် ကိုက်ညီသော တရားကိုသာ ဟောတော်မူသည်-ဟု ဆိုသည်။
အတော်မှတ်သားဖို့ ကောင်းပါသည်။ဘုရားရှင်သည် တရားဟောကြားရာတွင် တရားနာပရိသတ်၏ ဓာတ်ခံအဇ္ဈာသယနှင့်ဘဝများစွာမှ ထုံလာစွဲလာသော အလေ့အကျင့်(စရိုတ်)ကိုသာ ဆင်ခြင်ရှု့ကြည့်တော် မူပြီးမှ တရားနာသူနှင့်လိုက်ဖက်မည့်တရား၊ ကိုက်ညီမည့်တရားကိုသာ ဟောကြားတော်မူပါသည်။ ဒါကြောင့် လည်း တရားတစ်ပွဲပြီးဆုံးသည်နှင့် တရားထူး ရကြသူတွေ အမြောက် အများ ဖြစ်ကြသည်။

ထို့ကြောင့်ပင် ပိဋကတ်တော်၌ “ဒေသနာဝသာနေ ဗဟူ သောတာပတ္တိဖလာဒီနိ ပါပုဏိံသု-ဒေသနာတော်၏အဆုံး တွင် များစွာကုန်သော သတ္တဝါတို့သည် သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြ ကုန်ပြီ”ဟူ၍လည်းကောင်း-

ဒေသနာဝသာနေ စတုရာသီတိပါဏသဟဿာနိ ဓမ္မာဘိသယော အဟောသိ-ဒေသနာတော်၏ အဆုံးတွင် ရှစ်သောင်းလေးထောင်ကုန်သော သတ္တဝါတို့သည် သစ္စာလေးပါးမြတ်တရားကို ထိုးထွင်း၍သိပြီး-ဟူ၍လည်းကောင်း တရားပွဲအဆုံးကို ထိုကဲ့သို့ အမြဲ မှတ်တမ်းတင်လေ့ရှိသဖြင့် တရားထူးရကြသူ များစွာဖြစ်သည်ကို သိရ၏။

ဥပမာကို ဤသို့ တင်စားဆိုထား၏။ကျွမ်းကျင်သည့်သားမုဆိုးသည် သားကောင်ကို ပစ်ရင် တစ်ချက် တစ်ကောင် ချိန်ပြီး ကွက်တိမှန်အောင် ပစ်ခပ်နိုင်သလိုမျိုး ဘုရားရှင်လည်း တရားထူး အသေခြာ ရနိုင်သည်ကို ဆင်ချင်တော်မူပြီး တရားနာယူသူစရိုက်နှင့် လိုက်ဖက်သည့် တရားကိုသာ ဟောပြတော်မူသောကြောင့် တရားရခြင်း ဖြစ်ပါသတဲ့။

စာရေးသူလည်း မကင်းရာမကင်းကြောင်း ဒကာ- ဒကာမတွေကို တရားဟောပေးရ၏။ ကိုယ်တရားကိုယ် စဉ်းစား ဖြစ်သည်။ “ဪသာ် ငါကတော့၊ ခပ်ညံ့ညံ့ မုဆိုး ရမ်းသမ်းပစ်သလိုမျိုး တရား ဟောနေတာဘဲလို့”။ ယခုလည်း ဒေသနာတော်၏အဆုံးမှာ (၇)နှစ်သမီးကျောင်း အမနှင့်အတူ သူငယ်မငါးရာတို့ တရားထူး ရကြပြီး သောတာပန်အရိယာအဖြစ်၌ တည်ကြသည်။

ထိုခေတ်အခါက ရထားငါးရာ စီးပြီး အခြံအရံ ငါးရာနှင့်သွာလာနိုင်သည့် အမျိုးသမီး နှစ်ဦးရှိသည်။ တစ်ဦးက ဝိသာခါကျောင်းအမ၊ နောက် တစ်ဦးက ကောသလမင်းကြီး၏ သမီးတော် သုမနမင်းသမီးလေး ဖြစ်၏။

ဖြစ်ရပ်အားလုံးကလည်း တပုံစံတည်းတူညီကြသည်။ သုမနမင်းသမီးလေး (၇)နှစ်အရွယ်အရတွင် အနာထပိဏ်သူဋ္ဌေးကြီး သည် ဇေတဝန်ကျောင်းတော်ကြီးကို ဆောက်လုပ်ပြီးစီး၏။ မြတ်စွာဘုရားနှင့် သံဃာတော်များလည်း ကျောင်းတော်ကို အလှူခံရန် ပင့်လျှောက်သဖြင့်ြွကချီတော်မူလာ၏။

ထိုအခါ အနာထပိဏသူဋ္ဌေးကြီးက ကောသလမင်းကြီးအား “မင်းတရား၊ မြတ်စွာဘုရား နဲ့သံဃာတော်များ ဤသာဝတ္ထိမြို့ တော်သို့ြွကတော်မူ လာပါပြီ၊ကျွန်တော်မျိုးတို့အတွက်လည်းမင်္ဂလာ၊ မင်းတရားတို့အတွက်လည်း မင်္ဂလာဖြစ်စေဖို့ သုမနမင်းသမီးလေး ကို ခြွေရံမင်း သမီးငါရာတို့နဲ့အတူ ရေအိုးတို့၌ ပန်းနံသာတို့ကို ထည့်၍ မြတ်စွာဘုရားကို ခရီးဦး ကြိုဆိုဖို့ စေလွတ်ပေးတော်မူပါ” ဟု သံတော်ဦး သည်။

“ကောင်းလှပေပြီ သူဋ္ဌေးကြီး”ဟုဆိုကာ သမီးတော်ကို ခြွေရန်မင်းသမီးငါရာနဲ့အတူ ရထားယဉ် ငါးရာဖြင့် သူဋ္ဌေးကြီး ပြောသည့်အတိုင်း ဗုဒ္ဓဘုရား ရှင်ကို ခရီးဦး ကြိုဆိုစေပါသည်။

ဘုရားရှင်အား ပန်နံ့သာတိုဖြင့် ပူဇော်ပြီး သင့်တော်ရာအရပ်မှနေကာ တရားတော်ကို နာကြားသည်။ တရားတော်အဆုံးမှာတော့ ဝိသာခါကျောင်းအမနည်းတူ အြွေခအရန် မင်းသမီးငါရားတို့နှင့်အတူ သောတာပန် အရိယာများ ဖြစ်ကြ၏။

ငယ်သည်ကြီးသည်မဟူ အမျိုးသားအမျိုးသမီး ကွဲပြားခြင်းမရှိ ယနေ့အခါမှာ တရားအားထုတ်ရင် တရားထူးရနိုင် သည်။ထိုကြောင့် ကလေးသူငယ် များကိုလည်း တရားထုတ်စေသင့်၏။

ကျောင်းအမလောင်း ဝိသာခါသည် (၇)နှစ်သမီးဖြင့် သောတာပန်ဖြစ်သလို၊သူမ၏ြွေခရန်သူငယ်မ ငါးရားတို့ လည်း(၇)နှစ်အရွယ်မျှဖြင့် သောတာပန်အရိယာ ဖြစ်ကြ၏။အလားတူ သုမနမင်းသမီး လေးနှင့်သူမ၏ြွေခရန် မင်းသမီးငယ် ငါးရာတို့လည်း (၇)နှစ်အရွယ်များဖြင့်ပင် သောတာပန်အရိယာများ ဖြစ်ကြ သည်။

ဒကာမကြီးဒေါ်ထွေးရီ၏ မြေးမလေးများလည်း သောတာပန်ဖြစ်နိုင်ပါသည်။သို့သော် အထက်တွင် ရေးပြခဲ့သည့် အတိုင်း ဝေနေယျ သတ္တဝါ ဖြစ်ဖို့တော့လိုအပ်၏။

ထိုကဲ့သို့ တရားထူးရနိုင်သော ဝေနေယျသတ္တဝါ(ကျွတ်တန်းဝင်မည့်သူ)အတွက်သာ ရည်ရွယ်တော် မူ၍သာ ဘုရားရှင်တို့ ထိုထိုဤ မြို့ရွာများသို့ ဒေသစာရီခရီး ကြွချီတော်မူခြင်းသည် ဗုဒ္ဓတို့ဓမ္မတာ၊ ဗုဒ္ဓတို့အကျင့်၊ဗုဒ္ဓတို့ကိစ္စ ဖြစ်၏။

ဘုရားရှင်တို့သည် ဝါတွင်း၌ ဝါဆိုကျောင်းတွင် ဝါကပ်တော်မူပြီး ဝါလကင်းလွတ် သီတင်းကျွတ် ပဝါရဏာပြုပြီးသည်နှင့် သတ္တဝါများ အကျိုးစီးပွားအလို့ငှါ ဒေသစာရီခရီး ကြွချီတော်မူမြဲ ဖြစ်၏။ မဟာကရုဏာတော်ရှင်အစစ်အမှန် ဖြစ်ကြောင်းကို သက်တော်ရှည်သမျှ မနား မနေတောက်လျှောက် ကြွချီ တော်မူသော ဒေသစာရီခရီးများကသက်သေခံနေ၏။

ဘုရားရှင်တို့သည် နံနက်မိုးသောက်အလင်းမရောက်မီ အရုဏ်တက်အချိန်တွင် တစ်လောကလုံးကို ဉဏ်တော်ကွန်ယက် ဖြန့်ကျက်ပြီး နေ့စဉ် ကြည့်ရှု့တော်မူပါသည်။ထိုအခါ ကျွတ်တန်းဝင်နိုင်သူ ဝေနေယျသတ္တဝါသည် ဉဏ်တော်၌ ပေါ်လွင်ထင်ရှားလာသည်။

ဉာဏ်တော်တွင်ထင်ရှားလာသော ဝေနေယျသတ္တဝါသည် တစ်ဦးတစ်ယောက်တည်းပင် ဖြစ်စေဦးတော့ ထိုပုဂ္ဂိုလ် နေထိုင်ရာ မြို့ရွာသို့ ထိုဝေနေ ယျသတ္တဝါ မဂ်ဉာဏ်ဖိုလ်ဏ် ရရှိစေရေးအတွက် ကြွတော်မူပါသည်။ ကျွတ်ထိုက်သည့်သတ္တဝါ တစ်ဦးတစ်ယောက်မျှ ကျန်မနေလေရအောင် ကိုယ်ပင်ပန်းခံ ကြွတော်မူ၏။

အရှင်အင်္ဂုလိမာလ ချွတ်ခန်းတွင် အချိန်မီ ကြွတ်ာမူရသည်။ အဘယ်ကြောင့်ဆိုသော် အရှင်အင်္ဂုလိမာလသည် ဘုရားရှင်မရောက်မီ အမေကို အကယ်၍ သတ်မိပါအံ့၊ဤဘဝမဆိုထားနှင့် နောက်ဘဝ၌ပင် လုံးဝကို အရိယာရဟန္တာမဖြစ်နိုင်တော့ပါ၊ ထို့ကြောင့် အမေကို မသတ်မှီ အချိန်မီ ရြခြင်းဖြစ်၏။

(၇)နှစ်သမီးအရွယ် ဝိသာခါကျောင်းအမလောင်းလျာသည် ဘုရားရှင်၏ ဒေသနာတော်အဆုံးတွင် သောတာပန် အရိယာဖြစ်၏-ဟုသာ ဆိုသည်။ မည်သည့်တရား အားထုတ်၍ဟုစာတွင်မဆို။ သို့သော် ဝိပဿနာတရား အားမထုတ်ဘဲနှင့်တော့အရိယာမဖြစ်နိုင်။ ဝိပဿနာဉာဏ်မှသည် မဂ်ဉဏ်သို့ ကူးဆက်ရ သောကြောင့် ဖြစ်သည်။

သောတာပန်အရိယာ ဖြစ်ခန်းကို ပြဆိုသောပိဋကတ်တော်တွင် အချို့နေရာ၌ “ဒေသနာနုသာရေန ဉာဏေန-ဒေသနာတော်သို့ အစဉ်လိုက်သော ဉာဏ်ဖြင့်” ဟု ဖွင့်ဆိုလေ့ရှိသဖြင့် ဘုရားတရားကို ဉာဏ်နားဖြင့် နာကြားသောကြောင့် အရိယာဖြစ်သည်-ဟု ဖြည့်စွက် မှတ်သားရပါမည်။
ဉာဏ်နားဖြင့် တရားနာပါမှ တရားထူးရနိုင်သည်ကို ပုံသေမှတ်သားပြီး တရာနာတိုင်း ဉာဏ်နားဖြင့် စူးစိုက်ကောင်းမွန်စွာ နာကြားတတ်အောင် ကြိုးစားကြရပေမည်။ သည့်အပြင် မည်သို့မည်ပုံ သောတာပန်ဖြစ်သွားတာလဲ? ဆိုတာလည်း သိသင့်သောကိစ္စ ဖြစ်၏။

သောတာပတ္တိမဂ်ဉာဏ်သို့ ဉာဏ်ဆိုက်ရောက်ခြင်းကို ဓမ္မစက္ခုံ ဥဒပါဒိ-တရားကိုမြင်နိုင် သောဉာဏ်အမြင် ဖြစ်ပြီး ဟူ၍လည်းကောင်း၊ ဓမ္မာဘိသမယော-သစ္စာလေးပါး အမှန်တရားကို ထိုးထွင်းသိပြီး ဟူ၍လည်းကောင်း ပြဆိုလေ့ရှိသဖြင့် “ကြွင်းမဲ့ဥဿုံ သင်္ခါရတရား အလုံးစုံသည် ဖြစ်ခြင်းသဘောရှိ၏။ ထိုအဖြစ်သဘောမှန်သမျှ ချုပ်ခြင်းသဘော ရှိ၏”ဟူသော ဉာဏ်အမြင်ကို ရသွားခြင်းနှင့် သစ္စာလေးပါးတွင် ဒုက္ဓသစ္စာကိုထွင်းဖေါက် သိမြင်ခြင်း၊ သမုဒယသစ္စာကို ပယ်သတ်ခြင်း၊ နိရောဓသစ္စာကို အာရုံယူမျက်မှောက်ပြုခြင်း၊မဂ္ဂသစ္စာကို ပွားများခြင်းဟူသော ကိစ္စလေးချက်ကို တစ်ပြိုင်နက် ဖြစ်ခြင်းရှိသူကို သောတာပန်ဖြစ်သူဟု ဆိုသည်။

သာဓက-( “ယံကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မံ” တိ။ဒုက္ခသစ္စံ ဇာနန္တော-စသောပါဠိများ။)
သင်္ခါရတရား ရုပ်နာမ်တို့၏ ဖြစ်ပျက်ကို ရှုပွားသောယောဂီသည် ဖြစ်ပျက်မြင်ဉာဏ်မှသည် ဉာဏ်စဉ်များတဆင့် ချင်း တဆင့်ချင်းရင့်သန်ကာ အဆုံးတွင် ရုပ်နာမ်သင်္ခါရကို လျစ်လျုရှု့ထားခဲပြီး ဖြစ်ပျက်ဆုံးရာ နိရောသစ္စာ(နိဗ္ဗာန်)သို့ အလိုက်သင့်လေး ဉာဏ်ဖြင့် ဆိုက်ရောက်သွားခြင်းကို သောတာပတ္တိမဂ် ဉာဏ်သို့ ဉာဏ်ဆိုက်ရောက်ခြင်းဟူ၍ ဆိုသည်။

(ဖြစ်ပျက်မြင်၊ဖြစ်ပျက်ဆုံး၊ဖြစ်ပျက်မုန်း၊အဆုံးနိဗ္ဗာန်ရောက်၊ရှေးကဖြစ်ပျက် နောက်ကမဂ်)မိုးကုတ်ဆရာတော်ကြီး။
သောတာပန်ဖြစ်သူသည်-

ဒိဋ္ဌဓမ္မော-အရိယသစ္စာ တရားကို မြင်နိုင်သူ ဖြစ်၏။
ပတ္တဓမ္မော-မြင်ခြင်းသည် ပကတိမျက်စိဖြင့် မြင်ခြင်းမျိုးမဟုတ်၊Óဏ်ဖြင့် ရောက်နိုင်သူ ဖြစ်၏။
ဝိဒိတဓမ္မော-ဉာဏ်ဖြင့် ရောက်သူဟူသည် ထိုးထွင်းသိနိုင်သူ ဖြစ်၏။
ပရိယောဂါဠဓမ္မော-သိခြင်းသည်လည်း တစ်စိတ်တစ်ဒေသ သိခြင်းမဟုတ်၊ အြွကင်းအကျန်မရှိ အလုံးစုံအကုန်အစင် သိနိုင်သူ ဖြစ်၏။
တိဏ္ဏဝိစိကိစ္ဆော-လောသို့လော တွေးတောခြင်း သံသယတွေလည်း ကင်းစင်သူဖြစ်၏။ ဘေးရန်ြွပမ်းသော ကန္တာရခရီးကို လွန်မြောက်သွားသူကဲ့သို့တည်း။

ဝေသာရဇ္ဇပ္ပတ္တော-ရွံရှာကြောက်ရွံ့ခြင်းကို ဖြစ်စေတတ်ကုန်သော အကုသိုလ်တရားတို့ကို ပယ်သတ်နိုင်ပြီး ဖြစ်သော ကြောင့်လည်းကောင်း။ အကုသိုလ် ၏ဆန့်ကျင်ဘက် သီလစသော ဂုဏ်တို့၌ ကောင်းစွာ တည်နိုင်ပြီးဖြစ်သောကြောင့် လည်းကောင်း ပူပန်မှုကင်း ရဲရင့်ခြင်း၊ ထက်မြက်ခြင်းသို့ ရောက်သူ ဖြစ်၏။

အပရပစ္စယော သတ္ထုသာသနေ-မြတ်စွာဘုရား၏ အဆုံးအမ သာသနာကို သက်ဝင်ယုံကြည်ခြင်းသည် တစ်ပါးသူ တည်းဟူသော အကြောင်းကြောင့်မဟုတ်၊ မိမိကိုယ်တိုင် သစ္စာတရားကို ထိုးထွင်းသိအပ်၊ မျက်မှောက်ပြုအပ်သောကြောင့်သာ သက်ဝင်ယုံကြည်သူ ဖြစ်၏။

အသေအချာ စဉ်းစားကြည့်လျှင် မိမိတို့သာသနာအပေါ် ယုံကြည်နေကြခြင်းသည် ဗုဒ္ဓဘာသာ မိဘတွေက မွေးဖွား လာ၍ မိရိုးဖလာနှင့် အဟောကောင်း၊ အပြောကောင်း၊ အရေးအသားကောင်း ဆရာသမားတို့၏ စကားတို့ကို နာယူဖတ် ရှုရခြင်းတို့ကြောင့် သာ ဖြစ်၏။သောတာပန် အရိယာကား ထိုကဲ့သို့ မဟုတ်၊အသေအခြာကို တရားသိ၍ သက်ဝင်ယုံကြည် ခြင်းရှိသူ ဖြစ်၏။

သောတာပန်အရိယာသည် ငါးပါးသီလ ဘဝတိုင်း လုံခြုံ၏။တခြားသူကို မနာလိုမရှုစိမ့် ဣဿာမရှိ၊နှမြောဝန်တိုခြင်း မစ္ဆရိယ ကင်း၏။သင်္ခါရတရားဟူသမျှ မြဲ၏-ဟု မမြင်၊ မြင်မိုရ်တောင်ကို ဇီးစိဖြင့် ပစ်ပေါက်က မတုန်လှုပ်သလို၊ဘယ်လိုအကြောင်းအရာမျိုးတွေနှင့် ကြုံကြုံ သာသနာ တော်ကို ကြည်ညိုမှု လုံးဝမတုန်လှုပ်တော့။ဘယ်ဘဝရောက်ရောက် ရတနာသုံးပါးကို ဆည်းကပ်ပြီး ဘုရားမှတစ်ပါး ကိုး ကွယ်ရာ အခြားမရှိဆိုသည့် စိတ်သဘာဝမျိုးကို ပိုင်ဆိုင်၏။

ပရိတ်ကြီး ရတနသုတ်တွင် သောတာပန်အရိယာ၏ဂုဏ်ပုဒ်ကို သစ္စာဆိုသော ဂါထာ(၃)ပုဒ်ကို ဤသို့ ပြဆိုထား၏။
ယထိန္ဒခီလော ဂါထာ။ ။ မြေ၌ ခိုင်မြဲစွာ စိုက်ထားအပ်သော တံခါးတိုင်ကြီးသည် အရပ်လေးမျက်နှာ တို့မှတိုက်ခတ်သော လေမုန်တိုင်းတို့ကြောင့် မတုန်လှုပ်၊ထိုအတူ သောတာပန်အရိယာသည်လည်း တိတ္ထိ ဆရာကြီးတို့၏ ဝါဒဟူ သော လေမုန်တိုင်းတို့ကြောင့် မတုန်လှုပ်တော့။ သစ္စာလေး ပါး မြတ်တရားကို ဟုတ်တိုင်းမှန်စွာ ဉာဏ်ဖြင့် ထိုးထွင်း သိအပ်ပြီး ဖြစ်သောကြောင့်တည်း။

ဤဂါထာဖြင့် သောတာပန်အရိယာသည် မည်သည့်ဝါဒကိုမျှ နားယောင်ခြင်းမရှိဘဲ ဗုဒ္ဓ၊ဓမ္မ၊သံဃာတို့၌ သက်ဝင်ယုံကြည်မှု စူးစူးနစ်နစ် ခိုင်မြဲမြဲရှိသည်ကို မှတ်သားရ၏။ပုထုဇဉ်တို့ကား အပြောကောင်းလျှင် ဟုတ်နိုးနိုးထင်တတ်၏။

ယေ အရိယသစ္စာနိ ဂါထာ။ ။ နက်နဲသောဉာဏ်တော်ရှင် ဘုရားသခင်သည် အကောင်းဆုံး ဟောကြားတော်မူအပ်သော အရိယသစ္စာတို့ကို မဂ်ဉာဏ်ရရှိ၍ ထင်ရှားသိမြင်ကြကုန်သော သောတာပန် ပုဂ္ဂိုလ်တို့သည် စည်းစိမ်ယစ်၍ အလွန်အကဲ မေ့လျော့နေကြသော်လည်း ရှစ်ကြိမ်မြောက်ဘဝကို ယူရိုး မရှိတော့။

သောတာပန်(၃)မျိုး-တစ်ဘဝသာ ဖြစ်ရပြီး ရဟန္တာဖြစ်မည့် ဧကဗီဇ၊ နှစ်ဘဝ သုံးဘဝအတွင်း ရဟန္တာဖြစ်မည့်ကောလံကောလ၊ခုနစ်ဘဝဖြစ်ရပြီး ရဟန္တာဖြစ်မည့် သတ္တက္ခတ္တုပရမ-ဟူ၍ သောတာပန် (၃)သုံးမျိုးသုံးစား ရှိ၏။သဒ္ဓါစသော ဣနြေ္ဒတို့ ထက်ခြင်း၊နုံ့ခြင်းတို့ကြောင့် ဤသို့ သုံးမျိုးကွဲခြင်း ဖြစ်သည်။

သဟာဝဿ ဂါထာ။ ။ သောတာပန်ပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ဉာဏ် ပြည်စုံသည်နှင့် တပြိုင်နက် သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတ-တရားသုံးပါးနှင့် အချို့သော ကိလေသာများကို ပယ်ရှားပြီး ဖြစ်ကြောင့် အပါယ်လေးဘုံတို့မှ အလျဉ်း လွတ်မြောက်သဖြင့် ဘဝတွေဖြစ်ရစေဦးတော့ အပါယ်ဘဝတို့သို့ မကျနိုင်တော့။

ဤဂါထာဖြင့် သောတာပန်သည် သက္ကာယဒိဋ္ဌိ၊ဝိစိကိစ္ဆာ၊သီလဗ္ဗတ-ဟူသောကိလေသာဝဋ်ကို ပယ်ပြီးသည်ကို လည်းကောင်း။ အပါယ်လေးပါးဟူသော ဝိပါကဝဋ်ကို ပယ်ပြီးသည်ကို လည်းကောင်း၊ ထိုဝဋ်တို့၏မူလဘူတဖြစ်သော ကမ္မဝဋ်ကို ပယ်ပြီးသည်ကို လည်းကောင်း ပြဆိုသည်။

သက္ကာယဒိဋ္ဌိ-ဟူသည် ထင်ရှားရှိသောခန္ဓာငါးပါး၌ ထင်ရှားမရှိသော ပုဂ္ဂိုလ်သတ္တဝါ ထင်မှားမှု ဖြစ်သည်။
ဝိစိကိစ္ဆာဟူသည်-ဗုဒ္ဓ ဓမ္မ သံဃ သံသရာ၏ရှေးအဖို့ နောက်အဖို့ ပဋိစ္စသမုပ္ပါဒ်တရားတို့၌ ယုံမှားခြင်းတည်း။
သီလဗ္ဗတ-ကိလေသာတို့ကို မစင်ကြယ်စေနိုင်သော လွဲမှားအကျင့်တည်း။ (နွားသီလ၊ ခွေးသီလ၊ နွားကျင့်၊ ခွေးကျင့်၊ဟူ၍ ဆိုသည်။)

သောတာန်သည် အလွန်ရုန့်ရင်းကြမ်းတမ်းကုန်သော (၆)ပါးသော အကြောင်းစု ပြစ်မှုတို့ကို လုံးဝမကျူးလွန်တော့-(၆)ဌာနတို့ကား ၁။အမိရင်းသတ်ခြင်း၊၂။ အဖရင်းသတ်ခြင်း၊၃။ရဟန္တာသတ်ခြင်း၊ ၄။သံဃာဂိုဏ်း ခွဲခြင်း၊ ၅။ မြတ်စွာ ဘုရားသွေးထွက်အောင်လုပ်ခြင်းနှင့်၊ ၆။ဗုဒ္ဓမှတစ်ပါး အခြားသူကို ဆရာဟု မညွန်ပြခြင်းတို့ ဖြစ်၏။

ဤကဲ့သို့ ကြီးလေးသော ကံကြီးများအပြင် ကြမ်းပိုး ခြင် ယင်-စသော သတ္တဝါအသေးတို့ကိုပင် သောတာပန်သည် စေတနာဖြင့် သတ်ရိုးထုံးစံမရှိ၊သည့်အပြင် နောက်ဘဝရောက်ရှိသွားပြီး မိမိအရိယာဖြစ်မှန်းမသိသော်လည်း ဓမ္မတာသဘောအားဖြင့် ဤအမှုကြီးများအပြင် ငါးပါးသီလ ဖေါက်ဖျက်ခြင်းတို့ကိုလည်း မလွန်းကျူးတော့။ ပုထုဇဉ်တို့ကား သစ္စာလေး ပါးကို မသိမမြင်နိုင်သေး သောကြောင့် ဤကဲ့သို့သော အကုသိုလ်အမှုကြီးများကို လွန်ကျူးမိတတ်ကြ၏။

ဝိသာခါကျောင်းအမ(၇)နှစ်သမီး သောတာပန်ဖြစ်ခြင်းနှင့်နွယ်၍ ယနေ့အခါ တရားအားထုတ်ကြသူများ ကိုယ် တိုင် သောတာပန်စစ်တမ်းကို နားလည်ရန် လိုအပ်ပါသဖြင့် ရေးသားရခြင်း ဖြစ်သည်။

ထို့နေ့မှာပင် အဖိုးဖြစ်သူ မေဏ္ဍကသူဋ္ဌေးကြီးလည်း ဘုရားထံချဉ်းကပ် တရားနာ၍ သောတာပန်အရိယာဖြစ်ကာ ဘုရားအမှူးရှိသော သံဃာတော် များကို နောက်နေ့နံက်တွင် နေအိမ်သို့ ပင့်ဖိတ်၍ မွန်မွန်မြတ်မြတ် ဆွမ်းခဲဖွယ်ဘောဇဉ် ချိုချင်ရသာ အဖြာဖြာတို့ဖြင့် တစ်ဆဲ့ငါးရက်တိုင်တိုင် ဆက်ကပ်လှူဒါန်းခြင်း မဟာဒါနအလှူတော်ကြီးကို ပေးလှူပါသည်။

(၇)နှစ်သာရှိသေးသည့် အမျိုးသမီးလေးများကို အရာသွင်းအလေးထား၍ ဘုရားရှင်နှင့် သံဃာတော်များကို ခရီးဦး ကြိုဆိုစေခြင်း ကို စေခိုင်းပေးသော သူဋ္ဌေးကြီးများ၏သာသနာပြုစိတ်ကား အတုယူဖွယ်ရာဖြစ်သလို၊ဝိသာခါကျောင်းအမနှင့်သုမနမင်းသမီးလေးတို့၏ သူတော်ကောင်းဓာတ်ခံ ပြည့်ဝခဲ့ခြင်းတို့ကား အားကြဖွယ်ရာဖြစ်ပါကြောင်း-

အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)

မှတ်ချက်။ ။ ဆက်လက်ဖေါ်ပြပေးသွားပါမည်။

မေတ္တာများဖြင့်

အရှင်သိရိန္ဒ

မှတ်ချက်=မေတ္တာဥယျာဉ်ဆိုဒ်မှာကူးယူတင်ပြသည်

2012-ခု၊ ဇွန်လ(၁၃)ရက်၊ ဗုဒ္ဓဟူးနေ့

Views: 52

ဘလော့အမျိုးအစား(ဇာတ်တော်)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

ဝိ သု ကြုံ (အသေမဦးခင်) သည် July 21, 2012 က 12:08pmတွင် မှတ်ချက်ရေးသားသွားပါသည်။

သာဓု.................သာဓု......................သာဓု

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................


anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

လေ့လာရန်

အဖွဲ့ဝင်များအားသိစေရန်


☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

အဖွဲဝင်များ

  • mintun ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • ဖိုးကံထူး ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • Thant Zin Tun ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • kham ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

ဖိုးကံထူး commented on လှိုင်ကျော်ထွေး's blog post 'ဗုဒ္ဓဘုရားရှင်ဟာ ၀ိပဿနာတရားကို ပွားများ မှတ်သားသေးသလား'
"ကျေးဇူးတင်ပါတယ် မေးမှမေးရက်ပေတယ်ပြောရမလိုဖြစ်နေတယ် နောက်လူတွေသိ၇တာပေါ့ ကျနော်လဲနောက်လူပဲ"
1 minute ago
mintun သည်profileကိုပြုပြင်သွားသည်။
2 minutes ago
ဖိုးကံထူး commented on လှိုင်ကျော်ထွေး's blog post 'ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာ ဘယ်သူကပိုမိုဆိုးသလဲ'
"ကျေးဇူးပါအကို ခေါင်းစဉ်လေးဆွေးနွေးချင်တယ် ဒိ၂ခုကြောင့်လဲဘာသားခြားတွေးတိုခိုက်တာခံနေရသလို…"
7 minutes ago
ဖိုးကံထူး commented on လှိုင်ကျော်ထွေး's blog post 'ဆရာတော် ပြပေးနေတဲ့ ၀ိပဿနာတရားရှုပွားသူ ဘယ်လောက်များများရှိပါသလဲ'
"ကျေးဇူးတင်ပါတယ်အကို"
15 minutes ago
ဖိုးကံထူး commented on မူကြိုဆရာ's blog post 'သေရမှာကြောက်သူ (၄) ဦး နှင်. သေရမှာ မကြောက်သူ (၄) ဦး'
"ကျေးဇူးကမ္ဘာပါပဲအကို ဖတ်လိုက်၇တာရင်ထဲယုံကြည်ချက်တော့ရှိလာတယ်"
25 minutes ago
ဖိုးကံထူး commented on လှိုင်ကျော်ထွေး's blog post 'ဒုက္ခသစ္စာကို ပိုင်းခြား သိမှတ်ရာ၌ နည်းသုံးဖြာဆိုတာ ဘာလဲ'
"တယ် တန်ဖိုးရှိလှပါလားဘု၇ား အလုပ်သမားသတ်သတ်သာ"
34 minutes ago
Profile Iconthatnaing, မြတ်ကိုကိုဟန် and thetnaungmawgyun joined ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺
36 minutes ago
ဖိုးကံထူး commented on အရှင်ဝဏ္ဏ's blog post 'မနေသူတွေထဲမှာ နေပါ..'
"တင်ပါ့ဘုရား မလွတ်သေးပါဘူးဘုရား"
39 minutes ago
ဖိုးကံထူး commented on thein wai's blog post '“ ငါက ပိဋကတ်သုံးပုံဆောင် တိပိဋကဓရ ” တဲ့ (ကပိလ သုတ္တန်)။'
"သာဓု သာဓု သာဓုပါ ဘုရား"
48 minutes ago
dimplemit left a comment for စည်သူ
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
1 hour ago
dimplemit left a comment for ကိုမင်း
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
1 hour ago
AungMyintMyat posted a photo
1 hour ago

© 2013   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...