ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်ကောင်းမြတ်မင်းမှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

ဝိသာခါကျောင်းအမ (၂)
အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)

“ ဝိသာခါကျောင်းအမရဲ့ အတိတ်ဘဝတွေက ရေးသားပြီးခဲ့တဲ့ သုံးဘဝထက် မကရှိမှာပါ၊ ဇာတ်အဋ္ဌကထာမှာ ထပ်ရှာပါဦး”ဟု စာချဆရာတော်များ က ဆွမ်းဝိုင်းမှာ အကြံပေးကြသည်။
“ ဒါမှ ကျောင်းအမရဲ့ အတိတ်ဘဝပုံရိပ်မှနေ သံသရာဆိုတာကို စဉ်းစားဖြစ်ပြီး “ ရှေးကကောင်းလို့ ယခုကောင်းတာ၊ ယခုကောင်း နောင် လဲကောင်း ဦးမှာ” ဆိုတဲ့ ကမ္မသဘာဝ ကြောင်းကျိုး ဆက်သွယ်မှု့ ဘဝဖြစ်စဉ်ကို သိပြီး ပြင်နိုင်ကြတာပေါ့” ဟုလည်း ထပ်လောင်းအကြံပေးကြ၏။
ဒါကြောင့် ဒီတစ်ပါတ်မှာလည်း ကျောင်းအမကြီး၏ အတိတ်ဘဝဇာတ်ကြောင်း တစ်မျိုးကိုဘဲ ရေးသား လိုက်ရပါသည်။

လူဘဝသံသရာစခန်းတွင် ကျောင်းအမကြီးအဖြစ်ဖြင့် ယခု တထောက်နားနေရချိန်မှာ မပင်မပန်း ချမ်ချမ်းသာသာနှင့် ကသိကအောက် ဒုက္ခမရောက်ရဘဲ အထက်တန်းကျကျ မျက်နှာပန်းလှလှ ဖြစ်ရခြင်းသည် ယခုကောင်း၍သာ မဟုတ်၊ ယခင် အတိတ်ဘဝတွေကလည်း ကောင်းခဲ့ လို့ဆိုတာကို ကျောင်းအမ၏ အတိတ်ဘဝတွေက အသိပေးနေသယောင်ရှိ၏။

လူသားအများစုသည် ယခုဘဝ ကောင်းကွက်၊အားသာချက်တို့ဖြင့် ပြည့်စုံနေသောအခြေအနေ ပေါ်၌သာ တင်းတိမ် သာယာ ယစ်မူးနေကြ၏။ မလှူမတန်းမပေးကမ်းဘဲ နေတတ်ကြ၏။ထို့ကြောင့် ဝိသာခါကျောင်းအမက သူမ၏ယောက္ခထီးကို ဤသို့ ကောက်ချက်စွဲပြသည်။
“တပည့်တော်မရဲ့ ယောက္ခထီးက အစာဟောင်းကိုသာ စားနေသူပါဘုရား” တဲ့။

ဤဘဝမှာ သားသမီးအယောက်နှစ်ဆယ်ဖြင့် ပွားစီးသည့်ကျောင်းအမမှာ ဘဝတစ်ခု၌ သားသမီး မထွန်းကားသဖြင့် သားဆုပန်ခဲ့ရဘူး၏။
ဘုရားရှင်သည် မိုးဦးကျ ကာလတစ်ခုတွင် ဝိသာခါကျောင်းအမအား မိုးရေးခံသင်္ကန်းအပါဝင် ဆုရှစ်မျိုးကို ခွင့်ပြုတော်မူသည်။ရဟန်းတော်များက “ကျောင်းအမကြီးကား အမျိုးသမီးဖြစ်ပေမယ့် ဆုရှစ်မျိုး ရနိုင်စွမ်းသူဖြစ်တယ်။ဪသာ် ဂုဏ်ကြီးမားလေစွတကား” ဟု ချီးမွမ်းကြသည်။

“အခုဘဝမှာမှ ဆုရှစ်မျိုးကို ပေးသနားတော်မူခြင်းမဟုတ်၊အတိတ်ဘဝတုန်းကလည်း ဆုပေးတော်မူခဲ့ရတယ်” ဟု ဗုဒ္ဓရှင်က မိန့်တော်၏။
“အဘယ်ဘဝတုန်းက ဆုပေးတော်မူခဲ့ရပါသလဲဘုရား” ဟု မေးလျှောက်ကြသဖြင့် သုရုစိ ဇာတ်တော်ကို ဟောကြားတော်မူသည်။

မိထိလာပြည်က သုရုစိမင်းသားနှင့်ဗာရာဏသီပြည်က ဗြဟ္မဒတ္တမင်းသားတို့သည် ကျောင်းနေ ဖက်များဖြစ်ကြ၏။ အလွန်ရင်းနှီးကျွမ်း ဝင်ကြ၏။ မိမိတို့ သားသမီးများရကြပါက အချင်းချင်း လက်ထပ် ပေးကြမည်ဟုလည်း ကတိပြုခဲ့ကြ၏။

မင်းသားနှစ်ပါးတို့သည် တက္ကသိုလ်ပြည်မှ ပညာစုံပြီဖြစ်၍ တိုင်းနိုင်ငံသို့ ပြန်ခဲ့ကြပြီးနောက် မိမိတို့တိုင်းပြည်ကို တရားနှင့်အညီ စိုးမိုးအုပ်ချုပ် မင်းလုပ်ကြရသည်။

သုရုစိမင်းမှာ သုရုစိကုမာရ သားတော်လေးဖွားမြင်ပြီး၊ဗြဟ္မဒတ်မင်းမှာတော့ သမီးတော်လေး သုမေဓာ ထွန်းကား၏။
သုရုစိမင်းသား တက္ကသိုလ်ပြည်မှ ပညာစုံ၍ပြန်လာခဲ့၏။ခမည်းတော်မှ သားတော်၏ကြင်ယာတော် အတွက် ငယ်သူငယ် ချင်းဖြစ်သူ ဗြဟ္မဒတ်မင်း ထံ လက်ဆောင်ပဏ္ဏာနှင့်အတူ သမီးတော်ကို သားတော် အတွက် တောင်းခံသည်။

ထိုအခါ ဗြဟ္မဒတ်မင်းသည် မိဖုရားကြီးအား “အမျိုးသမီးတွေရဲ့စိတ်ဆင်းရဲဆုံးအရာကား ဘာပါလဲ? ဟု မေးတော် မူရာ၊မိဖုရားကြီးက “ လင်တူ မယား ဖြစ်ရခြင်းပါ” ဟု သံတော်ဦးတင်သည်။

“ငါတို့ရဲ့သမီးတော် သုမေဓာမင်းသမီးလေး ဒီဒုက္ခမှလွတ်စေရမယ်” ဟု ကြံတွေးတော်မူပြီး “မိဖုရားတစ်ယောက်တည်းသာ ယူမယ့်မင်းသားနဲ့သာ သမီးတော်ကို ထိမ်းမြားလက်ဆက်ပေးမယ်” ဟု မိဖုရားနှင့်တိုင်ပင်ပြီး ဖေါ်ပြအတိုင်းအကြောင်း ပြန်လိုက်၏။

“သူငယ်ချင်း၊သားသမီးများရရင် လက်ဆက်ပေးဖို့ကို တို့ကတိစကားထားခဲ့ကြတယ်၊ဒါပေမယ့် တို့သမီးကလေးကို ဇနီးမယား များလှတဲ့ သူနဲ့မပေးစားလို၊ဇနီးမယားတွေ အများကြီးထဲ စွန့်မပစ်လို၊ ဒါကြောင့် တစ်ယောက်ထည်းသောဇနီးကိုသာ ပေါင်းသင်းမယ့်သူနဲ့သမီးကို လက် ဆက်စေလိုတယ်” ဟု သုရုစိမင်းထံ အကြောင်းပြန်လိုက်သည်။

မိဖုရားများများကို ခုံမင်လှသည့် ဖခင်သုရုစိမင်းက သားတော်အတွက် မောင်းမပေါင်း တစ်သောင်းခြောက်ထောင် မှန်းထား၍ တစ်လင် တစ်မယားစနစ်ကို လက်မခံနိုင်ဖြစ်ပေမယ့်၊ သားတော် သုရုစိကုမာရကား ထိုကဲ့သို့မဟုတ်၊အလှတွင် သတင်းကြီးသည့် သုမေဓာမင်းသမီး တစ်ယောက်တည်း ကိုသာ လက်ခံပေါင်းသင်းမည်၊အခြားအမျိုးသမီးများကို မလိုပါ- ဟု ဆိုလာသောကြောင့် နန်းရပ်ထီးဖြူကိုပါ အပ်နှင်း ကြပြီး ပေးစားလိုက်ကြသည်။

နှစ်ပေါင်းတစ်သောင်းကြာ ချစ်ခင်စွာ ပေါင်းသင်းပါသော်လည်း သာသမီးရတနာ မဖြစ်ထွန်း၍ တိုင်းသားပြည်သူတို့က “မင်းတရားမှာ အပြစ်မရှိပါ၊ နန်းညွန့်နန်းလျာ သားရတနာမရှိက မင်းဆက်ပြတ်ပေမည်၊ မင်းတရားမှာလည်း မိဖုရားက တစ်ယောက်တည်းရှိနေပါသည်၊မင်းတရားမှာ အနည်းဆုံး မောင်းမမိဿံ တစ်သောင်းခြောက်ထောင်တော့ ရှိသင့်ပါတယ်၊သို့မှသာ ထိုအမျိုးသမီးတွေထဲမှ ဘုန်းကံရှိတဲ့သားရတနာ ဧကန် ရနိုင်ပါတယ်” ဟု နန်းရင်ပြင်တွင် စုဝေး ၍ တိုင်းသားပြည်သူတို့က အရေးဆိုကြ၏။

“အမောင်တို့၊ဘာကို အရေးဆိုနေကြတာလဲ၊ငါသည် အခြားအမျိုးသမီးကို မယူလို-ဟု သုမေဓာမင်းသမီးကို ပဋိညာဉ် ပေးထားပြီး ယူထားခြင်းဖြစ်

တယ်၊ မုသာဝါဒ ပြောဆိုရန်မသင့်၊ အခြားမိဖုရားကို အလိုမရှိ” ဟု သုရုစိမင်းက ပယ်မြစ်၏။

ထိုစကားကို သုမေဓာမင်းသမီး ကြားသိရသည်ရှိသော် “မင်းတရားသည် သစ္စာစကားကို မပျက်လို၍ အခြားအမျိုး သမီး ဆောင်ယူမည် မဟုတ်၊ငါကိုယ်တိုင် ဆောင်ကျဉ်းပေးအံ့”ဟု ကြံတွေးပြီး သူမကိုယ်တိုင် မိခင်အရာ၌တည်၍ မင်းမျိုး သတိုးသမီး တစ်ထောင်၊အမတ်မျိုး သတိုးသမီး တစ်ထောင်၊ သြွူကယ်မျိုး သတိုးသမီး တစ်ထောင်၊ကချေသည်အမျိုးသမီး တစ်ထောင်အားဖြင့် ကညာစင်အမျိုးသမီး လေးထောင်ကို မင်းတရားအတွက် ဆောင်ကျဉ်းပေးသည်။

နှစ်တစ်သောင်းပေါင်းသင်းနေထိုင်ကြပေမယ့် ထိုအမျိုးသမီးများနှင့်လည်း သားသမီးရတနာ မဖြစ်ထွန်း၍တဖန် လေးထောင်စီသုံးကြိမ် စုစုပေါင်း တစ်သောင်ခြောက်ထောင်နှင့်အတူ ပေါင်းသင်းစေပြန်၏။သိုပေမယ့် နှစ်ပေါင်းလေးသောင်းကြာသည့်တိုင် သားသမီးက လုံးဝမဖြစ်ထွန်း။

သုမေဓာမိဖုရားနှင့် နှစ်တစ်သောင်းဖြစ်၍ နန်းညွန့်နန်းလျာကို နှစ်ငါးသောင်းကြာသည့်တိုင် မဖြစ်ထွန်းခဲ့၍ တဖန်တိုင်းသားပြည်သူတွေက “မင်းတရား၊မိဖုရားတွေကို သားဆုပန်ခိုင်းပါ” ဟု အရေး ဆိုကြပြန်ပါသည်။

မင်းတရားကလည်း တိုင်းသားပြည်သူများအလိုကျ မိဖုရားများကို သားဆုပန်စေသည်။ မိဖုရားတို့သည် နတ်ဒေဝတာများကို ရှိခိုးတောင်း ပန်ကြကုန်၏။ အမျိုးမျိုးသောအကျင့်တို့ကိုလည်း ကျင့်ကြကုန်၏။သို့သော် သားရတနာကို မရကြကုန်။

ထိုအခါ သုရုစိမင်းသည် သုမေဓာမိဖုရားကို “သင် မိဖုရားကြီးလည်း သားဆုပန်ပါဦး” ဟု မိန့်တော်မူသည်။“ကောင်းပါပြီး မင်းတရား” ဟု ဝန်ခံပြီး တစ်ဆဲ့ငါးရက်နေ့တွင် အင်္ဂါရှစ်တန်နှင့်ပြည့်စုံသော ဥပုသ်သီလကို ဆောက်တည်၏။ ကျက်သရေရှိသောအိပ်ဆောင်၌ သီလတို့ကို ဆင်ချင်လျှက် သီလ ဆောက်တည်သူများနှင်သင့်လျော်သည့် ကုဋင်ပေါ်၌သာ အိပ်စက်နေထိုင်သည်။ အခြားသောမိဖုရားတို့သည် အကျင့်မှားတို့ဖြင့် သားရတနာမရနိုင်ကြ၍ ဥယျဉ်သို့ ထွက်ခွါသွားကြပြီး ပျော်ပျော်ပါးပါး နေကြတော့သည်။

သုမေဓာမိဖုရား၏ သီလတန်ခိုးကြောင့် သိကြားမင်း၏ဘုံဗိမာန်တုန်လှုပ်၏။ ဆင်ချင်ကြည့်ရှုလသော် သုမေဓာမိဖုရား သားဆုပန်ခြင်းကို သိရှိတော်မူ၏။

ထိုကြောင့် နတ်ပြည်ခြောက်ထပ်၌ စုံခြည်ဆန်ခြည် ဖြစ်လျှက် နတ်စည်းစိမ်ကို ခံစားစံစားနေသော နဠကာရနတ်သားကို လူပြည်ဆင်းရန် တိုက်တွန်းတောင်းပန်ရတော့သည်။

“အရှင်သိကြားမင်း၊ လူတို့ပြည်ကား စက်ဆုတ် ရွှံရှာဖွယ် ကောင်းလှတယ်။ လူပြည်နေသူ တွေဟာ ဒါနစတဲ့ကုသိုလ်တွေကို ပြုလုပ်ပြီး နတ်ပြည်ရောက်ရန် ဆုတောင်းကြတယ်၊ ဒါကြောင့် လူပြည်သွားပြီး ဘာလုပ်ရမှာတုန်း” ဟု နဠကာရနတ်သားက ငြင်းဆန်သည်။

“အမောင်နတ်သား၊နတ်ပြည်စည်းစိမ်အတိုင်း လူပြည်မှာလည်း စည်းစိမ်ခံစားရပါမယ်၊ နှစ်ဆဲ့ငါးယူဇနအမြင့်၊ ကိုးယူဇနာအလျား၊ ရှစ်ယူဇနာကျယ်တဲ့ ရတနာပြဿာဒ်နဲ့လည်း နေရမှာပါ” ဟု စည်းစိမ်ဖြင့် ဆွယ်ပါမှ နဠကာရနတ်သားက “ကောင်းပါပြီ” ဟု လူပြည်မှာ သန္ဓေနေဖို့ ကတိပြုသည်။

နဠကာရနတ်သား၏ ကတိဝန်ခံမှု့ကို ရပြီးနောက် သိကြားမင်းသည် ရသေ့အသွင်ဖြင့် သုရုစိမင်း၏ဥယျာဉ်တော် သွား၍ မောင်းမမိဿံ တို့အထက် ကောင်းကင်ယံတွင် စင်္ကြန်သွားလျှက် ကိုယ်ထင်ပြကာ “သားဆု ပေးနိုင်တယ်၊ ဘယ်သူ သားဆု ပန်မလဲ?” ဟုမေးတော်မူရာ-
အမျိုးသမီး တစ်သောင်းခြောက်ထောင်လုံးက “အရှင်ရသေ့၊ကျွန်မပေးပါ၊ကျွန်မပေးပါ”ဟု ဝိုင်းဝန်းတောင်းကြ၏။

ထိုအခါ သိကြားမင်းက “သီလရှိသူကို သားဆုပေးမယ်၊ သင်တို့ သီလရှိလား၊ အကျင့်ကောင်းရဲ့လား”ဟု မေးရာ အမျိုး သမီးအားလုံးတို့သည် ဆန့်တန်းထားသည့်လက်တွေကို ပြန်ရုပ်သိမ်းပြီး “သီလရှိသူကို ပေးမယ်ဆိုရင်တော့၊သုမေဓာထံသို့သာ သွားပါ” ဟု ပြောကြသည်။

သိကြားမင်းသည် သုမေဓာနန်းဆောင်သို့ ကောင်းကင်ခရီးဖြင့် သွားကာ ခြင်္သေ့ခံ လေသောက်ပြူတင်း၌ ရပ်နေ၏။ သုမေဓာ၏ချွေရံ တို့သည် “မိဖုရားကြီး၊ နတ်မင်းတစ်ပါးသည် လေသောက်ပြူတင်းတွင် ရပ်နေပါတယ်၊ အရှင်မကို သားဆုပေးမယ်လို့လည်း ပြောပါတယ်” ဟု သံတော်ဦးကြသည်။

သုမေဓာမိဖုရားသည် လေသောက်ပြူတင်းကို ဖွင့်ကာ “အရှင်၊ သားဆုပေးမယ်ဆိုတာ ဟုတ်မှန် ပါသလား” ဟု မေးရာ “မှန်တယ်၊မိဖုရားကြီး” ဟု ရသေ့အသွင်ဆောင် သိကြားမင်းက ပြန်ပြောသည်။

“ဒါဆို သားဆု ပေးပါ” “မိဖုရားရဲ့ သီလက အသို့ပါနည်း၊ ကျွန်ုပ်ကျေနပ်နှစ်သက်ပါမှသားဆုပေးမှာ”ဟု ဆိုသောကြောင့်- “ဒါဆိုပြောပြမယ်၊ နားထောင်ပါ”ဟု ဆိုကာ သုမေဓာမိဖုရားကြီးက သူမ၏ သီလတို့ကို ဖေါ်ပြပါအတိုင်း ပြောပြ၏။

“မိဖုရားဖြစ်တဲ့နေ့မှစလို့ နှစ်တစ်သောင်းတိုင် သုရုစိမင်းကို နှစ်သက်မြတ်နိုးတယ်၊ကိုယ်နှုတ်စိတ် သုံးပါးလုံးနဲ့ မင်းတရားကို မျက်ကွယ်မျက်မှောက် အထင်မသေးပါ”

“ခင်ပွန်းသယ်ရဲ့မိဘတို့သည် အသက်ထက်ဆုံး ကျွန်ုပ်ကို ဆုံးမကြတယ်၊ ကျွန်ုပ်သည် ကြမ်းပိုး၊ ခြတို့ကိုပင် မညှင်းဆဲဘူးပါ၊ ကုသိုလ်တရား (၁၀)ပါးကို ဧကန်ကျင့်နေသူပါ၊ရိုရိုသေသေ နေ့နေ့ညည ယောက္ခမတို့ကို မပျင်းမရိ ပြုစုပါတယ်”

“သုရုစိမင်းအတွက် တစ်သောင်းခြောက်ထောင်သော အမျိုးသမီးတို့ကို ဆောင်ကျဉ်း ပေးပါတယ်၊ထိုအတွက် ကျွန်ုပ်မှာ တရံတစ်ဆစ်မျှ မရှုစိမ့်ခြင်း၊ အမျက်ထွက်ခြင်းမရှိပါ”

“သူမတို့ရဲ့ အကျိုးစီးပွားကိုသာ လိုလားပါတယ်၊မနှစ်သက်ခြင်းမဖြစ်ပါ၊လင်တူ အမျိုးသမီးတို့ကို မိမိကိုယ်ကို နှစ်သက် သလို နှစ်သက်ပါတယ်”
“ မိမိကို မှီ၍ အသက်မွေးကြရကုန်သော ကျွန်အမှုလုပ်သားအစေအပါးတို့ကို တရားနဲ့အညီ ဝမ်းမြောက်ဝမ်းသာနှစ်လိုစွာ ကျွေးမွေးစောင့်ရှောက် ပါတယ်”

“ရဟန်း ပုဏ္ဏား သူတောင်စားတို့အား ထမင်းစားသောက်ဖွယ်ရာ အဖြာဖြာတို့ကို ပေး၍ နှစ်သက်စေပါတယ်”
“တစ်ဆဲ့လေးရက်၊တစ်ဆဲ့ငါးရက်၊ ရှစ်ရက်၊ဥပုသ်အတွက်တစ်ရက်နေ့တွေမှာ အင်္ဂါရှစ်တန်နဲ့ပြည့်စုံတဲ့ ဥပုသ်သီလစောင့်တည်ပါတယ်၊ ဤမှန်ကန်တဲ့ သစ္စစကားကြောင့် အရှင်ရသေ့ သားဆုပေးပါ၊ မုသာစကားတွေ ဖြစ်ပါက ခေါင်းခုနစ်စိပ် ကွဲပါစေ” ဟု တိုင်တည်သစ္စာဆို၏။

“တရားဂုဏ်အလုံးစုံတို့သည် မိဖုရားကြီးမှာ ရှိကြပါတယ်၊ ခြွေရံသင်းပင်းပေါများလှပါတဲ့ မိဖုရားကြီး၊ မျိုးရိုးစင်ကြယ်လှပါတဲ့ အိုမိဖုရားကြီး၊ ခတ္တိယဇာတ် သာထူးသားမြတ်ကို ဧကန် ရပါလိမ့်မယ်” ဟူ၍ သိကြားမင်းက အားရဝမ်းသာပြောသည်။

“မြတ်နိုးဖွယ် ရသေ့ရဟန်းအသွင်နဲ့ တန်ဆာဆင်ထားပါတဲ့ အိုအရှင်၊ဟင်းလင်းပြင် ကောင်းကင် ယံမှာရပ်နေပါတဲ့ အိုအရှင်၊ ကျွန်ုပ်ရဲ့ စိတ်နှလုံးသို့ရောက်စေနိုင်တဲ့ မြတ်နိုးဖွယ်စကားကို ပြောတတ် ပါပေစွာ့”။ အသင်ဟာ နတ်ပြည်က နတ်မင်းပါလား? သို့မဟုတ် တန်ခိုးကြီးတဲ့ ရသေ့ရဟန်းပါလား? ကျွန်ုပ်ကို ထင်ရှားစွာ ပြောပြပါ” ဟု မေးရာ-

“သင့်ရဲ့ရှေ့မှောက်ယခုရောက်နေသူမှာ နတ်အပေါင်းက ဦးညွတ်ရတဲ့၊ မျက်လုံးတစ်ထောင် အမြင်ဆောင်နိုင်တဲ့ သိကြားမင်းဖြစ်ပါတယ်၊ သက်ရှိထင်ရှား လူလောကမှာ အကြင်အမျိုးသမီးတို့သည် မှန်စွာကျင့်ကြတယ်၊ပညာရှိကြတတယ် ။ သီလရှိကြတယ်၊ယောက္ခကို အိမ်ဦးနတ် လို လေးစားကြတယ်၊ ထိုကဲ့သို့ ပညာရှိတဲ့၊စင်ကြယ်တဲ့ အမျိဲးသမီးကို နတ်တွေက ဖူးမြင်လိုကြပါတယ်”

“အရှင်မ၊ ရှေးရှေးကပင် စင်ကြယ်တဲ့အကျင့်၊ ကောင်းတဲ့အကျင့်ကြောင့် အရှင်မသည် ယခု မင်းမျိုး၌ ဖြစ်ရတယ်၊
အလိုရှိတာမှန်သမျှ ပြည်စုံမယ်၊ ဤလူဘဝမှာ အခြံအရံ ပေါများတယ်၊ နောက်ဘဝမှာ နတ်ပြည်ရောက်မယ်၊ အိုအရှင်မ၊မိမိရဲ့ ဓမ္မကိုမိမိကိုယ်လို ထိမ်းပါ၊ ချမ်းသာပါလိမ့်မယ်၊ ကျွန်ုပ်ယခု နတ်ပြည်ပြန်တော့မယ်၊ မိဖုရားကြီးကို တွေ့ရတာကို နှစ်သက်လှပါတယ်”ဟုဆိုကာ သိကြားမင်း ကွယ်ပျောက် သွားသည်။

နံနက်မိုးသောက်ယံမှာ နဠကာရနတ်သားသည် သုမေဓာမိဖုရား၏ ဝမ်းကြာတိုက်မှာ သန္ဓေယူသည်။ နောင်တွင် မဟာပနာဒအမည်ရသည့် သားတော်အမည်ဖြင့် ဖွားမြင်၏။

ဇာတ်တော်ပေါင်းသောအခါ သိကြားမင်းသည် မြတ်စွာဘုရားအလောင်း၊ ထိုစဉ်က သုမေဓာ မိဖုရားကား ဝိသာခါ ကျောင်းအမ ဖြစ်ခဲ့ကြောင်း ကို ဟောပြသည်။

ဘုန်းကံကြီးမားမည့် သာသမီးတို့သည် မိုးသောက်ယံ(အရုဏ်တက်ချိန်)မှာ သန္ဓေယူလေ့ရှိ၏။ သားဆုပန်ကြမည့် အမျိုးသမီးများ ပြည့်စုံကြ ရသည့် ဓမ္မတို့ကို ဇာတ်တော်မှာ ပြဆိုထား၍ သားသားမီးမီး လိုချင်ကြသော မိဘများမှတ်သားလိုက်နာဖို့ ဖြစ်၏။ သို့မှသာ လူမင်းဘုန်းကြီး နတ်မင်းမနေသာတော့၍ လူမစွမ်းနတ်မ မည်။ (ဇာတ်အဋ္ဌကထာ၊၄။၃၁၅)

ကဏှဒီပါယနဇာတ်တွင် သားအသက်ရှင်ဖို့ သစ္စာဆိုခဲ့ရ၏။ ဤဇာတ်တော်မှာတော့ သားရဖို့ သီလဆောက်တည် သစ္စာဆိုရ၏။ ဘုရားရှင်နှင့်တွေ့ ခွင့်သာသူတို့သည် အတိတ်ဘဝများစွာကပင် ဘုရားအလောင်းနှင့်ပါတ်သက်ဖူးခဲ့သူများ ဖြစ်ကြသည်။ ယနေ့ခေတ်စကားဖြင့် ဆိုရသော် ဘုရားရှင်နှင့် ပဋ္ဌာန်းဆက်ရှိသူများဖြစ်ခဲ့ကြ၏။

ထိုဘဝက သိကြားမင်းပြောကြားခဲ့သလို ယခုဝိသာခါကျောင်းအမဖြစ်ရသည့်ဘဝမှာ အထက်တန်းကြပြီး စီးစိမ်ဥစ္စာကြွယ်ဝပြည့်စုံသည် သူဋ္ဌေးမျိုး၌ ဖြစ်ရ၏။

အစိန္တေယျ ဗုဒ္ဓဂေါတမသာသနာတွင် ဝိသာခါကျောင်းအမသည် အင်္ဂတိုင်း၊ ဘဒ္ဒိယမြို့နေ မေဏ္ဍက သူဋ္ဌေးကြီး၏ သား၊ဓနဉ္စယသူဋ္ဌေးနှင့် အဂ္ဂမဟေသီ သုမနဒေဝီတို့မှ မွေးဖွားသော သမီးရတနာဖြစ်လာပါသည်။

ဝိသာခါကျောင်းအမ၏အဖိုး မေဏ္ဍကသူဋ္ဌေးကြီးသည် ထိုဘဒ္ဒိယမြို့တွင် ဘုန်းကံကြီးသည့် သူဋ္ဌေးကြီးငါးဦးအနက် ထိပ်ဆုံး သူဋ္ဌေးကြီးတစ်ဦး ဖြစ်သည်။

ဗုဒ္ဓလက်တော်အခါက ၁။ မေဏ္ဍကသူဋ္ဌေး၊ ၂။ ဇောတိကသူဋ္ဌေး၊ ၃။ ဇဋိလသူဋ္ဌေး၊ ၄။ပုဏ္ဏကသူဋ္ဌေး၊ ၅။ ကာကဝလိယသူဋ္ဌေးဟူ၍ သူဋ္ဌေးကြီးငါးဦး ရှိသည်။ထိုသူဋ္ဌေးတို့၏ ကြွယ်ဝချမ်းသာခြင်းကို ယနေ့ခေတ်လို သန်းပေါင်း ဘီလီယံမည်မျှ ပိုင်ဆိုင်သည်ဟု မပြဆိုဘဲ၊ ရေတွက် လို့ မရနိုင်လောက်အောင် စည်းစိမ်ဥစ္စာများကို ပိုင်ဆိုင်ကြသည်ဟု ဆိုပါသည်။

မေဏ္ဍကသူဋ္ဌေးကြီး၊ဇနီး စန္ဒပဒုမ၊သားကြီး ဓနဉ္စယ၊ ချွေးမ သုမနဒေဝီ၊ ကျွန် မောင်ပုဏ္ဏတို့သည် ဘုန်းကံအလွန်ကြီး မားကြသူများ ဖြစ်ကြောင်း ကိုလည်း ဤသို့ ပြဆို၏။

မေဏ္ဍကသူဋ္ဌေးကြီး၏ နေအိမ်နောက်ဖက် ရှစ်ကရီသကျယ်ဝန်းသောအရပ်တွင် ဆင် မြင်း နွာလားဥသဘ အရွယ်မျှရှိကုန်သော ရွှေဆိတ်ရုပ် တို့သည် မြေကိုခွဲလျှက် ကျောကုန်းခြင်းထိစပ် ပေါ်ပေါက်လာ၏။

ထိုရွှေဆိပ်ရုပ်တို့၏ ပါးစပ်တို့၌ ငါးမျိုးသောအဆင်းရှိကုန်သော ချည်ခင်တို့သည် အထွေးလိုက် အထွေးလိုက် ထည့်ထားအပ်ကုန်၏။ ထောပတ် ဆီ ပျားရည် သကာတင်းလှဲ အဝတ်အထည် ရွှေငွေစတာတွေကို လိုအပ်သည့်အခါ ချည်လုံးတို့ကိုဖယ်၍ တစ်ကောင်သောဆိပ်ရုပ်၏ပါးစပ်မှ လိုအပ်တာကို ထုတ်ယူလိုက်ပါက ဇမ္ဗူဒိပ်တစ်ကျွန်းလုံး နေထိုင်သူများအားလောက်ငသော ထောပတ် ဆီ ပျားရည် သကာတင်းလှဲ အဝတ် အထည် ရွှေငွေတို့ ထွက်လာကြသတဲ့။ ထို့ကြောင့် မေဏ္ဍက သူဋ္ဌေးဟု အမည်တွင်သည်။

ဝိပဿီမြတ်စွာဘုရား တရားဟောတော်မူရာ ပလ္လင်၏အခြေတို့တွင် ရွှေဆိတ်ရုပ်လေးရုပ်၊ ခြေဆေးရာခုံ၌ နှစ်ရုပ်၊ မဏ္ဍပ်ပတ်လည် တွင် ခြောက်ရုပ်တို့ကို ချထားပြီး ရတနာမျိုးစုံတို့ဖြင့် တန်ဆာဆင်ဆောက်လုပ်ထားသောကျောင်းဆောင်ကို လှူဒါန်းခဲ့ဖူးခြင်း၊သည့်အပြင် ဤဘဒ္ဒကမ္ဘာတွင် ဗာရာဏသီသူဋ္ဌေးဖြစ်စဉ်ကလည်း အငတ်ဘေးဆိုက်ရောက်ချိန်၌ မိသားစုလေးဦးနှင့်ကျွန်တစ်ဦး အတွက်သာရှိသည့်ထမင်းကို ပစ္စေကဗုဒ္ဓါ အရှင်မြတ်အားလှူဒါန်းပြီး မည်သည့်အခါ အငတ်ဘေး မဆိုက်ရောက်ရပါလို၏။ ဇမ္ဗူဒိပ်တစ်ကျွန်လုံး လောက်ငှအောင် ကို ကျွေးမွေးနိုင်သူဖြစ်ရပါလို၏။ ဒီဇနီး၊ ဒီသား ဒီချွေးမ၊ ဒီကျွန်တို့နှင့်လည်း ဘဝတိုင်းမှာ ကြုံရပါလို၏-ဟု ဆုတောင်းခဲ့သဖြင့် ယခုကဲ့သို့ အတူ ပေါင်းစုံကြခြင်းဖြစ်၏။

ထိုအငတ်ဘေးတွင် ဇနီး၊သား၊ချွေးမ၊ ကျွန်ပုဏ္ဏတို့သည်လည်း မိမိတို့ဝေစုကို မစားကြဘဲ လှူဒါန်းကြပြီး ဖြစ်လေရာဘဝအငတ်ဘေးနှင့် မကြုံဖို့၊ အတူတူပေါင်းဆုံကြရဖို့နှင့် အခြားသူများကို ကျွေးမွေးနိုင်ဖို့ကို အသီးသီး ဆုတောင်းလာခဲ့ကြ၍ယခုဘဝတွင် ဆုတောင်းပြည့်ခဲ့သူများ ဖြစ်ကြ၏။ ထိုကြောင့် ဘုန်းကံကြီးမားသည့် မိသားစုဟူ၍ အသိအမှတ်ပြုခံကြရ၏။

မေဏ္ဍကသူဋ္ဌေးကြီးသည် စပါးကျီကို တံမျက်လှဲ ဦးခေါင်းကိုဆေးလျော်၍ ကျီဝ၌ထိုင်လျှက် ကောင်းကင်ကို မော်ကြည့်လိုက်ပါက ကောင်းကင်မှ နီသောသလေးစပါးမိုး ရွာချစေနိုင်ခြင်း ကိုလည်းကောင်း-

သူဋ္ဌေးကတော်ကြီးသည် တစ်ပြည်ဝင်ထမင်းအိုးနှင့် ဟင်းအိုးအနီးနေကာ များစွာသောလူအပေါင်း အား ရွှေယောင်းမဖြင့် တစ်နေကုန် ကော်ခပ်ပေးသော်လည်း ထိုတစ်ပြည်ဝင်အိုးမှ ထမင်းတို့ လုံးဝ မကုန်ခြင်းကိုလည်းကောင်း-

သူဋ္ဌေးသားသည် ဦးခေါင်းကိုဆေးလျော်၍ တစ်ထောင်ဝင်အိတ်ဖြင့် “ငွေအသပြာကို အလိုရှိသူများ လာယူကြ”ဟု ဆိုကာ လာရောက်ယူကြသူ တိုင်းအား ပေးသော်လည်း ထိုတစ်ထောင်မှာ မကုန်နိုင်ခြင်းကိုလည်းကောင်း-

သူဋ္ဌေးချွေးမသည် တန်ဆာဆင်လျှက် လေးစိတ်ဝင်တောင်အနီးတွင်နေ၍ “မျိုးစေ့အတွက် အလိုရှိသူအားလုံးတို့ လာယူကြ”ဟုဆိုကာ လာသူအားလုံးကို ပေးပါသော်လည်း မကုန်ခန်းနိုင် တောင်းမှာ ပြည့်မြဲ ဖြစ်ခြင်းကိုလည်းကောင်း-

သူဋ္ဌေးကျွန်သည် တစ်ခါထွန်းရေးငင်သဖြင့် ထွန်းရေးခုနစ်ကြောင်း ပေါ်အောင် ထွန်းပြနိုင်ခြင်း ကိုလည်းကောင်း- အသီးသီး ဘုန်းကံ ထူးကြသူများ ဖြစ်ကြကုန်၏။ ထိုခေတ်က ဇမ္ဗူဒိပ်တစ်ကျွန်းလုံး နေထိုင်သူအားလုံးတို့သည် ထောပတ် ဆီ ပျားရည် သကာတင်းလှဲ အဝတ် အထည် ရွှေငွေ ဆန်ရေစပါး ထမင်းရိက္ခာတို့ကို သူဋ္ဌေးကြီးအိမ်မှာပင် လာရောက် ယူကြသည်။

သူဋ္ဌေးမိသားစုတို့၏ ထိုကဲ့သို့သော ဘုန်းကံအလွန်ကြီးမားကြောင်းကို ဗိမ္ဗိသာရမင်းက ကြားသိသဖြင့် သဗ္ဗတ္ထကအမတ်ကြီးကို သွားရောက် စုံစမ်းကြည့်ရှုစေရာ အားလုံးမှန်ကန်ကြောင်းကို ပြန်လည်သံတော်ဦးခဲ့ရ၏။

ဤမျှဆိုသော် ဝိသာခါကျောင်းအမ၏ မျိုးရိုးကား အဘယ်မျှ ချမ်းသာကြွဝပြီး အဘယ်မျှ ကြီးကျယ်မြင့်မားသည်ကို ရိပ်စားနိုင်လောက်မည် ထင်ပါသည်။

မှတ်ချက်။ ။ ဆက်လက်ဖေါ်ပြပါမည်။

မေတ္တာများဖြင့်
အရှင်သိရိန္ဒ
2012-ခု၊ မေလ(၉)ရက်၊ ဗုဒ္ဓဟူးနေ့။
မှတ်ချက်=မေတ္တာဥယျာဉ်ဆိုဒ်မှကူးယူတင်ပြသည်

Views: 42

ဘလော့အမျိုးအစား(ဇာတ်တော်)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

ဝိ သု ကြုံ (အသေမဦးခင်) သည် July 18, 2012 က 5:17pmတွင် မှတ်ချက်ရေးသားသွားပါသည်။

သာဓု..................သာဓု...............သာဓု

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................


anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

လေ့လာရန်

အဖွဲ့ဝင်များအားသိစေရန်


☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

အဖွဲဝင်များ

  • ၄၄၂ဇော်နိုင် ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • Thaung Tan ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • thein wai

  • dimplemit ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

dimplemit commented on မူကြိုဆရာ's blog post '“… ရဟန်းကို ဘာကြောင့် ရိုသေလေးစားရှိခိုးထိုက်သလဲ …”'
"ဒီဘလော့သည် ကိုသောင်းတန်တင်ထားသောပိုစ့်နှင့်(၂၀ရက်ရက်စွဲဖြင့်)ထပ်တူဖြစ်နေပါသည်။ စည်းကမ်းချက်အရ…"
9 minutes ago
dimplemit liked မူကြိုဆရာ's blog post 'ကဆုန် ညောင်ရေသွန်းပွဲတော်'
33 minutes ago
dimplemit commented on thein wai's blog post 'လက်ဆောင်ပေးတဲ့ အထဲမှာ အကောင်းဆုံး လက်ဆောင်ဆိုတာ ဘာဖြစ်မလဲ ?။'
"ကျေးဇူးအထူးပါ။"
36 minutes ago
dimplemit liked thein wai's blog post 'လက်ဆောင်ပေးတဲ့ အထဲမှာ အကောင်းဆုံး လက်ဆောင်ဆိုတာ ဘာဖြစ်မလဲ ?။'
37 minutes ago
thein wai posted a blog post

လက်ဆောင်ပေးတဲ့ အထဲမှာ အကောင်းဆုံး လက်ဆောင်ဆိုတာ ဘာဖြစ်မလဲ ?။

ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ကြားမှာ မိဘက သားသမီး ကိုပဲဖြစ်ဖြစ်၊ သားသမီးက မိဘကိုပဲဖြစ်ဖြစ်၊ တပည့်က…See More
1 hour ago
padout liked dimplemit's blog post 'ဘ၀မှာ ဘာအရေးကြီးဆုံးလဲဆိုတာ....'
2 hours ago
thein wai shared their blog post on Facebook
3 hours ago
thein wai shared their blog post on Facebook
3 hours ago
ဦးအောင်ကိုး commented on လှိုင်ကျော်ထွေး's blog post 'ဒုဗ္ဗလ ၀ိပဿနာဆိုတာ ဘာလဲ'
"ကျေးဇူးတင်ပါတယ်"
3 hours ago
ဦးအောင်ကိုး commented on လှိုင်ကျော်ထွေး's blog post 'ကာမဂုဏ်ချမ်းသာတကာတွေထဲမှာ ဘယ်ကာမဂုဏ်ဟာ အချမ်းသာဆုံးလဲ'
"လူ့ လောကထဲမှာ တော့ ဘာကာမဂုဏ်ချမ်းသာမှ ချမ်းသာအစစ်မဟုတ်တကယ်ချမ်းသာမရှိလို့ မှတ်ယူနိုင်ပါသည်."
4 hours ago
မူကြိုဆရာ posted blog posts
4 hours ago
Soe Gyi shared လှိုင်ကျော်ထွေး's blog post on Facebook
6 hours ago

© 2013   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...