ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်ကောင်းမြတ်မင်းမှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

“ကံ ကောင်းသူ”

သာမဏေကျော်

´နက္ခတ်ကို မျှော်လင့်စောင့်ဆိုင်းနေတဲ့ လူမိုက်ကို ကောင်းကျိုးတွေက ကျော်လွန်သွားတယ်။ ကိုယ်ရှာဖွေနေတဲ့ ကောင်းကျိုးကသာ အကျိုးအတွက် နက္ခတ်မည်တယ်။ ကောင်းကင်က နက္ခတ်တာရာ တွေက ဘာအကျိုး ပြီးစေနိုင်မှာလဲ´။

( ဇာတက၊ ဧကက၊၅၊ အတ္ထကာမ၀ဂ္ဂ၊ ၉၊ နက္ခတ္တဇာတက)

ဒီစကားကို မြတ်စွာဘုရားက အာဇီဝကတစ်ယောက်ကို အကြောင်းပြုပြီး ဟောတော်မူပါတယ်။ သာဝတ္ထီမြိုံက အမျိုးသမီးတစ်ဦးကို ဇနပုဒ်က အမျိုးသားတစ်ဦးက သူ့သားအတွက် စကားကြောင်းလမ်းပြီး "ဘယ်နေ့မှာ လာခေါ်ပါ့မယ်"လို့ နေ့ကို သတ်မှတ်ပေးလိုက်ပါတယ်။

အဲဒီနေ့ရောက်တော့ သူ့အိမ်မှာ ကြွလာလေ့ ရှိတဲ့ အာဇီဝက တက္ကတွန်းကို "အရှင်ဘုရား ၊ ဒီနေ့ တပည့်တော်တို့ မင်္ဂလာတစ်ခု ပြုကြပါမယ်။ နက္ခတ် ကောင်းပါ သလား"လို့ မေးပါတယ်။ အဲဒီ တက္ကတွန်းက " ဒီ ဒကာဟာ ငါ့ကို အရင်မမေးဘဲနဲ့ နေ့သတ် မှတ်ပြီး အခုမှ ငါ့ကို လာမေးတယ်၊ ရှိပစေ၊ ငါပညာပြလိုက်မယ်" လို့ စိတ်ဆိုးကာ "ယနေ့ နက္ခတ် မကောင်းဘူး။ ဒီနေ့ မင်္ဂလာ မလုပ်နဲ့ လုပ်ရင် အကြီးအကျယ် ပျက်စီးလိမ့်မယ် "လို့ ပြောပါတယ်။

အဲဒီအိမ်က လူတွေက အဲဒီတက္ကတွန်းကို ယုံကြည်ပြီး သတ်မှတ်ထားတဲ့နေ့မှာ မင်္ဂလာပွဲကို မသွား ကြပါဘူး။ မြို့ကလူတွေက မင်္ဂလာ ကိစ္စအားလုံး ပြုလုပ်ပြီး သူတို့ မလာတော့တာကို သိလို့ "သူတို့ပဲ ဒီနေ့ကို မင်္ဂလာပွဲနေ့ အဖြစ် သတ်မှတ်ထားတယ်။

အခုတော့ သူတို့ မလာကြဘူး။ ငါတိုံမှာလည်း ပျက်စီးမယ့် အလုပ်ကို အများကြီးလုပ်ထားတယ်။ သူတို့နဲ့ ဘာအကျိုးရှိမှာလဲ။ ငါတို့ရဲ့ သမီးကို အခြားသူအား ပေးမယ်လို့ ဆုံးဖြတ်ကာ ပြင်ဆင်ထားတဲ့ မင်္ဂလာပွဲနဲ့ အခြားသတိုးသားနဲ့ ပေးစားလိုက်ပါတယ်"။

နောက်တစ်နေ့ အမျိုးသားဘက်က လူတွေကလာပြီး "ငါတို့အား သတို့သမီးကိုပေးပါ" လို့ ပြောကြတယ်။ အဲဒီအခါမှာ အမျိုးသမီးဘက်က လူတွေက "သင်တို့ဟာ ယုတ်မာတဲ့ လူတွေ ဖြစ်လို့ နေ့ရက် သတ်မှတ်ပြီး အထင်သေးလို့ မလာကြဘူး။ လာလမ်းနဲ့ပဲ ပြန်ကြပေတော့၊ အခြားအမျိုးသားအား သမီးကို ပေးလိုက်ပြီ" လို့ ပြောကာ ဆဲဆို ကြပါတယ်။ နှစ်ဦးနှစ်ဖက် စကားများ အငြင်းပွားကြပါတယ်။ အမျိုးသမီးကို မရဘဲ အမျိုးသား ဘက်က ဇနပုဒ်သားတွေဟာ လာလမ်းနဲ့ပဲ ပြန်သွားကြရပါတယ်။

အဲဒီအာဇီဝ တက္ကတွန်းကြောင့် အဲဒီလူတွေရဲ့ မင်္ဂလာကိစ္စ ပျက်သွားရတဲ့အကြောင်းဟာ ရဟန်းတွေရဲ့ အလယ်မှာ ထင်ရှားပါတယ်။ ရဟန်းတွေက တရားသဘင်မှာ အဲဒီမင်္ဂလာကိစ္စအကြောင်း ပြောကာ ထိုင်နေ ကြပါတယ်။ ဘုရားက "ဘာစကားတွေ ပြောပြီး ထိုင်နေကြတာလဲ" လို့ မေးလို့ အဲဒီ အကြောင်းကို လျောက်ထား ပြကြပါတယ်။ " အခုမှသာ အာဇီဝက က မင်္ဂလာ ကိစ္စကို အန္တရာယ်ပြု ခဲ့တာ မဟုတ်ဘူး။

ရှေးကလည်း လုပ်ခဲ့တယ်" လို့ မိန့်ကာ အတိတ်ဇာတ်ကြောင်းမှာ ဘုရားအလောင်း တော်ဖြစ်တဲ့ ပညာရှိမြို့သားက အထက်မှာ ဖော်ပြခဲ့တဲ့ စကားကို ပြောကြားပါတယ်။

နက္ခတ်ကောင်း၊ အခါကောင်း၊ အချိန်ကောင်း၊ နေ့ရက်ကောင်း တွေကို ရွေးကြတဲ့ ပုဂ္ဂိုလ်တွေအတွက် မှတ်သားလိုက်နာစရာ ဖြစ်ပါတယ်။ နက္ခတ်ကောင်း ၊ အချိန်ကောင်း၊ နေ့ရက်ကောင်းက ကောင်းကျိုးကို ပေးနိုင်တာမဟုတ်ပါဘူး။ အလုပ်ကောင်း၊ အပြောကောင်း၊ အကြံကောင်း၊ စိတ်ထားကောင်းတွေရှိရင် နံနက်ရှိက အဲဒီနံနက်ဟာ ကောင်းတဲ့ နံနက်ခင်း၊ နေလယ်ရှိက အဲဒီနေ့လယ်ဟာ ကောင်းတဲ့ နေ့လယ်ခင်း၊ ညနေရှိက အဲဒီ ညနေဟာ ကောင်းတဲ့ ညနေခင်းပါပဲ။

ကောင်းကျိုးတွေကို ကောင်းကင်က နက္ခတ်တွေက မပေးနိုင်တာကို လူတွေဟာမသိဘဲ နားမလည်ဘဲ ဖြစ်နေကြပါတယ်။ ကိုယ့်ရဲ့ အလုပ်ကောင်း၊ အပြောကောင်း၊ အကြံကောင်း၊ စိတ်ထားကောင်း တွေကပဲ ကောင်းကျိုးတွေကို ပေးနိုင်တယ်ဆိုတာကိုလည်း နားမလည်ဘဲ ရှိနေကြပါသေးတယ်။ ကောင်းကျိုးတွေရဲ့ အကြောင်းမှန်ကို မရှာကြံနိုင်၊ မသိရှိနိုင် ဖြစ်နေကြပါတယ်။ မသိနားလည်သူတွေက နက္ခတ်ကောင်း၊ အချိန်အခါကောင်း၊ နေ့ရက်ကောင်းကို မရွေးချယ်နိုင်ကြပါဘူး။

အချိန်အခါ၊ နေ့ရက်၊ နက္ခတ်ကောင်းဖို့ဆိုတာ အလုပ်၊ အပြော၊ အကြံ၊ စိတ်ထားတွေ ကောင်းရပါတယ်။ ကာယကံ၊ ၀စီကံ၊ မနောကံဆိုတဲ့ ကံသုံးပါး မကောင်းရင် နက္ခတ်လည်း မကောင်း။ အချိန်အခါနေ့ ရက်လည်း မကောင်းပါဘူး။ ကောင်းကျိုးလည်း မရနိုင်ပါဘူး။ ကောင်းကျိုးကို လိုချင်ရင် ကံကောင်းဖို့ပဲ လိုပါတယ်။ ကံအကြောင်း ကောင်းရင် ကောင်းကျိုးတွေကိုရဖို့ တောင့်တ နေစရာတောင် မလိုပါဘူး။ သူ့အလိုလို ရောက် လာပါလိမ့်မယ်။ ကံကောင်းသူတွေ ဖြစ်အောင် ကြိုးစားဖို့ပဲ လိုပါတယ်။

အားလုံး ကံကောင်းတဲ့သူတွေ ဖြစ်အောင် ကုသိုလ်ဖြစ်မည့် အလုပ်ကောင်း ၊ အပြောကောင်း၊ အကြံ ကောင်းများ ဖြစ်အောင် ပြုလုပ်ဆောင် ရွက်နိုင်ကြပါစေ။

မေတ္တာများဖြင့်

ရေး=အရှင်သိရိန္ဒ

မေတ္တာဥယျာဉ်ဆိုဒ်မှာကူးယူတင်ပြသည်
2012-ခု၊ ဇွန်လ (၄)ရက်၊ တနင်္လာနေ့။

Views: 123

ဘလော့အမျိုးအစား(ဆောင်းပါး)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

၄၄၂ဇော်နိုင် သည် July 25, 2012 က 12:24amတွင် မှတ်ချက်ရေးသားသွားပါသည်။

ကျေးဇူးပဲဗျာ

ဝိ သု ကြုံ (အသေမဦးခင်) သည် July 20, 2012 က 1:29pmတွင် မှတ်ချက်ရေးသားသွားပါသည်။

သာဓု...သာဓု.....သာဓု

ayeayemaw သည် July 17, 2012 က 11:36amတွင် မှတ်ချက်ရေးသားသွားပါသည်။

very good

ကလေးတို.ဆရာမ သည် July 16, 2012 က 4:48pmတွင် မှတ်ချက်ရေးသားသွားပါသည်။

သိပ်ကောင်းပါတယ်-အောင်အောင်ရေ-
ဆရာမရဲ့ ရေဒိယိုအစီအစဉ်အတွက် ယူသွားပြီနော် -
အခွင့်ကြုံတဲ့အခါ သုံးပါ့မယ် -
ရွှင်လန်းချမ်းမြေ့ပါစေကွယ်

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................


anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

လေ့လာရန်

အဖွဲ့ဝင်များအားသိစေရန်


☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

အဖွဲဝင်များ

  • ဂီဂီ

  • capt, kyaw hsaung ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • Daw Nwe Nwe Win ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • kham ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • pont pont ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • ဓနုလေးဖိုးအော် ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

Htain Lin Oo liked မူကြိုဆရာ's blog post 'တောင်ဖီလာဆရာတော်၏ သီလဂုဏ်'
29 minutes ago
Profile Iconဂီဂီ, ye latt, အားလုံးမင်္ဂလာပါ and 2 more joined ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺
50 minutes ago
Htain Lin Oo commented on မူကြိုဆရာ's blog post 'တောင်ဖီလာဆရာတော်နှင့် စက်တော်ရာနှစ်ဆူ ရှာဖွေခြင်း'
"သိရှိမှတ်သားကြည်ညို ရပါသည်။ တောင်ဖီလာဆရာတော်ကြီး ဘုရားဆုပန်ကြောင်းလည်းသိရ၍ သာဓုခေါ်ပါသည်၊…"
1 hour ago
Htain Lin Oo liked မူကြိုဆရာ's blog post 'တောင်ဖီလာဆရာတော်နှင့် စက်တော်ရာနှစ်ဆူ ရှာဖွေခြင်း'
1 hour ago
Htain Lin Oo commented on မောင်မြင့်'s blog post '"မိဘကျေးဇူးအကျေဆပ်နည်း"'
"ဆရာတော်ကို ဦးခိုက်ပူဖော်ပါတယ်။ ကူးယူမျှဝေပေးတဲ့ ဦးမောင်မြင့် ကိုလည်း ကျေးဇူးတင်ပါတယ်။"
1 hour ago
Htain Lin Oo liked မောင်မြင့်'s blog post '"မိဘကျေးဇူးအကျေဆပ်နည်း"'
1 hour ago
mun mun aung liked လှိုင်ကျော်ထွေး's blog post 'သောတာပန် ကာမဂုဏ်ခံစားမှုနှင့် ပုထုဇဉ်တို့ ခံစားမှုဟာ အတူတူပဲ မဟုတ်လား'
1 hour ago
Htain Lin Oo commented on မောင်မြင့်'s blog post 'ကဆုန်လပြည့်နေ့ ရွှေတိဂုံစေတီတော် မြင်ကွင်းများ'
"ကျေးဇူးတင်ပါသည်။"
1 hour ago
Htain Lin Oo liked မောင်မြင့်'s blog post 'ကဆုန်လပြည့်နေ့ ရွှေတိဂုံစေတီတော် မြင်ကွင်းများ'
1 hour ago
မူကြိုဆရာ posted blog posts
2 hours ago
ငှက်တေလေ posted a status
"ဘယ်သူကိုမှ မထိခိုက် မနစ်နာစေပဲ ကောင်းတာလုပ်တာ ကုသိုလ်ပေါ့ ဒါအကျမ်းဖျင်းပြောတာနော်"
2 hours ago
waiwaiphyo liked မူကြိုဆရာ's blog post 'တောင်ဖီလာဆရာတော်နှင့် စက်တော်ရာနှစ်ဆူ ရှာဖွေခြင်း'
3 hours ago

© 2013   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...