ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်ကောင်းမြတ်မင်းမှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

္စ္ကမဟာသတိပဋ္ဌာနသုတ် အနှစ်ချုပ် အပိုင်း(၃)

ဗုဒ္ဓစာပေ၌ လာသောသတိ
သတိဆိုတဲ့ သဘောတရားသည် ကောင်းတဲ့စိတ်နဲ့ ပဲယှဉ်တယ်၊ သောဘနစိတ်လို့ ခေါ်တယ်၊မကောင်းတဲ့စိတ်နဲ့ 
ယှဉ်တွဲပြီးမဖြစ်ဘူး၊ ဒါက define လုပ်ထားတာ၊ ကိုယ်ပြောတဲ့ စကားလုံးတစ်ခုဟာ ဘယ်အတွက်သာ သုံးရမယ်ဆို
တာ ကန့် သတ်ချက်လေးတွေ ပေးထားတယ်၊ ဒါကြောင့်မို့  ဗုဒ္ဓရဲ့ တရားတော်တွေမှာ သတိလို့ ပြောလိုက်ရင်
အကောင်းဘက်မှာရှိတယ်၊ ဒါဖြင့် မိစ္ဆာသတိကျ ဘယ်လိုပြောမလဲ?၊ မေးကောင်း မေးကြလိမ့်မယ်။
သုတ္တန်တွေမှာ သမ္မာသတိရှိသလို မိစ္ဆာသတိလည်းရှိတယ်၊ Right mindfulness, Wrong mindfulness နှစ်ခုထား
တယ်၊ မိစ္ဆာသတိဆိုတဲ့ စကားလုံးဟာ သတိဆိုတဲ့ နာမည်နဲ့ ယူထားပေမယ့် ဒီသတိကိုပြောတာ မဟုတ်ဘူးတဲ့၊
အမှတ်ရတဲ့ အနေနဲ့ ဖြစ်တဲ့ အကုသိုလ်စိတ်တွေရဲ့ ဖြစ်မှုပါတဲ့၊စာပေကျမ်းဂန်မှာဒီလိုဆိုတယ်၊ဘာဖြစ်လို့ တုန်းဆိုရင်
ရောထွေးမှု မဖြစ်စေရန်အတွက် သတိဆိုရင် ကောင်းတာပဲယူတယ်၊ ကောင်းတဲ့ဘက် ကောင်းတဲ့အာရုံ ကောင်းတဲ့
စိတ်တွေနဲ့ ယှဉ်တွဲလာတာကိုပဲ သတိလို့ ခေါ်တယ်။ ဒီသတိလေးဟာ "သတိံစ ခွါဟံ ၊ သဗ္ဗတ္ထိကံဝဒါမိ" လို့ 
မြတ်စွာဘုရားက ဗောဇ္ဈင်တရားထဲမှာ ဟောထားတယ်၊ ဗောဇ္ဈင်တရား ၇-ပါးထဲမှာ သတိသမ္ဗောဇ္ဈင်္ဂေါဆိုတာ
ပါတယ်၊ `သတိံစခွါဟံ၊ သဗ္ဗတ္ထိကံ ၀ဒါမိ´ဆိုတာ သတိတရားကို အမြဲတမ်းလိုအပ်တယ်၊ သတိဆိုတာ ပိုတယ်လို့ မရှိဘူး၊ အမြဲတမ်းလိုတယ်၊ဟင်းလျာ အားလုံးမှာ ဆားပါရတယ်၊ဆားပါမှ အရသာလေးသလို
အရာခပ်သိမ်းမှာလည်း သတိဟာလိုအပ်နေတယ်။
ဝီရိယတို့ သမာဓိတို့ ကျန်တဲ့တရားတွေက အရာခပ်သိမ်း အချိန်မရွေး လိုအပ်နေတာ မဟုတ်ဘူး၊ အတိုး အလျော့လုပ်ပေးရတယ်၊၀ီရိယလည်း အတိုးအလျော့ လုပ်ပေးရတယ်၊သမာဓိဆိုတာလည်း ကောင်းတယ်
ဆိုပေမယ့် အတိုးအလျော့လုပ်ပေးရတယ်၊အမြဲတမ်း လိုအပ်နေတာ မဟုတ်ဘူး၊ အမြဲတမ်းလိုအပ်နေတာကသတိပဲ၊
အဲဒီသတိလေးကို ဥပဋ္ဌာနဆိုတဲ့ စကားလုံးနဲ့ တွဲပြီးတော့ သုံးလိုက်တဲ့အခါ `ဥပ´ဆိုတာ အာရုံနဲ့ ကပ်ပြီးတော့
`ဌာန´တည်ရှိနေတာ၊ အာရုံပေါ်မှာကပ်ပြီးတော့ တည်ရှိနေတဲ့သတိကို သတိပဋ္ဌာနလို့ ခေါ်တယ်။
အဲဒီတော့ စကားလုံး နှစ်လုံး သုံးထားပေမယ့်လို့  သတိပဋ္ဌာနဆိုတာ ဒီသတိလေးကိုပြောတာ၊အဲဒီသတိဟာ ဘယ်
သတိလည်းဆိုရင် အာရုံ ၄-မျိုးကို အမြဲတမ်း စူးစိုက်ပြီးနေတဲ့ သတိတရားလို့  ဒီလိုဆိုတယ်၊အဲဒီ သတိကိုပဲ မဂ္ဂင်
၈-ပါးထဲမှာ သမ္မာသတိလို့ ဆိုတယ်၊ မဂ္ဂင် ၈-ပါးကို ရှင်းတဲ့အခါ သမ္မာသတိဆိုတာ ကာယ ဝေဒနာ စိတ္တ ဓမ္မ ဆိုတဲ့
အာရုံ ၄-ရပ်ပေါ်မှာ စူးစိုက်ပြီးတော့ အမြဲတမ်း ယှဉ်ကပ်နေတဲ့ သတိလို့ ဆိုလိုတယ်။
အာရုံ ၄-မျိုးပြားလို့  သတိကိုလည်း ၄-မျိုးလို့ ခေါ်ထိုက်တာ၊တကယ်တော့ သတိဟာတစ်ခုတည်းပဲ၊ဒါကြောင့် သတိပဋ္ဌာနဆိုတာ အာရုံ ၄-ရပ်ပေါ်မှာ အမြဲတမ်းစူးစိုက်ပြီးနေတဲ့ အမှတ်ရမှု စူးစိုက်မှု သတိတရားလို့  ဒီလိုဆိုတယ်။
သို့ သော် တစ်ခါတစ်ရံ အင်္ဂလိပ်လိုပြန်တဲ့အခါ Foundation of mindfulness လို့ ပြန်တယ်၊Foundation ဆိုတာ
ဥပဋ္ဌာနကိုပြန်တာ၊ ဥပဋ္ဌာနသည်သတိ၏ တည်ရာဌာနဖြစ်လို့ သူ့ ကို Foundationလို့ ခေါ်တယ်၊ Foundation of
Mindfulness ဆိုရင် သတိကို မရပဲ ကာယ ဝေဒနာ စိတ္တ ဓမ္မ ဆိုတဲ့ ဒီ ၄-ခုကိုရတယ်၊ အာရုံသက်သက်ဟာ သတိ
မဟုတ်ဘူး၊ဒီနေရာမှာ ပြောချင်တာက သတိအကြောင်းပြောချင်တာ၊ အာရုံအကြောင်း ပြောချင်တာ မဟုတ်ဘူး၊
အာရုံကိုပြောချင်တာ မဟုတ်သည့်အတွက်ကြောင့် အင်္ဂလိပ်လိုပြောနေကြတဲ့ 4 Foundation of Mindfulness
ဆိုတာ စဉ်းစားစရာဖြစ်လာတယ်၊အဲဒါကြောင့် တကယ်အဓိပ္ပါယ် မှန်မှန်ဖြစ်အောင် ပြန်မယ်ဆိုရင် Mindfulness
established on Four Foundation လို့ ပြန်ရမယ်၊Four Foundation ပေါ်မှာအခြေတည်ပြီး တည်ဆောက်ထားတဲ့
သတိတရားလို့ ပြန်မှ မှန်မယ်။
သတိဟာလည်း သတိပဲ၊ ဥပဋ္ဌာနဟာလည်း သတိပဲ၊ ရိုးရိုးသတိ မဟုတ်ဘူး၊ အာရုံလေးရပ်နဲ့  ယှဉ်ကပ်နေတဲ့သတိ
လို့ ပြောတာ ဥပဋ္ဌိတာ သတိ၊ အဲဒီ အဓိပ္ပါယ်နဲ့  မြတ်စွာဘုရားက ဒိသတိပဋ္ဌာန ဆိုတဲ့ စကားလုံးကို သုံးတာ။
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)၏ မဟာသတိပဋ္ဌာနသုတ် အနှစ်ချုပ်မှကူးယူပူဇော်ပါသည်။
ဆက်လက်ဖော်ပြပါမည်။

Views: 74

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

Ko Chit သည် July 16, 2012 က 11:23pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ကျေးဇူးအထူးတင်ပါသည် ခင်ဗျာ ။ အနှစ်သာရပြည့်ဝတဲ့ ဓမ္မစာပေတွေတင်ပေးတာအလွန်ကျေးဇူးတင်ပါတယ် ။ သာဓု သာဓု သာဓု

ayeayemaw သည် July 16, 2012 က 3:27pmတွင် မှတ်ချက်ရေးသားသွားပါသည်။

thanks u par

ရဲမင်းထွန်း သည် July 15, 2012 က 11:41pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ကျွန်တော် သတိဆိုတာကို ဘာလဲလို. ကိုယ်.ဘာသာ ကို လဲ သေသေချာချာစဉ်းစားကြည်.ပါတယ် အဖြေက သိသလိုလိုနဲ.သေသေချာချာမသိပါဘူး အခုတက်သိနားလည်တဲ.သူတွေကိုမေး ပြီးသိအောင်ကြိုးစားနေတုန်းပါ သေသေချာချာ၇ှင်း၇ှင်းလင်းလင်း သိ၇အောင် အခုလိုတင်ပေးတဲ.အတွက် အ၇မ်းပဲကျေးဇူးတင်ပါတယ် ဆက်လက်ဖော်ပြမှာကိုလဲ စောင်.မျှော်ဖက်ရှု မှတ်သားပါမယ် သာသနာ.အကျိုးကိုယခုထက်ပိုမို ဆောင်၇ွက်နိုင်ပါစေခင်ဗျာ

ကလေးတို.ဆရာမ သည် July 15, 2012 က 9:50pmတွင် မှတ်ချက်ရေးသားသွားပါသည်။

သာဓု -သာဓု -သာဓုပါ

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................


anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

လေ့လာရန်

အဖွဲ့ဝင်များအားသိစေရန်


☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

ဇော်ထက်မောင် commented on မောင်မြင့်'s blog post 'ကဆုန်လပြည့်နေ့ ရွှေတိဂုံစေတီတော် မြင်ကွင်းများ'
"သာဓု သာဓု သာဓုပါခင်ဗျာ ကြည့်ရှုသွားပါတယ် ကျွန်တော်ကိုယ်တိုင်တော့ အခါကြီးရက်ကြီးမျိုး…"
44 minutes ago
မောင်မြင့် posted a blog post

ကဆုန်လပြည့်နေ့ ရွှေတိဂုံစေတီတော် မြင်ကွင်းများ

          ကဆုန် လပြည့်နေ့ ဟာ ဗုဒ္ဓဘာသာဝင်တိုအတွက် အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ် ။ ကဆုန် လပြည့်…See More
54 minutes ago
ဇော်ထက်မောင် posted a blog post

ဗုဒ္ဓကမ္ဘာဆိုဒ်တွင်းရှိ ဓမ္မဘလော့ဘ်ရေးသားသူများ (မျှဝေဓမ္မဒါနပြုသူများ) သို့ မေတ္တာရပ်ခံလွှာ

ကျွန်ုပ်တို့၏ ဗုဒ္ဓကမ္ဘာ(ဓမ္မ)ဆိုဒ်သည် စတင်တည်ထောင်ခဲ့သည်မှစ၍ ဗုဒ္ဓဘာသာဝင်ရဟန်း၊ရှင်၊လူ အများအတွက်..၁။…See More
1 hour ago
aung aung soe commented on dimplemit's blog post 'တန်ဖိုးသိမှ တန်ဖိုးရှိမည်....၁'
"ကျေးဇူးတင်ပါတယ်"
1 hour ago
Profile Iconye latt, အားလုံးမင်္ဂလာပါ, ကျော်ကျော်အောင် and 4 more joined ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺
1 hour ago
Thaung Tan posted blog posts
2 hours ago
susuwin liked ကောင်းမြတ်မင်း's group ၀ိပဿနာရှူနည်းများလေ့လာနိုင်ရန်..
3 hours ago
မြတ်သွင်ကို commented on ကောင်းမြတ်မင်း's blog post 'ဗုဒ္ဓကမ္ဘာဆိုဒ်လေးကို Android ဖုန်းတွေအတွက်(APK)'
"ကျေးဇူးပါ"
3 hours ago
လှိုင်ကျော်ထွေး posted blog posts
3 hours ago
Cicada shared ucandima's blog post on Facebook
3 hours ago
Cicada shared ucandima's blog post on Facebook
3 hours ago
Cicada shared ucandima's blog post on Facebook
3 hours ago

© 2013   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...