ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်ကောင်းမြတ်မင်းမှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

by ဗုဒ္ဓဘာသာ / အတွေးအမြင် on Friday, March 23, 2012 at 8:34pm ·

(အရှင်ဘုရားအယူမှားရင် ငရဲကျမယ်လို့ပြောတာ ဘာသာခြားတွေကိုငရဲကျမယ်လို့ပြောတာနဲ့ အတူတူပဲမဟုတ်လားဘုရား)

ကောင်ကလေးရေ..ကောင်ကလေးမေးခွန်းက သိပ်ကြောက်ဖို့ကောင်းနေပါလားကွယ်..။ ဒါပေမဲ့ ဦးဇင်းအတတ်နိုင်ဆုံး ကိုယ်စွမ်းအားဥာဏ်စွမ်းအား ရှိသလောက်ဖြေပေးပါ့မယ်။

``အယူမှားရင်ငရဲကျမယ်ဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အယူမှားတာနဲ့ ဘာသာခြားနဲ့ က သေချာတွေးကြည့်ရင် မသက်ဆိုင်လှတဲ့ အရာတစ်ခုပါ။ ဘာသာခြားတိုင်း အယူမမှားသလို အယူမှားတိုင်းလည်း ဘာသာခြားမဟုတ်ပါဘူး။´´

``ဗုဒ္ဓဘာသာရဟန်းပါလို့ အမည်ခံထားကြတဲ့ ပုဂ္ဂိုလ်တချို့တောင်မှ ဘုရားဟောတရားတွေကို မှန်မှန်ကန်ကန် မတွေးတတ် အဓိပ္ပါယ်မကောက်တတ်တော့ အယူမှားသွားတယ်လေ။ မြန်မာပြည်မှာ အဲလိုဘုန်းကြီးတွေ အများကြီးရှိပါတယ်။ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကကို အယူမှားသွားကြတဲ့ ရဟန်းတွေရှိပါတယ်´´

အယူမှားရင် ငရဲကျတယ်ဆိုတာက မက္ခလိဂေါသာလတို့ရဲ့ အယူမျိုးကို ပြောတာပါ။ မက္ခလိဂေါသာလရဲ့ အယူကို အနည်းငယ်မျှ သိသာရုံဖော်ပြပေးပါ့မယ်။

``အဖေ အမေရဲ့ ကျေးဇူးဆိုတာ မရှိဘူး။ သူ့အသက်သတ်ခြင်း သူ့ဥစ္စာခိုးခြင်း သူတစ်ပါးရဲ့ မိန်းမကိုကြာကူလီရိုက်ခြင်း မုဒိမ်းကျင့်ခြင်းစသော မကောင်းမှုတို့ကို ပြုလုပ်ခြင်းတို့ကြောင့် အကုသိုလ်ဆိုတာမဖြစ်ဘူး၊ အကုသိုလ်ဆိုတာ မရှိဘူး၊ အဖေကို သတ်ပစ်လို့လည်း ဘာမှမဖြစ်ဘူး၊ အမေကိုသတ်ပစ်လို့လည်း ဘာမှမဖြစ်ဘူး၊ လုပ်ချင်တာသာ လုပ်ပစ်လိုက် မကောင်းမှုဆိုတာ မဖြစ်ဘူး´´

``လုပ်ချင်တာလုပ်၊ လုပ်နေတုန်းလေး လုပ်ကာမျှမတ္တပဲ၊ ကောင်းတာပဲလုပ်လုပ် မကောင်းတာပဲလုပ်လုပ် လုပ်ကာမျှမတ္တပဲ၊ ငရဲဆိုတာလည်း မရှိဘူး၊ နတ်ပြည်ဆိုတာလည်း မရှိဘူး´´ဆိုတဲ့ အယူမျိုးကို သေသည့်တိုင်အောင် မစွန့်လွတ်ပဲ လွဲမှားစွာနဲ့ယူခဲ့ရင် ငရဲကျမည့်အယူမှားလို့ ပြောတာပါ။´´

       တကယ်တော့ ဘယ်ဘာသာဝင်ပဲဖြစ်နေပါစေ..။ ဆိုခဲ့တဲ့မကောင်းမှုတွေကို လုပ်ရင်တော့ငရဲကို သွားရမှာပါပဲ။ အဇာတသတ်ကြည့်လေ..။ အဖသတ်ရင် အပြစ်မရှိဘူးလို့ ယူဆပြီး သူ့အဖေကိုသတ်မိတော့ ငရဲရောက်သွားရတာမို့လား။ ငရဲဆိုတာနောက်ထားပါ။ မျက်မှောက်ဘ၀မှာတောင် နိုင်ငံအုပ်ချုပ်သူများရဲ့ ပြစ်ဒဏ်ပေးခြင်းကို လက်တွေ့အရင်ခံစားကြရတာပဲမို့လား။ မှုခင်း၈ျာနယ်တွေ ဖတ်ကြည့်ပေါ့။

       လူတိုင်းဟာ မှန်မှန်ကန်ကန် လမ်းညွှန်ပေးနိုင်သူ မရှိလို့ပဲဖြစ်ဖြစ် ကိုယ်တိုင်က မလိုက်စားလို့ပဲဖြစ်ဖြစ် အယူမှားနိုင်ကြတာပါပဲ။ အရှင်မဟာကဿရဲ့ ဇနီးဟောင်းဆိုရင် ပရိဗိုဇ်မ(ဘာသာခြားမယ်သီလ) ဖြစ်သွားသေးတယ်လေ။ နောက်ပိုင်းကျတော့ နည်းမှန်လမ်းမှန်ကို ညွှန်ပြနိုင်တဲ့သူနဲ့တွေ့တောမှ အယူမှားကိုစွန့်လွှတ်ပြီး ၀ိပဿနာတွေပွားများလိုက်တာ ရဟန္တာထေရီမကြီးဖြစ်သွားခဲ့ပါတယ်။

        ကောင်ကလေးပြောသလို အယူမှားတိုင်းသာ ငရဲရောက်မယ်ဆိုရင် အရှင်သာရိပုတ္တရာတို့ အရှင်မောဂ္ဂလာန်တို့လည်း ငရဲရောက်သွားတော့မှာပေါ့။ သူတို့လည်း ဘာသာခြားကနေ ဗုဒ္ဓဘာသာထဲ ၀င်လာတဲ့သူတွေပဲလေ။

`` အယူမှားတိုင်း ငရဲရောက်မယ်ဆိုတာ ကောင်ကလေးဘာသာရေးစာတွေကို သေချာမဖတ်လို့ ပြောတဲ့စကားပါ။ ဘုရားရှင်က အယူမှားရင် ငရဲကျမယ်လို့ မဟောခဲ့ပါဘူး။´´

ဦးဇင်းပြောတာမယုံရင်တော့ ယူရီဘာသာ ဘုရားတရားတွေကို ဖတ်ရှု့ကြည့်ပါကွယ်..။

``ဦးဇင်းနောက်ဆုံးပြောချင်တာကတော့ အယူမှားတိုင်း ငရဲမရောက်သလို အယူမှားတိုင်းလည်း ဘာသာခြားမဟုတ်ပါဘူးကွယ်´´

         နတ်ပြည်မှာ ဘာသာခြားနတ်တွေ ရှိတယ်လို့ ဘုရားဟောစာပေတွေထဲမှာ အများအပြားတွေ့ရှိနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့လည်း ဘာသာခြားဆိုပေမဲ့ အသိစိတ်ဓာတ်က မှန်မှန်ကန်ကန် မြင်နိုင်တဲ့ စွမ်းအားရှိနေတော့ အလှုအတန်းတွေ ပြုလုပ်ကြတယ်လေ။

      အခုဆိုရင် အမေရိကန်ဘီလျံနာတွေဟာ သူတို့ရဲ့ပိုင်ဆိုင်မှုထက်ဝက်ကို အများအကျိုးပြု လူမှုရေးအဖွဲ့အစည်းတွေကို လှုမယ်လို့ ကတိပြုလက်မှတ်ထိုး လိုက်ကြတယ်ဆိုတာ ကောင်ကလေးလည်း ကြားမိမှာပါ။ သူတို့တွေဟာ ဘာသာခြားတွေပါ။ ဒီလိုဘာသာခြားတွေလည်း နတ်ပြည်ရောက်နိုင်တာပေါ့။ ဥပမာ-ခရစ်ယာန်ဘာသာဆိုရင် မေတ္တာ ကရုဏာ မုဒိတာ ဆိုတဲ့ သူ့တို့ဘာသာမှာပါတဲ့ အဆုံးအမအတိုင်းသာ ကျင့်သွားမယ်ဆိုရင် ဗြဟ္မာပြည်တောင် ရောက်နိုင်ပါတယ်။

ကဲဒီလောက်ဆိုရင် ကောင်ကလေးသဘောပေါက်လောက်မယ်လို့ မျှော်လင့်မိပါတယ်။ သဘောမပေါက်ရင်လည်း မပေါက်ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောစေလိုပါတယ်။ ဦးဇင်းထပ်ရှင်းပြပေးပါ့မယ်။

....................................................................................................မိုးသု(မန္တလေး)

မူရင်း= ကောင်ကလေးရဲ့ မေးခွန်းကို ဖြေဆိုခြင်း

လူသားတိုင်း ကောင်းမူကုသိုလ်များဖြင့် ပျော်မွေ့ နိုင်ကြပါစေ.....
                                                          လေးစားစွာဖြင့်    ....    မောင်မြင့်

Views: 311

ဘလော့အမျိုးအစား(ဘာသာရေး)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

kham သည် August 7, 2012 က 6:51pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ကျေးဇူးတင်ပါတယ်.....ကုသိုလ်အလုပ်လုပ်ရင်ကုသိုလ်အကျိုးခံစားရသလိုအကုသိုလ်အလုပ်လုပ်ရင်လည်းအကုသိုလ်အကျိုးခံစားရနိင်တယ်အယူမှားတိုင်း ငရဲမရောက်သလို အယူမှားတိုင်းလည်း ဘာသာခြားမဟုတ်ပါဘူးဆိုတာသိလိုက်ရလို့ဝမ်းသာပါတယ်.....

ပြည့်ပြည့် သည် August 3, 2012 က 12:09pmတွင် မှတ်ချက်ရေးသားသွားပါသည်။

Thank you.

နှင်းဖြူ သည် July 24, 2012 က 3:35pmတွင် မှတ်ချက်ရေးသားသွားပါသည်။

Thanks you.

ကျော်လင်းမောင် သည် July 18, 2012 က 11:05pmတွင် မှတ်ချက်ရေးသားသွားပါသည်။

အမှန်တရား ဆိုတာ နေရာတိုင်းမှာ ရှိနေတာပါ။ မှားတာ မှန်တာက နေရာတိုင်းမှာရှိနေတာပါ။ မှားတာကို တွေ့ရင်မှားတာပေါ့။
မှန်တာကို တွေ့ရင်မှန်တာပေါ့။ အမှန်အမှားဟာ ဘာသာတရား တစ်ခုတည်းက ပိုင်ဆိုင်တာမျိုးမဟုတ်ဘူးလို့ထင်ပါတယ်။ စိတ်ထဲဖြစ်လာလို့
ကောက်ရေးလိုက်တာပါ။ ဖက်လို့ကောင်းပါတယ်။ အတွေးတွေဖြစ်စေပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။

မတင်တင်မိုး သည် July 18, 2012 က 11:32amတွင် မှတ်ချက်ရေးသားသွားပါသည်။

(အယူမှားတိုင်း ငရဲမရောက်သလို အယူမှားတိုင်းလည်း ဘာသာခြားမဟုတ် )
ဘာသာရေး ဗဟုသုတမျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

nyein nyein win သည် July 17, 2012 က 12:45pmတွင် မှတ်ချက်ရေးသားသွားပါသည်။

သာဓု..သာဓု..သာဓု ပါဘုရား

ဝိ သု ကြုံ (အသေမဦးခင်) သည် July 17, 2012 က 11:55amတွင် မှတ်ချက်ရေးသားသွားပါသည်။

ကျေးဇူးတင်ပါတယ်ဘုရား

htin lin thar သည် July 17, 2012 က 1:21amတွင် မှတ်ချက်ရေးသားသွားပါသည်။

thanks

Hnin Wai Lwin သည် July 16, 2012 က 4:11pmတွင် မှတ်ချက်ရေးသားသွားပါသည်။
ကျေးဇူးတင်ပါတယ်
ayeayemaw သည် July 16, 2012 က 3:34pmတွင် မှတ်ချက်ရေးသားသွားပါသည်။

thanks

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................


anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

လေ့လာရန်

အဖွဲ့ဝင်များအားသိစေရန်


☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

အဖွဲဝင်များ

  • mintun ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • ဖိုးကံထူး ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

ဖိုးကံထူး commented on လှိုင်ကျော်ထွေး's blog post 'ဒုက္ခသစ္စာကို ပိုင်းခြား သိမှတ်ရာ၌ နည်းသုံးဖြာဆိုတာ ဘာလဲ'
"တယ် တန်ဖိုးရှိလှပါလားဘု၇ား အလုပ်သမားသတ်သတ်သာ"
7 minutes ago
Profile Iconthatnaing, မြတ်ကိုကိုဟန် and thetnaungmawgyun joined ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺
9 minutes ago
ဖိုးကံထူး commented on အရှင်ဝဏ္ဏ's blog post 'မနေသူတွေထဲမှာ နေပါ..'
"တင်ပါ့ဘုရား မလွတ်သေးပါဘူးဘုရား"
12 minutes ago
ဖိုးကံထူး commented on thein wai's blog post '“ ငါက ပိဋကတ်သုံးပုံဆောင် တိပိဋကဓရ ” တဲ့ (ကပိလ သုတ္တန်)။'
"သာဓု သာဓု သာဓုပါ ဘုရား"
21 minutes ago
dimplemit left a comment for စည်သူ
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
43 minutes ago
dimplemit left a comment for ကိုမင်း
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
48 minutes ago
AungMyintMyat posted a photo
1 hour ago
mintun သည်profileကိုပြုပြင်သွားသည်။
1 hour ago
kham liked အရှင်ဝဏ္ဏ's blog post 'မနေသူတွေထဲမှာ နေပါ..'
3 hours ago
kham commented on အရှင်ဝဏ္ဏ's blog post 'မနေသူတွေထဲမှာ နေပါ..'
"ဖတ်မှတ်သွားပါသည် အရှင်ဘုရား မျှဝေရေးသားပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိကြောင်းပါဘုရား..."
3 hours ago
Thet Thet Oo liked လှိုင်ကျော်ထွေး's blog post 'ဗုဒ္ဓသာသနာတော်၌ အပြောရ အသိရ အခက်ဆုံးတရားဆိုတာ ဘာလဲ'
3 hours ago
Htain Lin Oo liked စန္ဒာ's blog post 'ဥပုဒ်စောင့်လိုသူများအတွက်'
3 hours ago

© 2013   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...