ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်ကောင်းမြတ်မင်းမှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

“ဆေးစက်ကျရာ အရုပ်ထင်”-မုံလယ်ဆရာတော်ကြီး

မကြားစဖူး ကြားဖူးထပ်မံတဲ့။ စိတ်နေစိတ်ထားလေးတွေ။ ဗုဒ္ဓ ဘာသာတို့ မည်သည်မှာ ဘုန်းကြီးတို့ ဗမာပြည်အနေနဲ့ ဝါဝင် ဝါကျွတ်လို့ရှိတယ်။ ဝါဝင်ထက် ဝါကျွတ်မှာ ပိုပြီးတော့မှ စည်ကားတာပေါ့။ အဲတော့ အဲဒီလူကလည်းတောင်သူယောက်ျား။ တောထဲမှာ ငှက်ပျောတို့ ပိန္နတို့ သရက်တို့ သြဇာ၊ မာလကာ၊ သံပရာ၊ ရှောက်သီး၊ လိမ္မော် သင်္ဘောစိုက်ထားတာ။ ပင်ထက်မှည့်ကိုပါ ငှက်ပျောပင်က ငါးခိုင်။ ဝါကျွတ်ခါနီးမှာ ဆယ့်သုံးရက်နေ့မှ ခုတ်မယ်။ ဆယ့်လေးရက်နေ့မှာ ဆွေမျိုးဥာတကာ ဦးလေးတော်တာ၊ မိထွေးတော်တာ၊ အရီးတော်တာ၊ ပထွေးတော်တာ ဆွမ်းဆန်ကပ်မယ် ငှက်ပျောသီး။ ဥပုသ်နေ့မှာ ကျောင်းကို လှူမယ်။ အိမ်မှာလည်းလာတဲ့ ဧည့်တွေ ကျွေးမယ်။

ဆယ့်သုံးရက်နေ့ အခုတ်သွားတာ ငှက်ပျောခိုင်က တစ်ခိုင်မှမရှိဘူး သူများ ခုတ်သွားတော့တာ။ အင်း ဟိုလူထင်တယ် ဒီလူထင်တယ်လျှောက်ထင်တော့တာ။ စိတ္တုယာ ဂူပေ ဗေဒင်မေးဦးမှာ ဗေဒင်သွားမေးကြည့်တယ်။ မေးကြည့်တော့ ဘယ်နေ့လဲ အင်္ဂါနေ့။ ရာဟု ရာဟုထောင့်မှာ လုံခြုံတဲ့နေရာမှာရှိတယ်။ ကြားရလား ဗေဒင်သွားမေးတာ။ ဗေဒင် ဗေဒင်။ အဲဒါနဲ့ ဟုတ်မှာ တနေ့က စောင်းငန်းစောင်းငန်းနဲ့ ကြည့်တယ်။ အမ်း စိတ်ထင်ပြီ။ အမ်း စောင်းငန်းစောင်းငန်းနဲ့ ကြည့်တယ်။ ဘေးကလူတစ်ယောက် ရင်းနှီးတဲ့သူ သွားမေး အဲဒါ စုံစမ်းလေ့လာ။ ရရင်မင်းကိုတစ်ခိုင်ပေးမယ်။ စုံစမ်းခိုင်းတာ။ ကဲ ငှက်ပျောသီးပျောက်တာ ငှက်ပျောသီးပျောက်ပြီးရင် ကြောင်ထင်ကျားထင် ထင်တဲ့ဟာ ကုသိုလ်လား အကုသိုလ်လား။ ငှက်ပျောခိုင် ပျောက်တဲ့ထဲမှာ အကုသိုလ်က နောက်ထပ် အဆစ်လိုက်သေးတာဗျ။ အဆစ်လိုက်သေးတာ ကြားလား။ ကဲ တရားမသိတော့ ကြောက်စရာမကောင်းဘူးလား။ ငှက်ပျောခိုင်ပျောက်ပြီးရင် အကုသိုလ်က နောက်ထပ်လိုက်သွားသေးတာ။ ဟိုလူ ဒီလူတွေနဲ့မထင်ဘူးလား။ ထင်တယ်ကွဲ့။

တရားသိတဲ့ ပုဂ္ဂိုလ် “သုတဝါ အရိယာ သာဝကော” သုတ အကြားအမြင်ရှိရင် အရိယာ ဖြစ်တယ်လို့ မြတ်စွာဘုရားဟောမဟော။ အရိယာ ဖြစ်တယ်တဲ့နော်။ သုတဝါ အရိယာ သာဝကော သုတ အကြားအမြင်ရှိတော့ဟာ အဲဒီလူက သွားပြီးတော့ ဆယ့်သုံးရက်နေ့ ငှက်ပျောခိုင်သွား အခုတ်သွားတာ ပင်ထက်မှည့် တစ်ခိုင်မှမရှိ။ အင်းငါက ဆယ့်သုံးရက် ဆယ့်လေးရက်နေ့ ကပ်မယ် ဆယ့်ငါးရက်နေ့မှ လှူမယ်။ ငါ့အလှူက ငါပြောတာထက် ဦးနေပြီတဲ့ အလှူက။ အောင်မြင်သွားပြီတဲ့ သူ့မှာ။ ကြားလား ငါ့အလှူက အောင်မြင်သွားပြီတဲ့ကွဲ့။ အဲဒီ ငှက်ပျောခိုင်ခိုးခဲ့တဲ့လူ မိန်းမဖြစ်ခဲ့ရင် ကိုယ့် အမေဖြစ်ခဲ့မယ်။ ယောက်ျား ဆိုရင် ကိုယ့် အဖေ ဖြစ်ခဲ့မယ်။ အဲဒါ စားဖို့ သူတို့ယူတာ။ ကျွေးတုန်းကျွေးလှည့်ခိုက် မွေးတုန်းမွေးလှည့်။ ကဲ အဲတော့ ကုသိုလ်တွေ မဖြစ်ဘူးလားဟဲ့။ ကဲ ဟိုလူဒီလူတွေ ရိုးစရာလိုသေးရဲ့လား။ ယောက်ျား ဆိုရင် ကိုယ့် အဖေ ဖြစ်မှာတဲ့။ မိန်းမဆို ကိုယ့် အမေတွေတဲ့ ကျေးဇူးဆပ်တဲ့အနေနဲ့။ ငါ့ အလှူက ငါမှန်းတာထက် အရင်ကျနေပြီတဲ့ အောင်မြင်သွားပြီတဲ့။ ကဲ အဆင်မပြေဘူးလား။ “ဆေးစက်ကျရာ အရုပ်ထင်”ကွဲ့။ ဒါသုတ အကြားအမြင်ရှိဖို့လိုတယ်နော်။ စဉ်းစားဖို့မကောင်းလား။
၂ဝ.၅.၂ဝဝ၅၊မနက် (၇) နာရီ အချိန်တွင် ဟောကြားတော်မူသည်။ အပြည့်အစုံအမေရိကန်(၄၁)ပုဒ်ဟောတရားတွင်နာယူနိုင်ပါသည်။

Views: 55

ဘလော့အမျိုးအစား(တရားတော်)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

kolayko သည် July 15, 2012 က 9:07pmတွင် မှတ်ချက်ရေးသားသွားပါသည်။

တန်ဖိုးရှိပါ၏

kyawminkhaing သည် July 15, 2012 က 7:51pmတွင် မှတ်ချက်ရေးသားသွားပါသည်။

လေ့လာမှတ်သားသွားပါတယ်ခင်ဗျ သာဓုပါဗျာ လိုက်ပြီးတော့ နှလုံးသွင်းမှန်အောင်ကြိုးစားပါ့မယ်ဗျာ

ဘာသာသွေး သည် July 14, 2012 က 7:32pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ဒါအလိုအပ်ဆုံးပါ
နှလုံးသွင်းမှန်တာနဲ့နှလုံးသွင်းမှားတာဒီ(၂)ခုရှိတာပါ
နောက်ဆုံးတော့
နှလုံးသွင်းမှားလို့သမုဒယ-ဒုက္ခ
နှလုံးသွင်းမှန်ရင် မဂ္ဂ-နိရောဓ

ဇော်ထက်မောင် သည် July 14, 2012 က 3:12pmတွင် မှတ်ချက်ရေးသားသွားပါသည်။

လေးစားအတုယူဖွယ် သိပ်ကောင်းတဲ့သူတော်ကောင်းတွေရဲ့ စိတ်ထားကို မှတ်သားသွားပါတယ်ဘုရား...။

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................


anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

လေ့လာရန်

အဖွဲ့ဝင်များအားသိစေရန်


☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

အဖွဲဝင်များ

  • Win Thu Ra ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • yarmoe

  • Swe Swe Win ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • Thet Thet Oo

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

မတင်တင်မိုး liked ကိုညီညီတင်'s blog post '" မောင်းထောင်မြေဇင်းတောရဆရာတော်ဘုရားကြီးနှင့် ပိုးသတ်ဆေး ရောနှောလောင်းလှူသည့်ဆွမ်း"'
23 minutes ago
မတင်တင်မိုး liked မူကြိုဆရာ's blog post 'အနာထပိဏ် နဲ့ ၀ိသာခါ…'
1 hour ago
မတင်တင်မိုး liked မြတ်သွင်ကို's blog post 'ပုဗ္ဗ မုဉ္စ အပရစေတနာ ဆိုတာ..'
1 hour ago
Thet Thet Oo liked လှိုင်ကျော်ထွေး's blog post 'သောတာပန် ကာမဂုဏ်ခံစားမှုနှင့် ပုထုဇဉ်တို့ ခံစားမှုဟာ အတူတူပဲ မဟုတ်လား'
1 hour ago
လှိုင်ကျော်ထွေး posted blog posts
2 hours ago
Profile Iconyarmoe, youth youth, yinnyeinngai and 1 more joined ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺
2 hours ago
toeyawai@gmail.com commented on လှိုင်ကျော်ထွေး's blog post 'ကာမဂုဏ်ချမ်းသာတကာတွေထဲမှာ ဘယ်ကာမဂုဏ်ဟာ အချမ်းသာဆုံးလဲ'
"မှတ်သွားပါတယ် ကျေးဇူးပါ"
3 hours ago
မူကြိုဆရာ posted blog posts
3 hours ago
lin lin soe commented on အရှင်ဝဏ္ဏ's blog post 'အပူကင်းစေနိုင်သည့် နည်းလမ်းတစ်ခု'
"လိုက်နာကျင့်ကြံပါ့မယ်ဘုရား...ကျေးဇူးပါဘုရား..............တပည့်တော် ဘုရားပုံတော်ပေးပို့…"
3 hours ago
Thet Thet Oo liked Cho Thandar's blog post 'ကုသိုလ်'
3 hours ago
meemee shared မူကြိုဆရာ's blog post on Facebook
4 hours ago
မြတ်သွင်ကို posted blog posts
4 hours ago

© 2013   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...