ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်ကောင်းမြတ်မင်းမှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

မဆုတ်ယုတ်ကြောင်း တရားခုနစ်ပါး

မဆုတ်ယုတ်ကြောင်း တရားခုနစ်ပါး
by Buddha In My Life

ရဟန်းတို့ သင်တို့အား မဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့ကို ငါ ဟောအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့။

ရဟန်းတို့ မဆုတ်ယုတ်ကြောင်း တရားခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်းဟူမူ-

၁...
ရဟန်းတို့ ရဟန်းတို့သည်...
ယုံကြည်မှု 'သဒ္ဓါတရား' နှင့် ပြည့်စုံကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၂...
မကောင်းမှုမှ ရှက်မှု 'ဟိရီ' ရှိကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၃...
မကောင်းမှုမှ ကြောက်လန့်မှု 'သြတ္တပ္ပ' ရှိကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၎...
များသော အကြားအမြင် 'ဗဟုသုတ' ရှိကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၅...
ထက်သန်သော လုံ့လရှိကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၆...
အောက်မေ့မှု 'သတိ' နှင့် ပြည့်စုံကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၇...
ဝိပဿနာပညာနှင့် ပြည့်စုံကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

ရဟန်းတို့ ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့သည် ရဟန်းတို့၌ တည်၍ ရဟန်းတို့သည် ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့ကို ကျင့်သုံး နေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ ဟု မိန့်တော်မူ၏။

(၅ - တတိယ သတ္တကသုတ်၊ ဝဇ္ဇိသတ္တကဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။)

https://www.facebook.com/notes/buddha-in-my-life/%E1%80%99%E1%80%86... မှ ကူးယူ ဖေါ်ပြပါသည်။

လေကီ၊ လောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုး ချမ်းသာ မင်္ဂလာနှင့် ပြည့်စုံနိုင်ကြပါစေ။
mmt

Views: 132

ဘလော့အမျိုးအစား(တရား, အဆုံးအမ)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

thet naing သည် July 13, 2012 က 11:23pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ဒီ ဘလော့လေးကိုဖတ်ပြီး အသိတိုးရပါတယ် ကျေးဇူးတင်ပါတယ် ဆက်လက်မျှဝေနိုင်ပါစေလို့ ...။

လှိုင်ကျော်ထွေး သည် July 11, 2012 က 1:08pmတွင် မှတ်ချက်ရေးသားသွားပါသည်။

အပရိဟာနိယ တရားခုနှစ်ပါးအကြောင်း သိခွင့်ရလို့ ကျေးဇူးပါ။ ဒါတွေရဲ့ ဆန့်ကျင်ဘက်တွေကတော့ ဆုတ်ယုတ်ကြောင်းတွေ ပေါ့နော်။

မတင်တင်မိုး သည် July 11, 2012 က 12:57pmတွင် မှတ်ချက်ရေးသားသွားပါသည်။

'အပရိဟာနိယ' တရားခုနစ်ပါးတို့ကို ကျင့်သုံး နေကြသမျှ ကာလပတ်လုံး ကြီးပွါးရန်သာ ရှိပေ၏
တရားအဆုံး အမ ကိုနာယူကြည်ညိုသွားပါတယ်။

ဇော်ထက်မောင် သည် July 11, 2012 က 12:55amတွင် မှတ်ချက်ရေးသားသွားပါသည်။

ဖတ်ရှုမှတ်သားသွားပါတယ်ခင်ဗျာ။ ခုလိုမျှဝေပေးတာကို ကျေးဇူးတင်ပါတယ်ခင်ဗျ။

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................


anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

လေ့လာရန်

အဖွဲ့ဝင်များအားသိစေရန်


☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

အဖွဲဝင်များ

  • kham ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • အရှင်ဝဏ္ဏ

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

နေလင်းစိုး commented on ကိုညီညီတင်'s blog post '"ရဟန်း နှင့် လူ အကျိုးပေးခြင်းတူသလား"'
"ရခဲတဲ့ဒုလ္လဘတရားတွေဆိုတာအလွယ်တကူနဲ့တော့မရနိုင်ပါဘူး ခေတ္တ၀တ်ကြတဲ့ဒုလ္လဘတွေဆိုရင်ပိုပြီးသတိထားသင့်တယ်…"
26 minutes ago
နေလင်းစိုး replied to လှိုင်ကျော်ထွေး's discussion 'သာသနာတော်နဲ့ တွေ့ရကျိုးနပ်တယ်လို့ ဆိုနိုင်အောင်'
"ရှေးကကောင်းခဲ့လို့ ယခုလိုသာသနာနဲ့လာပြီးတွေ့နေချိန်မှာ အတွေးချော်ပြီး…"
38 minutes ago
မင်းထိုက် posted photos
51 minutes ago
လှိုင်ကျော်ထွေး is now friends with မင်းထိုက် and thuthunaing
52 minutes ago
မင်းထိုက် left a comment for လှိုင်ကျော်ထွေး
"လာလည်ပါတယ်ပျော်ရွင်ပါစေ"
53 minutes ago
မင်းထိုက် left a comment for နန်းယု
1 hour ago
နေလင်းစိုး posted a blog post

လူကြီးနှင့်ကလေး

လူကြီးလူကြီးဥာဏ်မကြီးသော်ခရီးမရောက် သံသာလျှောက်...ကလေးကလေးဥာဏ်မြင်သေး၍မျှော်တွေးမမြင်…See More
1 hour ago
မင်းထိုက် shared a profile on Facebook
1 hour ago
မင်းထိုက် liked မင်းထိုက်'s profile
1 hour ago
Profile Iconမင်းထိုက်, ဂီဂီ and ye latt joined ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺
1 hour ago
နေလင်းစိုး commented on thein wai's blog post 'ပြုပြင်စရာတွေ ပြုပြင်ကြပါ။'
"မှားတာလည်းသိ မှန်တာလည်းသိပေမယ့် လူတွေရဲ့ပကာသနကိုမတ်မောတဲ့စိတ်ကြောင့် ပြုမူနေတာတွေကို…"
1 hour ago
Peaceangel liked ဇော်ထက်မောင်'s blog post 'ဗုဒ္ဓကမ္ဘာဆိုဒ်တွင်းရှိ ဓမ္မဘလော့ဘ်ရေးသားသူများ (မျှဝေဓမ္မဒါနပြုသူများ) သို့ မေတ္တာရပ်ခံလွှာ'
1 hour ago

© 2013   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...