ဓမ္မမိတ်ဆွေ အပေါင်းတို့ခင်ဗျာ......
သာသနာ့အကျိုးပြု လုပ်ငန်းများ၌ တက်စွမ်းသမျှ ပါဝင်ဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းထားသည့်
“ဗုဒ္ဓကမ္ဘာသာသနာဟိတသင်း” မှ လာမည့်(၁၉.၈.၂၀၁၂)ရက် ၊ တနင်္ဂနွေနေ့မှာ မူဆယ်မြို့နယ် မိုင်းယု(၁၀၅)မိုင်ရွာမှာ
တည်ထောင်ဖွင့်လှစ်ထားသည့်“ကမ္ဘောဇသိင်္ဂိသီလရှင်ပညာရေးမူလွန်ကျောင်း” သွားရောက်လှူဒါန်းမည် ဖြစ်ပါတယ်ခင်ဗျ။
ကျောင်း၌ မိဘမဲ့ကလေးသီလရှင်ကလေးများ.. အပါး(၂၀၃)ပါးကိုကျောင်းအိပ်ကျောင်းစားထား၍ပြင်ပမှ
ဆင်းရဲနွမ်းပါးသော ကလေးသူငယ်ကျောင်းသား/သူ(၃၆၄)ယောက်ကိုပညာသင်ပေးလျှက်ရှိပါသည်။ ကျောင်းတိုက်ကို ဦးစီး
စီမံအုပ်ချုပ်သည့် သီလရှင် ဆရာမကြီး အမည်က ဒ်ါဝဏ္ဏသိင်္ဂိ(သဒ္ဓမ္မဇောတိကဓဇဘွဲ့) ပါ...။ တကယ်တော့ တောင်တန်းဒေသမှာ
သာသနာဖွံ့ဖြိုးအောင် ဆောင်ရွက်ဖို့ ၊ ရပ်တည်နိုင်အောင် ကြိုးစားဖို့ဆိုတာ မလွယ်ကူပါဘူး။ ခရီးဝေလံခြင်း ၊
လမ်းပန်းဆက်သွယ်မှုခတ်ခဲခြင်း ၊ ရာသီဥတုကြမ်းတမ်းခြင်း..... စသည့် အခတ်အခဲများကြောင့် စေတနာရှင်
(အလှူ့ရှင်များ) ရောက်လာခဲ၏။ နောက်ပြီး “ကမ္ဘောဇသိင်္ဂိသီလရှင်ပညာရေးမူလွန်ကျောင်း” ဟာ သီလရှင်ကျောင်း ဖြစ်လေတော့ ပိုမိုခတ်ခဲစွာရပ်တည် နေရတာပေါ့ဗျာ....။
ယနေ့ ကာလမှာဆိုရင် ဘာသာခြားတွေက တိုက်ရိုက်တသွယ် ၊ သွယ်ဝိုက်၍တဖုံး နည်းမျိုးစုံနဲ့
သူတို့ဘာသာဝင်တိုးတက် များပြားလာအောင် စည်းရုံးသိမ်းသွင်းနေကြတယ်ဆိုတာ....ဓမ္မမိတ်ဆွေများလည်း
ကြားသိပြီးဖြစ်ပါလိမ်မယ်......။ဒါကိုပင် ခပ်ပေါ့ပေါ့လေးတွေးပြီး အကာတွေသာ ပါသားတာပါ သဘောထားရင်တော့ လွန်စွာနှစ်နာပေလိမ့်မည်။
တကယ့်တော့ အနှစ်တည်မြဲအောင် အကာဟာ မရှိမဖြစ်လို၏ ။ အကာမရှိပဲနဲ့ အနှစ်ဟာ ရေရှည်ရပ်တည်နိုင်ပါ့မလား
သွေးပြီးသား ၊ သပြီးသား ကျောက်တစ်ပွင့်ဟာ တန်းဖိုးသတ်မှတ်လို့ ရချင်ရမယ်။ မသွေး မခြယ်ရသေးတဲ့
ကျောက်ရိုင်းတွေ့ကတော့ တန်ဖိုးသတ်မှတ်လို့ မရပါဘူး ။ ကျနော်တို့ ဗုဒ္ဓနွယ်ဝင် ကျောက်ရိုင်းများစွာ ဘယ်လောက်တောင်
ဆုံးရှုံးနေရပြီလဲ....?။
ဓမ္မမိတ်ဆွေတို့ရေ...........
ကျနော်တို့တစ်တွေ လိုသလောက် မစွမ်းနိုင်ပေမယ့် နိုင်သလောက်တော့ စွမ်းကြရမယ်ဗျာ...။ဒီလို ဖြည့်ဆည်းသင့် ဖြည့်ဆည်းတိုက် ၊
ပါဝင်သင့် ပါဝင်ထိုက်တဲ့ အလှူပွဲလေးမှာ မိတ်ဆွေအပေါင်းကိုလည်း ပါဝင်လက်တွဲလှည့်ပါတယ်လို့လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
ဆက်သွယ်လှူဒါန်းရန်......
လှိုင်ကျော်ထွေး..
မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 0949260352 လိပ်မူပေးပို့၍
ရန်ကုန်မြို့ ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့လည်းကောင်း၊
ရန်ကုန်မြို့၊ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ကမ္ဘောဇဘဏ်(ဗိုလ်တစ်ထောင် ဘဏ်ခွဲ) သို့လည်းကောင်း
ညီညီတင်..(မှတ်ပုံတင်နံပါတ်.1/ဗမန(နိုင်)048868၊ ဖုန်းနံပါတ်.. 082-51330၊ 0941001885၊
တရုတ်..Mobileဖုန်းနံပါတ်- 18008821149..
ကမ္ဘောဇဘဏ်(မူဆယ်ဘဏ်ခွဲ).....သို့လည်းကောင်းများသို့..ဆက်သွယ့်၍.
လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။
"လှူဒါန်းမည့်နေ့ရက်"
၁၃၇၄-ခု၊ဒုတိယ၀ါခေါင်လဆန်း(၂)ရက်နေ့၊
19-8-2012(တနင်္ဂနွေနေ့)
"လှူဒါန်းနိုင်သည့်ကာလ"
ယနေ့မှစ၍.."10-8-2012"(သောကြာနေ့)ထိ..ဆက်သွယ်ပေးပို့လှူဒါန်းနိုင်ပါသည်။
Views: 505
ဘလော့အမျိုးအစား(အလှူပိုစ်)
မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)
ကလေးတို.ဆရာမ သည် August 10, 2012 က 4:07pmတွင် မှတ်ချက်ရေးသားသွားပါသည်။ ကိုညီညီိတင်နဲ. မူဆယ်အပေါင်းအသင်များရဲ့ အလှူဒါနကို လှိုက်လှဲစွာ သာဓု ခေါ်ပါတယ် -
အခြားသော မြန်မာနိုင်ငံ အရှေ.ပိုင်းရှမ်းပြည် - တောင်ပိုင်း-မြောက်ပိုင်း နဲ.
အောက်ပိုင်းဒေသများစွာကို ရောက်ခဲ့ဖူးပြီဖြစ်သော်လည်း မရောက်ဖူးသေးတဲ့
မူဆယ်ကိုလည်း အရမ်းရောက်ဖူးချင်ပါတယ် -
နောက်တစ်ခေါက် တော့ လိုက်ပါဆောင်ရွက်ဖြစ်အောင်ကြိုးစားရပါ့မယ်-
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
ကလေးတို.ဆရာမ သည် August 10, 2012 က 2:37pmတွင် မှတ်ချက်ရေးသားသွားပါသည်။ 'ဤအလှူနှင့်ပတ်သတ်ကြကုန်သော သူတို့ သည် ဒုက္ခ နဲ့ တွေ့ တိုင်း အခက်အခဲများနှင့် တွေ့ ကြတိုင်း ကူညီမဲ့သူပေါ်ပါစေ-
တရားနှလုံး ရင်ထဲကိန်းကြပြီး သာသနာ့ အကျိုးကို ဒီထက်ဆောင်ရွက်နိုင်ကြပြီး နိဗာန် သို့ မျက်မှောက်ပြုနိုင်ကြပါစေဗျာ“
လို. ကိုလှမိုး က လှိုက်လှိုက်လှဲလှဲ ရင်ထဲက ဆုတောင်းပေးထားတဲ့အတိုင်းပါပဲ --
တကယ့် မေတ္တာ စေတနာ အရင်းခံထားသူမှန်သမျှ ဘယ်သူက ဘယ်လို မကောင်းကြံကြံ- ဘယ်လိုပင် နာမည်ဖျက်ဖျက်
“မဗေဒါကတော့ ပန်းပန်လျက်ပါ“ - မေတ္တာမပျက် တရားကိုသာ အာရုံဖက်လျက်ပါ---
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
လှိုင်ကျော်ထွေး သည် August 10, 2012 က 1:01pmတွင် မှတ်ချက်ရေးသားသွားပါသည်။ မူဆယ်မြို့မှ အလှူရှင် မဝေနှင်း နှင့် သူငယ်ချင်းများမှ ဆရာ-ဆရာမများ၊ သီလရှင်ဆရာလေးများ နှင့် ပြင်ပမှ ကျောင်းသား-ကျောင်းသူကလေးများအတွက် ဘောလ်ပင်အချောင်း (600) ကို လှူဒါန်းထားပါတယ်ခင်ဗျာ။ ယခုလို စေတနာသုံးတန် ပြတ်သွားစွာဖြင့် လှူဒါန်းမှုကို ၀မ်းမြောက်နုမော် သာဓု သာဓု သာဓု ခေါ်ဆိုအပ်ပါသည်။
hla moe 24 သည် August 10, 2012 က 10:57amတွင် မှတ်ချက်ရေးသားသွားပါသည်။ အလှူရှင်များကို ဝမ်းသာစွာ သာဓု ခေါပါတယ် သာဓု သာဓု သာဓု....
ဤအလှူနှင့်ပတ်သတ်ကြကုန်သော သူတို့ သည် ဒုက္ခ နဲ့ တွေ့ တိုင်း အခက်အခဲးများနှင့် တွေ့ ကြတိုင်း ကူညီမဲ့သူပေါပါစေ
တရားနှလုံး ရင်ထဲးကိန်းကြပြီး သာသနာ့ အကျိုးကို ဒီထက်ဆောင်ရွက်နိုင်ကြပြီး နိတ်ဗာန် သို့ မျက်မှောက်ပြုနိုင်ကြပါစေဗျာ
လှိုင်ကျော်ထွေး သည် August 9, 2012 က 3:57pmတွင် မှတ်ချက်ရေးသားသွားပါသည်။ ဂျပန်နိုင်ငံမှ အလှူရှင်များဖြစ်ကြသော ၁။ဦးရင်အောင်+ဒေါ်မြင်.ကြည် မှ ယန်း(၁)သောင်း
၂။ဦးမောင်မောင်ထွေး+ဒေါ်ခင်စောမြင်. မှ ယန်း(၅)ထောင်
၃။မောင်အောင်ဇာဟိန်း+မခင်မျိုးမူ မှ ယန်း(၅)ထောင်
၎။မောင်အောင်ဇော်မျိုး မှ ယန်း(၅)ရာ
၅။မောင်အောင်ကိုမျိုး မှ ယန်း(၁)သောင်း
၆။မကလျှာအောင် မှ ယန်း(၂)ထောင်
၇။မဇင်မြတ်စိုး မှ ယန်း(၅)ထောင်
၈။ကိုဟန်ဇော်+မနီလာ မှ ယန်း(၃)ထောင်
၉။ကိုဟန်ဇင်ထူး+မအေးအေးရှင် မှ ယန်း(၃)ထောင်
၁၀။သန်းထိုက်စိုး မှ ယန်း(၁)သောင်း
စုစုပေါင်းရငွေ ယန်း(၅သောင်း၃ဆထာင်၅ရာ) နှင့်ညီမျှသော
မြန်မာငွေကျပ်(၆)သိန်းတိတိကို လက်ခံရရှိပါတယ်ခင်ဗျာ..။အခုလို စေတနာသုံးတန် ပြတ်သွားစွာဖြင့် လှူဒါန်းမှုကို ၀မ်းမြောက်နုမော် သာဓု သာဓု သာဓု ခေါ်ဆိုအပ်ပါသည်။
လှိုင်ကျော်ထွေး သည် August 8, 2012 က 7:59pmတွင် မှတ်ချက်ရေးသားသွားပါသည်။ အလှူရှင် ကိုအောင်မျိုး + ဒေါ်ကျင်မှီ မိသားစုမှ အလှူငွေကျပ်-200000/- ကို လက်ခံရရှိပါတယ်ခင်ဗျာ။ ယခုလို စေတနာသုံးတန် ပြတ်သွားစွာဖြင့် လှူဒါန်းမှုကို ၀မ်းမြောက်နုမော် သာဓု သာဓု သာဓု ခေါ်ဆိုအပ်ပါသည်။
လှိုင်ကျော်ထွေး သည် August 7, 2012 က 2:36pmတွင် မှတ်ချက်ရေးသားသွားပါသည်။ အလှူရှင် ဦးမောင်မောင်ထွန်း မိသားစုမှ လှူဒါန်းငွေကျပ်-30000/-ကို လက်ခံရရှိပါတယ်ခင်ဗျာ။ယခုလို စေတနာသုံးတန် ပြတ်သွားစွာဖြင့် လှူဒါန်းမှုကို ၀မ်းမြောက်နုမော် သာဓု သာဓု သာဓု ခေါ်ဆိုအပ်ပါသည်။
ကလေးတို.ဆရာမ သည် August 5, 2012 က 5:50pmတွင် မှတ်ချက်ရေးသားသွားပါသည်။ ကိုလှမိုးရဲ့ သစ္စာစကားကို ထောက်ခံပြီး ထပ်ဆင့်ပြုလုပ်လိုပါတယ်-
“ငါတို့ သည် ပင်ပန်းစွာဖြင့် အလုပ်လုပ်ကိုင် ရှာဖွေကြပြီး ရရှိလာသော အဖိုး အခ များဖြင့်သာသနာအတွက်
ထောက်တည်ရာရအောင် လှူးတမ်းခဲ့ကြပါ၏ ဤသစ္စာ စကားကြောင့် တို့ အဖွဲ့ အစည်းမှ ဒီထက်မက ထောက်ပံလှူတမ်း
နိုင်ကြပြီးလျှင် မြတ်နိတ်ဗာန်သို့  အတူတူ စံဝင်ကြပါရစေသား ...သတ္တဝါတတွေ ကျမ်းမာ ချမ်းသာကြပါစေသား--“
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
hla moe 24 သည် August 5, 2012 က 5:40pmတွင် မှတ်ချက်ရေးသားသွားပါသည်။ ငါတို့ သည် ပင်ပန်းစွာဖြင့် အလုပ်လုပ်ကိုင် ရှာဖွေကြပြီး ရရှိလာသော အဖိုး အခ များဖြင့်သာသနာအတွက်
ထောက်တည်ရာရအောင် လှူးတမ်းခဲ့ကြပါ၏ ဤသစ္စာ စကားကြောင့် တို့ အဖွဲ့ အစည်းမှ ဒီထက်မက ထောက်ပံလှူတမ်း
နိုင်ကြပြီးလျှင် မြတ်နိတ်ဗာန်သို့  အတူတူ စံဝင်ကြပါရစေသား ...သတ္တဝါတတွေ ကျမ်းမာ ချမ်းသာကြပါစေ...
စာလုံးကို ဆင့်ရေးရန် အခက်အခဲးကြောင့် အမှားပါခဲ့ရင် ခွင့်လွတ်ပါ
hla moe 24 သည် August 3, 2012 က 5:30pmတွင် မှတ်ချက်ရေးသားသွားပါသည်။ အလှူရှင်တွေအတွက် ဝမ်းသာ ဂုဏ်ယူ သာဓုခေါပါတယ်ဗျာ
သာဓု သာဓု သာဓု
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ မှ(ကြိုဆိုပါတယ်)
( မှတ်ပုံတင်ရန်နေရာ)
(မှတ်ပုံတင်ပြီးသားသူများ)၀င်ရန်
အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး
နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)
Name of Account. U HLAING KYAW HTWE
NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ
ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့
လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

thuthunaing ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

Aung Lay ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

Kyaw KyawMoe ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

ကိုဦး ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။
dimplemit commented on dimplemit's blog post 'ပထမဇောများလားနော်'
dimplemit left a comment for တိုးတိုးအောင်
dimplemit left a comment for အာလောက
dimplemit left a comment for ထွေးထွေး
dimplemit left a comment for zinminnyunt
dimplemit left a comment for စင့်ဝိမလဓမ္မ-ဟိုပုံ့
dimplemit left a comment for Yemannmoemyint
dimplemit left a comment for Ye Mann Moe Myint
dimplemit left a comment for Ye Mann Moe Myint
dimplemit left a comment for Thirihaemarmyint
© 2013 Created by ကောင်းမြတ်မင်း.
Powered by
© Copyright Ning Network Name Goes Here.
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။
Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺