ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်ကောင်းမြတ်မင်းမှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

အမှန်ပြော နဲ့ အပြောမှန်
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
“အမှန်ကိုပြောပေမဲ့ အပြောမမှန်ရင် ကြားရသူက မေတ္တာနဲ့ မတုံ့ပြန်ဘဲ ဒေါသနဲ့ တုံ့ပြန်တတ်တယ်” (ကမ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော် အရှင်သေဋ္ဌိလ)
ဒေးဒရဲမြို့၊ ကွင်းကျောင်းတိုက်မှာ နိကာယ်သင်တန်းပြုလုပ်နေစဉ်က အဖိတ်နေ့နဲ့ ဥပုသ်သီတင်းနေ့တွေမှာ သင်တန်းနာယကတစ်ပါးဖြစ်တဲ့ ကမ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော် အရှင်သေဋ္ဌိလ မထေရ်မြတ်ကြီးလည်း အခါအားလျော်စွာ ကြွလာတော်မူ့ရှိပါတယ်။

ဆရာတော်ကြီးက မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်များကို လက်တွေ့ သာသနာပြုရာမှာ အသုံးပြုပုံနြ့ပတ်သက်လို့ ကြုံတွေ့ရတဲ့အခက်အခဲများ၊ ပြဿနာများနဲ့ မေးခွန်းများစသည်တို့ကို ဆရာတော်ကိုယ်တိုင် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ခရီးမှာ ကြုံတွေ့ခဲ့ရတဲ့ အခါလည်း ဆွေးနွေးတယ်၊ သင်တန်းသားများရဲ့ သိလိုတဲ့အချက်အလက်များကို ရှင်းပြဖြေဆိုတဲ့အခါမှာလည်း ဖြေဆိုပါတယ်။

တောင်တွင်းကြီးမြို့၊ နတ်မှီတောရဆရာတော်ဘုရားကြီးကလည်း ညပိုင်းမှာ အခါအားလျော်စွာ တရားဟောလေ့ရှိပါတယ်။ ဆရာတော်ကြီး တရားဟောတဲ့ အခါမှာလည်း များသောအားဖြင့်တော့ ဓမ္မစက္ကပဝတ္တနသုတ်ကိုပဲ အခြေခံပြီးဟောတော်မူတာပါ။

တစ်ခါမှာတော့ ဆရာတော်ကြီးက မဂ္ဂင်ရှစ်ပါးအကြောင်း ရှင်းလင်းဟောပြရာမှာ “သမ္မာဝါစာ” ဆိုတာနဲ့ပသတ်သက်ပြီး “သမ္မာ”ဆိုတာ “မှန်သော”လားရောဆိုပြီး ကိုယ့်အဖေကို “အမေ့လင်”လို့ ခေါ်တာမျိုးဟာ ဘယ်လိုလုပ် သမ္မာဝါစာဖြစ်မလဲ၊ အဖေကို အဖေလို့ပဲ ခေါ်ရမယ် မဟုတ်လား၊ ဒါဖြင့် ကောင်းဖို့သာ လိုရင်းလားဆိုရင်လည်း သူများနားထောင်ကောင်းအောင် လိမ်ညာ မြှောက်ပင့်ပြောတာ မျိုးဟာ ဘယ်လိုလုပ် သမ္မာဝါစာလို့ ပြောနိုင်မလဲ၊ အမှန်ကတော့ “သမ္မာဝါစာ”ဆိုတာ ကောင်းလဲ ကောင်း မှန်လည်း မှန်မှ နေရာကျမယ်၊ ဒါ့ကြောင့် “သမ္မာဝါစာ”ကို “ကောင်းမွန်မှန်ကန်သော စကား”လို့ မြန်မာပြန်မှ နေရာကျလိမ့်မယ်”ဆိုတဲ့ အကြောင်းရှင်းလင်းဟောကြားပါတယ်။

တရားပွဲပြီးတဲ့အခါမှာ ဆရာတော်ကြီးများနဲ့ အတူ သင်တန်းသား ရဟန်းတော်များ စကားဝိုင်း ဖွဲ့မိကြတဲ့အခါ နတ်မှီတောရဆရာတော်ကြီး ဟောကြားသွားတဲ့ “သမ္မာဝါစာ”နဲ့ ပတ်သက်လို့ စိတ်ဝင်တစား ဆွေးနွေးပြောဆို ဖြစ်ကြပါသေးတယ်။ အဲဒီမှာ ဆရာတော်အရှင်သေဋ္ဌိလက “အမှန်ကြို ပြောပေမဲ့ အပြောမမှန်ရင် ကြားရသူက မေတ္တာနဲ့ မတုံ့ပြန်ဘဲ ဒေါသနဲ့ တုံပြန်တတ်တယ်၊ အဲဒီလို ဖြစ်သွားခဲ့ရင် အမှန်ပြောတာဟာ အကျိုးမဖြစ်ဘဲ ခိုက်ရန်ဒေါသတွေတောင် ပိုပြီးတိုးပွားစေတတ်တယ်၊ ဒါကြောင့် နတ်မှီဆရာတော်ပြောသလို ကောင်းလည်းကောင်း မှန်လည်း မှန်မှ ရည်ရွယ်ချက်အောင်မြင်နှိုင်မယ်”ဆိုတဲ့အကြောင်းကို ရှင်းပြပါတယ်။

သင်တန်းသားအရှင်မြတ်တစ်ပါးက “ကောင်းမွန်မှန်ကန်”ဆိုတဲ့နေရာမှာ “မှန်ကန်တယ်”ဆိုတာနြ့ ပတ်သက်လို့တော့ နညမးနည်းပါးပါး သဘောပေါက်တန်သလောက်ပေါက်ပါတယ် “ကောင်းမွန်”ဆိုတာနဲ့ ပသတ်သက်လို့တော့ ဘယ်လို “စံ” နဲ့ တိုင်းတာဆုံးဖြတ်မလဲ”ဆိုတဲ့ အကြောင်း လျှောက်ထားဆွေးနွေးပါတယ်၊ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဒေးဒရဲကွန်းကျောင်းဆရာတော်ဘုရားကြီးက…
“အရှင်တို့ ကြားဖူးထားတဲ့ စကားခြောက်ခွန်း လူဝယ်ထွန်း၊ နှစ်ခွန်းဘုရားပြော”ဆိုတဲ့အထဲမှာဘုရားရှင်တို့ဟာ…

၁။ သူလည်းမြတ်နိုး၊ ကျိုးရှိမှန်ကန်တဲ့ စကား၊
၂။ သူမမြတ်နိုးလည်း၊ ကျိုးရှိမှန်ကန်တဲ့စကား.. ဆိုပြီး ဒီစကားနှစ်မျိုးကို ဘုရားရှင်တို့ပြောလေ့ရှိတယ် ဆိုသမို့လား၊ ဒါကို ကြည့်ရင်တော့ စကားရဲ့ “စံ”ဟာ “ကျိုးရှိခြင်း မှန်ကန်ခြင်းဆိုတဲ့ အင်္ဂါနှစ်ရပ် ဖြစ်တယ်”လို့ ဆိုရမှာပေါ့။

“အကျိုးရှိခြင်းဆိုတဲ့ “စံ”မပါဘဲ ပြောဆိုခဲ့မယ်ဆိုရင် အမှန်ကို ပြောခြင်းသည်ပင် ဆဲရေးခြင်းမည်တယ်ဆိုတာ ဘုရားရှင် ဟောခဲ့တဲ့ ဆဲရေးခြင်း ဆယ်မျိုး(အသေက္ကာသဝတ္ထုဆယ်ပါး) ကိုကြည့်ရင်သဘောပေါက်လောက်ပါတယ်ဗျာ၊ အဲဒီမှာ

(၁) “ဇာတိ”တဲ့ မင်းမျိုး၊ သူဌေးမျိုး စသည်ဖြင့် တိုရိုက်ခေါ်တာတို့၊ ခုခေတ်ဆိုရင် မြန်မာ၊ ကုလား၊ အညာသား၊ အောက်သားစသည် ခေါ်တာတို့ဟာ မှန်ကနပေမယ့် ဆဲရေးခြင်းတစ်မျိုး ဖြစ်တယ်။

(၂)“နာမ”တဲ့ အမည်ကို တိုက်ရိုက်ခေါ်တာလည်း ဆဲခြင်းတစ်မျိုးပဲတဲ့၊ ရှေ့ကနေ ဦး၊ ဒေါတို့၊ မ၊ မောင် စသည်ထည့်ပြီးခေါ်မှ ဆဲရေးခြင်းလွတ်တယ်။

ရွှေကျင်ဆရာတော်ကြီးရဲ့ ဆုံးမဟာထဲမှာ..
+ ရိုသေနည်းပါး၊ ကိုယ်တော်စား၊ စကားယဉ်အောင် ဘယ်သို့သုံးမည်နည်း။
+ ဦးဇင်း၊ ကိုရင်၊ အရှင်၊ ဘုန်းကြီး၊ တသီး၊ ဆရာတော်၊ နောက်သော်ဘုရား၊ ထည့်စွက်ငြား၊ စကားယဉ်အာင်သုံးပါမည်လို့ ဆိုသလိုပေါ့။
ရိုသေလေးစားမှုနည်းပါးရာကျတဲ့ “ကိုတော်”ဆိုတဲ့ စကားအစား“ဦးဇင်းဘုရား၊ ကိုရင်ဘုရား၊ အရှင်ဘုရား၊ ဘုန်းကြီးဘုရား၊ ဆရာတော်ဘုရား”လို့ သုံးရမယ်ဆိုတာလေ၊ အဲဒီလို ယဉ်ကျေးအောင် သုံးမှ ဆဲရေးခြင်းဆယ်ပါးက လွတ်တယ်တဲ့။

(၃)ဂေါတ္တ)- အနွယ်ဆိုတာ ဘုရားခေတ်ကတော့ ဂေါတမနွယ်၊ ကဿပနွယ်စသည်ရှိတော့၊ ဂေါတက၊ ကဿပ စသည် တိုက်ရိုက်ခေါ်တာပေါ့၊ ခုခေတ် ဆိုရင်တော့ ဟေ့.. သူကြီးမျိုး ဆယ်အိမ် ခေါင်းမျိုးစတဲ့ မျိုးရိုးစဉ်အလာကို တိုက်ရိုက်ခေါ်တာမျိုးပေါ့၊ ဒါလည်း ဆဲရေးသလို ရိုင်းရာကျတာပဲတဲ့။

(၄)ကမ္မ- အလုပ်ဆိုတာ ဒွန်းစဏ္ဍားတို့၊ ဈေးသည်တို့၊ တံခါသည်တို့ ၊ မုဆိုးတို့လို အလုပ်မျိုး လုပ်သူတွေကို ဟေ့.. ဒွန်းစဏ္ဍား စသည်ခေါ်တာလည်း ဆဲရေးခြင်းတစ်မျိုးပဲတဲ့။

(၅) သိပ္ပ-ဆိုတာ လက်သမား၊ ပန်းရံသမား၊ ကပ်ယက်သမား၊ အမှိုက်ကျိုါံ်သမားစသည်ကို လည်း တိုက်ရိုက်ခေါ်ရဘူး၊ အဲဒါလည်း ဆဲတာပဲတဲ့။

(၆) အာဗာဓ-ဆိုတာ အနာရောဂါလေး၊ ကုဋ္ဌ(နူနာ) ဂဏ္ဍ-ကင်ဆာစတဲ့ အနာရှိသူတွေကို အဲဒီ အနာနဲ့တပ်ပြီးခေါ်ရဘူး ဆဲသည်ထက်တောင် နာတတ်တယ်။

(၇) လင်္ဂိက-ဆိုတာ ခွတ်ယွင်းဖေါက်ပြန်တဲ့ ကိုယ်အင်္ဂါအသွင်အပြင်ကို ပြောတာ၊ အကန်းတို့၊ အကုန်းတို့၊ အကျိုးတို့လိုဟာမျိုးကို တိုက်ရိုက် ခေါ်တာမျိုးပေါ့။

တချို့က မှန်တာပြောတာပဲ ဘာဖြစ်လို့လက်မခံနိုင်တာရမှာလဲလို့ ပြောလေ့ရှိတယ်မို့လား၊ တကယ်တမ်း ကိုယ့်ရဲ့ ကိုယ်အင်္ဂါ ချွတ်ယွင်းချက်ကို တိုက်ရိုက်ကြီး ပြောပြီဆိုရင်တော့ “မျက်စေ့တစ်ဘက်ကန်းနဲ့လူကြီး”လို့ အခေါ်ခံရတဲ့ ပုံပြင်ထဲကလိုပဲ“တောနက်နက်အထိ နှင်ထုတ်ဖို့ ကောင်းတယ်”လို့ မှတ်ချက်ချကြမှာချည်းပဲ၊ အဲဒါလည်း သတိထားရမယ်ဗျာလို့ မိန့်ပါတယ်။ ဆရာတော်အမိန့်ရှိတဲ့ ပုံပြင်အကျဉ်းချုပ်ကတော့..

တစ်ခါက ရွာတစ်ရွာရဲ့ မနီးမဝေးတောထဲမှာ လူရွယ်တစ်ယောက်နေသတဲ့၊ ခရီးသွားဧည့်သည် တစ်ဦးက အဲဒီလူရွယ်နေတဲ့ တဲနားရောက်တဲ့ အခါ ခရီးတစ်ထောက်ဝင်ပြီး နားတယ်၊ လူရွယ်က ကျန်း ကျန်းမာမာရှိသလို လူနေတဲ့ တဲရဲ့ အဝန်းအဝိုင်းကလည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနဲ့ ပါပဲတဲ့၊ ပြီးတော့ သဘောသကန်လည်း ကောင်းပုံပါပဲ၊ ခရီးသွားဧည့်သည်ကြီးကို ရေနွေးကြမ်းထန်းလျက်ခဲတို့ နဲ့ပါ ဧည့်ခံကျွေးမွေးလိုက်သေးတယ်ဆိုတော့ ခရီးသွား ဧည့်သည်က ကျေနပ်သွားတယ်။

ဒါပေမယ့် ခရီးသွားဧည့်သည်ကြီး စိတ်ထဲမှာ ဇဝေဇဝါးနဲ့ စဉ်းစားမရတဲ့ အချက်တစ်ခုရှိနေတယ်၊ ကျေးလက်မှာ တောထဲ တဲနဲ့နေတယ်ဆိုတာ ယာခင်း ချောင်းခင်းစောင့်ဖို့ဖြစ်စေ၊ ကျန်းမာရေးအရ ရပ်ထဲရွာထဲ နေဖို့ မသင့်လို့ဖြစ်စေ အကြောင်းတစ်ခုခုရှိတယ်။ အခု လူရွယ်နေတဲ့ တဲဝန်းကျင်းမှာ ယာခင်းချောင်းခင်းရယ်လို့လည်း ဟုတ်တိပတ်တိမရှိ၊ လူကလည်း ကျန်းကျန်းမာမာ ဖြစ်နေတယ်၊ ဒါနဲ့ ဧည့်သည်ကြီးက “နေပါဦး မောင်ရင်ရဲ့ .. စပ်စုတယ်လဲ မထင်ပါနဲ့၊ ဦးစိတ်ထဲမှာ မရှင်းလင်းတတ်လို့ မေးပါရစေ၊ မောင်ရင်ကြည့်ရတာ ကျန်းမာရေးကြောင့်လဲမဟုတ်၊ ယာခင်း ချောင်းခင်း စောင့်ဖို့လဲမဟုတ်၊ တရားဓမ္မအားထုတ်ဖို့ တောရဆောက်တည်နေတာလဲ ဟုတ်ပုံမရဘူး၊ ဘာဖြစ်လို့ တောထဲမှာ တစ်ယောက်တည်း ထွက်ပြီး နေနေတာလဲ”လို့မေးတော့ “ဟုတ်တာပြောတတ် လွန်းလို့ သူကြီးက ရွာထဲနေခွင့်မပေးဘဲ နှင်ထုတ်ထားလို့ အခုလိုနေရတာ”တဲ့။

ဧည့်သည်ကြီးကတော့“မင်းတို့ရွာလူကြီးကလဲကွာ ဟုတ်တာပြောတာနဲ့များ တောထုတ်ရတယ်လို့”ဆိုပြီး လူရွယ်အတွက် စိတ်မကောင်း တဲ့သဘောနဲ့ ပြောပါသတဲ့။ အမောပြေတော့ ဧည့်သည်ကြီး ခရီးဆက်သွားလို့ တစ်ခေါ်လောက်ရောက်တဲ့အခါ ခရီးသည်ကြီးရဲ့ လွယ်အိပ် တစ်လုံး မေ့ကျန်တာကို တဲရှင်လူရွယ်ကတွေ့တော ကမန်းကတန်းပြေးထွက်သွားပြီး၊ “ဗျို့… မျက်စေ့တစ်ဖက်ကန်းနေတဲ့ လူကြီး ဒီမှာ ခင်ဗျားလွယ်အိတ် မေ့နေခဲ့တယ်”လို့ လှမ်းအော်တော့မှာ ခရီးသည်ကြီးက ပြန်လှည့်လာပြီး လွယ်အိတ်ကိုယူရင်း၊ “ဒီလောက်တောင် ဟုတ်တာ ပြောတဲ့ သင်းလို အကောင် ဒီလောက်ကလေး တောထုတ်ခံရတာ ရွာနဲ့တောင် နီးနေသေးတယ်၊ တောနက်နက်ထဲ နှင်ထုတ်ဖို့ ကောင်းတယ်”လို့ မှတ်ချက်ချသွား ပါသတဲ့။ ဒါမျိုးဟာ ဆဲရေးခြင်းတစ်မျိုးပဲလို့ ဆိုလိုတာပါ။ အဲဒါ သတိထားရတယ်။

(၈) ကလေသာ- ဆိုတာ လောဘတို့ ဒေါသတို့ ဣဿာ မစ္ဆရိယတို့ စသည်ပေါ့။ လောဘကြီး တဲ့သူ၊ ဒေါသကြီးတဲ့သူစသည်လည်း မခေါ်လေနဲ့၊ အဲဒါလည်း ဆဲရေးတာထက်ဆိုးတဲ့ ဆဲရေးခြင်းပါပဲ၊ ခုခေတ်ဆို ဘာသာရေးနယ်ပယ်မှာ ကိုယ်နဲ့ ဝါဒမတူရင် “မိစ္ဆာဒိဋ္ဌိ”လို့ချည်းခေါ်ကြပြောကြ တယ်မို့ လား၊ အဲဒါ ဘာသာရေး ဆဲလုံးကြီးပဲလေ။
(၉) အာပတ္တိ- ဆိုတာ တိုက်ရိုက်တော့ ရဟန်းတော်များကိုပေါ့လေ၊ သူတို့မှာ သင့်ထားတဲ့ အာပတ်ကိုကြည့်ပြီး ပါစိတ်အာပတ်သင့်တဲ့ ကိုယ်တော်စသည်ခေါ်ရင် ဆဲသည်ထက် နာမှာပေါ့၊ လူဆိုရင်လည်း ထောင်ကျတဲ့ကောင်တို့ ထောင်ထွက်တို့ စသည်ခေါ်တာမျိုးပေါ့။

ဒါတွေဟာ အမှန်တွေကို ပြောတာဖြစ်ပေမဲ့ အပြောမမှန်တဲ့အတွက် ဆဲရေးခြင်းတွေ ဖြစ်တယ် ဆိုပြီး (၁ဝ) ခုမြောက်ဖြစ်တဲ့ တိုင်းထွာဆဲရေးခြင်းတို့နဲ့ အတူတူ အားလုံးပေါင်း ဆဲရေးခြင်းဆယ်ပါးလို့ ဆိုတာပေါ့၊ “ကောင်းမွန်”ဆိုတာ အဲဒီဆဲရေးခြင်းဆယ်မျိုး လွတ်ဖို့ အဓိကလိုတယ်။

ပြီးတော့ ဘုရားရှင်ဟောတော်မူတဲ့ သဂါထာဝဂ်၊ ဝင်္ဂီသသံယုတ်ထဲက သုဘာသိတသုတ်မှာ စကားအရာ အင်္ဂါလေးတန်ဆိုတာလည်း ရှိသေးတယ်လေ၊

(၁)သုဘာသိတ- ကောင်းမွန်တဲ့စကား၊
(၂) ဓမ္မ- ကောင်းကျိုးနဲ့ယှဉ်တဲ့ တရားစကား၊
(၃) ပိယ- ချစ်ဖွယ်စကား၊
(၄) သစ္စ- မှန်ကန်တဲ့စကား..တဲ့၊ ဒါတွေကိုလည်း သတိပြုရမှာပေါ့၊ အရေးအကြီးဆုံး “စံ”ကတော့ ဘုရားရှင်ပြောတဲ့စကား နှစ်ခွန်းထဲက အဓိကဖြစ်တဲ့ “မှန်ကန်အကျိုးရှိခြင်း”ဆိုတဲ့ စံပါပဲ။

သူ့ကောင်းကျိုးကို လိုလားတဲ့ မေတ္တာစိတ်မပါရင် ဘယ်စကားမှ “ကောင်းမွန်တယ်”ဆိုတဲ့ ဂုဏ်ထူးနဲ့ မတန်ပါဘူး။
အကျိုးလိုလားတဲ့ စေတနာနဲ့ မှန်ကန်တဲ့ အကြောင်းအရာများကို ပြောဆိုရာမှာလည်း တစ် ဘက်သားရဲ့ အမှားကို ထောက်ပြ ဝေဖန် ပြောဆိုရမယ်ဆိုတဲ့ အခါမျိုးမှာ ဟိုး.. ပါထိကဝဂ်၊ သင်္ဂီတိ သုတ်မှာလာတဲ့ အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ ဝေဘန်ရေး စံငါးချက်ဆိုတာ ရှိသေးတယ်။

(၁) ဆွမ်းခံချိန်၊ ဆွမ်းစားချိန်၊ ပရိတ်သတ်နဲ့ ရောနှောနေချိန်၊ ဆွမ်းစားဇရပ်တို့ ဧည့်သည်ဇရပ် စသည်မှာ နားနေချိန်စတဲ့ မပြောသင့်တဲ့ နေရာတွေ ကင်းဝေးချိန်မှာသာ ပြောရမယ်၊ အများနဲ့ ဆက်ဆံတဲ့နေရာမျိုးမှာ မပြောရဘူး။

(၂) အကြောင်းအရာ ရေရာသေချာမှပြောရမယ်၊ မရေရာမသေချာဘဲ မပြောရဘူး။

(၃) နူးညံ့သိမ်မွေ့တဲ့ စေတနာ၊ စကားလုံး၊ အမူအရာတို့နဲ့သာ ပြောရမယ်၊ စိတ်ကြမ်း ကိုယ်ကြမ်း နှုတ် ကြမ်းမျိုးနဲ့ မပြောရဘူး။

(၄) ပြောခံရသူရဲ့ အကျိုးကို လိုလားရှေးရှုတဲ့ စိတ်ထားနဲ့သာ ပြောရမယ်၊ ဂုဏ်သိက္ခာကျစေဖို့၊ မကောင်းသတင်းကျော်ဇောစေဖို့ဆိုတဲ့ အခုကာလ ပြော ပြောနေတဲ့ အပုပ်ချတယ်ဆိုတာမျိုး မပြောရဘူး။

(၅) မေတ္တာစိတ် သန့်သန့်ထားပြီးတော့သာ ပြောရမယ်၊ အပြစ်ရှာခြင်း ရန်တုံ့ပြုခြင်း သဘောမျိုးနဲ့ လုံးဝ မပြောရဘူးတဲ့။

အဲဒီစံငါးချက်နဲ့လည်း ကိုက်ညီမှ ကောင်းမွန်တဲ့စကားဖြစ်မှာပါ၊ ကောင်းမွန်တဲ့ စကားကို ပြောမှသာ ပြောပုံမှန်တယ်လို့ ဆိုနိုင်တယ်၊ ပြောပုံမှန်မှလည်း နာရသူက လေးစားလိုက်တာနဲ့အတွက် ရည်ရွယ်ရင်း ထိရောက်နိုင်ပါတယ်၊

ပြောပုံမမှန်ရင်တော့ “မှန်တာပြော ဆသည်ထက်နာ” ဆိုတာမျိုးဖြစ်ပြီး ဆေးကြောင့် ဘေးဖြစ်တတ်တယ်၊ ဥတုမှား အစားမှားကြောင့်ဖြစ်တဲ့ ရောဂါမျိုးက ဆေးကုလို့ လွယ်ကူပေမယ့်၊ “ဘေသဇ္ဇ သမုဋ္ဌိတော ရောဂေါ အတေကိစ္ဆော- ဆေးမှားလို့ဖြစ်တဲ့ ရောဂါမျိုးမှာ ဆေးမရှိ” ဆိုတဲ့အတိုင်း နောက်သမားတောင် ကုသဖို့ မလွယ်တော့ဘူးဖြစ်သွားမယ် ဆိုတဲ့အကြောင်း အကျယ် တဝင့် ရှင်းပြတော်မူပါတယ်။
သတိထား အသိပွားပြီး ကောင်းမွန်မှန်ကန်တဲ့ စကားများနဲ့ လောကအကျိုး သာသနာအကျိုး ဆောင်ရွက်နိုင်ကြပါစေ။

မေတ္တာများဖြင့်
အရှင်သိရိန္ဒ
(မှတ်ချက်)http://ashinsirinda.com/မေတ္တာဥယျာဉ်2012-ခု၊ ဇူလိုင်လ(၆)ရက်၊ သောကြာနေ့။

Views: 199

ဘလော့အမျိုးအစား(ဆောင်ပါး)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

အောင်ကလေး သည် July 26, 2012 က 3:17pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ကျေးဇူးတင်ပါတယ်။ ကူးယူသွားပါတယ်

PPThi သည် July 21, 2012 က 10:07pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ကျေးဇူးတင်ပါတယ်အကို။ ကျမဆဲရေးခြင်း 10မျိုးကို သိချင်လို့လိုက်ရှာနေတာပါ။ အခုလိုသိရလို့ အကျိုးအရမ်းများပါတယ်ရှင်။ တခါတလေ မသိဘဲ ဆဲရေးမိနေတာတွေရှိတာကို သိလာပါတယ်။ ဘာသာ၊သာသနာအကျိုးကို ဆထက်ထမ်းပိုး ထမ်းဆောင်နိုင်ပါစေရှင်။

thet naing သည် July 19, 2012 က 7:28pmတွင် မှတ်ချက်ရေးသားသွားပါသည်။

အမှန်ပြောတိုင်းကောင်းတယ်လို့ ထင်တတ်တဲ့သူတွေ လောကကြီးမှာ အများကြီးရှိပါတယ်၊ ဒါပေမယ့်
ကိုယ်သတ်မှတ်ထားတဲ့ အမှန်တရားက ဘယ်လောက်အထိ မှန်ကန်မှု ရှိသလဲဆိုတာ ကိုယ်ကိုတိုင်
တောင်မှ သိဖို့ မလွယ်ပါဘူး၊ ဒါကြောင့် ကိုယ့်ဘက်က မှန်ကန်တယ်လို့  ယူဆထားတဲ့စကားလေး
တစ်ခွန်းကို မိမိသူတစ်ပါး နှစ်ဦးသား မထိခိုက်အောင် ကောင်းကောင်းမွန်မွန်ပြောဆိုသင့်ပါတယ်၊
ဒါမှလည်း ကောင်းမွန်မှန်ကန်တဲ့ စကားဖြစ်မှာပါ၊ ဆက်လက်ပြီး မျှဝေနိုင်ပါစေ၊ ကျေးဇူးတင်ပါတယ်၊ ကောင်းကျိုး
လိုရာ ဆန္ဒများ ပြည့်ဝနိုင်ပါစေလို့ ...။

အောင်မျိုးထွန်း သည် July 15, 2012 က 11:39pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ဖတ်ရှူမှတ်သားသွားပါတယ်.... ကျေးဇူးအထူးတင်ပါတယ်

Angledaewi သည် July 14, 2012 က 1:54pmတွင် မှတ်ချက်ရေးသားသွားပါသည်။

သိပ်ကောင်းတဲ.ဆုံးမစာလေးလို.ခံစားမိပါတယ်။

တိုးတိုးအောင် သည် July 13, 2012 က 1:07pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ကျေးဇူးကမ္ဘာပါပဲခင်ဗျာ......

ayeayemaw သည် July 11, 2012 က 2:25pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ayeayemaw သည် July 11, 2012 က 2:25pmတွင် မှတ်ချက်ရေးသားသွားပါသည်။

thanks alot

လှိုင်ကျော်ထွေး သည် July 10, 2012 က 11:51amတွင် မှတ်ချက်ရေးသားသွားပါသည်။

မှတ်သားခွင့်ရတာ ကျေးဇူးပါ

mmt သည် July 10, 2012 က 12:59amတွင် မှတ်ချက်ရေးသားသွားပါသည်။

သမ္မာဝါစာ၏အရေးကြီးမှုကိုပါ ဖတ်သိခွင့်ရလို့ ကျေးဇူးတင်မိပါတယ်။

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................


anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

လေ့လာရန်

အဖွဲ့ဝင်များအားသိစေရန်


☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

အဖွဲဝင်များ

  • အရှင်ဝဏ္ဏ ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • kham ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • Aye Marlar Htat

  • kaungsu ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

ဖိုးကံထူး commented on လှိုင်ကျော်ထွေး's blog post 'လောကုတ္တရာ သင်္ခါရဆိုတာ ဘယ်ဟာမျိုးပါလဲ? မဂ်စိတ် ဖိုလ်စိတ်ဟာ ဒုက္ခသစ္စာလော။'
"အကျိုးရှိလှပါတယ် ဘယ်ကနေရှာတွေ့တာလဲအကို ကျနော်မဖတ်ဖူးတာများတယ် မသိတာလဲများပါတယ်"
46 minutes ago
မူကြိုဆရာ posted blog posts
2 hours ago
aung aung soe commented on အရှင်ဝဏ္ဏ's blog post 'မကျေနပ်တဲ့ သံယောဇဉ်'
""သံယောဇဉ်” နာမည်လှပသလောက် ဒုက္ခပေးရာမှာ ညှာတာမှုကင်းမဲ့လှတယ်လို့…"
3 hours ago
thein wai posted blog posts
6 hours ago
ကေခိုင်စိုး liked လင်းကိုကို's discussion သမထ ဘာဝနာနဲ့ ၀ိပသနာ ဘာဝနာ
8 hours ago
ကေခိုင်စိုး replied to yamin's discussion 'ဘာသာခြား ဆန့်ကျင်ရေးတရား'
"တရားဟောဆရာတော်တစ်ပါးပြောသလိုပါပဲနိဗ္ဗာန်ရောက်ကြောင်းတရားတွေထက်နိဗ္ဗာန်ရောက်စေနိုင်တဲ့တရားတွေကိုကျင့်ကြ…"
9 hours ago
Kyi Maung commented on အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)'s blog post 'အရှေ့ကိုလျှောက်ပါတဲ့ အနောက်ကိုတဲ့မျှော်လိုက်ရင်…'
"ဖတ်ရှုမှတ်သားရပါ၏။"
10 hours ago
Kyi Maung commented on အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)'s blog post 'ဘဝရဲ့စိတ်ပျက်ကြေကွဲချိန်မှာ ပြုံးပါ'
"ဖတ်ရှုမှတ်သားရပါ၏။"
10 hours ago
ကေခိုင်စိုး commented on အရှင်ဝိမလဝံသ's blog post '"ဗုဒ္ဓဘာသာကို အမြစ်ပြတ် ဖြိုခွင်းဖို့ကြိုးစားခဲ့တဲ့ သံလျင်မြို့စားငဇင်ကာ"'
"အရှင်ဘုရားပြောတာမှန်ပါတယ်ဘုရား"
10 hours ago
ကေခိုင်စိုး liked အရှင်ဝိမလဝံသ's blog post '"ဗုဒ္ဓဘာသာကို အမြစ်ပြတ် ဖြိုခွင်းဖို့ကြိုးစားခဲ့တဲ့ သံလျင်မြို့စားငဇင်ကာ"'
10 hours ago
ကေခိုင်စိုး posted a status
"မြင့်မြတ် ၍အပြစ်ကင်းသောလုပ်ဆောင်ခြင်း"
10 hours ago
Soe Gyi shared အရှင်ဝဏ္ဏ's blog post on Facebook
11 hours ago

© 2013   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...