ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်ကောင်းမြတ်မင်းမှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

ပဉ္စမဈာန်ကို ရရှိပြီးသူသည် ထိုဈာန်သမာပတ် မြဲမြံခိုင်ခံ့ခြင်း၊ အာနိသင်ကို ရရှိခြင်း၊ ဆက်လက်ပွားများ အားထုတ်မည့် ၀ိပဿနာ လွယ်ကူစွာ ပြီးပြည့်စုံခြင်း အကျိုးကို မျှော်ကိုးလျက် တန်ခိုးဖန်ဆင်းမူ (ဣဒ္ဓိဝိဓ) အစရှိသော လောကီအဘိညာဉ်များကို ရရှိအောင် အားထုတ်သင့်ပေသည်။ ဤ၌ အဘိညာဉ်ဆိုသည်မှာ အဘိညာဉ်ကိစ္စတပ်သော ရူပပဉ္စမဈာန်၌ ပါရှိသော အသိဉာဏ်ထူးပင်ဖြစ်သည်။

 

လောကီ အဘိညာဉ်များအနက် တန်ခိုးဖန်ဆင်မူ(ဣဒ္ဓိဝိဓ) အဘိညာဉ်ကို ရလိုသူသည် ပထ၀ီကသိုဏ်းမှစ၍ သြဒါတကသိုဏ်း အဆုံးရှိသော ကသိုဏ်းရှစ်ပါးနှင့် သမာပတ်ရှစ်ပါးတို့ကို ဖြစ်စေ၍ ပထ၀ီကသိုဏ်းမှ သြဒါတကသိုဏ်းအထိ ကသိုဏ်းအနုလုံ စီးဖြန်းခြင်း၊ သြဒါတကသိုဏ်းမှ ပထ၀ီကသိုဏ်းအထိ ကသိုဏ်း ပဋိလုံ စီးဖြန်းခြင်း၊ ပထမဈာန်မှ ပဉ္စမဈာန်အထိ ဈာန်အနုလုံဝင်စားခြင်း၊ ပဉ္စမျဈာန်မှ ပထမဈာန်အထိ ဈာန်ပဋိလုံ ၀င်စားခြင်း အစရှိသော နည်းများဖြင့် အကြိမ်များစွာပွားများ ၀င်စားပြီး စိတ်ကို ဆုံးမ ပဲ့ပြင်ရမည်။

 

စိတ်ကိုဆုံးမရန် နည်းလမ်းများကား -

- ပထ၀ီကသိုဏ်းမှ သြ၀ါဒတသိုဏ်းအထိ ကသိုဏ်းရှစ်ပါးတို့ကို အစဉ်အတိုင်း(အနုလုံ) ပွားများခြင်း၊

- သြဒါတ ကသိုဏ်းမှပြန်၍ ပထ၀ီကသိုဏ်းအထိ အပြန် (ပဋိလုံ) ပွားများခြင်း၊

- အသွားအပြန် (အနုလုံ ပဋိလုံ) အားဖြင့် ပွားများခြင်း၊

- သမာပတ် ရှစ်ပါးတို့တွင် ပထမဈာန်မှာ နေ၀သညာနာသညာယတနဈာန်တိုင်အောင် အစဉ်အတိုင်း (အနုလုံ) ၀င်စားခြင်း၊

- နေ၀သညာ နာသညာယတနဈာန်မှ ပထမဈာန်ထိ အပြန် (ပဋိလုံ) ၀င်စားခြင်း၊

- ထို ဈာန် သမာပတ် ရှစ်ပါးကို အသွားအပြန် (အနုလုံ ပဋိလုံ) အစုံအားဖြင့် ၀င်စားခြင်း၊

- ပထမဈာန်ကို ၀င်စားပြီးနောက် ဒုတိယဈာန်ကို ခုန်ကျော်ကာ တတိယဈာန်ကို ၀င်စားခြင်း စသည်ဖြင့် ဈာန်ကို ခုန်ကျော်၍ ၀င်စားခြင်း၊

- ထို့အတူ ပထဈာန်ကို ၀င်စားလျက် ပထ၀ီကသိုဏ်းကို ပွားများပြီးနောက် အာပေါကသိုဏ်းကို ခုန်ကျော်ကာ တေဇောကသိုဏ်းကို ပွားများခြင်း စသည်ဖြင့် ကသိုဏ်းကို ခုန်ကျော်၍ ပွားများခြင်း၊

- ဈာန်နှင့် ကသိုဏ်း အရောအနှောထား၍ ခုန်ကျော်ဝင်စားခြင်း - စသည်တို့ဖြစ်သည်။

 

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ရှေးက အားထုတ်ဖူးခြင်း မရှိ၊ ယခုမှ စတင် အားထုတ်သူသည် စိတ်ကို နူးညံ့အောင် ကြိုတင်မဆုံးမဘဲ တန်ခိုးဖန်ဆင်းမူ ကိစ္စကို ဆောင်ရွက်နိုင်မည် မဟုတ်ချေ၊ မှန်ပေသည်၊ အားထုတ်ကာစ ပုဂ္ဂိုလ်သည် ကသိုဏ်း ပရိကံပြုမူ၊ ပဋိဘာဂနိမိတ်ကို ထင်စေမူ၊ အပ္ပနာဈာန်ကို ရရှိစေမူ၊ စိတ်ကို နူးညံ့သိမ်မွေ့အောင် ဆုံးမနိုင်မူ၊ စိတ်ကို ကြိုတင်ဆုံးမထားသော်လည်း တန်ခိုးဖန်ဆင်းမူ၊ လျှင်မြန်စွာ ရူနိုင် ၀င်စားနိုင် ဖန်ဆင်းနိုင်မူ တို့အတွက် ၀န်လေးတတ်ပေသည်။ တစ်ရာမှာတစ်ယောက် တစ်ထောင်မှာတစ်ယောက်လောက်သာ စွမ်းနိုင်သည်။

 

ရှေးဘ၀များစွာက စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ခဲ့ကြဖူးသည့် မြတ်စွာဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက အစရှိသော ပုဂ္ဂိုလ်မြတ်တို့မှာမူ ရှေ့တွင် ပြဆိုခဲ့သော ဘာဝနာအစဉ်မရှိသော်လည်း အရဟတ္တဖိုလ်ကို ရရှိသည်နှင့် ဤတန်ခိုး ဖန်ဆင်းမူ အစရှိသည်တို့မှာ ပြီးပြည့်စုံကြလေသည်။

 

ရွှေပန်းထိမ်ဆရာသည် လက်ဝတ်ရတနာ တန်ဆာအမျိုးမျိုးကို ပြုလုပ်ရန် ရွှေကို နူးညံ့အောင်ပြုလုပ်ပြီးမှ အလိုရှိတိုင်း လုပ်ဆောင်သကဲ့သို့လည်းကောင်း၊ အိုးလုပ်သမားသည် အိုးခွက်စသည် ပြုလုပ်ရန် မြေညက်ကို ကောင်းစွာနယ်လျက် နူးညံ့အောင် ပြုပြီးမှသာ အိုး၊ ခွက် စသည်တို့ကို ပြုလုပ်သကဲ့သို့လည်းကောင်း ထို့အတူ အဘိညာဉ်ရရှိအောင် စတင်အားထုတ်သူသည် ရှေ့တွင်ဖော်ပြခဲ့ပြီးသော နည်းတို့ဖြင့် စိတ်ကို နူးညံ့အောင် ကြိုတင် ဆုံးမရမည်။

ထို့နောက် ဆန္ဒရှိက မည်သည့်ကိစ္စမဆို ထမြောက်အောင်မြင်ရမည်သာတည်း စသည်ဖြင့် ဆန္ဒ၊ ၀ီရိယ၊ စိတ္တ၊ ၀ီမံသ (ပညာ) ဟူသော အဓိပတိလေးပါးအနက် တစ်ပါးပါး ဦးဆောင်၍လည်းကောင်း၊ ၀သီဘော် ငါးပါးတို့ဖြင့် လေ့လာ၍လည်းကောင်း စိတ်ကို နူးညံ့သိမ်မွေ့စေပြီး တန်ခိုးဖန်ဆင်းမူ အတွက် အားထုတ်ရမည်။

 

ဤ၌ ၀သီဘော်ငါးပါးဟူသည် -

(၁) အာဝဇ္ဇန ၀သီဘော် = ဈာန်အင်္ဂါတို့ကို လျင်မြန်စွာ ဆင်ခြင်နိုင်စွမ်းရှိခြင်း၊

(၂) သမာပဇ္ဇန ၀သီဘာ် = ဈာန်ဝင်စားလိုသည့်အခါ အလိုရှိသမျှ ဈာန်စိတ်များကို ဖြစစေနိုင်ခြင်း၊

(၃) အဓိဋ္ဌာန ၀သီဘော် = ၀င်စားလိုသည့်အချိန် အတိုင်းအတာ သတ်မှတ်ချက်အတိုင်း အပိုအလိုမရှိ တိကျစွာ ဈာန်စိတ်ကို ထားနိုင် ဖြစ်စေနိုင်ခြင်း၊

(၄) ၀ုဋ္ဌာန ၀သီဘော် = မှန်းဆတွက်ချက်ထားသည့် အချိန်၌ ဈာန်မှ ထနိုင်ခြင်း၊

(၅) ပစ္စဝေက္ခဏ ၀သီဘော် = ဈာန်အင်္ဂါတို့ကို ဆင်ခြင်နိုင်ခြင်း - တို့ဖြစ်သည်။

 

(အာဝဇ္ဇန၀သီဘော် မြောက်လျှင် ပစ္စဝေက္ခဏ ၀သီဘော်လည်း ပြီးစီးသွားပေသည်။ သို့သော်လည်း မနောဒွါရာဝဇ္ဇန်း၏ သတ္တိကို အာဝဇ္ဇန ၀သီဘော်၊ ပစ္စဝေက္ခဏာဇော၏သတ္တိကို ပစ္စဝေက္ခဏ ၀သီဘော်ဟု သတ္တိအလိုက် နှစ်မျိုးခွဲခြားထားခြင်း ဖြစ်သည်။

 

ဤသို့ ပါရမီ မရှိသူသည် ဈာန်သမာပတ်များနှင့် ကသိုဏ်းအာရုံတို့ကို အကြိမ်များစွာ ပွားများဝင်စားပြီးမှ အသဘိညာဉ်ကို ရရှိနိုင်လေသည်၊ ပါရမီထူးရှိသူကား ထိုကဲ့သို့ အကြိမ်များစွာ မ၀င်စား မလေ့လာသော်လည်း ပဉ္စမဈာန်ကို ရရှိကာမျှဖြင့်လည်းကောင်း၊ မဂ်ကို ရရှိကာမျှဖြစ်လည်းကောင်း အဘိညာဉ်ကို ရရှိနိုင်ပေသည်။

 

အဘိညာဉ်စိတ် ဖြစ်ပုံ
“ပါဒကဈာန်၊ ပရိကံနှင့်၊ တဖန် ပါဒက၊ ဖြစ်ပြီးမှ ကျတုံ အဘိညာ”ဟူသော အဆိုနှင့်အညီ ရှေ့တွင် ဖော်ပြခဲ့သည့်အတိုင်း စိတ်ကို နူးညံ့သိမ်မွေ့အောင် ဆုံးမ၍ လောကီအဘိညာဉ်တစ်ခုခုကို ဖြစ်စေလိုလျှင် -

 

(၁) ရူပ ပဉ္စမဈာန်ကို အဘိညာဉ်၏ အခြေခံ(ပါဒက) အဖြစ် ၀င်စားရမည်၊

(၂) ထိုပါဒကဈာန်မှထ၍ အဓိဋ္ဌာန်မည့် အာရုံတစ်ခုခုကို မှန်းပြီး သတံ ဟောမိ = နိမ္မိတရုပ် တစ်ရာ ဖြစ်စေသတည်း၊ သဟဿံ ဟောမိ = နိမ္မိတရုပ်တစ်ထောင် ဖြစ်စေသတည်း စသည်ဖြင့် ပရိကံပြုရမည်။ ဤစိတ်အစဉ်ကို အဓိဋ္ဌာန်စိတ်ဟု ခေါ်၏။

(၃) တစ်ဖန် အဘိညာဉ်၏ အခြေံခံဖြစ်သည့် ရူပ ပဉ္စမဈာန်ကို ၀င်စားရမည်။

 

ဤသို့ အစီအစဉ်အတိုင်း ၀င်စားပြီးနောက် ရူပ ပဉ္စမဈာန် အဘိညာဉ်ဝီထိခေါ် အဘိညာဉ်တန်ခိုး အစွမ်းပါသော ရူပါ ပဉ္စမဈာန် စိတ်အစဉ် ဖြစ်ပေါ်လေသည်။ ဤ ရူပပဉ္စမဈာန် စိတ်အစဉ်သည်ပင် အဘိညာဉ်ဟူသော အမည်တွင်သည်။ ဤအဘိညာဉ် ၀ီထိစိတ် ဖြစ်သည်နှင့် တပြိုင်နက် ဖန်ဆင်းအပ်သော ရုပ်(နိမ္မိတရုပ်) အစရှိသော အကျိုးများ ဖြစ်ပေါ်လာသည်။

 

ဤသည်မှာ အနည်းကို အများဖြစ်အောင် ဖန်ဆင်းခြင်းဖြစ်သည်။ ဤအတူပင် အများကို အနည်းဖြစ်အောင် ဖန်ဆင်းလိုပါက ဧကော ဟောမိ = တစ်ယောက်တည်းဖြစ်စေသတည်းဟု ပရိကံပြု၍ ဖော်ပြခဲ့သည့်အတိုင်း အဘိညာဉ်ကို ဆက်လက်ဝင်စားရမည်။

 

ပထ၀ီကသိုဏ်း၏ အစွမ်းသတ္တိ
ပထ၀ီကသိုဏ်း၏ အစွမ်းသတ္တိများမှာ -

(၁) တစ်ယောက်ကို အများဖြစ်ရန်၊ အများကို တစ်ယောက်ဖြစ်ရန် စွမ်းနိုင်ခြင်း၊

(၂) ကောင်းကင်၊ ရေပြင်တို့ကို မြေပြင်အသွင် ဖန်ဆင်း၍ သွား၊ ရပ်၊ ထိုင်၊ လဲလျောင်းနိုင်ခြင်း၊

(၃) ဈာန်ကို ရရှိစေနိုင်ခြင်း - တို့ဖြစ်သည်။

 

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Views: 82

ဘလော့အမျိုးအစား(ဘာသာရေး)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

htin lin thar သည် July 8, 2012 က 11:33pmတွင် မှတ်ချက်ရေးသားသွားပါသည်။

thanks

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................


anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

လေ့လာရန်

အဖွဲ့ဝင်များအားသိစေရန်


☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

အဖွဲဝင်များ

  • dimplemit ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • Thet Thet Oo ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • saw htwe ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • kyaemone ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

dimplemit left a comment for hellokonaing
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
3 minutes ago
dimplemit left a comment for boboaung
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
3 minutes ago
Thet Thet Oo commented on မူကြိုဆရာ's blog post '“မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ပါစေ”'
"ကျေးဇူးပါ"
5 minutes ago
dimplemit left a comment for arkarmin
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
6 minutes ago
dimplemit left a comment for စောမင်းသူ
"ကြွရောက်လာကြတဲ့ ဓမ္မမိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်…"
7 minutes ago
dimplemit left a comment for adam
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
8 minutes ago
saw htwe replied to kolinlintun's discussion 'နတ်ပြည်ခြောက်ထပ်ရှိပါသော်လည်းကုသိုလ်ကောင်းမှုလုပ်သူများသည်များသောအားဖြင့် တာဝတီံသာနတ်ပြည်သို့သာရောက်ရသည်ဟု ဖတ်ရှု့နားကြားရပါသည်။ဘာကြောင့်ထိုနတ်ပြည်သို့သာရောက်ရပါသလဲ။ဆွေးနွေးပေးကြပါ။'
"အရိယာများသွားသည့်ဘုံမှာ တုသိတာ နတ်ပြည်ဖြစ်ပါတယ်။ စာပေများမှာလည်း ပါပါတယ်။ တုသိတာ နတ်ပြည်မှာ…"
8 minutes ago
၄၄၂ဇော်နိုင် commented on thein wai's blog post 'အရှင်ဆေကိန္ဒ၏ ဘ၀..မလဲအောင် ချိန်လို့ရတဲ့ လက်ကိုင်လေး။'
"မှတ်သွားပါတယ်ဗျာ"
25 minutes ago
whitecolor liked ကိုညီညီတင်'s blog post '"မေးမြန်းစူးစမ်း၊ဓမ္မလမ်း” (အက်ဒ်မင် ကိုညီညီတင်နှင့် အက်ဒ်မင် ဆရာတော်အရှင်ဝဏ္ဏတို့၏ အင်တာဗျူးအစီအစဉ်)'
36 minutes ago
Nyi Nyi Aung liked ကိုညီညီတင်'s blog post '"ဣနြ္ဒိယ သံဝရသီလ အကြောင်း တစ်စေ့တစ်စောင်း"'
37 minutes ago
Nyi Nyi Aung liked မူကြိုဆရာ's blog post 'ဝေဒနာနဲ့ဗုဒ္ဓဓမ္မ'
42 minutes ago
Nyi Nyi Aung liked မူကြိုဆရာ's blog post 'နီးနီးဝေးဝေး ရန်သူ'
52 minutes ago

© 2013   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...