ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်ကောင်းမြတ်မင်းမှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

မဖြစ်စလောက် တရားတော်တဲ့ အမည်မှည့် တော်တော်ဆန်းသမို့  လှမ်းလို့ ပင် အမြန်ကြည့်မိ.....ဟိုက်!
ရင်ထဲ နှလုံးသားထဲထိ စီးဝင်မိပါပေါ့လား....ဖတ်မှတ် လေ့လာ ကျင့်သုံးကြပါ၊ ဓမ္မမိတ်ဆွေတို့ အတွက်
အကျိုးများစရာပါ။

တစ်ခါတစ်လေ ဒေါသ ဖြစ်မိတဲ့အခါ ရင်ထဲက"ဒုတ်. ဒုတ်" ဒုတ် ဒုတ်"နဲ့ အိပ်မပျော်တော့ပါဘူး။
ဒေါသဖြစ်တာထက် အိပ်မပျော်တာက ပိုတောင် စိတ်ဆင်းရဲရပါတယ်။
အဲဒီ အိပ်မပျော်တာ တစ်ချက်နဲ့ တင်
ဒေါသ မဖြစ်ချင်တာပါ။ မဖြစ်ချင်ပေမယ့် ဖြစ်နရတုန်းပါ။

အနာဂါမ် မဖြစ် သရွေ့တော့
ဒေါသ ဖြစ်နေရဦးမှာပါ။

ဒါကြောင့် ဒေါသကို ဘယ်လို ပယ်ရမလဲ ဆိုတာကို သိပ်သိချင်တာပါ။ မဟာစည်ဆရာတော်ဘုရားကြီးက ဒေါသနဲ့ပတ်သက်လို့ဝမ္မိကသုတ်တရားတော်မှာမျက်မှောက်ခေတ်တကယ့်ဖြစ်စဉ် ဇာတ်လမ်းလေးတစ်ပုဒ်ကို ထည့်ဟော ထား ဖူးပါတယ်။ ဟောစဉ်တရားတော်က ဒီလိုပါ။

*** တစ်ခါက … သုဓမ္မ၀တီပုံနှိပ်တိုက် တိုက်အုပ် ဦးပန်းမောင်ဆိုတဲ့ ဒကာကြီးကမှတ်ဖွယ် ၀တ္ထုကလေး တစ်ခုကို ပြောပါတယ်။ ဦးပန်းမောင်ဆိုတာကြားကောင်းကြားဖူးပါလိမ့်မယ်။ အဲဒီဦးပန်းမောင်က ရေဒီယိုထဲကနေပြီးတော့ "မဖြစ်စလောက်တရားတော်" ဟောမယ်ဆိုလို့ "ဘာများ ဟောမှာပါလိမ့်မတုန်း" လို့ဘုန်းကြီးကနားထောင်နေတယ်။ သူ ပြောပုံကမဖြစ်စလောက်ကလေးနဲ့လည်း ဒုက္ခဖြစ်တတ်တယ်၊ မဖြစ်စလောက်ကလေးပဲဆိုပြီးတော့မရိုမသေမလုပ်လိုက်ပါနဲ့တဲ့။ ဒကာလူရော အဲဒီတုန်းက မကြားလိုက်ဘူးလား၊ မကြားဘူးတဲ့သူတွေကပဲ များပါလိမ့်မယ်။ မဖြစ်စလောက် တရားတော်တဲ့၊ သူ ဥစ္စာကောင်း တယ်၊ အမည်ပေးပုံကလေးကိုက သိပ်ကောင်းနေတယ်။

ဖြစ်ပုံကလည်း ဆန်းတယ်၊ ဘယ်လို လဲဆိုတော့ တစ်ခါက အင်မတန် ရင်းရင်းနှီးနှီးအတူနေကြတဲ့ ဦးပဉ္စင်းနှစ်ပါး ရှိပါသတဲ့။ တစ်ပါးက ရေချိုးနေတယ်။ အဲဒီလို ရေချိုးနေတုန်းသူ့ဖိနပ်ကို တစ်ပါးက ကျီစယ်လိုတဲ့အနေနဲ့ ၀ှက်ထားတယ်။ ဟိုရေချိုးနေတဲ့ ဦးပဉ္စင်းကရေးချိုးပြီးတဲ့အခါဖိနပ်စီးမယ်လို့ကြည့်လိုက်တော့ သူဖိနပ်ကို မတွေ့ရဘူး။မတွေ့ရတော့ အဲဒီ ဦးပဉ္စင်းကလည်း သူ့ဖိနပ်ဝှက်ထားမှန်းသိလို့ ရယ်စရာအနေနဲ့သူက ပြောတယ်။ ပေါ့ပေါ့ဆဆ ပြောလိုက်တာပါပဲ။ "ဟေ့… ငါ့ဖိနပ်ကို ဘယ်ခွေးချီသွားမှန်း မသိဘူး" လို့ ပြောလိုက်သတဲ့။ ဒီတော့ ဖိနပ် ၀ှက်ထားတဲ့ ဦးပဉ္စင်းက စိတ်နာလိုက်တာမပြောပါနဲ့ကွာ။ " ငါကိုခွေးဖြစ်အောင် ဆိုတယ်"လို့ အတွေးခေါင်ပြီးတော့  စိတ်နာလိုက်တာတဲ့။

ဟို ဖိနပ်ရှင် ဦးပဉ္စင်းကတော့ စေတနာမပါပါဘူး၊ ခပ်ပေါ့ပေါ့ ပြောလိုက်တာပါပဲ၊ စိတ်နာလောက်အောင်လို့ပြောလိုက်တာ မဟုတ်ပါဘူး။ သူ့ဖိနပ် ပျောက်သွားတော့ ဒီလိုပြောရမှာပဲ။ ဖိနပ်ခွေးချီတယ်လို့ ပြောတာဟာပြောရိုး ပြောစဉ်ပဲ။ အပြောခံရတဲ့ ဦးပဉ္စင်းကတော့ "ငါကိုခွေးဖြစ်အောင်ပြောရမလား" ဆိုပြီး စိတ်ဆိုးတာနဲ့ အုတ်ခဲကြီးနဲ့ဖိနပ်ရှင် ဦးပဉ္စင်းရဲ့ခေါင်းကိုထုလိုက် တာ ပျံလွန်တော်မူရှာသတဲ့။ အောင်မယ် ပြောတာကတော့ သူ့ဥစ္စာမဖြစ်စလောက်ပဲ။ ဒါပေမဲ့ ပြောတဲ့ဦးပဉ္စင်းမှာ ပျံလွန်တော်မူရတယ်။ အုတ်ခဲနဲ့ ထူတဲ့ ပုဂ္ဂိုလ်လည်း ရာဇ၀တ်ပြစ်မှုကြီး ဖြစ်ရတယ်"။
ဝမ္မိကသုတ်တရားတော် - နှာ၁၃၉၊၁၄၀၊၁၄၁။ ***

စာရေးသူတို့ မမီလိုက်တဲ့ တရားတစ်ပုဒ်ကို ဆရာတော်ဘုရားကြီး ပြန်ဟောပြလို့သိခွင့် ရတာပါ။ ဇာတ်လမ်းလေးက စာကတစ်ဆင့် ဖတ်ရရုံနဲ့တင် ကြက်သီးထစရာပါ။ စိတ်သဘော မွန်မြတ်မှုလေးတွေကတော့ အတိုင်းအတာတစ်ခုအထိ ရှိနေမှာပါ။ ဒါပေမယ့် ဖြစ်လာတဲ့ဒေါသကို မထိန်းလိုက်နိုင်တဲ့ အတွက် ကာယကံမြောက် ကျူးလွန် မိသားဖြစ်သွားရတာပါ။

ဒါမျိုးလေးတွေက လူလောကမှလည်း အများကြီးပါပဲ။ ဒေါသအလျောက် ရာဇ၀တ်သင့်နေတဲ့ ထောင်ထဲက သူတွေကို လော့လာကြည့်ရင် ပင်ကိုယ်ဓာတ်ခံအားဖြင့် စိတ်ထားလေးတွေက ကောင်းကြပါတယ်။ ဒါပေမယ့် ဖျက်ခနဲဖြစ်လိုက်တဲ့ ဒေါသကိုဖျက်ခနဲမထိန်းလိုက်နိုင် တဲ့အတွက် ဖျတ်ခနဲ ပြုမိသွားကြတာပါ။ သတိဝင်တဲ့အခါမှာ အားလုံးကျူးလွန်ပြီးသား ဖြစ်နေပါပြီ။
ဒီလို ကျူးလွန်မိလိုက်တာကို "ငါ ပြုမိလိုက်တာမှ ဟုတ်မှ ဟုတ်ပါမလား" ဆိုပြီး ကိုယ့်ကိုယ်ကိုတောင် မယုံပါဘူး။

ဒါပေမယ့် အရာအားလုံးက နောက်ကျ သွားခဲ့ပါပြီ။ နောက်ဆုံးတော့ လောကပြစ် ဓမ္မပြစ်တွေကို နင့်နင့် ကြီးခံစားသွား ရတော့တာပါ။ တကယ်လို့ ဒေါသမဖြစ်ဘဲ မနေနိုင်လို့ ဖြစ်မယ်ဆိုရင်လည်း မနောကံအဆင့် လောက်မှာပဲ ဖြစ်နေပြိး ၀စီကံ၊ ကာယကံကို ကောင်းကောင်း စောင့်ထိန်း ထားလိုက်နိုင်ရင် အခုလို အဖြစ်ဆိုးကြီးနဲ့ ကြုံရမှာ မဟုတ်ပါဘူး။ ဖြစ်ဦးတော့ မနောကံအဆင့်မှာပဲ ထိန်းထားလိုက်နိုင်အောင် ကြိုးစားရပါမယ်။ မနောကံအဆင့်မှာပဲ ဖြစ်နေတာဆိုတော့သူတစ်ပါး မသိပါဘူး။ ဒီတော့ကိုယ့်ကိုလည်း သူတစ်ပါးက အထင်မသေးတော့ပါဘူး။ တကယ်လို့ ပက်ကနဲ ပြန်ပြောမိလိုက်ရင် ကိုယ်ဒေါသထွက်တာ လူသိသွားပါပြီ၊ ဒါဆို ကိုယ့်ကိုလည်း အထင်သေးသွားပါပြီ။ ဦးဇင်လေးနှစ်ပါးရဲ့ ဖြစ်စဉ်ကို အားလုံးကြားဖူးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့နှိုင်း ယှဉ် ကြည့် ရအောင်ပါ။

*** တစ်ခါတုန်းက ရဟန်းတစ်ပါးဟာ ကျောင်းဆောက်ဖို့ သစ်ပင်ခုတ်ပါတယ်။ အဲဒီသစ်ပင်မှာ သားငယ်တစ်ဦိးနဲ့နေနေတဲ့နတ်သမီးက သူနေနေတဲ့ ဗိမာန်ကို မဖျက်ဆီးဖို့ တောင်းပန်ပါတယ်။ ဒါပေမယ့် မရပါဘူး။ ရဟန်းက စိတ်လက်မာန်ပါနဲ့ ခုတ်ချလိုက်တာနတ်သမီးရဲ့  သားငယ်လေးလက်ကို ထိခိုက်သွားပါတယ်။ ဒီတော့နတ်သမီးက ဒေါသအကြီးအကျယ်ထွက်ပြီး ရဟန်းကို သတ်ပစ်မလို့ ကြံလိုက်ပါတယ်။ ဒါပေမယ့် ဖြစ်နေတဲ့ ဒေါသကိုထိန်းသိမ်းပြီး မြတ်စွာဘုရားရှင်ကို အကျိုးအကြောင်း သွားလျှောက်ပြပါတယ်။ ဒီတော့ မြတ်စွာဘုရားက "ချစ်သမီး..ကိုယ့်ရဲ့ ဒေါသကို သိမ်းဆည်းနိုင်ခဲ့တာသိပ်ကောင်းတာပဲ။ တကယ်လို့ ချစ်သမီးက အဲဒီအရဟန်းရဲ့အသက်ကိုအန္တရယ်ပြုလိုက်ရင် ချစ်သမီးအတွက် အကုသိုလ်တွေတိုးပွားသွားလိမ့်မယ်" လို့ အားပေးနှစ်သိမ့်စကားပြောလိုက်ပါတယ်။ ပြီးတော့ မြတ်စွာဘုရားရှင် ကျောင်းအနီးမှာရှိတဲ့ သစ်ပင်တစ်ပင်မှာနေဖို့ ပေးလိုက် ပါတယ်။

ရဟန်းငယ်လေးကော၊ နတ်သမီးလေးကောဒေါသတော့ ဖြစ်လိုက်ကြတာပါပဲ။ ဒါပေမဲ့ ရဟန်းငယ်လေးက ကာယကံနဲ့ ၀စီကံကိုမထိန်းလိုက်နိုင်ပါဘူး။ နတ်သမီးလေးက ကာယကံ နဲ့ဝစီကံကိုထိန်းလိုက်နိုင်ပါတယ်။ ဒေါသဖြစ်တာချင်းအတူတူ ကာယကံနဲ့ ၀စီကံကို ထိန်းနိုင်ခြင်းနဲ့ မထိန်းနိုင်ခြင်းကွာသားပါတယ်။ ဖြစ်စဉ်လေးက စက္ကန့်ပိုင်း ၊ မိနစ်ပိုင်း အတွင်းလေးပါ။ ကိုယ်က ဒီစက္ကန့်ပိုင်း၊ မိနစ်ပိုင်း တွင်းလေးကိုကောင်းကောင်း ထိန်းလိုက်နိုင်ဖို့ပါ။ မထိန်းလိုက်နိုင်ရင် ကြီးမားတဲ့ အပြစ်ဆိုး ကျိုးကြီးကို ရလိုက်တော့တာပါ။

ဒီနေရာမှာ နည်းယူဖို့ကောင်းတာက နတ်မီးသလေးရဲ့ အပြုအမူပါ။ နတ်သမီးလေးက ဖြစ်လာတဲ့ဒေါသကိုထိန်းပြီးအားကိုးလေးစားရာမြတ်စွာဘုရားကိုသွားလျှောက်တာပါ ။ သွားလျှောက်တာ အမှားမဖြစ်တော့ပါဘူး။

ကိုယ်က ဒါလေးကို နည်းယူပြီး ဒေါသဖြစ်လာတဲ့အခါ ကိုယ်လေးစားရတဲ့တရား အသိအတော်အတန်ရှိတဲ့ ဆရာသမား၊မိဘမိတ်ကောင်းဆွေကောင်း တစ်ဦးဦးဆီ ပြောပြလိုက်ဖို့ပါ။ ဆရာမိတ်ဆွေတွေရဲ့တရားစကားလေး တစ်ခွန်းလောက် ကြားလိုက်ရရင် ဖြစ်နေတဲ့ ဒေါသ က ပြေသွားတာများပါတယ်။
ဒါလည်း နည်းယူရမယ့် ဒေါသဖြေနည်းတစ်ခုပါ။

ဒေါသ ဖြစ်လာတဲ့အခါ ကိုယ်တိုင်မဆုံးဖြတ်ဘဲ ကိုယ့်ထက်အသိဉာဏ် အတွေ့အကြုံရှိတဲ့သူကို တိုင် ပင်ပြီးမှ လုပ်တာက အကောင်းဆုံးပါ။ ဒေါသဖြစ်နေတုန်း ကိုယ့်သဘောနဲ့ ကိုယ် ဆုံဖြတ်ရင် မှား တာများပါတယ်။ ဒီတော့ ဒေါသဖြစ်လာပြိဆိုရင် ကိုယ်လေးစားရသူ တစ်ဦးဦးကို ရင်ဖွင့်ပြောပြလိုက်ပါ။ ရင်ဖွင့်လိုက်ရင် စိတ်ကပေါ့သွားတာ များပါတယ်။

တစ်ခု သတိထားရမှာက ကိုယ်တိုင်ပင် နည်းခံတဲ့သူက တရားအသိ အားနည်းပြီး " ကိုယ့်ကို ဒီလို စောကားတာငြိမ်ခံမနေနဲ့၊ ပြန်သာ ဆော်ပစ်လိုက်ပါလား၊ ငါဘာကူညိရမလဲ" ဆိုပြီမြှောက်ပေးတဲ့သူ မဖြစ်ဖို့ောတ့ လိုပါတယ်။ အဲဒီလို တရားအသိအားနည်းတဲ့ လူမျိုးများသွားတိုင်ပင်မိရင်ကိုယ်က မကျူးလွန်ချင်ဦးတော့သူကြောင့် ကျူးလွန်ချင် စိတ်တောင် ဖြစ်သွား ဦးမှာပါ။

လူသုံးမျိုးတွေ့ရပါတယ်။ ဒေါသမဖြစ်အောင်နေတဲ့သူရယ်၊
ဒေါသဖြစ်ပေမယ့် ကိုယ့်ဖြစ်တဲ့ ဒေါသကို သိပြီး ရတဲ့နည်းတစ်ခုခုနဲ့ ပယ်ပစ်တဲ့သူရယ်၊ ဒေါသဖြစ်ပေမယ့် ကိုယ်ဒေါသ ဖြစ်နေမှန်းမသိဘဲ ဆက်ကာဆက်ကာ ဖြစ်နေတဲ့သူ ရယ်ပါ။ တစ်ချို့က ဒေါသမဖြစ်အေင်ကို နေတာပါ။ သူ့ကို ကြည့်လိုက်ရင် ပြုံးပြုံးနဲ့ပါ။ မျက်နာကလည်း ကြည်လင်နေတာပါ။ ဒေါသမဖြစ်တော့ စိတ်ကကြည်နေ၊ စိတ်ကြည်နေတော့ ရုပ် ကပါ လိုက် ကြည်လင်နေတာပါ။

တစ်ချို့ကျတော့ အလိုမရှိတဲ့အာရုံ တစ်ခုခုကိုတွေ့ပြီး ဒေါသတော့ ဖြစ်လိုက်တာပါပဲ။ ဒါပေမယ့် ကိုယ်ဒေါသဖြစ်နေမှန်းကို ချက်ချင်းသိလိုက်ပါတယ်။ သိတာနဲ့ ပယ်လို့ရတဲ့ နည်း တစ်ခုခုနဲ့ပယ်ပယ်ပစ်တာပါ။ ဒေါသဖြစ်ပေမယ့် ဖြစ်တဲ့ဒေါသက အကြာကြီး တည် မနေတော့ပါဘူး။

တချို့ကျတော့ ကိုယ်ဒေါသဖြစ်ပေမယ့် ဖြစ်မှန်းကို မသိတော့တာပါ။ ဒါကြောင့်ဒေါသကို ဆက်ကာဆက်ကာ ဖြစ်နေတော့တာပါ။ မနေနိုင်တော့တဲ့ အဆုံး မပြောသင့်တဲ့ စကားတွေပြောချလိုက်မိရော။ မလုပ်သင့်တာတွေ လုပ်ချလိုက်မိရော၊ နောက်ဆုံးတော့ ကြီးမားတဲ့ လောကပြစ်၊ ဓမ္မပြစ်ကြီးတွေပါ ကျူးလွန်မိသူ ဖြစ်သွားတော့တာပါ။ ဒီအခြေနေမျိုး ရောက်သွားရင်သိပ်ကြောက်ဖို့ ကောင်းတာပါ။ ကိုယ်က ပါရမီအားနည်းသေးလို့ ပထမ အမျိုးအစားမှာ မပါသေးရင်တောင် ဒုတိယအမျိုးအစားတော့ ပါအောင်ကြိုးစားရမှာပါ။ ဒေါသဖြစ်လာပြီဆိုရင် ကိုယ်ဒေါသဖြစ်နေတာကို သိလိုက်ဖို့ပါ။

ကိုယ်ရှေ့မှာရှိတဲ့ ခွက် ကလေးကို ထိုင်ကြည့်နေသလို ဖြစ်နေတဲ့ ဒေါသလေးကို စိတ်ကလေးနဲ့ ထိုင်ကြည့်နေဖို့ပါ။ တတ်နိုင်သရွေ့ဒေါသရဲ့ သဘောလေးကို မိနိုင်သမျှမိအောင် ကြည့်နေလိုက်ဖို့ပါ။ ဒေါသလေးကဘယ်လိုလေးလဲ။ ဘယ်လိုလေးဖြစ်နေတာလဲဆိုပြီး ဒေါသရဲ့သဘော လေးကိုသိနေလိုက်ဖို့ပါပဲ။ ဒီတော့ ဒေါသဖြစ်ဖြစ်လာပြီဆိုရင် နှုတ်ကလည်း ပြောလိုက်ပါဦး။ "ကိုင်း… ဒေါသရေ ကြိုက်သလောက်ဖြစ်စမ်း၊ ငါကတော့မင်းကိုစိုက်ကြည့်နေမှာပဲ" လို့ ပြောပြီး ဒေါသကို သေချာသာစိုက်ကြည့်နေလိုက်ပါ။ မျက်စိနဲ့ကြည့်ရမှာတော့မဟုတ်ပါဘူး။

စိတ်နဲ့ကြည့် နေရမှာပါ။ ဖြစ်နေတဲ့ဒေါသလေးက ဘယ်လိုလေးလဲ၊ ဘယ်လိုသဘောလေး ဖြစ်နေတာလဲဆိုတာ သိအောင်ကြည့်ရမှာပါ။ သိစ ကြည့်စမှာတော့ ဒေါသကလေးက ပျောက်ဦးမှာ မဟုတ်သေးပါဘူး။ သိပါ၊ သိပါ၊ ကြည့်ပါ ကြည့်ပါများလာရင် ဒေါသလေးက လျော့လျော့သွားတာ များပါတယ်။ လိုရင်းကတော့ ဒေါသဖြစ်လာရင် ဒေါသကိုပြန်ကြည့်နေလိုက်ဖို့ပါ။ အဲဒီလို ဒေါသဖြစ်တာလေးကို သိလိုက် တာဟာ အဆင့်မြင့် ၀ိပဿနာနဲ့ ပယ်လိုက် တာပါပဲ။ မဟာသတိပဋ္ဌာန်သုတ်မှာ ဒေါသဖြစ်ရင် ဖြစ်တယ်လို့ သိလိုက်ပါတဲ့၊ မြတ်စွာဘုရားက ရိုးရိုးလေးပဲ ပြထားတာပါ။ ကျင့်စမှာတော့ ခက်နေမှာပါ။ ကျင့်ပါများသွားရင် အလေ့အကျင့်ဖြစ်ပြီးလွယ်သွားလိမ့်မယ်။

မခက်လှတဲ့ကျင့်စဉ်လေးကို လက်တွေ့ကျင့်သုံးကြည့်သင့်ပါတယ်။ ကျင့်နေတဲ့ အချိန်မှာ တစ်ဖက်ကလည်း "ငါ မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော်နေတယ်၊ ငါ မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော်နေတယ်" လို့ နှလုံးသွင်းနေလိုက်ပါ။ မြတ်စွာဘုရားကို အကျင့်နဲ့ပူဇော် နေတာဆိုတော့ မြတ်စွာဘုရားရဲ့မျက်နှာတော်လေးကို မြင်ယောင်ပြီး မြတ်စွာဘုရားကို အားနာသွားပြီး ဒေါသကို ဆက်ပြီးမဖြစ်ရက်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က မြတ်စွာဘုရားကို အနှို်င်းမဲ့ ကြည်ညိုထားလို့ပါ။ "ဒေါသ ဖြစ်လိုက်တာနဲ့ သိလိုက်ပြီး မြတ်စွာဘုရားကို အကျင့်နဲ့ပူဇော်လိုက်"၊ "ဒေါ သဖြစ်လိုက်တာနဲ့ သိလိုက်ပြိး မြတ်စွာဘုရားကို အကျင့်နဲံပူဇော်လိုက်" နဲ့ ကြာလောတော့ ဒုတိယအမျိုးအစားထဲမှာ ပါသွားပါလိမ့်မယ်။ ဆက်လက်ပြီးကျင့်သွားမယ်ဆိုရင်တော့ ပထမ အမျိုးအစားထဲမှာတောင် ပါသွားတော့မှာပါ။ အဲဒီလိုမှ မပျောက်ရင်" ငါ ဒေါသဖြစ်နေတယ်၊ ငါ ဒေါသဖြစ်နေတယ်"လို့ ထပ်ကာထပ်ကာ ဆိုနေလိုက်ပါ။ တကယ်လို့ ဒေါသက အင်အားသိပ်ကောင်းနေရင်လည်း "ငါ ဒေါသဖြစ်နေတယ်၊ ငါ ဒေါသဖြစ်နေတယ်" လို့ အသံကို မြှင့်ပြီး ခပ်ကျယ်ကျယ်လေးသာ အော်ဆိုနေလိုက်ပါ။ ရွတ်ဆိုရင်းနဲ့အသိဉာဏ် ၀င်လာတဲ့အခါဒေါသက လျော့သွားတာ များပါတယ်။ အဓိကကတော့ဒေါသကို ပယ်ချင်တဲ့စိတ် ရှိဖို့ပါပဲ။ ပုထုဇဉ်အလျှောက် ဒေါသကိုမပယ်နိုင်သေး လို့ဒေါသဖြစ်နေရသေးပေမယ့် ကိုယ်ကဒေါသကို ပယ်ချင်စိတ်ရှိဖို့ပါပဲ။ ပယ်ချင်စိတ်ကိုအခြေခံပြီးရွတ်နေရင် လျော့လျောသွားတာများပါတယ်။

နောက်တစ်ခု သတိထားရမှာက ဒေါသဖြစ်နေတဲ့ အချိန်မှာ ကိုယ်ဒေါသ ဖြစ်ရ သူနဲ့ဘာစကားမှ မပြောမိအောင်ရယ် ဘာမှမလုပ်မိအောင်ရယ် အထူးသတိထားရပါမယ်။ ဒေါသထွက်နေတု န်းပြောလိုက် ပြုလိုက်ရင် မှားသွားတာများလို့ပါ။

စာထဲမှာ ဘာဖြစ်လို့ ဒေါသဖြစ်ရသလဲလိုတော့ အနိဋ္ဌာရုံနဲ့ အယောနိသောမနသိကာရကြောင့်ပါတဲ့။ အနိဋ္ဌာရုံဆိုတာ ကိုယ်မနှစ်သက်တဲ့ အာရုံ ကိုယ်အလိုမရှိအပ်တဲ့ အာရုံပါ။ ကိုယ်မနှစ်သက်တဲ့အဆင်း အသံ အနံ့ အရသာ အတွေ့အထိ ကိုယ်မနှစ်သက်တဲ့ အစား အစညာကိုယ်နှစ်သက်တဲ့ ပစ္စည်း၊ ကိုယ်မနှစ်သက် တဲ့လူ စသည် စသည်တွေကြောင့် ဒေါသဖြစ်ရပါတယ်။
နောက်တစ်ခုက အယောနိသောမနသိကာရ နှစ်လုံးသွင်းမှားမူကြောင့်လည်း ဖြစ်ရ ပါတယ်။ ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံကြောင့်လည်း ဒေါသဖြစ်ရတာဆိုတော့ အနိဋ္ဌာရုံတွေကိုမမြင်အောင် မကြားအောင် ကြိုရှောင်ထားလိုက်ရင်လည်း ဒေါသကို ကြိုတားပြီးသား ဖြစ်နေပါတယ်။ စာမှာတော့ ဒေါသဖြစ်ရခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့ အနိဋ္ဌာရုံနဲ့ အယောနိသောမနသိ ကာရ ကြောင့်လို့ဆိုပေမယ့် အယောနိသောမနသိကာရအဓိကကျပါတယ်တဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ကိုယ်မနှစ်သက်တဲ့အနိဋ္ဌာရုံနဲ့တွေ့ဦးတော့ ယောနသောမနသိကာရနဲ့ 
နှစ်လုံးသွင်းလိုက်၇င် ဒေါသမဖြစ်တော့ပါဘူးတဲ့။

ဒေါသကို ပယ်ချင်တဲ့သူက ဒီစာမှတ်ချက်ကလေးကို သေချာအာရုံပြုထားရမှာပါ။ ကြုံလာတဲ့ အာရုံတိုင်းကို ယောနိသော မနသိကာရနဲ့ နှလုံးသွင်းထားလိုက်၇င် ဒေါသဖြစ်နိုင်စရာ မရှိတော့ပါဘူး။ စာထဲမှာ ထပ်ပြထားတာကတော့ အနိဋ္ဌာရုံကို တားလို့မရပါဘူးတဲ့။ ဟုတ်လည်း ဟုတ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ နေရတာဆိုတော့ ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံကတော့ အရှေ့ အနောက် တောင်မြောက် ၀ဲ ယာကနေ ပေါ်ချင်သလို ပေါ်ပေါ်နေမှာပါ။ ဘယ်လိုမှ တားလို့ ရမှာ မဟုတ်ပါဘူး။
ယောနသောမနသိကာရကို လက်ကိုင်ထားနိုင်မှ ကိုယ်မဖြစ်ချင်တဲ့ ဒေါသက မဖြစ် မှာပါ။

ဒီတော့ကိုယ်မနှစ်သက်တဲ့အာရုံကို ယောနိသောမနသိကာရနဲ့ နှလုံးသွင်းတဲ့အလေ့လေးကိုထပ်ကာထပ်ကာ လေ့ကျင့်ထုံထားနိုင်ရပါမယ်။ လေ့ကျင့်စမှာတော့ ရချင်မှရမှာပါ။ လေ့ကျင့်ပါ များလာရင်တော့ အတိုင်းအတာ
တစ်ခုအထိတော့ ရင့်ကျက်သွား တော့မှာပါ။

ဒါကြောင့် ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံတွေ့လိုက်တာနဲ့  "ငါ ယောနိသောမနသိကာရနဲ့ နေမယ်" "ငါ ယောနိသောမနသိကာရနဲ့ နေမယ်" လို့ ငါးခါခြောက်ခါလောက် ဆင်ခြင်ပစ် လိုက်ပါ။ ဆင်ခြင်မှုကို လျှော့မတွက်ပါနဲ့။ ဆင်ခြင်ပါများရင် အဲဒီဆင်ခြင်မှုကပဲ ယောနိသော မနသိကာရ ဖြစ်ဖို့ အတွက် ကူညီသွားပါလိမ့်မယ်။

ဇာတ်ဝတ္ထုတွေထဲမှာ ဆင်ခြင်ရင်းနဲ့ သံဝေဂဖြစ်၊ အဲဒီသံဝေဂကိုပဲ အခြေခံပြီး ၀ိပဿနာ ဆက်ကူးသွားတာတရားထူး တရားမြတ်ရဖို့အထိတောင် အထောက်အပံ့ ဖြစ်တာပါ။ ဒီတော့ ရတာ မရတာထား၊
ဆင်ခြင် စရာရှိတာတင်းတင်းသာ ဆင်ခြင်နေလိုက်ပါ။ ဆင်ခြင်မှုရဲ့ အကျိုးကိုတော့ခံစား ရပါလိမ့်မယ်။ ဒေါသပယ်နည်းတွေကတော့ စာထဲမှာ အများကြီးပါပဲ။ ဒီတော့ ဆင်ခြင် နှလုံးသွင်းပြီး ပယ်တာရယ်၊ ၀ိပဿနာနဲ့ ပယ်တာရယ်ပဲ ရေးပြလိုက်ပါတယ်။

ကဲ… စာဖတ်သူ၊ ဒေါသဖြစ်လာတဲ့အခါ "ကဲ… ဒေါသ ၊ မင်းကြိုက်သလောက် ဖြစ်စမ်း၊ ငါကတော့ မင်းကိုသေချာထိုင်ကြေည့်နေမှာပဲ" ဆိုပြီး ဖြစ်လာတဲ့ ဒေါသကလေးကို စိုက်ကြည့်နေလိုက်ပါ။ ကြည့်ပါ ကြည့်ပါများလာရင်တစ်နေ့သောအခါမှာ
ဒေါသနည်းသူတစ်ယောက် ဖြစ်သွားပါလိမ့်မယ်။

http://shwephyulay.blogspot.in/တွင်လည်းဖတ်ရှုနိုင်ပါသည်။
အရှင်သုမနသာရ(ဖြူး)

Views: 97

ဘလော့အမျိုးအစား(သတိပေးဆောင်းပါး)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

laelaewinn သည် July 10, 2012 က 4:00amတွင် မှတ်ချက်ရေးသားသွားပါသည်။

အကိုတော်တော်ကြိုးစားထားတာဘဲ။ညီမကနဲနဲစိတ်တိုတတ်တော့ညီမနဲ့အကိုက်ဘဲ။မှတ်သားလေ့လာ၇တဲ့အတွက်ကျေးဇူးတင်ပါတယ်နော်။
အလုပ်မအားတဲ့အတွက်ဖတ်တာနောက်ကျသွားတာေ၇ာကော်မန့်ပေးတာနောက်ကျသွားတဲ့အတွက်ေ၇ာတောင်းပန်ပါတယ်။
နောင်ကိုလည်းဒီထက်ကောင်းတာလေးတွေတင်ပေးပါအုံးနော်။အားပေးဘို့ဖတ်မှတ်ဘို့စောင့်မျှေူာ်နေပါ့မယ်။

မတင်တင်မိုး သည် July 9, 2012 က 3:10pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ကိုသောင်းတန် ရေသတိပေးဆောင်းပါးလေးကတန်ဘိုးရှိလှပါတယ်
ရှေ့ဆက်လဲ မျှဝေပေးပါဦးနော်။

hla moe 24 သည် July 8, 2012 က 2:43pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ကျေးဇူးတင်ပါတယ်.....လူရွင်တော်တွေ ပြေားတာသတိရမိသွားတယ် (စေားရီးနော်)

ဒေါသစိတ်လေး မီမီ မီ အဲ့ဒါကနောက်တာ သေသေချာချာတွေး ကြည့်ရင် ရူ့  ကွက်တခုဘဲးနော်

mmt သည် July 8, 2012 က 2:47amတွင် မှတ်ချက်ရေးသားသွားပါသည်။

မှတ်သားစရာလေးပါ၊ သိရလို့ ကျေးဇူးတင်ပါတယ်။

PPThi သည် July 7, 2012 က 10:06pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ကျေးဇူးတင်ပါတယ်ရှင်။ လိုက်နာကြိုးစားသွားပါ့မယ်။

ဇော်ထက်မောင် သည် July 7, 2012 က 8:18pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ဖတ်ရှုမှတ်သားသွားပါတယ်ခင်ဗျာ။ ကျေးဇူးပါခင်ဗျ ကျွန်တော်လည်း ဒေါသစရိုက်ပါ၊

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................


anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

လေ့လာရန်

အဖွဲ့ဝင်များအားသိစေရန်


☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

အဖွဲဝင်များ

  • ♫ ♥ မှုံနံ.သာဖြူ ♥♫ ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • moh moh ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • kham ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • Thet Thet Oo ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • dimplemit

  • mun mun aung ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

♫ ♥ မှုံနံ.သာဖြူ ♥♫ liked dimplemit's blog post 'ဘ၀မှာ ဘာအရေးကြီးဆုံးလဲဆိုတာ....'
4 minutes ago
moh moh liked dimplemit's blog post 'ဘ၀မှာ ဘာအရေးကြီးဆုံးလဲဆိုတာ....'
7 minutes ago
Nilar Htet Htet Aung commented on dimplemit's blog post 'ဘ၀မှာ ဘာအရေးကြီးဆုံးလဲဆိုတာ....'
"Thanks for sharing. I agree your thinking of the most important thing in life. I'll try my…"
15 minutes ago
dimplemit posted blog posts
53 minutes ago
ashinvishittathara commented on နီစံ (အနီ)'s group 'အဘိဓမ္မာ ဌာန'
"ဒီနေရာကိုလာလည်ခွင့်ရလို့အရမ်းဝမ်းသာပါတယ်"
1 hour ago
ashinvishittathara joined နီစံ (အနီ)'s group
Thumbnail

အဘိဓမ္မာ ဌာန

-အဘိဓမ္မာ သင်ယူလေ့လာရန် -အဘိဓမ္မာ ရေးရာ ဆွေးနွေးနှီးနှောဖလှယ်ရန်See More
1 hour ago
kham liked မူကြိုဆရာ's blog post 'မေတ္တာလေ.ကျင်.ခန်း'
1 hour ago
မတင်တင်မိုး commented on မူကြိုဆရာ's blog post 'ဗုဒ္ဓဘာသာဝင်တို့ နေ့စဉ်လုပ်ဆောင်သင့် အချက်များ'
"Thanks..."
1 hour ago
Htain Lin Oo liked မူကြိုဆရာ's blog post 'ပဋိစ္စ သမုပ္ပါဒ် ဒေသနာဆိုသည်မှာ'
2 hours ago
ကောင်းမြတ်ဇော် commented on လှိုင်ကျော်ထွေး's blog post '(၆)ကြိမ်မြောက် အလှူပွဲအတွက် အသိပေးနိုးဆော်ခြင်း'
"စင်္ကာပူမှ အလှူရှင်တဦးမှ စင်္ကာပူဒေါ်လာ $၅၀ လက်ခံ ၇ရှိပါသည်။ ယခုလို စေတနာသုံးတန် ပြဠာန်းကာ လှူဒါန်းမူ…"
3 hours ago
လှိုင်ကျော်ထွေး commented on လှိုင်ကျော်ထွေး's blog post '(၆)ကြိမ်မြောက် အလှူပွဲအတွက် အသိပေးနိုးဆော်ခြင်း'
"အလှူရှင် မနန်းယုမှ လှူဒါန်းငွေကျပ်-၂၀၀၀၀/-(ကျပ် နှစ်သောင်းတိတိ) ကို လက်ခံရရှိပါတယ် ခင်ဗျာ..။ယခုလို…"
4 hours ago
နန်းယု liked မူကြိုဆရာ's blog post 'မေတ္တာလေ.ကျင်.ခန်း'
4 hours ago

© 2013   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...