ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်ကောင်းမြတ်မင်းမှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

ငါးပါးသီလနှင့်မြောက်ကျွှန်းနေလူများအကြောင်း

ငါးပါးသီလနှင့်မြောက်ကျွှန်းနေလူများအကြောင်း
https://www.facebook.com/notes/buddha-in-my-life/%E1%80%84%E1%80%AB...
မှ ကူးယူမျှဝေပါသည်။

ဥတ္တရကုရုခေါ်သော မြောက်ကျွှန်း၌နေထိုင်ကြသည့် လူတိုပသည် အမြဲ နိစ္စ ငါးပါးသီလကို လုံခြုံကြသည်။ ယင်း ငါးပါးသီလလုံခြုံသူတို့၏ ဓမ္မတာသိဒ္ဓိကြောင့် အောက်ပါဝိသေသန အကျိုးထူးများကို ခံစားကြရသည်။

၁။ အိုးအိမ်တိုက်တာ (နေစရာအတွက်အထူးဆောက်နေဖွယ်မလို၊သစ်ပင်များကနေထိုင်မှုအတွက်ကိစ္စပြီးစေသည်.။

၂၊ မြောက်ကျွှန်းနေလူတို့မှာ ရှည်ခြင်းပုခြင်းစသော အပြစ်မျိုးကင်းသည်၊လုံးရပ်သဏ္ဍာန်နှင့်ပြည့်စုံ၍ ကိုယ်လုံးကိုယ်ဖန် အရပ်အမောင်းတူညီကြသည်။

၃။ ဇရာရောဂါ အနှိပ်အစက်မခံရ၍ ဆံပင်ဖြူခြင်းသွားကျိုးခြင်း အရေတွန့်ခြင်း အင်အားကုန်ခမ်းခြင်းမရှိပေ။

၎။ အသက်မွေးဝမ်းကျောင်းအတွက် အဟာရပရိယေသန ဒုက္ခကင်းသည်။

၅။ မှက်၊ခြင်၊ယင်၊ကြမ်းပိုးစသော သတ္တဝါကိုက်ခဲမှုမခံရ။

၆။ စားသောက်မှုအတွက် ဝယ်ရ၊သွားရ၊ချက်ရသော ဒုက္ခမျိုးကင်းသည်၊ အခွံမပါ ဖွဲကင်းသောသလေးဆန်ကို အာဟာရအဖြစ်သုံးဆောင်ရသည်၊ ပကတိထင်းမီးဖြင့် ချက်မနေရ၊ ဇောတိကမည်သော ရတနာကျောက်တုံးပေါ်တင်လိုက်လျှင် ချက်ပြီးဖြစ်၏၊ဟင်းနှင့်ဟင်းလျှာအတွက် သီးခြားစီမံနေစရာမလို၊စားလိုသု၏ူက အချဉ်တမ်းတလျှင်အချဉ် အချိုတမ်းတလျှင်အချို အရသာပေါ်လာ၏။

၇။ အထက်ဖော်ပြပါ အဟာရကိုမှီဝဲသောကြောင့် နှုနာ၊ပွေး၊ညှင်း၊တင်းတိပ်နာ၊ချောင်းဆိုးပန်းနာ၊မြစ်ချောက်နာ၊အရှုးရောဂါနှင့်အိုနာများ ကင်းဝေသည်။

၈။ မြောက်ကျွှန်းနေလူအချင်းချင်း မနာလိုဝန်တိုစိတ်ကင်းရှင်းကြသည်။

၉။ ရာသီဥတုမျှတသည်။အပူလွန်ကဲမှု၊ အအေးလွန်ကဲမှု ရာသီဒဏ်မခံရ။

၁၀။ မြောက်ကျွှန်း၌ တန်ခိုးကြီးသော ဘုရားပစ္စေကဗုဒ္ဓါတို့ ဆွမ်းခံကြွမြဲ ဓမ္မတာဖြစ်၍ထူးခြားသည်။

၁၁။ မြောက်ကျွှန်း၌ ကုန်းသူ၊ကွသူ၊ ကောက်သူ၊ကွေးသူ၊ခွင်သူ၊ လေငန်းဆွဲသူ၊အင်္ဂါချို့တဲ့သူ၊ဣနြေ္ဒချို့တဲ့သူမရှိချေ။

၁၂။ အမျိုးသမီးများ ၆ပြစ်ကင်း၍ အရုပ်ဆိုးသူမရှိ၊၁၆နှစ်အရွယ်ထင်မှတ်ရသည်၊အမျိုးသားများ ၂၅ နှစ်အရွယ်မှာတည်သည်။

၁၃။ သားသမီးငယ်များက မိဘတို့ကိုနားပုနားဆာမလုပ်ကြ၊တွယ်ကပ်၍မနေကြ။

၁၄။ မြောက်ကျွှန်းနေလူတို့ ကာမကိစ္စ တစ်သက်လုံးမှာ (၇)ရက်သာခံစားကြသည်။

၁၅။ ကိုယ်ဝန်တည်ရခြင်းဒုက္ခ၊ လွယ်ရခြင်းဒုက္ခ၊ ဖွားရခြင်းဒုက္ခတို့မှလည်း ကင်းသည်။

၁၆။ မိဘတို့ကရင်သွေးငယ်အတွက် ကြောင့်ကြစိုက်နေစရာမလို၊ ကလေးများဆော့ကစားရာ အိပ်ပျှော်ရာမှာထား၍ လိုရာသွားနိုင်သည်။ တွေ့သူက အစားကျွှေးနို့တိုက်သည်။ ကလေးများကံကြောင့် လက်ညှိုးမှ နို့ထွက်သည်။

၁၇။ အဝတ်အတွက်ပူစရာမလို၊ ပဒေသာပင်မှရသည်။

၁၈။ ရေချိုးသည့်အခါ စုပေါင်းရေချိုးကြသည်၊အဝတ်ကိုစုပုံထားသည်၊ပထမရေချိုးပြီးသူကအပေါ်ဆုံးမှအဝတ်ကို ယူဝတ်သည်။ငါ့ဟာ သူ့ဟာ ငြင်းခုံမှုမရှိ။

၁၉။ သေသူအတွက် ကျန်ရစ်သူများ ပူဆွေးသောကမဖြစ်၊ မငိုကျွှေးပေ။

၂၀။ အပုပ်နံ့မရှိ၊ သုသာန်သင်္ချိုင်း ထားစရာမလို၊သေသူ၏ရုပ်ကလာပ်ကို အဝတ်ဖြင့်ထုပ်ပတ်၍ ချထားရသည်၊ ကုသိုလ်ကံ အဟုန်ကြောင့် ဖြစ်ပေါ်လာသော ငှက်ကြီးများက တခြားကျွန်းသို့ ယူဆောင်သွားကြသည်။

၂၁။သေပြီးနောက် နတ်ပြည်ရောက်သည်၊ ငရဲ၊တိရစ္ဆာန်၊ပြိတ္တာမဖြစ်ချေ။

၂၂။ အနှစ်တစ်ထောင် သက်တမ်းမြဲသည်။

(သာရတ္ထဒီပနီဋီကာမှ)
posted by BuddhaInMyLife

Views: 302

ဘလော့အမျိုးအစား((ဗဟုသုတ), တရား)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

နှင်းဖြူ သည် July 20, 2012 က 2:50pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ဟုတ်ကဲ့ မှတ်သားသွားပါတယ်......

မေနိုဗယ် သည် July 11, 2012 က 12:51pmတွင် မှတ်ချက်ရေးသားသွားပါသည်။

သိချင်နေခဲ့တာပါ ကျေးဇူးတင်ပါတယ်နော် တစ်ခုလောက်မေးချင်ပါတယ် မြောက်ကျွန်းနေလူများရဲ့ရုပ်ရည်ဟာ ဘယ်လိုရှိလဲမဖော်ပြတဲ့အတွက်ကြောင့်ပါ တောင်ကျွန်းနေ လူအများလိုပဲ ရုပ်ရည်ရှိကြပါသလား

padout သည် July 10, 2012 က 10:53amတွင် မှတ်ချက်ရေးသားသွားပါသည်။

wowww.... ayan kg tae naw.. thank a lot let me know.. thankkkk

ဦးအောင်ကိုး သည် July 10, 2012 က 1:26amတွင် မှတ်ချက်ရေးသားသွားပါသည်။

Can some one pin point where is the မြောက်ကျွန်း in this world.? Thank you.

ကလေးတို.ဆရာမ သည် July 9, 2012 က 7:17pmတွင် မှတ်ချက်ရေးသားသွားပါသည်။

အဓိက ဆိုလိုတာကတော့ “ ငါးပါးသီလ“ မြဲခြင်းရဲ့ အကျိုးကျေးဇူးတွေပါ-
အားကျစရာနော်-
ငါးပါးသီလလုံခြုံသူတွေဖြစ်အောင် ကြိုးစားရင် သူတို.လို ဖြစ်ပါ့မလား-
အင်း- ဒါပေမဲ့ အမြတ်ဆုံး နိဗာန်နဲ.တော့ မဝေးချင်ဘူး -
ရွှင်လန်းချမ်းမြေ့ကြပါစေ

မောင်ခိုင် သည် July 9, 2012 က 3:31pmတွင် မှတ်ချက်ရေးသားသွားပါသည်။

မှတ်သားရလို့ ကျေးဇူးတင်တယ်ဗျာ။

Thaung Tan သည် July 9, 2012 က 2:21pmတွင် မှတ်ချက်ရေးသားသွားပါသည်။

မြောက်ကျွန်းနေသူတို့ ရဲ့  အခွင့်အရေးတွေ ကအကောင်းတွေချည်းဖြစ်နေတော့ တောင်ကျွန်းနေသူတွေအတွက်တော့ လိုချင်စရာပေါ့နော် သူတို့  သက်တမ်း ကြည့်တော့လည်း နှစ်တစ်ထောင်တဲ့ ဘာမှလုပ်စရာလည်းသိပ်မလို နေစရာ စားစရာ ကအစ မပူပင်ရတော့ နေချင် ရောက်ချင် လည်ချင်ကြတာပေါ့ တကယ်တော့ လောဘ တွေပါပဲ ၊ သုခ အရိပ်အရောင်ပြနေတာကိုး၊ ဒုက္ခ ဆိုရင် မလိုချင်ကြဘူး ဒါ သဘာဝပဲလေ အသာစံချင်တဲ့စိတ်က အမြဲလိုလိုကိုယ့်အပေါ်လွှမ်းမိုးနေတယ်၊ ဒုက္ခကို ဘယ်လိုမြင်မလဲ၊ ဒုက္ခကိုမြင်
မှ ဒုက္ခ ကိုမလိုချင်တာလာမှာ၊ ဒုက္ခ ရဲ့ အရိပ်အရောင်နဲ့ ဝေးနေမှတော့ နိဗ္ဖာန် နဲ့ ဝေးပြီပေါ့၊ ဗကဗြဟ္မာကြီး ဘုရားချွတ်သလို ချွတ်မှ ကျွတ်တမ်းဝင်လိမ့်မယ်ထင်ပါတယ်။

ဝိ သု ကြုံ (အသေမဦးခင်) သည် July 9, 2012 က 12:12pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ဗဟုသုတရတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

waiphyolwin သည် July 9, 2012 က 11:21amတွင် မှတ်ချက်ရေးသားသွားပါသည်။
ကျွန်တော်သိတာကတော့ မြောက်ကျွန်းသူတွေဟာ ဘယ်တော့မှ“နိဗ္ဗာန်' မရောက်ဘူးတဲ့
တောင်ကျွန်းတစ်ကျွန်းတည်းမှာဘဲ“နိဗ္ဗာန်" ကို ရောက်နိုင်တာ။
ဟုတ်မဟုတ်သိတဲ့သူရှိရင်ဖြေပေးပါခင်ဗျာ။
Angledaewi သည် July 8, 2012 က 11:17pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ငါးပါးသီလုံခြုံချင်းကအကျုီုးကတန်ဖီုးကြီးမားလှပါတယ်။

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................


anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

လေ့လာရန်

အဖွဲ့ဝင်များအားသိစေရန်


☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

၄၄၂ဇော်နိုင် commented on dimplemit's blog post 'အတိတ်မှသမထနှင့်ဝိပဿနာအထုံတို့ပစ္စုပ္ပန်တွင်အကျိုးပေးပုံ'
"ကျေးဇူးပါ"
55 minutes ago
ဖိုးကံထူး posted photos
1 hour ago
၄၄၂ဇော်နိုင် commented on မူကြိုဆရာ's blog post '“ကိုယ်ကျင့်သီလ ကောင်းသူနှင့်သာ ပေါင်းဖော်ပါ”'
"သတိပေးတဲ့အတွက် ကျေးဇူးပါဗျာ"
1 hour ago
aung aung soe commented on မူကြိုဆရာ's blog post 'သေရမှာကြောက်သူ (၄) ဦး နှင်. သေရမှာ မကြောက်သူ (၄) ဦး'
"ဖတ်မှတ်သွားပါသည်။ ကျေးဇူးတင်ပါသည်။"
2 hours ago
dimplemit posted blog posts
2 hours ago
aung aung soe commented on dimplemit's blog post 'ဒုက္ခများမြောင် လူတို့ဘောင်ဝယ်'
"မိုးလင်းကမိုးချုပ် မျက်လုံးမှိတ် လိုက်တဲ့အချိန် အတွင်း အပူ…"
2 hours ago
dimplemit left a comment for ဖိုးသားကြီး
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
2 hours ago
dimplemit left a comment for ရှင်ဧသိကဓမ္မ (ကန့်ဘလူ)
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
2 hours ago
dimplemit left a comment for ဇော်ဇော်ဦး
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
2 hours ago
dimplemit left a comment for မြတ်ကိုကိုဟန်
"ကြွရောက်လာကြတဲ့ ဓမ္မမိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်…"
2 hours ago
dimplemit left a comment for thatnaing
"ကြွရောက်လာကြတဲ့ ဓမ္မမိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်…"
2 hours ago
Myaenu Kyun posted a blog post

လူ့ကိုယ်ခန္ဓာဖြင့် နတ်ပြည်ရောက်သူများ

မိမိရဲ့ Term Paper စာအုပ်လေးတစ်အုပ်ကို မျှဝေလိုက်ပါတယ်။ စာအုပ်ကတော့ လူ့ကိုယ်ခန္ဓာဖြင့်…See More
2 hours ago

© 2013   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...