ထိုတွင် သမထကမ္မဋ္ဌာန်းကား အမျိုးအစားအားဖြင့် (၄၀)ရှိသည်။ ကသိုဏ်း (၁၀)ပါး၊ အသုဘ(၁၀)ပါး၊ အနုဿတိ(၁၀)ပါး၊ ဗြဟ္မ၀ိဟာရ (၄)ပါး၊ အာရုပ္ပ(၄)ပါး၊ ၀၀တ္ထာန်(၁)ပါးတို့ ဖြစ်သည်။
ကသိုဏ်း(၁၀)ပါး
`ကသိုဏ်း´ဟူသော ဝေါဟာရသည်လည်း ပါဠိသက်ဝေါဟာရဖြစ်၏၊ `ကသိဏ´ဟူသော ပါဠိမှ ဆင်းသက်လာ၏။ `အလုံးစုံ´ဟု အဓိပ္ပာယ်ရှိသည်။ ကသိုဏ်းအာရုံတစ်မျိုးမျိုးကို ရူမှတ်သော ယောဂီပုဂ္ဂိုလ်သည် ကသိုဏ်းအာရုံ တစ်စိတ်တစ်ပိုင်းကိုသာ ရူမှတ်ရသည်မဟုတ်၊ ကသိုဏ်းအာရုံမြင်ကွင်း အလုံးစုံကို ရူမှတ်ရသည်။ ကသိုဏ်းဆယ်ပါးကား အောက်ပါအတိုင်းဖြစ်သည် -
၁။ ပထ၀ီ ကသိုဏ်း - တစ်ထွာလက်လေးသစ်ခန့် (သို့မဟုတ်) ကောက်နယ်တလင်းခန့်ရှိ မြေ၀န်းကသိုဏ်း၊
၂။ အာပေါ ကသိုဏ်း = အနည်းဆုံး တစ်ထွာနှင့် လက်လေးသစ်ခန့် မျက်နှာဝကျယ်သော အိုး စသည်၌ ထည့်ထားသည့် ရေကသိုဏ်း၊
၃။ တေဇော ကသိုဏ်း = အနှစ်အသား မာသော ထင်းဖြင့် မီးဖိုထား၍ တစ်ထွာလက်လေးသစ်ခန့် ဖောက်ထားသော ဖျာ သားရေ အ၀က်ပေါက်မှ ရူပွားရသော မီးကသိုဏ်း၊
၎။ ၀ါယော ကသိုဏ်း - လေတဖြတ်ဖြတ် တိုက်ခတ် လူပ်ရှားနေသော ၀ါးပင်ဖျား ကြံပင်ဖျား၊ သစ်ပင်ဖျားတို့ကို ရူပွားရသော လေကသိုဏ်း၊
၅။ နီလ ကသိုဏ်း - ကြာညိုစသော အညိုရောင်ပန်းတို့ကို ခြင်း တောင်း စသည်တို့၌ အပြည့်ထည့်၍ ဖြစ်စေ၊ နံရံ၊ ပျဉ်ချပ်၊ ပိတ် စသည်တို့၌ တစ်ထွာ လက်လေးသစ်ခန့်ရှိ အညိုရောင်ဆေးကွက်ခြယ်၍ ဖြစ်စေ၊ ထိုအားရုံကို ရူပွားရသော အညိုရောင် ကသိုဏ်း၊
၆။ ပီတ ကသိုဏ်း - အ၀ါရောင်ပန်း၊ မွေ့ရာ၊ အခင်း စသည်တို့ကို ခြင်း၊ တောင်း စသည်တို့၌ အပြည့်ထည့်၍ ဖြစ်စေ၊ နံရံ၊ ပျဉ်ချပ်၊ ပိတ် စသည်တို့၌ တစ်ထွာလက်လေးသစ်ခန့်ရှိ အ၀ါရောင် ဆေးကွက်ခြယ်၍ ဖြစ်စေ၊ ထိုအာရုံကို ရူပွားရသော အ၀ါရောင် ကသိုဏ်း၊
၇။ လောဟိတ ကသိုဏ်း - အနီရောင်ပန်း စသည်တို့ကို ခြင်း၊ တောင်း စသည်တို့၌ အပြည့်ထည့်၍ ဖြစ်စေ၊ နံရံ၊ ပျဉ်ချပ်၊ ပိတ် စသည်တို့၌ တစ်ထွာလက်လေးသစ်ခန့်ရှိ အနီရောင် ဆေးကွက်ခြယ်၍ ဖြစ်စေ၊ ထိုအာရုံကို ရူပွားရသော အနီရောင် ကသိုဏ်း၊
၈။ သြဒါတ ကသိုဏ်း - အဖြူရောင်ပန်း စသည်တို့ကို ခြင်း၊ တောင်း စသည်တို့၌ အပြည့်ထည့်၍ ဖြစ်စေ၊ နံရံ၊ ပျဉ်ချပ်၊ ပိတ် စသည်တို့၌ တစ်ထွာလက်လေးသစ်ခန့်ရှိ အဖြူရောင် ဆေးကွက်ခြယ်၍ ဖြစ်စေ၊ ထိုအာရုံကို ရူပွားရသော အဖြူရောင် ကသိုဏ်း၊
၉။ အာလောက ကသိုဏ်း - နံရံပေါက်၊ အမိုးပေါက်၊ သစ်ခက်ကြားတို့မှ ၀င်၍ မြေကြီး နံရံ စသည်တို့၌ ထင်လာသော နေရောင် လရောင် တို့ကိုဖြစ်စေ၊ အိုးတွင်း၌ မီးထွန်း၍ အိုးပေါက်မှထွက်ပြီး နံရံတွင်ထင်သော အလင်းရောင်ကိုဖြစ်စေ၊ ရူပွားရသော အလင်းရောင် ကသိုဏ်း၊
၁၀။ အာကာသ ကသိုဏ်း - တစ်ထွာလက်လေးသစ်ခန့်ရှိ နံရံပေါက်၊ အမိုးပေါက်၊ ပြူတင်းပေါက် စသည်တို့ကိုဖြစ်စေ၊ ဖျာ၊ သင်ဖြူး၊ သားရေ စသည်တို့၏ တစ်ထွာ လက်လေးသစ်ခန့်ရှိ အပေါက်ကိုဖြစ်စေ၊ ရူပွားရသော အာကာသ ကသိုဏ်း - တို့ ဖြစ်သည်။
အသုဘ(၁၀)ပါး
`အသုဘ´ဟူသော ပါဠိစကားသည် `မတင့်တယ်´ဟု အဓိပ္ပာယ်ရှိ၏။ မတင့်တယ် စက်ဆုပ် ရွံရှာဖွယ် အလောင်းကောင်များကို `အသုဘ´ဟု ခေါ်သည်။ အသုဘ (၁၀)ပါးကား အောက်ပါအတိုင်းဖြစ်သည် -
၁။ ဥဒ္ဓုမာတက = သေပြီးနောက် နှစ်ရက် သုံးရက် အကြာတွင် ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် အလောင်းကောင်၊
၂။ ၀ိနီလက = အသားများသောနေရာ၌ အနီကွက်၊ ပြည်စုရာ၌ အဖြူကွက် ထ၍ တကိုယ်လုံး ညိုမဲမဲဖြစ်နေသော စက်ဆုပ်ဖွယ် အလောင်းကောင်၊
၃။ ၀ိပုဗ္ဗက = ပြည်များ ပေါက်ကွဲ ယိုကျနေသော အလောင်းကောင်၊
၎။ ၀ိစ္ဆိဒ္ဒန္ဒက = နှစ်ပိုင်းဖြတ်ထားသော အလောင်းကောင်၊
၅။ ၀ိက္ခာယိတက = ခွေး၊ ကျီး၊ ဠင်းတ စသည်တို့ ကိုက်ခဲ စားသောက်ထားသော အလောင်းကောင်၊
၆။ ၀ိက္ခိတ္တက = လက်၊ ခြေ၊ ခေါင်း၊ တကွဲတပြားဖြစ်ကာ ပြန့်ကြဲနေသော အလောင်းကောင်၊
၇။ ဟတ၀ိက္ခိတ္တက = အင်္ဂါကြီးငယ်တို့ကို ဓား စသော လက်နက်ဖြင့် ခွဲ၍ သတ်ဖြတ် စွန့်ပစ်ထားသော အလောင်းကောင်၊
၈။ လောဟိတက = တကိုယ်လုံးမှာ သွေးများယိုထွက် ပေကျံနေသော အလောင်းကောင်၊
၉။ ပုဠုဝက = တကိုယ်လုံးမှာ ပိုးလောက်တို့ ပြန့်ကြဲနေသော အလောင်းကောင်၊
၁၀။ အဋ္ဌိက = အရိုးစုသာ ကြွင်းကျန်တော့သော အလောင်းကောင် - တို့ဖြစ်သည်။
အနုဿတိ(၁၀)ပါး
`အနုဿတိ´ဟူသော ပါဠိဝေါဟာရသည် အဖန်ဖန်အောက်မေ့ဆင်ခြင်မူဟု အဓိပ္ပာယ်ရှိသည်။ အနုဿတိဆယ်ပါးကား အောက်ပါအတိုင်းဖြစ်သည်။
၁။ ဗုဒ္ဓါနုဿတိ - မြတ်စွာဘုရား၏ အရဟံ စသော ဂုဏ်တော်များကို အဖန်ဖန် အောက်မေ့ အမှတ်ရခြင်း၊
၂။ ဓမ္မာနုဿတိ - မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်ပရိယတ်ဟူသော တရားတော်၏ သွာက္ခာတတာစသော ဂုဏ်တော်များကို အဖန်ဖန်အောက်မေ့ အမှတ်ရခြင်း၊
၃။ သံဃာနုဿတိ - သံဃာတော်၏ သုပ္ပဋိပန္န စသော ဂုဏ်တော်များကို အဖန်ဖန် အောက်မေ့ အမှတ်ရခြင်း၊
၎။ သီလာနုဿတိ - မကျိုးမပျက်သော မိမိသီလ၏ ဂုဏ်တို့ကို အဖန်ဖန် အောက်မေ့ အမှတ်ရခြင်း၊
၅။ စာဂါနုဿတိ - ရက်ရက်ရောရော စွန့်ကြဲလှူဒါန်းသော အလှူကို အဖန်ဖန် အောက်မေ့ အမှတ်ရခြင်း၊
၆။ ဒေ၀တာနုဿတိ - သဒ္ဓါစသည်နှင့် ပြည့်စုံကြသူများသည် နတ်ပြည်၌ ဖြစ်ကြရ၏၊ ထိုပုဂ္ဂိုလ်တို့၏ သဒ္ဓါ စသော ဂုဏ်မျိုးသည် မိမိ၌လည်း ရှိ၏ဟု နတ်တို့ကို သက်သေအရာ၌ ထား၍ မိမိ၏သဒ္ဓါ စသော ဂုဏ်တို့ကို အဖန်ဖန် အောက်မေ့ အမှတ်ရခြင်း၊
၇။ မရဏာနုဿတိ - သေခြင်းကို အဖန်ဖန် အောက်မေ့ အမှတ်ရခြင်း၊
၈။ ကာယဂတာသတိ - ဆံပင်စသော ရုပ်အပေါင်းကို အဖန်ဖန် အောက်မေ့ အမှတ်ရခြင်း၊
၉။ အာနာပါနဿတိ - ထွက်လေ၀င်လေကို သတိကပ်၍ ရူမှတ်နေခြင်း၊
၁၀။ ဥပသမာနုဿတိ - နိဗ္ဗာန်၏ ငြိမ်းအေးပုံကို အဖန်ဖန်အောက်မေ့ အမှတ်ရခြင်း - တို့ဖြစ်သည်။
ဗြဟ္မ၀ိဟာရ (၄)မျိုး
ဗြဟ္မ၀ိဟာရ ဟူသည် `မြတ်သောနေခြင်း၊ မြတ်သောယောဂီသူတော်စင်၏ နေခြင်း´ဟု အဓိပ္ပာယ်ရှိသည်။ ဗြဟ္မာတို့သည် အပြစ်ကင်းစွာ နေထိုင်ကြသကဲ့သို့ ယောဂီပုဂ္ဂိုလ်သည်လည်း မေတ္တာ စသော တရားလေးပါးတို့ကို ရူပွားနေထိုင်ပါက အပြစ်ကင်းသောနေခြင်း မြတ်သော နေခြင်းပင်ဖြစ်သည်။ ဗြဟ္မ၀ိဟာရတရား (၄)ပါးကား အောက်ပါအတိုင်းဖြစ်သည် -
၁။ မေတ္တာ - ချစ်ခင်ခြင်း သတ္တ၀ါတို့အပေါ် အကျိုးစီးပွား ချမ်းသာသုခများကို လိုလားခြင်း၊
၂။ ကရုဏာ - ဆင်းရဲဒုက္ခရောက်နေသူများကို ကယ်ဆယ်လိုခြင်း၊ သနားကြင်နာခြင်း၊
၃။ မုဒိတာ - ဥစ္စာ စည်းစိမ် ဂုဏ်သိန်တို့နှင့် ပြည့်စုံသူများကို မြင်တွေ့လျှင် ၀မ်းမြောက်ခြင်း၊
၎။ ဥပေက္ခာ - မုန်းချစ်မပြုတည့်မတ်စွာ ရူခြင်း၊ ကံအတိုင်း ဖြစ်ကြပေသည်ဟု သဘောထားတတ်ခြင်း တို့ဖြစ်သည်။
အာရုပ္ပ(၄)ပါး
`အာရုပ္ပ´ဟူသည် ကောင်းကင်ပညတ် စသော အာရုံကို ရူမှတ်ရသော တရားဟု အဓိပ္ပာယ်ရှိသည်။ အာရုပ္ပလေးပါးသည် အောက်ပါအတိုင်းဖြစ်၏ -
၁။ အာကာသာနဉ္စယတနဈာန်ဖြစ်ပေါ်ရန် အဆုံးအပိုင်းအခြား မရှိသော ကောင်းကင်ပညတ်ကို အာရုံပြု၍ ရူမှတ်ခြင်း၊
၂။ ၀ိညာဏဉ္စာယတနဈာန်ဖြစ်ပေါ်ရန် အာကာသာနဉ္စာယတနစိတ်ကို အာရုံပြု၍ ရူမှတ်ခြင်း၊
၃။ အာကိဉ္စညာယတနဈာန်ဖြစ်ပေါ်ရန် အာကာသာနဉ္စာယတနဈာန်စိတ်၏ မရှိခြင်းသဘော(နတ္ထိဘောပညတ်)ကို အာရုံပြု၍ ရူမှတ်ခြင်း၊
၎။ နေ၀သညာ နာသညာယတနဈာန်ဖြစ်ပေါ်ရန် အာကိဉ္စညာယတနစိတ်ကို အာရုံပြု၍ ရူမှတ်ခြင်း တို့ဖြစ်သည်။
သညာ(၁)ပါး
၁။ အာဟာရေ ပဋိကူလသညာ - အစာအာဟာရကို စက်ဆုပ် ရွံရှာဖွယ်ဟု အမှတ်သညာပြု၍ ရူမှတ်သော ကမ္မဋ္ဌာန်း။
၀၀တ္ထာန်(၁)ပါး
၁။ စတုဓာတု၀၀တ္ထာနံ - ခန္ဓာကိုယ်၌ ပုဂ္ဂိုလ် သတ္တ၀ါ ငါ သူတပါး ယောက်ျား မိန်းမဟူသော အမှတ်သညာ ပျောက်၍ ပထ၀ီ စသော ဓာတ်လေးပါး အစုအဝေးသာဟု ထင်မြင်လာအောင် ရူမှတ်သော ကမ္မဋ္ဌာန်း။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)
aye min paing သည် July 10, 2012 က 1:27pmတွင် မှတ်ချက်ရေးသားသွားပါသည်။ ကျေးဇူးအထူတင်ပါတယ်ခင်ဗျာ
mmt သည် July 5, 2012 က 12:43amတွင် မှတ်ချက်ရေးသားသွားပါသည်။ အခြေခံကျကျ သိမှတ်ခွင့်ရ၍ ကျေးဇူးတင်မိပါသည်။
သာဓု..သာဓု..သာဓု...။
ဇော်ထက်မောင် သည် July 3, 2012 က 5:31pmတွင် မှတ်ချက်ရေးသားသွားပါသည်။ ဟုတ်ကဲ့ မှတ်သားကူးယူသွားပါတယ်ခင်ဗျာ။ မေ့နေတဲ့အရာတွေ အများကြီးပါ ပြန်လည် အစဖော်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပါရစေခင်ဗျ။
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ မှ(ကြိုဆိုပါတယ်)
( မှတ်ပုံတင်ရန်နေရာ)
(မှတ်ပုံတင်ပြီးသားသူများ)၀င်ရန်
အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး
နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)
Name of Account. U HLAING KYAW HTWE
NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ
ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့
လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

ဆုမြတ် ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

ဓနုလေးဖိုးအော် liked မောင်မြင့်'s blog post 'ကဆုန်လပြည့်နေ့ ရွှေတိဂုံစေတီတော် မြင်ကွင်းများ'
ဇော်ထက်မောင် commented on မောင်မြင့်'s blog post 'ကဆုန်လပြည့်နေ့ ရွှေတိဂုံစေတီတော် မြင်ကွင်းများ'
မောင်မြင့် posted a blog post
ဇော်ထက်မောင် posted a blog post
© 2013 Created by ကောင်းမြတ်မင်း.
Powered by
© Copyright Ning Network Name Goes Here.
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။
Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺