ကြည်နူး၊ဝမ်းမြောက်ရအောင် ဖော်ပြလိုက်ပါသည်။
ရခဲးလှသောလူဘဝမှာ ဗုဒ္ဓသာသနာတော်ကြီးနှင့် တွေဆုံ၊ကိုကွယ်ခွင့်ရသည့် မဟာကုသိုလ်ကြီးအား သိ့ရှိဝမ်းမြောက်ကာ ပီတိဖြစ်နိုင်ကြပါစေ...။
သီတဂူဗုဒ္ဓ၀ိဟာရသို့ရောက်သီတဂူသာသနာပြုအဖွဲ့၏အဓိပတိ သီတဂူဆရာတော်ကြီးသည် ၂-၆-၂၀၁၂ စနေနေ့ နေ့လည်(၂) နာရီ အချိန်တွင် အမေရိကန်နိုင်ငံ ဟူစတင်လေဆိပ်သို့ ဆိုက်ရောက်တော်မူသည်။ အမေရိကရှိ တပည့်များက သိုက်သိုက်ဝန်းဝန်း ကြိုဆိုကြပြီး တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့ရှိ သီတဂူဗုဒ္ဓ၀ိဟာရသို့ ပင့်ဆောင်လာခဲ့ကြသည်။

တည်ဆောက်မှုအခြေအနေကို ကြည့်ရှု
ဆရာတော်ကြီးသည်သက်တော် ၇၅ နှစ်ကျော်လာပေမဲ့ ခရီးရှည်ကြီး လေယာဉ်၊ ကားများ
စီးလာခဲ့သော်လည်း ပင်ပန်းသည်ဟု တစ်ခါတလေမျှ မငြီး၊ လန်းလန်းဆန်းဆန်း
တက်တက်ကြွကြွ ရှိလှသည်။ အော်စတင်မြို့ သီတဂူဗုဒ္ဓ၀ိဟာရကျောင်းသို့
ရောက်သည်နှင့် ဆရာတော်ကြီးသည် ရွှေစည်းခုံစေတီတော်နှင့် ဓမ္မဗိမာန်တော်
တည်ဆောက်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ နယုန်လပြည့်
တနင်္လာနေ့ စိန်ဖူးတော်တင်ရာတွင် လုပ်ဆောင်ရမည့် ကိစ္စများကို ညွှန်ကြားကာ
တာဝန်အသီးသီး ချမှတ်တော်မူသည်
(Dear All,
You all are warmly invited to Final International Great Grand Opening Ceremony of Sitagu Shwe Si Khom Pagoda on Saturday & Sunday, November 24 & 25, 2012, 8 am to 9 pm.) ဤနေရာ နှင့် သီတဂူဗုဒ္ဓ၀ိဟာရ တာဝန်ခံဆရာတော် ဒေါက်တာ အရိယဓမ္မတို့ အီးမေးလ် မှ ကိုးကား၍ ဖော်ပြသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၇-၆-၂၀၁၂
မူရင်း=..စိန်ဖူးတော်တင်လှူပူဇော်ပွဲ (အမေရိက)
အမေရိကရောက် ရွှေမြန်မာတို စေတီတော်ကြီးဖွင့်ပွဲနှင့် အနေကဇာတင်ပွဲတော်၌ပါဝင်ကုသိုလ်ယူနိုင်ကြပါစေ...











































☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။
Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺