ရေချမ်းသစ်သီး ပန်းဆီမီးကို
ခိုင်ဖြီးသဒ္ဒါ လှူပြီးကာမျှ
ငါ့မှာကောင်းကျိုး အလွန်တိုးဟု
ယုံကိုးစိတ်ထဲ မရောင့်ရဲနှင့်။
မစဲညနေ့ ဘုရားရှေ့တွင်
ပျော်မွေ့မြတ်နိုးမြဲရှိခိုး၍
ကောင်းကျိုးပွားစည် ကြီးလာပြီဟု
ယုံကြည်အားရ စိတ်မချနှင့်။
ဓါရဏနှင့် ဓမ္မစကြ်ာ
မေတ္တာပဌာန်း ရွတ်နိုင်စွမ်းကြောင့်
ရွှင်လန်းပီတိ ဂွမ်းဆီထိကာ
ကြီးမည့်တေဇော် မစောင့်မျှော်နှင့်။
ဂုဏ်တော်ပုတီး သက်စေ့ပြီးအောင်
ဇွဲကြီးခိုင်မာ ငြိမ်သက်စွာဖြင့်
သဒ္ဒါကြည်ရုံး စိပ်ပြီးရုံဖြင့်
လုံလောက်လှပြီ မရပ်တည်နှင့်။
ရေကြည်သစ်သီး ဆီမီးလှူမျိုး
ရှိခိုးဝတ်ရွတ် စေလွှတ်မေတ္တာ
၁၀၈သီး စိပ်ပုတီးကို
မငြီးဆင့်ကဲ စိပ်မြဲစိပ်ပါ
မဖြတ်ပါနှင့်။
ဆက်ကာတစ်မျိုး ရှေ့သို့တိုး၍
အကျိုးနိဗ္ဗာန် မျှော်ရိုးမှန်က
ရုပ်နာမ်ခွဲခြား ကျင့်တရားသာ
သံသရာဝဋ် ထွက်လွတ်စေကြောင်း
လမ်းမှန်ကောင်းဟု
ညွတ်ပြောင်းစိတ်ထဲ ယုံကြည်စွဲလျက်
အမြဲနေ့ည ၀ိပဿနာဘာဝနာကို
ခိုင်မာဆန္ဒ ကြိုးလုံ့လမှ
ဗုဒ္ဓခေတ်မြတ်တွေ့ကျိုးနပ်မည်
ကြပ်ကြပ်သတိရှိပါစေ။
မင်္ဂလာဗျူဟာအသင်းဥက္ကဌ ဦးအောင်သိမ်း
မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)
Angledaewi သည် July 8, 2012 က 2:19amတွင် မှတ်ချက်ရေးသားသွားပါသည်။ သတိရှိစေလိုသောစေတနာကိုလေးစားပါတယ်။ထိမိတယ်။thank a lot.
htin lin thar သည် June 27, 2012 က 12:06amတွင် မှတ်ချက်ရေးသားသွားပါသည်။ thanks
ဇော်ထက်မောင် သည် June 26, 2012 က 5:55pmတွင် မှတ်ချက်ရေးသားသွားပါသည်။ ကျွန်တော်လည်း ဖတ်ရှုမှတ်သားသွားပါတယ်ခင်ဗျာ။ ကျေးဇူးလည်း တင်ပါတယ် နောက်များမှာလည်း ခုလိုရေးသား မျှဝေပေးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ခင်ဗျ။ ကျေးဇူးပါခင်ဗျာ။
အောင်ကလေး သည် June 26, 2012 က 1:35pmတွင် မှတ်ချက်ရေးသားသွားပါသည်။
mmt သည် June 26, 2012 က 1:52amတွင် မှတ်ချက်ရေးသားသွားပါသည်။ အမြဲနေ့ည ၀ိပဿနာဘာဝနာကို
ခိုင်မာဆန္ဒ ကြိုးလုံ့လမှ
ဗုဒ္ဓခေတ်မြတ်တွေ့ကျိုးနပ်မည်
ကြပ်ကြပ်သတိရှိပါစေ။
ထိမိတယ်၊ ကျေးဇူးပါ။
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ မှ(ကြိုဆိုပါတယ်)
( မှတ်ပုံတင်ရန်နေရာ)
(မှတ်ပုံတင်ပြီးသားသူများ)၀င်ရန်
အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး
နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)
Name of Account. U HLAING KYAW HTWE
NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ
ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့
လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

mintun ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

mun mun aung ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

Thant Zin Tun ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။
ဖိုးကံထူး ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

လှိုင်ကျော်ထွေး ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

dimplemit left a comment for စည်သူ
© 2013 Created by ကောင်းမြတ်မင်း.
Powered by
© Copyright Ning Network Name Goes Here.
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။
Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺