ဘုရားရှင်လက်ထက်တော်က သာဝတ္တိပြည်တွင်တရားကိုပူဇော်လိုသောပုဏ္ဏားတယောက်သည်
မြတ်စွာဘုရားအားဤသို့လျှောက်ထားလေသည်။
ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား တပည့်တော်သည် ဘုရားကိုပူဇော်ပါသည်၊ သံဃာတော်
ကိုလဲပူဇော်သကဲ့သို့တရားတော်ကိုလဲပူဇော်လိုပါသည် အဘယ်ကဲ့သို့ပူဇော်ရအံ့နည်းဟုလျှောက်တင်လေသည်။
ဘုရားရှင်က တရားဆောင်သောပုဂ္ဂိုလ်အားပူဇော်ပါ ချစ်သား ဟုမိန့်တော်မူလေသည်
ပုဏ္ဏားကတရားဆောင်သောပုဂ္ဂိုလ်သည်အဘယ်သူဖြစ်သနည်းဟုမေးလျှောက်လေသော် ဘုရားရှင်သည်
ဆိတ်ဆိတ်သာနေတော်မူလေသည်၊ သံဃာအပေါင်းတို့က တရားဆောင်သောပုဂ္ဂိုလ်သည် ရှင်အာနန္ဒာဖြစ်သည်ဟု
ဖြေကြလေ၏ထိုအခါပုဏ္ဏားသည်ရှင်အာနန္ဒာအားပင့်ဆောင်ပြီးရှင်အာနန္ဒာ၏သဏ္ဍာန်တွင်ရှိသောတရားကိုပူဇော်သည့်အနေဖြင့်ဆွမ်း ခဲဖွယ် ဘောဇဉ် သင်္ကန်း၊ပရိက္ခရာတို့ကိုလှူဒါန်းလေသည်။ ရှင်အာနန္ဒာကငါသည်တရားဏ္ဍာစိုးတရာဘဏ္ဍာဂါရိကတော့ဟုတ်၏တရားစစ်မှူး ဓမ္မသေနာပတိဖြစ်သောအရှင်
သာရိပုတ္တရာမထေရ်မြတ်ကသာ၍ မြတ်၏ ဆိုကာ ဆွမ်း သင်္ကန်း ပရိက္ခရာတို့ကိုတဆင့်လှူဒါန်းလေ၏ အရှင်သာရိပုတ္တရာမထေရ်မြတ်ကလဲ ဓမ္မသေနာပတိထက် ဓမ္မသာမိကပို၍မြတ်၏ဟုဆိုကာဓမ္မသာမိတရားပိုင်
ရှင်ြ ဖစ်တော်မူသည့်မြတ်စွာဘုရားအားလှူဒါန်းပူဇော်လေသည်မြတ်စွာဘုရားသည်မိမိထက်သာလွန်သည့်
သူမရှိ၍အလှူခံတော်မူလေသည်။ ဤအလှူနှင့်ပတ်သက်၍ မြတ်စွာဘုရားသည်အတိတ်ကိုဆောင်သောတရားတပုဒ်ကိုဟောတော်မူလေသည်။ ဗာရာဏဿီမင်းဖြစ်သော(ရှင်အာနန္ဒာအလောင်းလျှာ)သည်တရားနှင့်အညီအုပ်ချုပ်သောမင်းတပါးဖြစ်၍ပြည်ထဲရေးတွင်အလွန်သာယာဝပြောလေသည်။ မိမိနှင့်ဝေးကွာသောနေရာများတွင်လဲသာယာမှု့ရှိမရှိသိလို၍ အကြံပေးမင်းဆရာဖြစ်သောပရောဟိတ်ပုဏ္ဏား(ရှင်သာရိပုတ္တရာအလောင်းလျှာ)တို့သည်မထင်မရှားအရပ်သား
အသွင်ဖြင့်တိုင်းစွန်ပြည်နားအထိလှည်လည်လေ့လာကြလေသည် သို့သော်တိုင်းသူပြည်သားတို့က ရှင်ဘုရင် အုပ်ချုပ်သူအား အပြစ်တင်ပြောစကားမရှိ ဂုဏ်ကျေးဇူးစကားသာပြောသည်ကိုကြားသိကြပြီး ၀မ်းမြောက်ဝမ်းသာ ဆရာ တပည့်(၂)ယောက်ပြန်လာကြလေ၏ နိဂုံး(ရွာကြီး)တခုသို့ရောက်သော်ဇရပ်တခုပေါ်တွင်နားနေကြလေသည် နိဂုံးသူဌေးသည်အခြွေအရံတို့နှင့်မြစ်ဆိပ်သို့ရေချိုးဆင်းလာသည် ဇရပ်ပေါ်မှရှင်ဘုရင်ကိုမြင်လေသော်အလွန်
ကြည်ညိုဘွယ်အဆင်းရှိ၍ ရှင်ဘုရင်မှန်းသိလေ၏ အရှင်မင်းကြီး ခဏစောင့်ပါဟုဆိုကာ မိမိအတွက်ပြင်ထားသောထမင်းပွဲကိုပြန်ယူလေ၏ ဘုရားအလောင်းအဘိဥာဉ်ရ ရသေ့သည်ဆွမ်းခံရန်အဘိဥာဉ်ဖြင့်ကြည့်သော်ဤဇရပ်ကိုမြင်ပြီး ဇရပ်ပေါ်သို့ကြွလာလေ၏။နန္ဒမူလိုဏ်ဂူတွင် သီတင်းသုံးတော်မူသောရှင်ပစ္စေကဗုဒ္ဓသည်လည်း နိရောဓသမာပတ်မှ ထလတ်သည်ရှိသော် ဆွမ်းခံရန်ဤဇရပ်
ကိုသာမြင်တော်မူ၍ ကောင်းကင်ခရီးဈာန်ယာဉ်စီးကြွလာတော်မူပြီးရှင်ပစ္စေကဗုဒ္ဓအိနြေ္ဒဖြင့်ထိုင်နေတော်
မူလေသည်။ နိဂုံးသူဌေးသည်ဆွမ်းပွဲကိုယူလာပြီးရိုသေစွာဖြင့်ပြည့်ရှင်မင်းကိုကပ်လေ၏ ပြည့်ရှင်မင်းကမိမိရည်ရွယ်ချက်ဖြင့်
ဆရာပရောဟိတ်အားကပ်လေ၏ ပရောဟိတ်ပုဏ္ဏားကြီးက ရသေ့အားဆက်ကပ်၏ ရသေ့ကရှင်ပစ္စေကဗုဒ္ဓအား ဆက်ကပ်လှူဒါန်းလေသည်ရှင်ပစ္စေကဗုဒ္ဓသည်ရသေ့လှူဒါန်းသောဆွမ်းကိုဘုဉ်းပေးလေသည်။ ဤသို့မိမိယူလာသောဆွမ်းအားအဆင့်ဆင့်ဆက်ကပ်သည် ကိုမြင်သော် နိဂုံးသူဌေးကပြည့်ရှင်မင်းကြီး အသင့်အားအကျွန်ုပ်ကလှူဒါန်းသောဆွမ်းအား ပရောဟိတ်ပုဏ္ဏားကို တဆင့်
လှူဒါန်းခြင်းသည် ဘယ်သဘောနည်းဟုမေး၏
ထိုအခါမင်းကြီးကအမောင်သူဌေး ပရောဟိတ်ပုဏ္ဏားကြီးသည်မင်းကျင့်တရားတို့ကို သင်ကြားပေး
သလိုငါ၏ကိစ္စကြီးငယ်တို့ကိုလဲငါ့ကိုယ်စားဆောင်ရွက်ပေးသောလေးစားထိုက်လို့ထိုဂုဏ်ကျေးဇူးကိုမှန်းပြီးလှူပါတယ်ဟုဆို၏
တဖန်ပရောဟိတ်ပုဏ္ဏားကြီးအားသူဌေးကမေးပြန်၏ ပုဏ္ဏားကြီးက ငါနှင့်ရှင်ဘုရင်တို့သည် အိုးအိမ်တိုက်တာလယ်ယာတို့နှင့်နေပြီး အာရုံငါးပါးကိုလဲခံစားတယ် ရှင်ရသေ့ကတော့ လောဘ၊ဒေါသ၊မောဟမရှိ သိမ်းဆည်းခြင်းတည်းဟူသောပရိဂဟှ တဏှာလောဘ မရှိတဲ့အတွက်ထိုဂုဏ်ကျေးဇူးကိုမှန်းပြီးလှူဒါန်းပါတယ်လို့ပြောပြန်တယ်။
ရှင်ရသေ့အားမေးပြန်လေသော် အမောင်သူဌေး ငါ ကမှ တောထဲတွင်သစ်ဥ သစ်သီးတွေ ရှာဖွေပြီး
နောင်နေ့အတွက်ဆိုတဲ့ သိမ်းဆည်းမှု့တွေရှိသေးတယ် ရှင်ပစ္စေကဗုဒ္ဓ မထေရ်မြတ်မှာ သိမ်းဆည်းမှု့လောဘ
တဏှာမရှိ ငါ့ထက်သာလွန်မြင့်မြတ်လှပေတယ်ထိုဂုဏ်ကျေးဇူးကိုမှန်းပြီးလှူပါတယ်ဟုပြောလေသည်။
ရှင်ပစ္စေကဗုဒ္ဓအား နိဂုံးသူဌေးက အရှင်ဘုရားအကျွန်ုပ်မှလွဲ၍မင်းကြီးမှစပြီးအရှင်ဘုရား
ထိအားလုံးသည် ဧည့်သည်များသာဖြစ်သည် စားပါဦးသောက်ပါဦးလို့လောကွတ်ပျူငှာမလုပ်တာ ဘယ်သဘော
လဲလို့မေးပါတယ် ထိုအခါ ရှင်ပစ္စေက ဗုဒ္ဓက ငါသည် ငါ့ဥစ္စာဆိုသော သိမ်းပိုက်မှုလောဘမရှိကြောင့်ကြမှုလဲမရှိပါ အလှူရှင်ကလှူဒါန်းသောဤဆွမ်းအားပြန်ပြီးစားပါအုံးသောက်ပါဦးခေါ်ခြင်းသည် လောကသဘောနှင့်ဆန့်ကျင်၍
လောကွတ်ပျူငှာ မလုပ်ခြင်းဖြစ်ပါသည်ဟုဖြေလေသည်။
ဒီတော့မှ နိဂုံးသူဌေးက ပြည့်ရှင်မင်းကြီးသည် ဒီအရပ်သို့လာခြင်းသည်ငါ့အတွက်လာခြင်း
ဖြစ်ပေသည် ပြည့်ရှင်မင်းကြီး၊ပရောဟိတ်ပုဏ္ဏား၊ရသေ့၊ရှင်ပစ္စေကဗုဒ္ဓတို့၏ဂုဏ်ကျေးဇူးကိုရည်မှန်းပြီးမိမိ၏
ဆွမ်းအဆင့်ဆင့်လှူဒါန်းမှုကို ၀မ်းသာအားရဖြစ်လေသည်။
ဤဇာတ်တော်ကြီးမှ ရရှိလာသော ဥပဒေသမှာ မိမိတို့ကြိုးစားရှာဖွေ စုဆောင်းထားသောပစ္စည်း
ဥစ္စာတို့ကိုလှူဒါန်းသောအခါ အလှူခံပုဂ္ဂိုလ်၏ သီလ၊ သမာဓိ၊ပညာ တည်းဟူသောဂုဏ်ကျေးဇူးကိုရည်မှန်းလှူဒါန်း ရပါမယ်။ ဘုရားအမှူးရှိသောသံဃာတော်တို့မှာ လောဘ၊ ဒေါသ၊ မောဟတည်းဟူသောကိလေသာမှအကြွင်းမဲ့လွတ်တော်မူပါ
သည် ထိုကျေးဇူးဂုဏ်တို့ကိုရည်မှန်းပြီးလှူဒါန်းပူဇော်ရပါမည် ထိုသို့လှူဒါန်းရသောအကျိုးကြောင့် စိတ်နှလုံးနူးညံ့ခြင်းပီတိ အဟုန်ကြောင့်မေတ္တာအစရှိသောအလုပ်များလုပ်သည့်အခါ သမာဓိလွယ်လွယ်ပေါ်ပါသည်
သမာဓိမှ ၀ိပဿနာဥာဏ်၏အဆင်တန်ဆာအခြံအရံ အထောက်အပံ့ဖြစ်အောင်လှူဒါန်းခြင်းဖြစ်၍ ထိုဒါနကို စိတ္တာလင်္ကာရဒါနဟုခေါ်ပါသည်။ ထိုအလှူသည်အမြတ်ဆုံးအလှူဖြစ်သည်ဟုအင်္ဂုတ္ထိုရ်ပါဌိတော်တွင်မြတ်စွာဘုရား
ဟောကြားတော်မူပါသည်။
အဌကထာဋီကာဖွင့်ဆိုချက်အရ ကံနှင့် ကံ၏အကျိုးကိုနှစ်နှစ်ကာကာ ယုံကြည်၍အလှူခံပုဂ္ဂိုလ်တို့၏ ဂုဏ်ကျေးဇူး (သို့) လိုအပ်ချက်အပေါ် စိတ်မှန်းလှူဒါန်းခြင်းသည် မိမိ၏စိတ်ကို နူးညံ့
စေပါသည် ၀မ်းမြောက်ခြင်း ပီတိမှ ပဿတိ၊သုခ၊သမာဓိ၊၀ိမုတ္တိဥာဏ်၊ ၀ိမုတ္တိဥာဏဒဿနဥာဏ်၊ မဂ်ဥာဏ်၊ဖိုလ်ဥာဏ်မြတ်နိဗ္ဗာန်ထိ ပေါက်အောင် စိတ္တာလင်္ကာရဒါန သည်အကျိုးပေးနိုင်ပါသည်။
ကုသိုလ်ဇောစိတ်တို့ဖြင့်ဆေးကြောပြီးသောခန္ဓာကိုယ်တွင် သရဏဂုံ၃ပါးတည်းဟူသောဦးစိုက်ပန်း
ငါးပါးသီလတည်းဟူသော နံ့သာကောင်း ၀တ်ကောင်းစားလှတို့ဖြင့် တရားမင်္ဂလာ သဘင်သို့ ကြွရောက် လာကြသော ဓမ္မမိတ်ဆွေအပေါင်းတို့ရှင် အလှူခံပုဂ္ဂိုလ်တို့၏ဂုဏ်ကျေးဇူး (သို့မဟုတ်)လိုအပ်ချက်အပေါ် ရည်မှန်းလှူဒါန်းပါကစိတ္တာလကာင်္ရဒါနသည်မဂ်ဥာဏ်ဖိုလ်ဥာဏ် မြတ်နိဗ္ဗာန်ထိပေါက်မြောက်အောင်ြ မင်
နိုင်သည်ဖြစ်၍ မိမိတို့၏ ချွေးနဲစာမှ ဆထက်ထမ်းပိုးတိုးလို့ အမှန်တကယ်လိုအပ်သောနေရာများတွင်
လှူဒါန်းကြပါရန် နိဗ္ဗာန် အကျိုးမျှော် နှိုးဆော်လိုက်ရပါတယ်ရှင်။
ဘ၀နတ်ထံပျံလွန်တော်မူသွားသော မင်းကွန်းဆရာတော်ဘုရားကြီးဟောကြားတော်မူသော ဘိက္ခာပရမ္ပရ
ဇာတ်တရားတော်အားပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။
ဤစာစုဖြင့်ဆရာတော်ဘုရားကြီးအားရည်မျှော်မှန်း၍ ပူဇော် ကန်တော့ပါ၏ဘုရား
Views: 133
ဘလော့အမျိုးအစား(ဘာသာရေးစာပေ)
မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)
thet naing သည် July 18, 2012 က 12:53pmတွင် မှတ်ချက်ရေးသားသွားပါသည်။ ဆရာတော်ဘုရားကြီးဟောကြားထားသော တရားခွေကိုနာကြားဖူးပါသည်၊ယခုတစ်ခါ စာအနေအထားဖြင့်
တစ်ခါထပ်ဖတ်လိုက်ရတော့ ပိုပြီးမှတ်မိသွားပါပြီ၊ မမိုးကို ကျေးဇူးတင်ပါတယ်၊ ကောင်းကျိုးလိုရာဆန္ဒများ
ပြည့်ဝနိုင်ပါစေလို့ ...။
ကိုညီညီတင် သည် June 28, 2012 က 12:57pmတွင် မှတ်ချက်ရေးသားသွားပါသည်။ အင်မတန်ကောင်းမွန်တန်ဖိုးရှိတဲ့
ဘလော့ဘ်ပို့စ်လေးတစ်ခုပါ..
မျှဝေပေးတာ..ကျေးဇူးတင်ရှိပါတယ်..ခင်ဗျာ...။
wai mon သည် June 26, 2012 က 11:45amတွင် မှတ်ချက်ရေးသားသွားပါသည်။ မှတ်သားသွားပါတယ်ရှင်။သိပ်ကောင်းပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။
လှိုင်ကျော်ထွေး သည် June 26, 2012 က 11:22amတွင် မှတ်ချက်ရေးသားသွားပါသည်။ အလှူခံပုဂ္ဂိုလ်၏ သီလ၊ သမာဓိ၊ပညာ တည်းဟူသောဂုဏ်ကျေးဇူးကိုရည်မှန်းလှူဒါန်း ရပါမယ်...တန်ဖိုးရှိတဲ့ သိရှိမှတ်သားစရာ မျှဝေမှုအတွက် ကျေးဇူးပါ။ လက်ဆက်မျှဝေပါအုံး...
ဇော်ထက်မောင် သည် June 25, 2012 က 4:00pmတွင် မှတ်ချက်ရေးသားသွားပါသည်။ ကျွန်တော်ဖတ်ရှုမှတ်သားကူးယူသွားပါတယ်ခင်ဗျာ။ တကယ်ကောင်းတဲ့ပို့စ်လေးတစ်ပုဒ်ပါ။ နောက်နောင်များမှာ အလှူလှူမိရင် အဲလိုစိတ်မျိုး ဖြစ်အောင် မွေးယူပါ့မယ်ခင်ဗျ။ ကျေးဇူး အရမ်းတင်ပါတယ်ခင်ဗျာ၊ ကျန်းမာပါစေ။
swe သည် June 25, 2012 က 11:28amတွင် မှတ်ချက်ရေးသားသွားပါသည်။ မိုးရေ တရားအသိလေးတွေ ဝေမျှသာ ကျေးဇူးနော်။ နောက်လည်း ဒီထက်မက
ဓမ္မဒါနတွေနဲ့ သာသနာပြုနိုင်ပါစေ။
htin lin thar သည် June 25, 2012 က 1:13amတွင် မှတ်ချက်ရေးသားသွားပါသည်။ thanks
hla moe 24 သည် June 24, 2012 က 5:00pmတွင် မှတ်ချက်ရေးသားသွားပါသည်။ သာဓု သာဓု သာဓု ပါဗျာ
Thaung Tan သည် June 24, 2012 က 6:48amတွင် မှတ်ချက်ရေးသားသွားပါသည်။ အများတကာ လှူတတ်စေဘို့  ယူမှတ်လို့ တင်လာ
ဘ၀င်မှာ စိတ်ကြည်နူး ထိပ် ရည်စူး သံဃာဂုဏ်ဝယ်
သိက္ခာရယ် ၃ပါးဆင့်ဦး.....
ကျေးဇူးပါ ခုလိုသိရလို့  အလွန် ၀မ်းမြောက်မိပါတယ် မတင်တင်မိုး.....
mmt သည် June 24, 2012 က 3:15amတွင် မှတ်ချက်ရေးသားသွားပါသည်။ ဖတ်မှတ်သွားပါသည်၊ ယ္ခင်က ဆရာတော်တွေကို သီလ သမာဓိ ပညာဂုဏ်တွေ ရည်မှန်းပြီးလှူခဲ့ပေမဲ့ အခုမှ အကြောင်းကို အသေးစိတ် သိခွင့်ရလို့ ကျေးဇူးတင်မိပါတယ်။
ကျန်းမာ ချမ်းသာရှိပါစေ။
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ မှ(ကြိုဆိုပါတယ်)
( မှတ်ပုံတင်ရန်နေရာ)
(မှတ်ပုံတင်ပြီးသားသူများ)၀င်ရန်
အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး
နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)
Name of Account. U HLAING KYAW HTWE
NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ
ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့
လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။
Soe Gyi liked လှိုင်ကျော်ထွေး's blog post 'သောတာပန် ကာမဂုဏ်ခံစားမှုနှင့် ပုထုဇဉ်တို့ ခံစားမှုဟာ အတူတူပဲ မဟုတ်လား'
Soe Gyi liked thein wai's blog post 'လက်ဆောင်ပေးတဲ့ အထဲမှာ အကောင်းဆုံး လက်ဆောင်ဆိုတာ ဘာဖြစ်မလဲ ?။'
၄၄၂ဇော်နိုင် commented on dimplemit's blog post 'တန်ဖိုးသိမှ တန်ဖိုးရှိမည် ....၃'
U Kyaw Ngwe commented on ကိုညီညီတင်'s blog post '“စိတ်ပါ ရင် အိပ်ယာ က ရိပ်သာ ဖြစ်တယ်”'
© 2013 Created by ကောင်းမြတ်မင်း.
Powered by
© Copyright Ning Network Name Goes Here.
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။
Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺