ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်ကောင်းမြတ်မင်းမှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ- လောကဓံရှစ်ပါးတို့နှင့် ကြုံတွေ့ရသောအခါ တုန်လှုပ်မှုကင်းသော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး အားလည်းကောင်း၊ အကြင်ရဟန္တာပုဂ္ဂိုလ်အပေါင်းနှင့် သမုတိသံဃာတော်အရှင် မြတ်အပေါင်းအား တပည့်တော်ရှိခိုးပါ၏။

ဘ၀မှာ ကျွန်မတို့တွေအားလုံးတွေ့ဆုံကြသလို အချိန်တန်တော့လည်း သူဖောက်ခဲ့တဲ့လမ်းသူလျှောက် ကိုယ်ဖောက်ခဲ့တဲ့လမ်းကိုယ်လျှောက်ပြီး ခွဲခွာခဲ့ကြရပါတယ်။ အခုလဲအချိန်တန်ရင်ခွဲကြရမှာဖြစ်သလို နောင်သံရာမှာလဲ နိဗ္ဇာန်မရမခြင်း ချစ်တဲ့သူတွေနဲ့ရော မချစ်မနှစ်သက်တဲ့သူတွေနဲ့ပါ တွေ့ဆုံ ကြုံလို့ ကွဲကြရအုံးမှာလဲအမှန်ပါပဲလေ။ အဲဒီအတွက်ဒီပို့စ်လေးကို ကျွန်မဖတ်မိတဲ့အချိန်မှာတော့ သံဝေဂလည်းပိုရမိသလို ဓမ္မမိတ်ဆွေတို့လည်းအမှတ်ရရင်း ဒီပို့စ်လေးကိုတင်ဖြစ်သွားပါတယ်။


လာပြီးတော့နား၊ မသွားသေးခင်၊
အချိန်ကလေးတွင်မှ၊ ၀န်းကျင်ယှက်နွယ်၊
နှောင်ကြိုးသွယ်ကြ၊ ပြုံးရယ်မဲ့ငို၊ ချစ်မုန်းပိုကြ၊ …

လူသားတစ်ယောက်အဖြစ် လောကကြီးထဲကို ရောက်ရှိလာပြီးတဲ့နောက်ပိုင်းမှာ လူဟာ ပတ်ဝန်းကျင် ဆိုတာနဲ့ စတင်ရင်ဆိုင်ကြရတော့တာပါပဲ။ မွေးတည်းက ပတ်ဝန်းကျင်တစ်လောကလုံးကို တုန်လှုပ်သွား စေနိုင်တဲ့သူတွေရှိသလို ဘယ်သူမှ မသိအောင် တိတ်တိတ်လေး ၀င်လာသူတွေလည်း မနည်းပါဘူး။ မတူညီကြ ဘူးဆိုပေမယ့် တူညီတာတစ်ခုကတော့ သူတို့မှာ သူတို့နဲ့ဆက်နွယ်နေတဲ့ ပတ်ဝန်းကျင်လေးတွေတော့ ရှိကြပါတယ်။ စိတ်ထားနုနယ်တဲ့သူတွေဟာ ပတ်ဝန်းကျင်ရဲ့အရောင်ဆိုးမှုကို ခံကြရပါတယ်။ စိတ်ထားတွေရင့်ကျက်လာရင်တော့ သူမကြိုက်တဲ့ ၀န်းကျင်ဖြစ်နေရင်တောင် ရုန်းထွက်ဖို့ဝန်မလေး တော့ပါဘူး။
ဘာပဲဖြစ်ဖြစ် သံသရာဆိုတာ ရှည်လျားလှလို့ မိဘမောင်ဘွားမတော်ဆပ်ခဲ့သူ မရှိနိုင်ဘူးလို့ ဆိုပါတယ်။ ရှည်းလျားလှတဲ့ ဒီခရီးမှာ တစ်ဦးနဲ့တစ်ဦး မေတ္တာရှိ ဖူးခဲ့ကြသူချည်းနေမှာပါ။ မခွဲမခွာနေချင်ကြတဲ့ ဘ၀တဏှာတွေကြောင့် တောင်းခဲ့ ဘူးတဲ့ဆုတောင်းတွေ၊ ပြုခဲ့ကြတဲ့ကောင်းမှုတွေကြောင့် ခုဘ၀မှာ တစ်ဦးနဲ့တစ်ဦး လာရောက်တွေ့ကြရတယ်။ မိဘတွေအဖြစ်၊ သားသမီးတွေအဖြစ်၊ တူ၊ တူမတွေအဖြစ် စသဖြင့် ဆုံကြတယ်။ တွေ့ဖူးခဲ့ကြလို့ အခုတို့တွေ ဆုံနေကြပြီလေ။ ကံတရားတွေက အလှည့်ပေးလာ တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် နှောင်ကြိုးတွေ ရစ်ဖွဲ့ကြတယ်။ နောင်ဆယ်ကမ္ဘတိုင်အောင် ဒီမိသားစုတွေ၊ သားသမီးတွေ၊ ချစ်တဲ့သူတွေနဲ့ တွေ့ဆုံချင်ပါသတဲ့။ နိဗ္ဗာန်ရောက်ရင်တောင် အတူတူဆို တာကပါသေး။ မုန်းတော့လည်း မုန်းလို့ထပ်တွေ့ချင်တယ်။ ချစ်တော့လည်း ချစ်လို့တွေ့ချင်တယ်။ ကြိုးစတွေကို တစ်မျိုးမဟုတ်တစ်မျိုး ဆွဲထုတ်ခဲ့ကြသူချည်းပါလား။

မလိုဒေါသ၊ လိုလောဘနှင့်
ဘ၀ရိပ်မြုံ၊ ကကြိုးဆုံခဲ့၊ …

ဘ၀တစ်လျှောက်လုံးမှာ တစ်ချို့လည်း ကောင်းတာတွေပဲ ကြုံကြရတယ်။ ကောင်းတာတွေပဲ တွေ့ကြရ တယ်။ စားကြရတယ်။ ၀တ်ကြ၊ နေကြ၊ ပေါင်းသင်းကြနဲ့။ ကံ အကောင်းတွေနဲ့ပဲ ဆုံခဲ့ရပေမယ့် တစ်ချို့ တော့လည်း ရုန်းကန်နေရတဲ့ ဘ၀က ဆင်းရဲလွန်းလှပါတယ်။ ဆင်းရဲတာဟာ အပြစ်ပြောလို့မရပါဘူး။ ကိုယ်လုပ်ခဲ့တဲ့ ကောင်းတဲ့ကံတွေ မရှိလို့၊ မလာသေးလို့ မစံကြတာပါ။ ဒါပေမယ့် ဆင်းရဲတာကို အကြောင်းပြုပြီး လောဘတွေ၊ ဒေါသတွေ များနေမယ်ဆိုရင် ထပ်မှားသွားပြန်ပါပြီ။ ချမ်းသာတဲ့သူတွေကလည်း ဒီလိုပါပဲ။ အတိတ်ကကောင်းမှုကြောင့် ချမ်းသာတာ မှန်ပေမယ့် ဒါကိုအကြောင်းပြုပြီး ကပ်ပါလာတဲ့ ထပ်ပြီးလိုချင်တဲ့ ၀ိသမ လောဘတွေ၊ ဒေါသတွေကိုတော့ အပြစ်လို့ဆိုရပါလိမ့်မယ်။

ဘ၀ဆိုတဲ့ အရိပ်အာဝါသလေးအောက်မှာ ဆုံတွေ့ရသူတွေ အချင်းချင်း ချစ်တဲ့အခါမှာ လောဘတဏှာ တွေကပ်မယ်။ ကပ်တာနဲ့ သမုဒယသစ္စာဖွဲ့ပါတယ်။ မုန်းတဲ့သူတွေနဲ့ ဆုံတယ်။ မကြိုက်တဲ့အခါ ဒေါသ ဖြစ်တယ်။ ဒုက္ခသစ္စာဖွဲ့ပါတယ်။ ဒုက္ခ၊ သမုဒယ နှစ်ခုရပြီဆိုရင် နောက်ဘ၀သစ်တစ်ခုရဖို့ လုံလောက်ပါ ပြီ။ ဆုတောင်းစရာမလိုပါဘူး။ နောင် ခန္ဓာအသစ်ထပ်ရပြီဆိုတာနဲ့ ချစ်ရတဲ့ဒုက္ခ၊ မုန်းရတဲ့ ဒုက္ခ စတဲ့ ဆင်းရဲကျိုးတွေ ခံစားရမှာ မလွဲပါဘူး။ ဒါကြောင့် ဆရာတော်ကြီးများက အမိန့်ရှိကြပါတယ်။ အရိယာ ဖြစ်ချင်တဲ့သူဆိုတာ ခန္ဓာလို့ကြားတာနဲ့ ဒုက္ခသစ္စာတန်းထင်ရတယ်တဲ့။ ခုတော့ ဒုက္ခလို့လည်းမထင်တဲ့ အခါကျတော့ နိဗ္ဗာန်ကိုတော့ရောက်ချင်တယ်၊ တဏှာတန်း လန်းကြီးနဲ့ဖြစ်နေတယ်။ အရင်ဖြတ်ခဲ့ပါဦး။
ဇယံ ဝေရံ ပသ၀တိ- အနိုင်ရသူသည် ရန်ကိုပွားစေ၏။ ဒုက္ခံ သေတိ ပရာဇိတော- ရှုံးသောသူသည် ဆင်းရဲစွာ နေရ၏။ အဲ့ဒိမှာတင် နိုင်သူနဲ့ ရှုံးသူ ပေါင်းစည်းလို့မရတော့ပေ။ နှစ်စုကွဲနေလေ၏။ တွေ့ခဲ့ဘူး ကြလို့ အခုဆုံနေပါသည်။ ဆုံနေတဲ့ခဏ အလိုမကျတဲ့ ဒေါသနဲ့ အလိုများလှတဲ့ လောဘတွေကို ကြုံလို့ အခုတော့ နှစ်စုကွဲပါသည်။ ရှည်လျားလှတဲ့ ဘ၀သံသရာမှာ ဆွေမျိုးညာတိ တော်စပ်ခဲ့ကြဖူးသူချည်းကို ချစ်လို့ ကြင်လို့မရ။ မြင်နေရရင်ကို အကုသိုလ်တွေ တိုးနေသလိုမျိုး မဖြစ်ကြပါနှင့်။ သူတို့နဲ့ ဆုံနေရတာ အကြောင်းတွေရှိခဲ့ကြလို့ပါ။ အချင်းချင်း အမြက်အအီမရှိ ကြည့်ရှုနေရခြင်းသည် လောကမှာ ချမ်းသာ ဆုံးပါပဲ။ ဘ၀ဆိုတာ တိုတိုလေးပါ။


ကံကုန်မိုးချူပ်၊ လက်တွဲဖြုတ်ကာ၊
သုတ်သုတ်ဆောလျင်၊ ခရီးနှင်သည်၊
တို့များဧည့်သည်ပါတကား။

လူ့ဘ၀ကြီးထဲကို ရောက်လာကြတဲ့ သူချင်းအတူတူ တွေ့ဆုံဖို့ အကြောင်းတရားတွေ ကုန်သွားတဲ့အခါ ဘယ်သူကမှ ခေါ်မထားတော့ပါဘူး။ အားလုံးလက်တွဲ ဖြုတ်ခဲ့ကြ ရသူချည်းပါပဲ။ နတ္ထိ ခန္ဓသမာ ဒုက္ခာ- ခန္ဓာနှင့်တူသော ဆင်းရဲသည် မရှိတဲ့။ နဂိုကမှ ခန္ဓာရလို့ ဆင်းရဲနေရတဲ့အထဲ လောဘ၊ ဒေါသ အပူမီး တွေလောင်မြိုက်နေသူများ ဖြစ်နေခဲ့ရင် ဘယ်လောက်သနားစရာ ကောင်းလိုက်မလဲ။ ခဏတာလေး အတွင်းမှာ မခွဲချင်လည်း အချိန်တန်ရင် ခွဲရတာပါပဲ။ ဒီနေရာမှာ ခွဲခွာခြင်း(၀ါ) ကွဲကွာခြင်း (၃) မျိုးရှိ တယ်။ တစ်ချို့က သေကွဲ၊ တစ်ချို့ကျတော့ ရှင်ကွဲ၊ တစ်ချို့ကတော့ မြင်ကွဲ။ ကိုယ်မနှစ်သက်တဲ့သူ သေတဲ့ သေကွဲမျိုးကျ ၀မ်းသာသည်။ နှစ်သက်တဲ့သူ သေရင် ၀မ်းနည်းသည်။ တစ်ချို့ကျတော့ နှစ် သက်တဲ့သူနဲ့ ရှင်လျက်က ဝေးနေရတဲ့ ရှင်ကွဲဒုက္ခ၊ တစ်ချို့ကျတော့လည်း မြင်နေလျက်က မခေါ်နိုင် မပြောနိုင်တဲ့ မြင်ကွဲဒုက္ခ။
ဘယ်လိုကွဲကွာနေခြင်းက ပိုပြီးဆင်းရဲမယ်ထင်လဲ။ တွေးကြည့်ြ့ပီး ပြောခဲ့ပါဦး။ လောကဧည့်သည်အဖြစ် ရောက်ရှိနေတဲ့ တို့တွေဟာ လောဘဒေါသမီးတွေ လောင်မြိုက်ရအောင် ရောက်လာတာမှ မဟုတ်ပဲ။ ကောင်းမှုကုသိုလ်တရားတွေ တိုးပွားအောင် ပြုလုပ်ကြဖို့။ တစ်ဘ၀ တစ်ခန္ဓာနဲ့ နိဗ္ဗာန်ရောက်အောင် အားထုတ်ဖို့ ရောက်လာကြတယ်လို့ မှတ်ပါ။ ဒီလိုမတွေးပဲ တစ်ခြားအရေးတွေနဲ့ အချိန်ကုန် နေရင်တော့ တစ်သက်လုံးလုံး လူဖြစ်ရှုံးတယ်လို့ သတိရလိုက်ကြပါလို့ သတိပေး နှိုးဆော်ရင် နိဂုံးချုပ်လိုပ်ပါတယ်။ အားလုံးသော သတ္တ၀ါတွေ ဘေးရန်းကင်း၍ ချမ်းသာခြင်းဖြင့် ပြည့်စုံကြပါစေ။

အမေ့အိမ်မှဖတ်လိုက်ရသောပို့စ်လေးကို ဓမ္မမိတ်တွေတို့အားလည်းသိစေခြင်းငှာ ဝေမျှလိုက်ရပါတယ်ရှင်။

ဖြူစင်သောမေတ္တာဖြင့်

အဖြူရောင်

Views: 492

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

ဝိ သု ကြုံ (အသေမဦးခင်) သည် March 25, 2013 က 4:44pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ကျွန်တော် အရမ်းကြိုက်တဲ့ တရားတော်လေးပါပဲ
ကျေးဇူးတင်ပါတယ်။
သာဓု . . . သာဓု . . . သာဓု

Saw Nan Oo သည် December 7, 2012 က 4:38pmတွင် မှတ်ချက်ရေးသားသွားပါသည်။
သာဓု၊သာဓု၊သာဓုပါဗျာ
ဝိ သု ကြုံ (အသေမဦးခင်) သည် November 26, 2012 က 5:16pmတွင် မှတ်ချက်ရေးသားသွားပါသည်။

သာဓု . . သာဓု . . သာဓု

၄၄၂ဇော်နိုင် သည် July 18, 2012 က 11:52pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ကျေးဇူးပဲဗျာ

klash chan သည် July 15, 2012 က 11:46amတွင် မှတ်ချက်ရေးသားသွားပါသည်။

မသိသေးတာသိခွင့်ရတဲ့အတွက်..ကျေးဇူးတင်ပါတယ်..

Thaung Tan သည် June 27, 2012 က 8:16amတွင် မှတ်ချက်ရေးသားသွားပါသည်။

တစ်ခြားအရေးတွေနဲ့ အချိန်ကုန် နေရင်တော့ တစ်သက်လုံးလုံး လူဖြစ်ရှုံးတယ်လို့ သတိရလိုက်ကြပါလို့
ဖတ်မှတ် သွားပါတယ် သူငယ်ချင်းလေးရေ၊ ပါးစပ်ဖျားတင် လမ်းမဆုံးပါစေနဲ့ ၊လက်တွေ့ ကျင့်ကြံနည်းလမ်းမှန်ဖြင့်
မျှော်လင့်ပန်းတိုင် လှမ်းလို့ ကိုင်နိုင်ပါစေ............. ကျေးဇူးပါ အဖြူရောင်

အောင်ကလေး သည် June 25, 2012 က 2:23pmတွင် မှတ်ချက်ရေးသားသွားပါသည်။

လူ့လောကထဲရောက်လာတာေ ကာင်းမှုကုသိုလ်တရားတွေ တိုးပွားအောင် ပြုလုပ်ကြဖို့။ တစ်ဘ၀ တစ်ခန္ဓာနဲ့ နိဗ္ဗာန်ရောက်အောင် အားထုတ်ဖို့ ရောက်လာကြတယ်လို့ ...။ ကျေးဇူးတင်ပါတယ်။

chochokhine သည် June 19, 2012 က 9:13pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ကံကုန်မိုးချူပ်၊ လက်တွဲဖြုတ်ကာ၊
သုတ်သုတ်ဆောလျင်၊ ခရီးနှင်သည်၊
တို့များဧည့်သည်ပါတကား။..ဖတ်သွားပါတယ်နော်

ကလေးတို.ဆရာမ သည် June 15, 2012 က 11:24pmတွင် မှတ်ချက်ရေးသားသွားပါသည်။

အရမ်းကို ကောင်းတာပဲ ဖြူလေးရေ-
ဆရာမရဲ့ လူငယ်မှတ်သား အစီအစဉ်အတွက် ယူသွားပြီနော် -

ရွှင်လန်းချမ်ေးမြ့ပါစေကွယ်

မိုမိုကို သည် June 15, 2012 က 4:07pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ကျေးဇူးပါ။

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................


anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

လေ့လာရန်

အဖွဲ့ဝင်များအားသိစေရန်


☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

အဖွဲဝင်များ

  • Kyi Maung ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • ogyi s@m

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

zawmintun commented on အရှင်ဝိမလဝံသ's blog post '"ဗုဒ္ဓဘာသာကို အမြစ်ပြတ် ဖြိုခွင်းဖို့ကြိုးစားခဲ့တဲ့ သံလျင်မြို့စားငဇင်ကာ"'
"ကျေးဇှုးတင်ပါတယ် အရှင်ဘုရား"
44 minutes ago
zawmintun liked အရှင်ဝိမလဝံသ's blog post '"ဗုဒ္ဓဘာသာကို အမြစ်ပြတ် ဖြိုခွင်းဖို့ကြိုးစားခဲ့တဲ့ သံလျင်မြို့စားငဇင်ကာ"'
45 minutes ago
မူကြိုဆရာ and KO KO are now friends
1 hour ago
Htain Lin Oo liked အရှင်ဝဏ္ဏ's blog post 'မနေသူတွေထဲမှာ နေပါ..'
2 hours ago
Htain Lin Oo commented on မူကြိုဆရာ's blog post 'သောတာပန်၏ ထူးခြားချက်(၇)ရပ်'
"ကျေှးဇူးတင်ပါသည်။ အကျဉ်းမှတ်သားထားတာကို မျှဝေပါရစေ၊ မိုးကုတ်ဆရာတော်ဘုရားကြီးက ဖြစ်ပျက်ကို…"
2 hours ago
Htain Lin Oo liked မူကြိုဆရာ's blog post 'သောတာပန်၏ ထူးခြားချက်(၇)ရပ်'
2 hours ago
ashinkovida replied to tunlin's discussion 'ဗုဒ္ဒ ဆိုင်ရာတရားတော်များကိုဝေဖန်ခြင်းသည်မိစ္ဆာဒိဌိဟုခေါာဆိုနိုင်ပါမည်လား၊'
"မြန်မာစကားလုံးတွေကအရေးပါတယ်နော်.......ကျေးဇူးပါပဲဒကာလင်းကိုကိုရေ"
2 hours ago
ashinkovida commented on မူကြိုဆရာ's blog post 'အနှိုင်းမဲ့ ရတနာတပါး ၊'
"ယုံတဲ့သူတွေအတွက်တော့ကြည်လင်ပါတယ်"
3 hours ago
KO KO liked ကိုညီညီတင်'s blog post '“ပရိတ်ကြီး(၁၁)သုတ်၏ သမိုင်းကြောင်းကိုလေ့လာခြင်း”'
3 hours ago
KO KO liked အရှင်ဝဏ္ဏ's blog post 'မနေသူတွေထဲမှာ နေပါ..'
3 hours ago
KO KO liked ကိုညီညီတင်'s blog post '"အရိုးစွဲနေသောအမှား အသိများကို ဖော်ထုတ်တင်ပြခြင်း "'
3 hours ago
ashinkovida replied to yamin's discussion 'ဘာသာခြား ဆန့်ကျင်ရေးတရား'
"ဘာသာခြားဆန့်ကျင်ရေးနဲ့ အမျိုးဘာသာကာကွယ်စောက်ရှောက်ရေးကို ကွဲပြားဖို့လိုတယ်လို့ထင်ပါတယ် ဆရာတော…"
3 hours ago

© 2013   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...