ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်ကောင်းမြတ်မင်းမှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

၂၄ပစ္စည်း-ပဠာန်းရုပ်ပြစုံ

 

























ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်)

အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းစေရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြုပြန်၊ အာရမ္မဏခေါ်)

အဓိပတ္တိပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ်)

အနန္တရပစ္စယော = အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)

သမနန္တရပစ္စယော = ကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ တောထွက်သွားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)

သဟဇာတပစ္စယော = အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(ဆီမီးတောက်သော်၊ အလင်းပေါ်သို့၊ ထို့တူတသီး၊ ပစ္စည်းပစ္စယုပ္ပန်၊ အတူဖြစ်ဟန်ကို)

အညမညပစ္စယော = အချင်းချင်းအပြန်လှန် ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်သားသုံးခွ၊ ချင်းချင်းမသို့၊ အညမညံ၊ ပြန်လှန်သမှု၊ ကျေးဇူးပြု)

နိဿယပစ္စယော = မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်ပင်တည်ရာ၊ မြေပမာလျှင်၊ မှီရာတည်မှု၊ ကျေးဇူးပြု)

ဥပနိဿယပစ္စယော = အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိုးကြီးပမာ၊ သတ္တဝါတွေ၊ တည်နေနိုင်မှု၊ ကျေးဇူးပြု၊ ဥပနိဿယခေါ်)

ပုရေဇာတပစ္စယော = ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ကမ္ဘာဦးက၊ နေနှင့်လသို့၊ ရှေ့ကဖြစ်လာ၊ နောက်ကဖြစ်လာသည့်၊ တရားစုစု၊ ကျေးဇူးပြု)

ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(လင်းတငယ်သော်၊ အစာမျှော်သို့၊ နောက်ပေါ်လာသည့်၊ ပစ္စည်းတရားစု၊ ကျေးဇူးပြု)

အာသေဝနပစ္စယော = အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရှေးရှေးထုံထား၊ နံ့သာလားသို့၊ ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊ နောက်ထပ်ကျမ်းဂန်၊ အမြင်သန်သည်၊ ဧကန်အာသေဝနသဘောတည်း။)

ကမ္မပစ္စယော = အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မျိုးစေ့အလား၊ ပမာထား၍၊ နှစ်ပါးသောကံ၊ အခြေခံကာ၊ ဝေဘန်သမှု၊ ကျေးဇူးပြု)

ဝိပါကပစ္စယော = အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊ ကံနေအလား၊ အဖြစ်များမှု၊ ကျေးဇူးပြု)

အာဟာရပစ္စယော = ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊ သဏ္ဍာန်တူစွ၊ ထောက်ပံ့မသည့်၊ အာဟာရဖြစ်မှု၊ ကျေးဇူးပြု။)

ဣန္ဒြိယပစ္စယော = အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊ ကောင်းစွာစိုးရ၊ ဖြစ်ရစင်စစ်၊ ပဒေသရာဇ်၊ စိုးအုပ်လှစ်သို့)

ဈာနပစ္စယော = ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သစ်ပင်တောင်ငူ၊ တတ်သသူသည်၊ အောက်သူတို့အား၊ ကြည့်ပြောငြားသို့။)

မဂ္ဂပစ္စယော = သံသရာမှ ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ပမာကူသို့၊ ဆောင်ယူပို့သို့၊ ထို့တူနိဗ္ဗာန်၊ ရောက်ကြောင်းမှန်ပြု၊ ကျေးဇူးပြု။)

သမ္ပယုတ္တပစ္စယော = ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စတုမဓူ၊ ရောသည့်တူပေ၊ စိတ်စေနှစ်ပါး၊ ခွဲခြားမရ၊ ယှဉ်ကြသမှု၊ ကျေးဇူးပြု။)

ဝိပယုတ္တပစ္စယော = မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရသခြောက်ပါး၊ ရောစပ်ထားသို့၊ ခြားနားမတူ၊ ဖြစ်ဟန်မူသို့၊ ထို့တူမခြား၊ ကျေးဇူးပြု။)

အတ္ထိပစ္စယော = ထင်းရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မြင့်မိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊ ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ၊ အတ္ထိပစ္စည်းခေါ်။)

နတ္ထိပစ္စယော = မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ငြိမ်းသေလေပြီး၊ ဆီမီးတန္တု ကျေးဇူးပြုသို့၊ ထို့တူမှတ်ဘိ၊ မရှိသမှု၊ ကျေးဇူးပြု။)

ဝိဂတပစ္စယော = ကင်းမဲ့ချူပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ ချုပ်ကင်းလေမှု၊ ကျေးဇူးပြု။)

အဝိဂတပစ္စယော = မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊ မကင်းသောအား၊ ယင်းတရားစု၊ ကျေးဇူးပြု။)

ဣတိ၊ ဤသို့။ စတုဝီသတိ ပစ္စယာ၊ နှစ်ဆယ့်လေးပစ္စည်းတို့သည်။ မဟာပကရဏေ၊ အနန္တနယ သမန္တ
မဟာပဋ္ဌာန်းကျမ်းကြီး၌။ ဌိတာ၊ တည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

Views: 1261

ဘလော့အမျိုးအစား(စာပေ)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

Aung Maw Oo သည် March 9, 2013 က 11:39pmတွင် မှတ်ချက်ရေးသားသွားပါသည်။

illustrate like that is so clear to understand, thank!

thein soe သည် February 22, 2013 က 11:46amတွင် မှတ်ချက်ရေးသားသွားပါသည်။

ကျေးဇူးတင်ပါတယ်

နီနီဟန်နီ သည် January 29, 2013 က 6:20amတွင် မှတ်ချက်ရေးသားသွားပါသည်။

ကျေးဇူးတင်ပါတယ်ရှင်..။

ဇော်မင်းစိုး(ကုန်းဇောင်း) သည် September 17, 2012 က 3:32pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ကျေးဇူတင်ပါတယ် ခင်ဗျာ။

forlordofbuddha သည် September 10, 2012 က 12:13amတွင် မှတ်ချက်ရေးသားသွားပါသည်။

thank a lot of for it.

အောင်မျိုးထွန်း သည် September 4, 2012 က 5:44amတွင် မှတ်ချက်ရေးသားသွားပါသည်။

၂၄ ပစ္စည်းရဲ့ အဓိပ္ပါယ်အပြည့်အစုံကို အခုလို ရုပ်ပုံများဖြင့် ဖော်ပြထားတာကို ဖတ်ရှူခွင့်ရပြီး ပိုမိုရှင်းလင်းနားလည်သွားပါတယ်။ ကျေးဇူးအထူးတင်မိပါတယ် ကိုကောင်းမြတ်မင်းရေ ။

applewine သည် September 2, 2012 က 4:48pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ကျေးဇူးတင်ပါတယ်။ဒီလိုမျိုးအကျယ်သိချင်နေတာကြာပြီ။save သွားပါတယ်။

kyawminkhaing သည် June 21, 2012 က 2:11pmတွင် မှတ်ချက်ရေးသားသွားပါသည်။

တခြား သိစရာလေ့လာစရာများကိုလဲ အကျယ်သိတာရှိရင် တင်ပို့ပေးပါဦးခင်ဗျာ

kyawminkhaing သည် June 21, 2012 က 2:10pmတွင် မှတ်ချက်ရေးသားသွားပါသည်။

kyawminkhaing သည် June 21, 2012 က 2:06pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ကျေးဇူးတင်ပါတယ်ခင်ဗျ သိချင်နေတာကြာပါပြီ ကူးယူထားပါတယ်ခင်ဗျ
အခားထပ်ပြီး အကျယ်သိတာရှိရင်လဲ သိပါရစေခင်ဗျ သာဓုပါခင်ဗျသာဓုပါ သာဓုပါ ဗျာ

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................


anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

လေ့လာရန်

အဖွဲ့ဝင်များအားသိစေရန်


☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

အဖွဲဝင်များ

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

ဇော်ထက်မောင် left a comment for မူကြိုဆရာ
"အစ်ကိုမူကြိုဆရာခင်ဗျာ ကျွန်တော် လာရောက်လည်ပတ်သွားပါတယ်ခင်ဗျာ နေကောင်းကျန်းမာပါစေခင်ဗျ…"
13 minutes ago
ကောင်းမြတ်မင်း liked မှတ်ကျောက်'s blog post 'ဗုဒ္ဓဘာသာဝင်များသို့ .....'
50 minutes ago
Kyi Maung replied to အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)'s discussion '“ယဉ်ကျေးမှုသင်တန်းနှင့် တွေးမိသမျှ...ကြုံခဲ့သမျှ...လုပ်ဆောင်ခဲ့သမျှ”'
"အခုမှ အရှင်ဘုရားဆိုဒ်ထဲဝင်ပြီး စာတွေဖတ်ဖြစ်ပါတယ်။ အရှင်ဘုရားရဲ့မေတ္တာစေတနာကို လေးစားမိပါတယ်။…"
51 minutes ago
dimplemit left a comment for myatnoelinn
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
53 minutes ago
dimplemit left a comment for linyaungchi
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
55 minutes ago
dimplemit left a comment for kyaw soe
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
55 minutes ago
dimplemit left a comment for May Thet Mon
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
55 minutes ago
dimplemit left a comment for Ko Ko Zin
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
59 minutes ago
dimplemit left a comment for Chaw
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
1 hour ago
dimplemit commented on အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)'s blog post 'အသိခက်တဲ့ ဥပေက္ခာဗြဟ္မ၀ိဟာရ၏ အကျိုးတရားများ'
"တပည့်တော်ဖတ်မှတ်သွားပါတယ်ဘုရား။ ကျေးဇူးတင်ပါတယ်ဘုရား။"
1 hour ago
KO KO commented on မှတ်ကျောက်'s blog post 'ဗုဒ္ဓအကြောင်းသိကောင်းစရာ'
"ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။"
1 hour ago
Kyi Maung commented on မောင်မြင့်'s blog post 'ရတနာအောင်မြင် မိဘမဲ့ကျောင်း'
"္ထပို့စ်တင်ပြပေးသူကို ကျေးဇူးပါ။ ဦးညွန့်ဆွေဝေဖန်တာကို သဘောတူမိပါ၏။ ဆရာတော်များ၏ မေတ္တာ ဂရုဏာတရားကို…"
1 hour ago

© 2013   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...