တရားစာပေများကို ဖတ်ရှုစေခြင်း၊တရားတော်များကို နာယူမှတ်သားစေခြင်း နှင့် ဓမ္မမိတ်ဆွေများအကြား အပြန်အလှန်ဆွေးနွေးစေခြင်းဖြင့် ဘာသာရေးအသိ ရရှိစေရန် စိတ်ရည်သန်လျက် “ဗုဒ္ဓကမ္ဘာ”၀က်ဆိုက်ကို ညီငယ်ကောင်းမြတ်မင်းက တည်ထောင်ခဲ့ခြင်းဖြစ်၏။တနည်းဆိုရသော် ဗုဒ္ဓဘာသာ ပြန့်ပွားစေရေး အတွက်ဆိုလျှင် မှားမည်မထင်။
“မျိုးစေ့ မှန်လျှင် အပင်သန်စမြဲ” ဆိုသလို..…။အသင်းတည်ထောင်ခဲ့ခြင်း (၁)နှစ်ပြည့် ကာလ အခါသမယ၌ အသင်းမန်ဘာဝင်များရဲ့ သဒ္ဒါတရား၊ ဓမ္မမိတ်ဆွေများရဲ့ စေတနာအားတို့ဖြင့် စိန်ရတနာပရိယတ္တိစာသင်တိုက်မှာ အလှူပွဲတခုကို (5.2.2012)ရက်နေ့၌ အောင်မြင်စွာ ကဗျည်းစိုက်ထူ ပေးလှူနိုင်ခဲ့ပါပြီ….။
အလှူ….အလှူ….အလှူ….အလှူအမျိုးမျိုးရှိ၏။ ကျနော်တို့ အသင်း(၁)နှစ်ပြည့် ဒီအလှူပွဲအတွက် ပြန်စဉ်းစားကြည့်မိတယ်လေ….။ ဒီအလှူဟာ ကုသိုလ်ရရုံသက်သက် လှူတဲ့အလှူလား..?။ အင်းးးးးးးဒီလောက်မျှနဲ့ ပြီးပြည့်စုံမယ် မထင်။မြန်မာ့ ဆိုရိုးစကားလေး တစ်ခုရှိတယ်ဗျ။ “စေ့စေ့တွေးလျှင် ရေးရေးပေါ်”တဲ့..။ကျတော်တို့ ဒီအလှူပွဲကို ပြန်တွေးကြည့်ပါ….။ရေးရေးမဟုတ်ဘူးနော် တကယ့်ကို အထင်အရှားတွေ့မြင်နိုင်တယ်ဆိုတာ….။ပရိယတ္တိစာပေ သင်အံကျက်မှတ်နေတဲ့ စာသင်သား သံဃာများအတွက် ခန္ဓာ့အဟာရပြည့်ဝစေရန် ဆွမ်းလှူဒါန်းခြင်း။လိုအပ်သော ပိဋိကတ်ဆိုင်တာ စာအုပ်များ၊ စာရေးကရိယာ လှူဒါန်းခြင်းဆိုတာ တော်ရုံကုသိုလ်မျိုး မဟုတ်ဘူး။ သာသနာတည်ကြောင်း အထောက်အပံ့ကောင်း အလှူပါနော်။ ပရိယတ္တိဆိုတာ သာသနာရဲ့ အသက်သွေးကြောလေ။
ယနေု့ဆိုလျှင် သာသနာသက္ကရာဇ် အနှစ်(၂၅၀၀)ကျော်ခဲ့ပါပြီ….။သို့သော်လဲ ယနေ့တိုင်း ကျနော်တို့ ဗုဒ္ဓတရားတော်များကို မှတ်သားနာယူ လေ့လာသိရှိ ကျင့်ကြံအားထုတ်ခွင့် ရရှိနေခြင်းဟာ သံဃာတော်အရှင်သူမြတ် အဆင့်ဆင့်က နှုတ်ဝယ်တနည်း၊ ကျမ်းဖြင့်တသွယ် ကြိုးပမ်းအားထုတ် လက်ဆင့်ကမ်း သယ်ပိုးလာခြင်းကြောင့်သာ ဖြစ်၏။ သံဃာတော် အဆင့်ဆင့်ကသာ ဒီလိုမစွမ်းဆောင်ခဲ့ဘူး ဆိုရင် ကျနော်တို့ မြတ်ဗုဒ္ဓ၏ တရားဓမ္မလမ်းညွှန်မှုများ သိနိုင်ဖို့ဝေးစွ။ ဂေါတမ ဗုဒ္ဓဆိုတဲ့ ဘွဲ့အမည်နာမကိုပင် သိနိုင်ဖို့မလွယ်ပေ။
မြန်မာ နိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်အလျှောက် ဘုရားကျောင်းကန်၊ စေတီပုထိုး၊တန်ဆောင်းပြဿ အလွန်ပေါလှ၏။ သို့သော်လည်း “ရွှေကျောင်ပြောင်ပြောင် ၀မ်းခေါင်ခေါင်” နေရာများက လက်ညိုးထိုးမလွဲ။ တကယ်တော့ စာသင် စာသင်သား သံဃာများဘ၀ဟာ အင်မတန် ခတ်ခဲလှတယ်။ ပြည့်စုံမှုဆိုတာ မရှိကျပါဘူး။
အခုကျနော်တို့ “ဗုဒ္ဓကမ္ဘာ”ဆိုက်ရဲ့ အသင်းသူ၊အသင်းသားများ၏ စေတနာသဒ္ဒါတရား၊ ဓမ္မမိတ်ဆွေများ၏ ကိုယ့်ဘာသာ ကိုယ့်သာသနာအပေါ်မှာ ထားရှိသည့် သဒ္ဓါအားတို့ဖြင့် လို့အပ်သည့်ကွက်လပ်မှ တစိတ်တဒေသကို တက်စွမ်းသမျှဖြည့်ဆည်း နိုင်ခဲ့ပါပြီ….။နောင်နှစ်မှာလဲ ဒီထက်မက ပိုမိုစွမ်းဆောင်နိုင်အောင် အားပေးတိုက်တွန်းရင် …(5.2.2012)ရက်၊ တနင်္ဂနွေနေ့၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၂)၀ိုင်း၊ စိန်ရတနာ ပရိယတ္တိစာသင်တိုက်(မိတ္ထီလာကျောင်း)၌ အောင်မြင်စွာ လှူဒါန်းကျင်းပ နိုင်ခဲ့ပုံကို အလှူသို့ မလိုက်ပါနိုင်သူများ၊ နယ်ခြားရပ်ဝေးမှ ကျနော်ညီအစ်ကို မောင်နှများအား သဒ္ဒါယိုဖိတ် ပီတိစိတ်ဝေ သာဓု ခေါ်စေရန် မှတ်တမ်းဓါတ်ပုံများဖြင့် တင်ပြပေးလိုက်ပါတယ်ခင်ဗျာ..။
အလှူရှင်များစာရင်း
သံဃာအပါး(၁၀၀)ကျော်ကို ဆွမ်း ဆပ်ကပ်လှူဒါန်းခြင်း အလှူရှင်ကတော့ ကိုလှမိုး နှင့် (sydney) အဖွဲ့သားများ
အချိုပွဲ ရေခဲမုန့် ဆပ်ကပ်လှူဒါန်းမှာလဲ ကိုလှမိုး နှင့် (sydney) အဖွဲ့
ရေသန့်ဗူး အလှူရှင်ကတော့ မောင်အောင်မြတ်စိုး(MICB)
ဆွမ်းဆပ်ကပ် ချက်ပြုတ်ရေး အဓိက ဝေယျာဝစ္စလုပ်အားဒါန အလှူရှင်ကတော့ ဒေါ်စိုးစိုးရီ နှင့် အဖွဲ့
ဓမ္မစာစောင်အလှူရှင်-မစောသဇင် (မန္တလေး)
ဦးဇင်းဝဏ္ဏသာရာလင်္ကာရ(မန္တလေး)မှ -50000ကျပ်
မသူဇာအေး (Thuzar Aye)=ငွေကျပ်-5000
မစုစုမာ (dimplemit) မှ ငွေကျပ်-10000
ပြင်ပ အလှူရှင် ကိုအောင်မင်းဆွေ မှ ငွေကျပ်-1000
ကိုပြည့်ဖြိုးအောင် မှ ငွေကျပ်-5000
မအိမ့်သစ္စာခင် မှ ငွေကျပ်-50000
ဒေါ်တင်နွဲရီ မှ ငွေကျပ်-5000
မချို မှ ငွေကျပ်-3000
မသဇင်မမသင်းမှ ငွေကျပ်-3000
မမေမြတ်သူ မှငွေကျပ် 3000
မောင်ဇော်လင်းနိုင် မှ ငွေကျပ်-3000
မစိုး မှ ငွေကျပ်-5000
ကိုသန့်ဇော်မှ ငွေကျပ်-1000
မရွဲမြတ်တင် (M I C B) မှ ငွေကျပ်- 10000
ဦးတင်ညွှန့် + ဒေါ်သန်းစိန် မိသားစု မှ အလှူငွေ-3000
ကိုထင်အောင်မှ ငွေကျပ်-၃၀၀၀
ကိုအောင်ဇော်လတ်မှ-၃၀၀၀ကျပ်
ဆုမွန်မှ-၃၀၀၀ကျပ်
မခင်နီလာမှ-၅၀၀၀ကျပ်၊
ကို၇ဲမင်းထွန်းမှ-၅၀၀၀ကျပ်
မဖြိုး-၂၀၀၀ ကျပ်
ဦးမင်းနောင်+မနီလာမှ-၃၀၀၀ကျပ်
ဒေါ်စန်း၇ီသား ကိုမျိုးအေးမှ၂၅၀၀>ကျပ်
အပြင်အခြားအလှု၇ှင်များမှ လှုဒါန်းငွေမှာ ၄၀၀၀ကျပ်
olivia ju - မမိုးဦး မိသားစု မှ လှူဒါန်းငွေကျပ်-273000
မောင်ကြည်လွင်+မတင်တင်ထွေး မှ အလှူငွေကျပ်-3000
ကိုဇေယျာကြွယ် မှ ငွေကျပ်-15000
မနေချို မှ အလှူငွေကျပ်-10000
ကလေးတို့ ဆရာမ မှ လွှဲပို့လှူဒါန်းငွေကျပ်-30000
မခင်စုလေး မှ လှူဒါန်းငွေကျပ်-10000
ကိုအောင်မြင့် မှ လှူဒါန်းငွေကျပ်-10000
မနီနီစံ မှ လှူဒါန်းငွေကျပ်-10000
မရူပါ မှ လှူဒါန်းငွေကျပ်-20000
မနီလာဦး မှ လှူဒါန်းငွေကျပ်-12000
မအိအိမိုး မှ လှူဒါန်းငွေကျပ်-10000
မသင်းနုဆွေ မှ အလှူငွေကျပ်-10000
Sa Sa khine မှ လှူဒါန်းငွေကျပ်-20000
တောသူမလေး မှ လှူဒါန်းငွေကျပ်-20000
thetpaingsoe မှ လှူဒါန်းငွေကျပ်-5000
ဦးဇော်မြင့်+ဒေါ်သန္တာထွန်း မိသားစု မှ အလှူငွေကျပ်-10000
ကိုအောင်မျိုး(aung myo) စင်္ကာပူမှ လွှဲပို့လှူဒါန်းငွေ ကျပ်-20000
အရှင်ဥတ္တမ(တာချီလိတ်) မှ လွှဲပို့လှူဒါန်းငွေကျပ်-50000
than htike soe နှင့် aung ko myo ခေတ္တ(ဂျပန်)မှလှူဒါန်းငွေကျပ်-500000
ဇင်မာနွယ်ဝင်း-ငွေကျပ် ၃၀၀၀၀
စိုင်းကျန်ထောင်း--ငွေကျပ်၂၀၀၀၀
မြင့်ခိုင်+နန်စံဖောင်း--ငွေကျပ်၅၀၀၀
မခင်ဖြူစင်--ငွေကျပ်၁၅၀၀၀
မောင်ဖိုးဇော် မှ လှူဒါန်းငွေကျပ်-2000
နှစ်ဖက်မိဘ အမှူးထား၍ ကိုသီဟဇော်+မနန်းဆန်းလွင်-သား မောင်ဇွဲထူးထက် မိသားစုမှ အလှူငွေ-5000ကျပ်
ကိုနေလင်းမှ ငွေကျပ်-10000
ကိုသန်းနိုင်(ခေတ္တမလေးရှား)uthannaing81@gmail.comမှ ငွေကျပ်10000
ကိုနိုင်ဝင်းဆွေ+မနန်းမိုးမိုးအောင်မှ ငွေကျပ်-5000
ငွေစုစုပေါင်းမှာ ငွေကျပ်-1332500/-(ကျပ် တစ်ဆယ့်သုံးသိန်း သုံးသောင်း နှစ်ထောင့်ငါးရာတိတိ)
u kyi maung (ကနေဒါ)မှထပ်မံလှူဒါန်းငွေ ကျပ်နှစ်သိန်း..၂၀၀၀၀၀
Views: 1198
ဘလော့အမျိုးအစား(မှတ်တမ်း)
မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)
နှင်းဝေဆောင်း သည် March 16, 2013 က 5:17pmတွင် မှတ်ချက်ရေးသားသွားပါသည်။ အမြဲတမ်းလှူနိုင်ပါစေ
သာဓု သာဓု သာဓု
u myint aung သည် February 1, 2013 က 12:41amတွင် မှတ်ချက်ရေးသားသွားပါသည်။ သာဓု သာဓု သာဓု
ladygargar 12 သည် January 9, 2013 က 2:22pmတွင် မှတ်ချက်ရေးသားသွားပါသည်။ သာဓုခေါ်ပါတယ်၇ှင့်
myo zaw aung သည် December 26, 2012 က 11:59pmတွင် မှတ်ချက်ရေးသားသွားပါသည်။ သာဓု သာဓု သာဓု
ကလေးတို.ဆရာမ သည် October 28, 2012 က 4:26pmတွင် မှတ်ချက်ရေးသားသွားပါသည်။ နိဗာန်ရည်စူး
(သည်)အလှူထူးကို
ကြည်နူးရွှင်ပြ
ကြိုဆိုကြပါစို.--
သာဓု - သာဓု -သာဓုပါ
ရွှင်လန်းချမ်းမြေ့ကြပါစေ
BoBoKyaw သည် October 28, 2012 က 4:15pmတွင် မှတ်ချက်ရေးသားသွားပါသည်။ လွန်ထက် မွန်မြတ်တဲ့ အလှူကို ပြုလုပ်ကြတဲ့ ညီအကိုမောင်နှမတွေကို ကျွန်တော်တို့ အမိနိုင်ငံအတွက် လေးစားအားထား ဂုဏ်ယူဝမ်းမြောက်မိပါတယ်ဗျာ . . .
kyawminkhaing သည် October 9, 2012 က 4:31pmတွင် မှတ်ချက်ရေးသားသွားပါသည်။ သာဓုပါဗျာ သာဓုပါ သာဓု
သာဓုခေါ်ပါတယ်
zaw thu ya သည် October 5, 2012 က 8:54pmတွင် မှတ်ချက်ရေးသားသွားပါသည်။ ရောက်လာတာ...နောက်ကျလိုက်တာ..။အစောတည်းကဒီဆိုဒ်ကိုသိရင်အမြန်ဝင်လာမိမှာ
ကလေးတို.ဆရာမ သည် October 2, 2012 က 11:03pmတွင် မှတ်ချက်ရေးသားသွားပါသည်။ သာဓု - သာဓု - သာဓုပါ -
ရွှင်လန်းချမ်းမြေ့ပါစေ
Zaw Min Htun သည် October 2, 2012 က 3:56pmတွင် မှတ်ချက်ရေးသားသွားပါသည်။ ယနေ့ ဗုဒ္ဓကမ္ဘာဆိုဒ်အတွက် အလှူငွေထည့်ဝင် လှူဒါန်းလိုက်ပါတယ်။ လိုအပ်သောနေရာများတွင် ထည့်ဝင်လှူဒါန်းနိုင်ပါသည်။ လှူဒါန်းရသော ကုသိုလ်ကောင်းမှုများကို ဗုဒ္ဓကမ္ဘာဆိုဒ်မှ မိသားစုဝင်များအား အမျှပေးဝေပါသည်။
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ မှ(ကြိုဆိုပါတယ်)
( မှတ်ပုံတင်ရန်နေရာ)
(မှတ်ပုံတင်ပြီးသားသူများ)၀င်ရန်
အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး
နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)
Name of Account. U HLAING KYAW HTWE
NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ
ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့
လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

အ၇ိယမဂ္ဂင် ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

Htain Lin Oo ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

လှိုင်ကျော်ထွေး ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

mintun ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။


kham ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

mun mun aung ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။
Htain Lin Oo liked လှိုင်ကျော်ထွေး's blog post 'ဆရာတော် ပြပေးနေတဲ့ ၀ိပဿနာတရားရှုပွားသူ ဘယ်လောက်များများရှိပါသလဲ'
© 2013 Created by ကောင်းမြတ်မင်း.
Powered by
© Copyright Ning Network Name Goes Here.
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။
Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺