ဘုန်းကြီးကျောင်းရှိ ဒုက္ခသည်များအား မူလတန်းစာသင်ကျောင်းသို့ ပြောင်းရွှေ့
ဘုန်းကြီးကျောင်းမှာ နှစ်ပေါင်း ၁၃၀ ခန့်သက်တမ်းရှိပြီဖြစ်သဖြင့် လူအုပ်ဒဏ်ကို မခံနိုင်မည်စိုးသဖြင့် ယခုကဲ့သို့ပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း ယင်းနေရာတွင် တာဝန်ထမ်းဆောင်နေသည့် မီးသတ်ဝန်ထမ်းများထံမှသိရ
Posted on Dec 29 11 - 04:59 PM | Hits : 2097
ဘုန်းကြီးကျောင်းရှိ ဒုက္ခသည်များအား မူလတန်းစာသင်ကျောင်းသို့ ပြောင်းရွှေ့
ပုဇွန်တောင်မြို့နယ်အတွင်းရှိ ကူးတို့ဆိပ်ရပ်ကွက် ကူးတို့ဆိပ်လမ်းအတွင်း ဖြစ်ပွားခဲ့သော မီးလောင်ပေါက်ကွဲမှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရသည့် ဒုက္ခသည်များကို ပထမထားရှိရာ ကယ်ဆယ်ရေးစခန်းဖြစ်သည့် သမိန်ပရမ်းလမ်းမပေါ်ရှိ မဟာဝိဇိယရာမဘုန်းကြီးကျောင်းမှ အနီးအနားရှိ အ.မ.က ၂၀ နှင့် ၂၄ တို့သို့ ပြောင်းရွှေ့လိုက်ပြီ ဖြစ်သည်။ အဆိုပါဘုန်းကြီးကျောင်းမှာ နှစ်ပေါင်း ၁၃၀ ခန့်သက်တမ်းရှိပြီဖြစ်သဖြင့် လူအုပ်ဒဏ်ကို မခံနိုင်မည်စိုးသဖြင့် ယခုကဲ့သို့ပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း ယင်းနေရာတွင် တာဝန်ထမ်းဆောင်နေသည့် မီးသတ်ဝန်ထမ်းများထံမှသိရသည်။
(မီးဘေးသင့် ဒုက္ခသည်များအတွက် လာရောက်လှူဒါန်းထားသည့် အစားအစာနှင့် ရေသန့်ဗူးများ)
ထို့အပြင် ဒုက္ခသည်များအတွက် အစားအသောက်၊ အသုံးအဆောင်ပစ္စည်း များကို ပုဂ္ဂလိကနှင့် အစိုးရဘက်မှ အများအပြား လာရောက်လှူဒါန်းနေကြသဖြင့် လိုအပ်ချက်များ မရှိသလောက်ဖြစ်ကြောင်း ကယ်ဆယ်ရေးစခန်းရောက် ဒုက္ခသည်များထံမှသိရသည်။ "ပစ္စည်းတွေက သယ်လို့တောင်မနိုင်ပါဘူး။ နောက်နေ့အတွက် အစားအသောက်တွေတောင် ပိုလျှံနေပါတယ်။ အစစတော့ပြည့်စုံပါတယ်။ အိမ်တွေကိုလည်း ပြန်ချပေးမယ်ကြားနေတယ်"ဟု အဆိုပါ ရပ်ကွက်အတွင်းနေထိုင်သူ ကယ်ဆယ်ရေးစခန်းရောက် အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးကပြောသည်။
ထူးကုမ္ပဏီအပါအဝင် နာမည်ကြီး ပုဂ္ဂလိကကုမ္ပဏီများကလည်း အစားအသောက်နှင့် အဝတ်အထည်များအပြင် ငွေကြေးများကိုပါ အများအပြား ထည့်ဝင်လှူဒါန်းထားကြသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးများထံမှ သိရသည်။ သေဆုံးသွားသော မီးသတ်ဝန်ထမ်းငါးဦးအတွက် တစ်ဦးလျင် ကျပ်ဆယ်သိန်းစီ ထူးကုမ္ပဏီက လှူဒါန်းသွားမည်ဖြစ်ပြီး ကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေကြသည့် ဒုက္ခသည်များအတွက် သိန်းတစ်ရာ့ငါးဆယ်နှင့် ဆေးရုံများသို့ ရောက်ရှိကြသည့် ဒဏ်ရာရသူများအတွက် ကျပ်သိန်းတစ်ရာကိုလှူဒါန်းထားကြောင်း သိရသည်။
Credit: 7Day News Journal
m3.jpg
မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)
hla moe 24 သည် December 31, 2011 က 12:43pmတွင် မှတ်ချက်ရေးသားသွားပါသည်။
hla moe 24 သည် December 31, 2011 က 12:43pmတွင် မှတ်ချက်ရေးသားသွားပါသည်။ ကျေဇူးတင်ပါတယ်ခင်ဗျာ
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ မှ(ကြိုဆိုပါတယ်)
( မှတ်ပုံတင်ရန်နေရာ)
(မှတ်ပုံတင်ပြီးသားသူများ)၀င်ရန်
အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး
နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)
Name of Account. U HLAING KYAW HTWE
NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ
ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့
လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

မောင်အေးချမ်း ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

thetpaingsoe ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

hla moe 24 ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။



htunhlaaung ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။
htunhlaaung liked အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)'s blog post 'တောင်ပြာတန်းမှာ ကြွေသောပန်းများ(သို့မဟုတ်)ဗုဒ္ဓသာသနာတော်အတွက် အသက်စတေး၍ ပေးဆပ်ခဲ့သူများ.. …'
ကလေးတို.ဆရာမ left a comment for Hla Tun
ကလေးတို.ဆရာမ left a comment for hla moe 24
ကောင်းမြတ်ဇော် liked အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)'s blog post 'တောင်ပြာတန်းမှာ ကြွေသောပန်းများ(သို့မဟုတ်)ဗုဒ္ဓသာသနာတော်အတွက် အသက်စတေး၍ ပေးဆပ်ခဲ့သူများ.. …'
dimplemit liked လှိုင်ကျော်ထွေး's blog post '(၆)ကြိမ်မြောက် အလှူပွဲအတွက် အသိပေးနိုးဆော်ခြင်း'
hla moe 24 left a comment for ကလေးတို.ဆရာမ
မတင်တင်မိုး commented on မူကြိုဆရာ's blog post 'ဘုရားစေတီအချို့ ရှေ့က မနုသီဟ ဖင်နှစ်ခွ အကြောင်းသိကောင်းစရာ'
မတင်တင်မိုး commented on အရှင်ဝဏ္ဏ's blog post 'မကျေနပ်တဲ့ သံယောဇဉ်'
အရှင်ဝဏ္ဏ posted a blog post
© 2013 Created by ကောင်းမြတ်မင်း.
Powered by
© Copyright Ning Network Name Goes Here.
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။
Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺