ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်ကောင်းမြတ်မင်းမှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

္တ ဤကမ္ဘာ၏ အရှေ့ပိုင်းလောက်က စေတိယတိုင်းပြည်ဝယ် "ဥပ၀ရ"ခေါ်စေတိယမင်း၏ မုသားစကားမှာ ဖြူစင်
သော ကောင်းကင်၌ ညိုမှိုင်းသောတိမ်တိုက်မမာ တစ်ကမ္ဘာလုံး သစ္စာတည်သောအခါဝယ် ရှေးဦးစွာပေါ်လာသော
မုသားဖြစ်၍ နစ်နစ်ကာကာလွန်စွာဆိုးဝါးလျက် ယခုတိုင်အောင်ပင် ထင်ရှားခဲ့လေသည်။ထိုမင်းကားသာမန်မဟုတ်
ကောင်းကင်ပျံနိုင်ခြင်း၊နတ်သားလေးယောက်သက်တော်စောင့်ရခြင်း၊ကိုယ်မှစန္ဒကူးနံ့မွှေးခြင်း၊ခံတွင်းမှလည်းကြာညိုနံ့မွှေးခြင်းဟူသောတန်ခိုး လေးမျိုးနှင့်ပြည့်စုံသူတည်း။တက္ကသိုလ်၌ပညာသင်တုန်းကပုရောဟိတ်ကြီး၏ညီဖြစ်သောကောရကလမ္ဗနှင့် အကျွမ်းတ၀င် ချစ်ခင်ရင်းနှီးသူဖြစ်၏။မိမိအရှင်ဘုရင်ဖြစ်လျှင် ကောရကလမ္ဗကိုပင် ပုရောဟိတ်ရာထူး တင်မည်ဟုဝန်ခံခဲ့၏။သို့သော် ရှင်ဘုရင်ဖြစ်လာသောအခါ၌ကား ပုရောဟိတ်ဟောင်းကို ရာထူးမှမချနိုင်၊ပုရောဟိတ်ဟောင်းကမူ သူ၏ရာထူးကို သားအားလွှဲအပ်၍ ရသေ့ရဟန်းပြုသွားလေသည်။
ကောရကလမ္ဗသည် ပုရောဟိတ်ရာထူးကို မရသောကြောင့် သူ၏နောင်တော်ပုရောဟိတ်ဟောင်းအပေါ်
မှာ ရန်ငြိုးဖွဲ့၏။ထုံးစံအားဖြင့်လည်းပုရောဟိတ်ရာထူးမှာ နောင်တော်သာလက်ကိုင်ဖြစ်၏။ထို့ကြောင့်နောင်တော်က
အခွင့်မပြုသဖြင့် ထိုရာထူးကိုအတင်းမပြောင်းလွှဲနိုင်ချေ။သို့ဖြစ်၍ထိုရာထူးအတွက်ဘုရင်နှင့်ကောရကလမ္ဗ(သူငယ်
ချင်း ၂ ယောက်တို့မှာ)အခက်ကြုံကြရတော့၏။တနေ့သ၌ကား ထိုရာထူးအတွက် စဉ်းစားရင်း ဘုရင်ကသူ၏သူငယ်
ချင်းကိုပြောသည်မှာ............
ဘုရင်။ ။ကောရကလမ္ဗ ရာထူးအတွက်မပူနှင့် ငါကိုယ်တိုင်ပရိတ်သတ်အလယ်မှာ''သင့်ကို အစ်ကိုကြီး သင်၏နောင်တော်ကိုအငယ်"ဟုမုသားပြောမည်။သည်လိုဆိုလျှင် သင်ကအကြီးဖြစ်၍ ရာထူးကိုရခွင့်ရှိ၏။
ကောရကလမ္ဗ။ ။မင်းမြတ်သည်အကြံဟာကောင်းပါ၏။သို့သော် နောင်တော်ကတန်ခိုးကြီးသူဖြစ်၏။ယခုလို
မုသားပြောလျှင် နောင်တော်ကအရှင်မင်းမြတ်၏ တန်ခိုးတွေကို(တကယ်မကွယ်ဘဲ)ကွယ်
ပျောက်သလိုဖြစ်အောင်လုပ်ပါလိမ့်မည်။မြေကြီးထဲသို့ တကယ်မ၀င်ဘဲနှင့်ဝင်သလိုဖြစ်
အောင်လုပ်ပါလိမ့်မည်။ထိုအခါ၌ အရှင်မင်းမြတ်က မုသားစကားကိုမတည်ဘဲ စကား
ပြောင်းလဲသွားလျှင် အကျိုးမရှိနိုင်ပါ။[ဤကား နောင်ဖြစ်ခဲ့လျှင် ဘုရင်စိတ်မပျက်အောင်
ကြိုတင်၍ တုပ်နှောင်သောစကားများတည်း။]
ဘုရင်။ ။ ကောရ သည်လိုစကားပြောင်းလိမ့်မည်ဟုမထင်ပါနှင့်၊ မုသားကိုငါပြောမြဲပြောမည်။
ကောရ။ ။ဘယ်အခါပြောမည်နည်း။
ဘုရင်။ ။ယနေ့မှနောက် ၇ ရက်မြောက်၌ပြောမည်။
ဤသို့ ဘုရင်နှင့်ကောရကလမ္ဗတို့ တိုင်ပင်ကြသောစကားသည် တစ်မြို့လုံးသို့ ပြန့်နှံ့သွား၏။ထိုအခါ
၌ကား မုသားကိုမကြားဖူးကြ။အထူးသစ္စာတည်သောအခါဖြစ်၍ ဘုရင်ပြောမည့်မုသားဆိုတာဘယ်ဟာပါလိမ့်
"ညိုညိုလား ရွှေရွှေလား"ဟု မုသား၏အဆင်းအရောင်အကောင်အထည်ကိုပင် ကြိုတင်၍စဉ်းစားကြလေ၏။ထိုမျှ
လောက်သတင်းကြီးနေသော မုသားကိုကြည့်ရှုကြားသိလိုသော မြို့သူမြို့သားတို့သည် ဘုရင်မုသားပြောမည့်
ဌာန၌ ခုတင်ကြီးငယ်အသွယ်သွယ်ခင်းလျက် အလုအယက်နေရာယူကာ ၇ ရက်မြောက်နေ့ဝယ် စောစောကပင်
ပရိတ်သတ်တွေပြည့်ကျပ်ကျိတ်ခဲနေလေသည်။ထိုသို့ပရိတ်သတ်အစုံညီဝယ် အခြွေအရံများနှင့်တကွ ဘုရင်နှင့်
ကောရကလမ္ဗတို့အပြင် ပုရောဟိတ်ဟောင်းရသေ့လည်း ဈာန်အဘိညာဉ်ဖြင့်ကောင်းကင်ခရီးမှ ဆိုက်ရောက်လေ
၏။ထိုအခါ................
ရသေ့။ ။မင်းမြတ်၊အငယ်ကိုအကြီး၊အကြီးကိုအငယ်ဟု မုသားပြောမည်ဆိုတာ မှန်ပါသလား။
ဘုရင်။ ။မှန်ပါတယ်။
ရသေ့ ။မင်းမြတ် မုသာဝါဒဆိုတာ လွန်စွာအပြစ်ကြီးပါတယ်။ရှိသမျှဂုဏ်ကို ဖျက်ဆီးရုံမက အပါယ်သို့ပင်
ချတတ်ပါတယ်။မုသာဝါဒပြောဆိုသူမှန်လျှင် မိမိကိုယ်ကျင့်တရားကို သတ်ပစ်ရာရောက်ပါတယ်။
ကိုယ်ကျင့်တရားတွေသတ်ပစ်တဲ့သူဟာ မိမိကိုယ်လည်းမိမိသတ်ရာရောက်ပါတယ်။မုသားပြောသူ
ကိုယ်စောင့်နတ်များလည်း မစောင့်လိုကြပါ။ခံတွင်းကအပုပ်နံ့များလည်း ထွက်တတ်ပါတယ်။ရာထူး
လည်းလျှောတတ်ပါတယ်။[ထိုစကားကိုကြားလျှင်ဘုရင်သည်ကြောက်ရွံ့လာ၏။ထို့ကြောင့်သူ၏
သူငယ်ချင်း ကောရကလမ္ဗကို(ဘယ်နှယ့်လဲဟုမေးသောသဘောဖြင့်)ကြည့်ရှာလေသည်။]
ကောရ။ ။မင်းမြတ်အစတုန်းကပင် သည်လိုပြောပါလိမ့်မည်ဟု တင်ကြိုသံတော်ဦးတင်ခဲ့သည် မဟုတ်ပါလော။
ဘုရင်။ ။(အနည်းငယ်ရဲလာ၍ ပုရောဟိတ်ရသေ့ကိုပြောသည်မှာ)အရှင်ရသေ့၊အရှင်ကအငယ်၊ကောရကလမ္ဗ
ကအကြီးဖြစ်တယ်။
ဤမုသားကား ယခုကမ္ဘာပေါ်တွင် ပထမဆုံးမုသားတည်း။ထိုမုသားစကားပြောလိုက်သည်နှင့်
တစ်ပြိုင်နက် ဘုရင်ကိုစောင့်နေကျဖြစ်သော သက်တော်စောင့်နတ် ၄ ပါးတို့သန်လျက်ကိုပစ်ချ၍ကွယ်ပျောက်ကြ
တော့၏။ဘုရင်၏ခံတွင်းမှ ကြာညိုနံ့ကွယ်ပ၍ ကြက်ဥအပုပ်နံ့ထွက်လာ၏။တစ်ကိုယ်လုံးမှာလည်း စန္ဒကူးနံ့ကွယ်
ပျောက်၍အိမ်သာနံ့ကြီးပေါ်ပေါက်လာလေသည်။ကောင်းကင်မှာလည်း မသွားနိုင်တော့ဘဲ မြေပေါ်သို့ကျရောက်
ရှာလေသည်။ထိုအခါ...................
ရသေ့။ ။(သနားကြင်နာသောမျက်နှာဖြင့်)မင်းမြတ်၊မုသားမပြောပါနှင့်၊အမှန်ကိုပြင်၍ပြောလျှင် တန်ခိုး
ဣဒ္ဓိများ မူလအတိုင်းရှိပါလိမ့်မည်။
ဘုရင်။ ။''အသင်ရသေ့တို့က ငါ့ကိုတန်ခိုးဖြင့်လှည့်ပတ်ကြသည်။ငါတော့နောက်ဆုတ်လိမ့်မည်မဟုတ်၊
သင်ရ%E

Views: 31

ဘလော့အမျိုးအစား(စေတိယဇာတ်)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

zin mar win သည် December 27, 2011 က 12:59pmတွင် မှတ်ချက်ရေးသားသွားပါသည်။

so nice,

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................


anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

လေ့လာရန်

အဖွဲ့ဝင်များအားသိစေရန်


☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

အဖွဲဝင်များ

  • min lay ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • ခွန်ညီဇော်ထွေး ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • Htain Lin Oo ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • Angledaewi

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

ခိုင်စုမြတ် liked အရှင်ဝဏ္ဏ's blog post 'အပေါက်သေးသေးမှ မာနကို ချောင်းကြည့်ခြင်း'
8 minutes ago
ကလေးတို.ဆရာမ liked အရှင်ဝဏ္ဏ's blog post 'အပေါက်သေးသေးမှ မာနကို ချောင်းကြည့်ခြင်း'
10 minutes ago
KO KO liked အရှင်ဝဏ္ဏ's blog post 'အပေါက်သေးသေးမှ မာနကို ချောင်းကြည့်ခြင်း'
14 minutes ago
Angledaewi commented on အရှင်ဝဏ္ဏ's blog post 'အပေါက်သေးသေးမှ မာနကို ချောင်းကြည့်ခြင်း'
"မှန်လိုက်တာ။"
17 minutes ago
KO KO liked မူကြိုဆရာ's profile
18 minutes ago
KO KO liked ကိုညီညီတင်'s blog post '"ဒါန ဆိုင်ရာ အဆိုအမိန့်များ"'
19 minutes ago
ဇင်ဘိုဟိန်း posted photos
1 hour ago
Peaceangel liked လှိုင်ကျော်ထွေး's blog post 'မေတ္တာအပို့ခံရသူမှာ အကျိုးဘယ်နှစ်ပါးရပါသလဲ'
1 hour ago
Peaceangel liked dimplemit's blog post 'တန်ဖိုးသိမှ တန်ဖိုးရှိမည်....၁'
1 hour ago
Peaceangel liked dimplemit's blog post 'တန်ဖိုးသိမှ တန်ဖိုးရှိမည်....၁'
1 hour ago
dimplemit left a comment for Hein Htet
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
1 hour ago
dimplemit left a comment for cherry
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
1 hour ago

© 2013   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...