☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ကို၂၀၁၁ခုနှစ်ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါသည်။

☺☺☺ဗုဒ္ဓကမ္ဘာသာသနာပရဟိတအသင်း☺☺☺


ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

ကမ္ဘာပေါ်တွင်ရှိကြကုန်သော..........ခရစ်ယာန်ဘာသာဝင်များ......အစ္စလာမ်ဘာသာဝင်များ....ဟိန္ဒူဘာသာဝင်များ....အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့..ဗုဒ္ဓဘာသာဝင်များကိုယ်စား ကျွန်တော်ကောင်းမြတ်မင်း မှ ....ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံ တွင်ရှိကြကုန်သောသတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ.......သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ.....

ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသော သံဃာတော် အရှင်မြတ်တို့၏ ကျေးဇူးတော်ကြောင့် တရားဓမ္မများကို ယနေ့တိုင် သတ္တ၀ါအားလုံး လိုက်နာကျင့်ကြံ အားထုတ်နိုင် ခြင်းဖြစ်ပါတယ်။ ယခုလို သာသနာတော်နှင့် တွေ့ကြုံနေစဉ်မှာပဲ မိမိတို့ကိုယ်တိုင် လိုက်နာကြဖို့ လိုအပ်သလို၊ နောင်အနာဂတ်အတွက် သာသနာတော်ကို မိမိတို့ စွမ်းနိုင်သည့်ဘက်မှ ထိန်းသိမ်းစောင့်ရှောက် သင့်သည့်ဟု ခံယူမိပါတယ်။ သံဃာတော် အရှင်သူမြတ်များသည် ဂန္ထဓုရ= စာပေသင်ကြားပို့ချခြင်းနှင့် ၀ိပဿနာဓုရ= တရားတော်အတိုင်း ကျင့်ကြံအားထုတ်ခြင်း ဆိုတဲ့ တာဝန်နှစ်ရပ်ကို စွမ်းဆောင်နေကြဆဲ ဖြစ်ပါတယ်။ သာသနာတော် ဆိုရာတွင် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာဟု သုံးရပ် ရှိပါတယ်။ “ပရိယတ္တိ ယေ၀ ဟိ သာသ နဿ မူလံ” ဆိုသည့်အတိုင်း ပရိယတ္တိသည် သာသနာတော်၏ အခြေခံမူလ ပဓာန ဖြစ်ပါတယ်။ ယနေ့ စာချဆရာတော်၊ တိုက်အုပ်ဆရာတော်၊ တရားဟော ဆရာတော်တို့သည် တစ်ခါက သာမဏေ ငယ်လေးများ သာဖြစ်ပါတယ်။ သာမဏေငယ်များဘ၀မှ စတင်ပြီး ဆရာရင်းများထံမှာ သင်အံမပျက်လေ့ကျက်နာယူ မှတ်သားလာခဲ့ရာမှ အောင်မြင်ကျော်ကြားတဲ့ သာသနာ့အကျိုးကို သယ်ပိုးခွင့်ရသော ဆရာတော်များဘ၀သို့ ရောက်ရှိလာကြခြင်းပင် ဖြစ်ပါတယ်။ ထို့ကြောင့် အနာဂတ်သာသနာတော် အတွက် ပရိယတ္တိ စာပေသင်ကြားမှုများ ပြုလုပ်နေကြသော သာမဏေငယ်များကို မေ့ဖျောက် မထားသင့်ပါ။ နိဂြောဓ သာမဏေငယ်ကို ဖူးမြင်ရသော သီရိဓမ္မာသောကမင်းကြီးသည် ဗုဒ္ဓဘာသာဝင်အဖြစ် ရောက်ရှိခဲ့ပြီး၊ သာသနာတော်ကို ချီးမြှင့်မြှောက်စားခဲ့တဲ့ သာသနာပြု မင်းဖြစ်ခဲ့ရပါတယ်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ပြီးနောက် သာသနာနှစ် ၂၃၅ခုနှစ်မှာ သာသနာတော်အတွင်း တိတ္ထိတက္ကတွန်းများ ၀င်ရောက်မှုကြောင့် တတိယသင်္ဂါယနာ တင်ခဲ့ရပါတယ်။ တတိယ သင်္ဂါယနာတင် ဒါယကာ သီရိဓမ္မာသောကမင်းကြီးသည် နိဂြောဓ သာမဏေငယ်ကို ဖူးမြင်ခဲ့ရတဲ့ အချိန်မှစပြီး သာသနာ တော်ကို ထောက်ပံ့ခဲ့တဲ့ သာသနာ့ ဒါယကာ တစ်ဦးဖြစ်ခဲ့ရတာပါ။ သီရိဓမ္မာသောက မင်းကြီးက တတိယ သင်္ဂါယနာတော်ကို ဦးဆောင်ခဲ့တဲ့ အရှင်မဟာ မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်နှင့် တိုင်ပင်ကာ ဆရာ၊ ဒကာ ညီညွတ်စွာနဲ့ ဗုဒ္ဓသာသနာ ထွန်းကားပျံ့ပွားရေး အတွက် ကိုးတိုင်းကိုးဌာနကို သာသနာပြုများ စေလွှတ်ခဲ့ပါတယ်။ ထိုကိုးဌာနမှာ မြန်မာနိုင်ငံက သထုံမြို့ကို အရှင်သောဏနှင့် အရှင်ဥတ္တရ အမှူးပြုသော မထေရ်ငါးပါးတို့ သာသနာပြုဖို့ ရောက်ရှိလာခဲ့ပါတယ်။ ထိုမထေရ်တို့၏ ကျေးဇူးတော်ကြောင့် ယနေ့တိုင် မြန်မာနိုင်ငံမှာ သာသနာတော် ထွန်းကားလျက် ရှိနေခြင်းဖြစ်ပါတယ်။ ထို့ကြောင့် သာသနာ ပြန့်ပွားလာရခြင်း အကြောင်းရင်းမှာ နိဂြောဓ သာမဏေငယ်က စတင်ခဲ့တယ်လို့ ဆိုရင် မှားမည်မထင်ပါ။
ယနေ့ အချိန်အခါမှာ သာသနာတော်၏ ရင်ငွေ့ကို ခိုလှုံနေကြသော သာမဏေငယ်လေးများကို ဒါယိကာ၊ ဒါယကာမပေါင်းနှင့် ဗုဒ္ဓဘာသာဝင်တို့က ထောက်ပံ့မှသာလျှင် အနာဂတ်သာသနာအတွက် အကျိုးသက် ရောက်ရာမှု ရှိပါလိမ့်မယ်။ သာသနာတော်မှာ ကိုရင်(သာမဏေ)ရှိမှသာ ဦးဇင်း၊ ဘုန်းကြီး၊ ဆရာတော်ဖြစ်လာပါမယ်။ ယနေ့ ပရိယတ္တိစာပေတွင် ဂုဏ်ထူးဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူ ဒါန်းခြင်း ခံနေရသော ဆရာတော်ကြီးများသည် တချိန်တခါက သာမဏေငယ်ကလေး များသာဖြစ်ပါတယ်။ လူအများ စုက နာမည်ကြီးသော၊ ဂဏန်းပေးသော ဆရာထံသွားပြီး မိမိတို့ လောကီ အကျိုးစီးပွား မျှော်ကိုးကာ လှူဒါန်းမှုတွေ လုပ်ကြပါတယ်။ နာမည်ကြီးသော ဘုရားကို ရွှေအထပ်ထပ်ချ ချင်ကြပါတယ်။ သို့သော် ပရိယတ္တိ စာသင် တိုက်က စာသင်နေတဲ့ ရဟန်းတပါးကို လိုအပ်တဲ့ စာအုပ်ဝယ်ပေးဖို့တော့ မေ့နေတတ်ကြပါတယ်။ ထိုစာသင်သား သံဃာတော်ကို ချီးမြှင့်တာမှ သာသနာကို ချီးမြှင့်ရာရောက်ပါတယ်။ ဘုရားတည်တာသည် သာသနာပြု ခြင်း မဟုတ်ပါ။ ဒါပေမယ့် အမျာစုကလည်း ဘုရားတည်တာကိုမှ သာသနာပြုတယ် ထင်နေကြတယ်။ စာသင်သား သံဃာတပါးကို ထောက်ပံ့ပေးနေခြင်းကို သာသနာပြုနေတယ်လို့ မမြင်ကြပါဘူး။ ဒါတွေသည် သိသင့်တဲ့ အကြောင်းအရာတွေပါ။ (ဒီအချက်တွေကိုလည်း လူတိုင်းသိစေချင်ပါတယ်)။
ရဟန်းတော်များနှင့် ပြောဆိုဆက်ဆံရာမှာလည်း မိတ်ဆွေတွေ ပြောသလို ပြောလို့ မသင့်တော်ပါဘူး။ စကားလုံး သုံးနှုန်းတတ်စေချင်ပါတယ်။ မိမိတို့ သာသနာကို ဦးဆောင်နေတဲ့ သံဃာတော်တွေကို မိမိတို့က နည်းလမ်းမှန်စွာနဲ့ မချည်းကပ်၊ မပြောဆိုတတ်ရင်၊ လေးစားမှု မရှိရင် ဘယ်သူကမှ အလေးအမြတ် ပြုမည် မဟုတ်ပါ။ ကိုရင်ငယ်လေးပဲ ဆိုပြီး မလေးမစား ဆက်ဆံမှုတွေ မလုပ်အပ်ပါ။ အသက်အရွယ်ကိုသာ မကြည့်ပဲ သီလတရားကို ကြည်ညိုပြီး ကိုးကွယ်ရမှာပါ။ ကိုရင်ငယ်တပါးသည် ၁၀ပါး သီလရှိပါတယ်။ မိမိက ငါးပါးသီလ တောင် လုံခြုံမှု ရှိလားဆိုတာ စမ်းစစ်သင့်ပါတယ်။
အနာဂတ်မြန်မာနိုင်ငံ၏ သာသနာတော်သည် ယနေ့ သာမဏေ(ကိုရင်)ငယ်တို့၏ လက်တွင်ရှိ နေသည်ကို အထူးဂရုပြုကြစေချင်ပါတယ်။ အနာဂတ်သာသနာတော် တည်တံ့ခိုင်မြဲရေးတွင် သာသနာ့တာဝန် ကို ထမ်းဆောင်ကြမည့် ကိုရင်သာမဏေငယ်များ၏ အခန်းကဏ္ဍသည် အဓိက ဖြစ်ကြောင်း သတိရစေချင်ပါတယ်။ သာသနာတော်သုံးရပ်တွင် ပရိယတ္တိသာသနာသည် အခြေခံမူလဖြစ်ပါတယ်။ ထိုပရိယတ္တိစာပေကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်လာကြသော မျိုးဆက်သစ် သံဃာတော်များသည် အရေးကြီးပါတယ်။ ဒါယကာ၊ ဒါယိကာမများ အနေဖြင့် ထိုမျိုးဆက်သစ် သာမဏေငယ်တို့ကို အားပေး ချီးမြှောက်သင့်ပါတယ်။
အခွင့်အခါသင့်တိုင်း သာသနာအတွက် အရေးပါသည့် နေရာများမှာ မွန်မြတ်တဲ့ ကောင်းမှုတွေ ပြုလုပ်နိုင်ကြသဖြင့် ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ။

Views: 21

ဘလော့အမျိုးအစား(သာသနာဝင်)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

ကိုယ်ရင် သည် June 8, 2011 က 4:42pmတွင် မှတ်ချက်ရေးသားသွားပါသည်။
a
ashinyewata သည် June 5, 2011 က 4:18pmတွင် မှတ်ချက်ရေးသားသွားပါသည်။
စာပေကို လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့တဲ့ သာသနာ့အာဇာနည်တွေကို အားဖြစ်စေပါတယ်
ဒါပေမဲ့ ဒါယကာ ဒါယိကာမများဟာ အခုခေတ်မှာ သူတို့ရဲ့ပူပန်မှုတဒင်္ဂလေးအတွက် တရားနာမှုပဲရှိတော့ စာပေလုပ်နေတဲ့ သာသနာ့ဝန်ထမ်းတွေကို
ဝန်ထမ်းမှန်းမသိတော့ခက်သားပဲ တရားဟောတတ်မှသာ သာသနာ့ဝန်ထမ်းလို့ထင်တာက ဘယ်လိုဖြေရှင်းပေးရမှာတုန်း......
ကိုကိုလတ် သည် May 21, 2011 က 5:16amတွင် မှတ်ချက်ရေးသားသွားပါသည်။
ကျေးဇူးတင်ပါတယ်
aungzawmin သည် May 17, 2011 က 3:45amတွင် မှတ်ချက်ရေးသားသွားပါသည်။
ကောင်းမြတ်တဲ့ စေတနာ နဲ့ ရေးတဲ့ ပို့စ် လေးပါပဲ. . . တစ်ခုပဲ လိုပါတော့တယ်... သာသနာတွင်းမှာ ၀ိနည်း သီလနဲ့ ပြည့်စုံတဲ့ ရဟန်း သာမဏေ တွေ အရမ်းကို လိုအပ်နေပါပြီ. . . ဒီနေ့ပဲ သတင်းတစ်ခု ကြားရပါတယ်.. ရဟန်း သာမဏေ တွေ အများဆုံး မွေးထုတ်ပေးနတဲ့ မန္တလေး မှာ တောင် ဘုန်းကြီး တွေပဲ ရှိတော့တယ်..တဲ့ ဗျာ...စိတ်မကောင်းစရာပါပဲ. . . ရဟန်း ၀တ်မဲ့သူ တွေကို စီစစ်သင့်တဲ့ အချိန်ကို ရောက်နေပြီလို့ ထင်တာပါပဲ. . .ခုခေတ်မှာ စားစရာ မရှိလို့ ဘုန်းကြီးဝတ်တဲ့သူတွေများလာတာဟာ..သာသနာတော်ကြီး အတွက်တော့ ရင်လေးစရာပါပဲ. . . .ဒီအတိုင်းသွားနေကြရင် နောက် ၁၀ နှစ် ၁၅ နှစ် အတွင်း ထေရ၀ါဒ သာသနာကြီး ပျောက်ကွယ်တော့မှာပါ. . .
monlay သည် May 15, 2011 က 9:14pmတွင် မှတ်ချက်ရေးသားသွားပါသည်။
ဟုတ်တာပေါ့
ဘုရားရဲ. သားတော်လေးတွေပဲလေ
ရောင်စဉ်ဟြ သည် May 14, 2011 က 4:10pmတွင် မှတ်ချက်ရေးသားသွားပါသည်။
သီလတရားကို ကြည်ညိုပြီး ကိုးကွယ်ရမှာပါ။
လေးစားပါတယ်ကိုကျော်စွာရေ
ကြယ်စင်မင်း သည် May 14, 2011 က 3:08pmတွင် မှတ်ချက်ရေးသားသွားပါသည်။
ကျေးဇူး တင်း ပါ တယ်....
သီရိ သည် May 12, 2011 က 11:32pmတွင် မှတ်ချက်ရေးသားသွားပါသည်။
ကျေးဇူးအထူးတင်ပါတယ်...
Moe သည် May 12, 2011 က 10:27pmတွင် မှတ်ချက်ရေးသားသွားပါသည်။
ကိုရင်ငယ်လေးပဲ ဆိုပြီးတော့လဲ မလေးမစား ဆက်ဆံမှုတွေ မလုပ်အပ်ပါဘူး။
သီလတရားကို ကြည်ညိုပြီး ကိုးကွယ်ရမှာပါ။
လေးစားပါတယ်ကိုကျော်စွာရေ
Hla Tun သည် May 12, 2011 က 9:14pmတွင် မှတ်ချက်ရေးသားသွားပါသည်။
သာမနေ(ကိုရင်) ဆိုပေမဲ့ မလေးမစား မလုပ်ရဘူး....ငရဲကိုဇောက်ထိုးဆင်းသွားမယ်

စတင်တည်ထောင်သူ

anigif anigif1 anigif2 2anigif 1anigif 3anigif 4anigif anigif
........................

အဖွဲ့ဝင်များအားသိစေရန်

ဗုဒ္ဓကမ္ဘာဆိုဒ်သည်........... မြန်မာလူမျိုးများအားလုံး လေ့လာ မှတ်သားနိုင်ရန်... ပြုလုပ်ထားခြင်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်များ အတွက် သီးသန့် ပြုလုပ်ထားခြင်းမျိုး မဟုတ်ပါ....... သို့သော်........ ဗုဒ္ဓကမ္ဘာဆိုဒ်ထဲတွင် မန်ဘာများသည် မည်သည့်ဘာသာဝင်များကို မဆို ဆဲဆိုပြီး မှတ်ချက် ပေးခြင်း၊ မန်ဘာဝင်များအချင်းချင်း မလေးမစား မှတ်ချက်ပေးခြင်း၊ မန်ဘာဝင်များ စာပေ
လေ့လာမှုကို
နှောက်ယှက်ခြင်း,
မည်သည့် ဘာသာကိုမဆို ပုတ်ခတ်ပြောဆိုခြင်း၊
မုသားသုံးကာဖြင့် ဘာသာခြားအယောင်ဆောင်
ကိုယ်ကျိုးရှာခြင်း
အက်ဒ်မင်တို့၏ မေးခွန်းလွှာများ
(ကိုယ်ရေးမှတ်တမ်း)ကို မုသားသုံးပြီး ဖြည့်စွတ်ခြင်း
မပြုလုပ်ရပါ။....
ပြုလုပ်ခဲ့ပါက (မည်သည့်အကြောင်းပြချက်မှ မပါပဲ) မန်ဘာအဖြစ်မှ ချက်ချင်းထုတ်ပယ်သွားပါမည် လေးစားစွာဖြင့်....
(ကောင်းမြတ်မင်း)


............................................
☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 0949260352 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

အဖွဲ့များ

အဖွဲဝင်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

ကိုမျိုးဝင်း shared ကောင်းမြတ်မင်း's video on Facebook
17 minutes ago
Phyu Phyu Thi commented on Phyu Phyu Thi's blog post 'ပါဏာတိပါတကံထိုက် မထိုက်'
"ဟုတ်တယ် အမတို့ရေ တော်တော်ကြောက်ဖို့ကောင်းတယ်လို့ပြောရမယ်။ အဲဒါကြောင့် ဆရာတော်တွေက ဟောထားတာလေ…"
53 minutes ago
ကိုညီညီတင် left a comment for ဥယျာဉ်မှူးလေး
"မင်္ဂလာပါ်။ ဗုဒ္ဓကမ္ဘာမှနွေးထွေးစွာ ကြွရောက်လာကြတဲ့ ဓမ္မမိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း၊…"
1 hour ago
Profile Iconဥယျာဉ်မှူးလေး, sopyay, sopyay and 7 more joined ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺
1 hour ago
ကိုညီညီတင် left a comment for sopyay
"မင်္ဂလာပါ်။ ဗုဒ္ဓကမ္ဘာမှနွေးထွေးစွာ ကြွရောက်လာကြတဲ့ ဓမ္မမိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း၊…"
1 hour ago
ကိုညီညီတင် left a comment for sopyay
"မင်္ဂလာပါ်။ ဗုဒ္ဓကမ္ဘာမှနွေးထွေးစွာ ကြွရောက်လာကြတဲ့ ဓမ္မမိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း၊…"
1 hour ago
အောင်ကလေး commented on swe's blog post 'သီလအကျိုး'
"မှတ်သားသွားပါတယ်ရှင်"
2 hours ago
dimplemit posted a blog post

သစ်တုံးပမာရှုစရာ

ခေါင်းထဲမှာ စဉ်းစားမိနေတာက မနေ့က နာဖြစ်တဲ့ တရားလေး တစ်ပုဒ်။တရား ခေါင်းစဉ်လေးကတော့ “သစ်တုံးပမာ ”…See More
2 hours ago
dimplemit commented on အရှင်ဝဏ္ဏသာရာလင်္ကာရ's blog post 'ဘာသာသွေး'
"တင်ပါ့ဘုရား။ တပည့်တော် ဘာသာသွေးဆိုတဲ့စာအုပ်လေးကို ဖတ်ပြီးကတည်းက…"
3 hours ago
မတင်တင်မိုး commented on Phyu Phyu Thi's blog post 'ပါဏာတိပါတကံထိုက် မထိုက်'
"အာပတ်လွတ်အများအမြင်မှာတင့်တယ်အောင် ပါဏာတိပါတာကံသွယ်ဝိုက်တဲ့နည်းနဲ့ကျူးလွန် တာဘဲနော်"
3 hours ago
dimplemit commented on swe's blog post 'သီလအကျိုး'
"သီလရှိတော့ စိတ်ကြည်၊ စိတ်ကြည်တော့ ၀မ်းမြောက်၊ ၀မ်းမြောက်တော့ နှစ်သက်၊ နှစ်သက်တော့…"
3 hours ago
dimplemit commented on Phyu Phyu Thi's blog post 'ပါဏာတိပါတကံထိုက် မထိုက်'
"အာ သက်သက်မဲ့ဒုက္ခပေးနေတာ။ ဒုက္ခပါပဲ။"
4 hours ago

© 2012   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

Old Design