ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်ကောင်းမြတ်မင်းမှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

"သာသနာတော်၏ ပထမဆုံး လူ အရိယာ"

ဗုဒ္ဓမြတ်စွာဘုရား၏ သာသနာတော် ၌ လူသားပုဂ္ဂိုလ်ထဲတွင်ပထမဆုံးသောတပန်အရိယာဖြစ်သူမှာ
"အရှင်ကောဏ္ဍည မထေရ်" ဖြစ်သည်။
မထေရ်ကြီးသည် ပထမဆုံးအရိယာဖြစ်သည်သာမဟုတ်သေး။ပထမဆုံး"ဧဟိဘိက္ခု"လည်းဖြစ်၏။ပထမဆုံး ရဟန္တာ ဖြစ်သူတို့ထဲ၌လည်းပါ၏။ ဤသို့ထူးခြား၏။ ထူးခြားရုံသာမဟုတ်၊အံ့သြဖို့လည်းကောင်းပါ၏။

အဘယ်သို့ နည်း။
"အရှင်ကောဏ္ဍညမထေရ်"သည်"အရှင်ဝပ္ပ"စသည့် "ပဉ္စ၀ဂ္ဂီ" အလောင်းအလျာတို့နှင့် အတူတောထွက်ခဲ့ကြ၏။
တရားအတူကျင့်ခဲ့ကြ၏။ဗုဒ္ဓမြတ်စွာဘုရားအထံတော် ၌ "ဓမ္မစကြာတရားတော်" ကိုလည်းအတူနာခဲ့ကြ၏။
သို့သော် အရှင်ဝပ္ပ စသူတို့မှာ ဓမ္မစကြာတရားတော်ကို နာပြီးပြီးချင်း တရားထူး မရကြ။ အရှင် ကောဏ္ဍည တစ်ပါးတည်းသာ ဦးဦးဖျားဖျား သောတပန် အရိယာ ဖြစ်ခဲ့၏။ထို့ကြောင့် အံ့သြဖို့ကောင်းသည်။

ထို့ထက် ပို၍ အံသြဖွယ်ကောင်းသည်မှာ-
အရှင်ကောဏ္ဍညမထေရ် သည် ဗုဒ္ဓမြတ်စွာဘုရားရှင်နှင့် ပထမဦးဆုံး ဦးဦးဖျားဖျားတွေ့ဆုံရသူမဟုတ်ပေ။သူ့
ထက် စော၍ ဗုဒ္ဓမြတ်စွာဘုရားရှင်နှင့်တွေ့ကြုံသူများ ရှိပေသည်။

သူတို့ကား-
ဗုဒ္ဓမြတ်စွာဘုရားရှင် ဘုရားဖြစ်ပြီးခါစ အဇပါလ ညောင်ပင်ရင်းတွင်"အဇပါလသတ္တာဟ"တွင်စံတော်မူစဉ်ကဖြစ်
ပါသည်။ "ဟုံဟုင်္က" အမည်ရ ပုဏ္ဏားတစ်ဦး ဗုဒ္ဓမြတ်စွာဘုရားရှင်ရှေ့တော်သို့ရောက်ရှိလာသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင် ထံ"သူမြတ်ဖြစ်ကြောင်းတရား"ကို မေးလျှောက်သည်။ ဗုဒ္ဓမြတ်စွာဘုရားရှင် က ကျေနပ်ဖွယ်ဖြေရှင်းဟောကြားပေးလိုက်သည်။ ထိုသူ သောတပန် မဖြစ်ချေ။

နောက်"ဥက္ကလာဇနပုဒ်၊ပေါက္ခရ၀တီမြို့သား၊တပုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင်"တို့ ဗုဒ္ဓမြတ်စွာဘုရားရှင်
"ရာဇယတနသတ္တဟာ" စံတော်မူနေစဉ် အဖူးအမြော် ရောက်ရှိလာသည်။မုန့်ဆွမ်း ဒါနပြုကြ၏။ဆံတော်၊ဓါတ်
တော်မြတ်တွေ ရရှိကြ၏။ "ဒွေဝါစိကသရဏဂုံ" တည်သွားကြ၏။သို့သော် သူတို့လည်း သောတပန် အရိယာ
ဖြစ်မသွားကြချေ။

တစ်ဖန်"ပဉ္စ၀ဂ္ဂီ"ငါးဦးတို့အား ဓမ္မစကြာတရားဟောတော်မူရန် "ဗောဓိမဏ္ဍိုင်" မှ ၁၄၂ မိုင်ကွာ "မိဂဒါဝုန်" သို့ ဗုဒ္ဓမြတ်စွာဘုရားရှင်အကြွ၊ လမ်းခရီး၌ "ဥပကတက္ကတွန်းကြီး"နှင့် ပက်ပင်းတွေ့၏။ ဗုဒ္ဓမြတ်စွာဘုရားရှင်(ဇိန)
အဖြစ် အတိအလင်းအသိပေးပါလျှက် ဥပကကြီး ပေါ့ပေါ့တန်တန်သဘောထားကာ ရှောင်ထွက်သွား၏။ဥပက
ကြီး သောတပန် အရိယာ မဖြစ်ချေ။

ဗုဒ္ဓမြတ်စွာဘုရားရှင် ၏ နှုတ်တော်ထွက်စကားတော်တိုင်းသည် ဓမ္မချည်းဖြစ်ပါ၏။
သို့ပါလျက် "ဟုံသုင်္က၊တပုဿနှင့်ဘလ္လိက၊ဥပက"တို့သည် တရားနာယူလိုက်ကြရပါလျက် အရှင်ကောဏ္ဍည
မထေရ် ကဲ့သို့ သောတပန် အရိယာဖြစ်မသွားကြပါပေ။
အရှင်ကောဏ္ဍညမထေရ် တစ်ပါး တည်းသာ ထူးထူးခြားခြား ဦးဦးဖျားဖျား သောတပန်အရိယာဖြစ်လေသည်။

နောက် လူပုဂ္ဂိုလ် တစ်ဦးလည်း သောတပန်အရိယာ ဖြစ်သွားပါသည်။အံ့သြဖွယ်ကောင်းသည်မှာ ထိုပုဂ္ဂိုလ်
သည် အမျိုးသမီးတစ်ဦး ဖြစ်ပြီး ဗုဒ္ဓမြတ်စွာဘုရားရှင် နှင့်လည်း မတွေ့ဖူးလိုက်ပါ။

ထို အမျိုးသမီးပုဂ္ဂိုလ် သောတပန် အရိယာ ဖြစ်သွားပုံ မှာ ဤသို့ဖြစ်ပါသည်။
"မိဂဒါဝုန်"တွင် ပဉ္စ၀ဂ္ဂီ တို့အား ဗုဒ္ဓမြတ်စွာဘုရားရှင်တရားဦး ဓမ္မစကြာတရားတော် ဟောတော်မူသောအခါ
လောက ၌ အံ့သြနိမိတ်ကြီး ၃၂-ပါး တို့ပေါ်ထွန်းခဲ့၏။၎င်း ကို "သာတာဂိရ-နတ်ဘီလူး"က သိသည်။

ကောင်းမြတ်သောတရားတော်ကိုနာကြားနေရစဉ် မိမိ၏သူငယ်ချင်း "ဟေမ၀တ-နတ်ဘီလူး"ကိုအမှတ်ရသည်။
အထူးအဆန်းတွေ့ကသတင်းပေးကြစတမ်း ဟု ရှေးက ကတိက၀တ်ရှိထားကြသည့်အတိုင်း "ဟေမ၀တ"ကို
သတင်းပေးရန် တရားနာရင်းတန်းလန်းမှ ထ ပြန်လာခဲ့၏။

ထို အချိန် "ဟေမ၀တနတ်ဘီလူး" ကလည်း ဟိမ၀န္တာ ၌ မဖြစ်ဘူးမြဲ ထူးကဲသောဖြစ်ရပ်ဆန်းများဖြစ်ပေါ်နေ
ဖြင့် "သာတာဂိရ"ကို သတင်းပေးရန်လာ၏။သူတို့နှစ်ဦး ရာဇဂြိုလ်မြို့(ကောင်းကင်ပေါ်) ၌ ဆုံကြသည်။

"သာတာဂိရ" က ဗုဒ္ဓမြတ်စွာဘုရားရှင် နှင့် တရားတော်၏ဂုဏ်ကျေးဇူးကို ဖွယ်ဖွယ်ရာရာပြောပြပြီး တရားနာရန်
ဖိတ်ခေါ်သည်။"ဟေမ၀တ" က အထပ်ထပ်စုံစမ်းသည်။စိစစ်သည်။စုံစမ်းလေ၊စိစစ်လေ၊ဂုဏ်တော်များကပိုမိုပေါ်
လွင် ထင်ရှားလေ ဖြစ်လာသည်။

သူတို့၏ ဆွေးနွေးသံကို (မူလ က ရာဇဂြိုလ်သူဖြစ်လျက် ကုရရဃရမြို့သား နှင့် အိမ်ထောင်ကျပြီး အရှင်သော
ဏကုဋိကဏ္ဏ လောင်းလျာ ကိုယ်ဝန်ကို မွေးဖွားရန် ရာဇဂြိုလ်ရှိ မိဘအိမ်သို့ရောက်ရှိနေသူ)"ကာဠီ"အမျိုးသမီး
သည် ပြသာဒ် အပေါ်ထပ် လေညင်းခံရာမှ အတိုင်းသားပီပီသသ ကြား၏တစ်ဆင့်ကြားဖြင့် ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုလည်းကေင်း၊တရားတော်ကိုလည်းကောင်းအလွန်ကြည်ညိုသဒ္ဒါတရားဖြစ်၏။စိတ်ရွှင်လန်းတက်ကြွလေသည်။ဗုဒ္ဓ၊ဓမ္မ အာရုံ မှတစ်ပါး တခြားအာရုံ မရှိ။ထိုအခါ နီဝရဏ တို့ပါးလျားသွားသည်။၎င်းစိတ်ဖြစ်စဉ်ကို ၀ိပဿနာရှုပွား၊လက္ခဏာရေးတင်ကာ မဂ်ဖိုလ်ဆိုက်သွားသည်။
ထိုအမျိုးသမီး မှာ နောင်သော် "အနုဿဝပသာဒ ဧတဒဂ်" ရ "ကာဠီ"အမျိုးသမီး ဖြစ်ပေသည်။

မှီငြမ်း ကျမ်းကိုး-
၂၀၀၈ ခုနှစ်၊ဒီဇင်ဘာလထုတ်၊ "ဓမ္မရံသီ ဓမ္မမဂ္ဂဇင်း"မှ"ဆရာ ဦးကျော်စိန်"၏"ပထမဆုံး လူအရိယာ"အမည်ရ ဆောင်းပါးများကို မှီငြမ်း၍ ,ပြန်လည်,မျှဝေ,ဓမ္မဒါနပြုခြင်းဖြစ်ပါသည်)

ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
(ည.ည.တ)
nyinyitindrums@gmail.com
(09-445108754)

မှတ်ချက်။  ။ ဤဘလော့ဘ်ပို့စ်အား မဖတ်ရသေးသူများ၏ဗဟုသုတအကျိုးငှာရည်ရွယ်၍မျှဝေဓမ္မဒါနပြုခြင်းဖြစ်ပါသည်။ဖတ်ပြီး, သိပြီးသူများ,အတွက်အနူးအညွတ်တောင်းပန်ပါသည်။

Views: 118

ဘလော့အမျိုးအစား(ဓမ္မ, ဗဟုသုတ, ဘာသာရေး)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

ဝိ သု ကြုံ (အသေမဦးခင်) သည် January 28, 2013 က 3:33pmတွင် မှတ်ချက်ရေးသားသွားပါသည်။

သာဓု . . . သာဓု . . သာဓု

zatila2010 သည် January 22, 2013 က 6:27pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................


anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

လေ့လာရန်

အဖွဲ့ဝင်များအားသိစေရန်


☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

မူကြိုဆရာ သည် ဘလော့တင်သွားပါသည်။
3 hours ago
Soe Gyi shared dimplemit's blog post on Facebook
5 hours ago
Soe Gyi liked dimplemit's blog post 'သီလညစ်နွမ်းခြင်း၏ အကြောင်းငါးပါး'
5 hours ago
Soe Gyi shared မူကြိုဆရာ's blog post on Facebook
5 hours ago
Soe Gyi liked မူကြိုဆရာ's blog post 'ဝေဒနာနဲ့ဗုဒ္ဓဓမ္မ'
5 hours ago
anatta liked ကောင်းမြတ်မင်း's blog post 'ဗုဒ္ဓကမ္ဘာဆိုဒ် စတင်ဖြစ်ပေါ်လာပုံ'
7 hours ago
၄၄၂ဇော်နိုင် commented on စိုးလေး's blog post 'မဂ္ဂင်(၈)ပါး တရားတော်အကျဉ်း'
"ကျေးဇူးပါ ကော်ပီကူးသွားလိုက်ပါတယ်"
8 hours ago
aung aung soe commented on မူကြိုဆရာ's blog post 'လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း'
"ကျေးဇူးတင်ပါတယ်"
8 hours ago
ကောင်းမြတ်မင်း and Khun Lar Taung are now friends
8 hours ago
anatta သည်ဘလော့တင်သွားပါသည်။

ဘုရားရှင်အား ဖူးမြင်လိုပါသလား?

အန္ဓ ပုထုဇဉ်တို့ သည် ပညာမျက်စိ မရှိကြသောကြောင့် (တစ်နည်း) မိုဟ် (မောဟဖုံး) သောကြောင့် ပညာဥာဏ်…See More
9 hours ago
padout liked dimplemit's blog post 'သီလညစ်နွမ်းခြင်း၏ အကြောင်းငါးပါး'
9 hours ago
padout liked မူကြိုဆရာ's blog post 'ဝေဒနာနဲ့ဗုဒ္ဓဓမ္မ'
9 hours ago

© 2013   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...