ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်ကောင်းမြတ်မင်းမှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

" အပင်ရေ တစ်ဆယ်သာသာလေး ရှိတဲ့ ကိလေသာချုံပုတ်ကို အ၀ိဇ္ဇာ အကန်း ဦးဆောင်ရာ နောက်မှာ တစ်ယောက်ခါး တစ်ယောက် ဆွဲပြီး အထပ်ထပ် လှည့်ပတ်၇င်း သံသရာခရီး ရှည်နေကြ ရတယ်"ဆိုတာ မျက်စိမြင်တဲ့ ပုဂ္ဂိုလ်တွေ အဖို့တော့ ရည်စရာလို ဖြစ်နေမှာပေါ့။Dhamma_barisayadaw

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

တရားဦးကို နားနဲ့ သင်ယူတဲ့ ပရိယတ်ကို ပြုလုပ်ပြီး စိတ်က နှလုံးသွင်း ဆင်ခြင်တဲ့ ပဋိပတ် အလုပ်ကို သတိနဲ့ မပြတ် ဆင်ခြင် ကြိုးစား တဲ့ အတွက် ပဉ္စ ၀ဂ္ဂီ ငါးဦး ထဲက အကြီးဆုံး ဖြစ်တဲ့ အရှင်ကောဏ္ဍည သန္တာနှ်မှာ ကိလေသာမြူ ကင်းစင်ပြိး " ဖြစ်ပေါ်လာသမျှ သင်္ခါရ ဓမ္မတို့ဆိုတာ ချုပ်ပျောက်သွားကြမြဲ ဓမ္မတာ ပါကလား" ဆိုတဲ့ တရားမျက်စိ လင်းလင်းကြိး ပွင့်သွားပါတော့တယ်။

ဒုက္ခိတ သတ္တ၀ါတို့အတွက် ဒုက္ခကင်းဝေးရာ နိရောဓပန်းတိုင်ဆီ လျှောက် လှမ်း နိုင်မယ့် မဇ္ဈိမလမ်းတော် ကြီးကို လေးသင်္ချေ ကမ္ဘာတစ်သိန်း ကာလကြာ အောင် ပါရမီရှင်က အရှင်ကောဏ္ဍည ပန်းတိုင်ကို ပထမဦးဆုံး ရောက်ရှိသွားတာ ကို သိလိုက်ရတော့ ဖြစ်ပေါ်လာတဲ့ မုဒိတာအဟုန်က ရင်ထဲမှာ မျိုသိပ်ထားဖို့ မဆံ့ တော့ တဲ့ အတွက်" အညာသိ ၀တ ဘော ကောဏ္ဍညော၊ အညာသိ ၀တ ဘော ကေဏ္ဍညော= ကောဏ္ဍညတော့ သစ္စာတရားကို ဦးဦး ဖျားဖျား သိသွားပေါ့၊ ကောဏ္ဍညတော့ သစ္စာတရားကို ဦးဦးဖျားဖျား သိသွားပေါ့"။ လို့ နှစ်ခွန်းဆင့် မြွက်ဆိုတကာ ဥဒါန်းကျူးလိုက်ပါတော့တယ်။ ဒီ ဥဒါန်းကြောင့်ပဲ အရှင်မြတ်ရဲ့ အမည်ဟာလည်း"အညာသိ ကောဏ္ဍည" ဆိုပြီး သာသနာ စဉ်ဆက် မော်ကွန်း တွင်သွားပါတော့တယ်။

အရှင်ကောဏ္ဍည သစ္စာတရား သိသွားတယ် ဆိုတာ "သင်္ခါရတရားမှန်သမျှ ဖြစ်ပြီး ပျက်သွားတာပဲ" လို့ သိလိုက်တာ ဖြစ်တယ် ဆိုတော့ ပါးစပ်က "ဖြစ် ပျက်၊ ဖြစ် ပျက်" လို့ ရွတ်ဆို ၇ှုမှတ်နေကြသူတွေကတော့ "ဒါ လေးများ"လို့ အောက်မေ့ချင် စရာပေါ့။ အရှင်အညာသိ ကောဏ္ဍည သိတဲ့ "ဖြစ် ပျက်" ဆိုတာ ဘ၀ ပုစ္ဆာကို ကိုယ်တိုင် သတိပဋ္ဌာန် အလုပ်နဲ့ ပွားများ တွက်ချက်ပြီး ကျေကျေ နပ်နပ် သိမြင် ရရှိလိုက်တဲ့ အခြေမှန် ဖြစ်ပါတယ်။ သူများ တွက်ချက်ထားတဲ့ အဖြေမှတ်ကို သံယောင်လိုက် ကူးချ ထားတဲ့ အဖြေမျိုး မဟုတ်ပါဘူး။

သတိပဋ္ဌာန် ပွားများတယ် ဆိုတာ " ဘာတံ ဘူတတော ပဿတိ= မိမိခန္ဓာမှာ ထင်ရှားတွေ့ရှိတဲ့ အာရုံကို ထင်ရှားတွေ့ရျိတဲ့အတိုင်း သတိနဲ့ ရှုမှတ်ရ တာပါ။ ဒါကြောင့် စတင် ပွားများစမှာ အရှုခံက ထင်ရှားရာအာရုံ၊ ရှုတာက သတိဖြစ်ပါတယ်။ အထပ်ထပ် ၇ှုမှတ်မှု အကြိမ်များလာတဲ့ အခါမှာတော့ မှတ်သိဖြစ်တဲ့ နာမပညတ်တွေ ပျောက်ပြိး ခဏမစဲ ဖြစ်ပျက်ပြောင်းလဲနေတဲ့ သဘောကို ကိုယ်တိုင် သိမြင်လာပါတယ်။ အဲဒီအခါမှာ သိက္ခာသွုံးပါးတို့ရဲ့ အထွက် အထိပ် ပညာသိက္ခာအဆင့် ရောက်လာပါပြီ၊ ဘာဝနာအနေနဲ့ ၀ိပဿနာဘာဝနာ ဖြစ်လာပါပြိ၊ ဒီ အဆင့်ကို "သင်္ခါရ အရှုခံနဲ့ ရှုဉာဏ်" လို့ ပြောကြတာပါ။

ဒီနေရာမှာ အထူးထပ်ပြီး ပြောချင်တာကတော့တရားကို စတင် အားထုတ် စမှာ " ဖြစ် ပျက်၊ ဖြစ် ပျက်" လို့ စိတ်ထဲက ရွတ်ဆိုပွားများဖြစ်ဟာ သူများတွက် ထား တဲ့ အဖြေမှန်ကို ကူးချထားတဲ့ အငှားသိချည်း ဖြစ်တဲ့အတွက် ပွားများလို့ မရဘူး ဆိုတဲ့အကြောင်း အထက်မှာ ပြောခဲ့ပါပြီ။ ဒီလို ပြောတဲ့အတွက် "ဘုရား ရှင် ကိုယ်တိုင်က ´ဖြစ် ပျက်´ ရှုရမယ်လို့ မိန့်တော်မူတယ် မဟုတ်လား၊ ဘာကြောင့် ´ဖြစ် ပျက်´လို့ မရှုရမှာလဲ ဆိုပြီး စောဒက တက်ချင်စရာ ဖြစ်နေ တတ်ပါတယ်။

"ဖြစ် ပျက် ရှုရမယ်"ဆိုတဲ့ စကားဟာ အရပ်ထဲမှာ ပြောကြတဲ့ " ထမင်း ချက်ရမယ်" ဆိုတဲ့ စကားနဲ့ အလားတူပါတယ်။ " ထမင်းချက်ရမယ်" ပြောလိုက် တဲ့အတွက် ထမင်းကို ချက်ရင် လူစာ ဖြစ်လာနိုင်မယ် မဟုတ်ပါဘူး။ အမှန်က တော့ ဆန်ကို ချက်ရတာပါ။ ဆန်ကို ထမင်း ဖြစ်အောင် ချက်လို့ ဆိုလိုရင်း ဖြစ် တယ် ဆိုတာ လူတိုင်း သိကြပါလိမ့်မယ်။ ဖြစ် ပျက် ၇ှု ဆိုတဲ့ စကားကလည်း အဲဒီသဘောပါပဲ။ ထင်၇ှားရာ အာရုံတို့ကို ဖြစ်ပြီး ပျက်သွားတယ် ဆိုတဲ့ ကိုယ် ပိုင်အသိ ပေါ်လာအောင် ၇ှုလို့ ဆိုရတာပါ။

ကိုယ်ပိုင်ဉဏ်နဲ့ ဒုက္ခသစ္စာကို ပိုင်းခြားသိတယ် ဆိုတာ " အဆိပ် သောက် ရင် သေတတ်တယ်၊ အစာစားရင် အားဖြစ်တယ်" လို့ သိတဲ့ အသိမျိုး ဖြစ်ရပါ မယ်။ ဒီလို သိတဲ့ ပုဂ္ဂိုလ်က ဆာလောင်တဲ့ အခါတိုင်းလည်း အစာ အာဟာရကို သတိရသလို အဆိပ်ကိုလည်း ဘယ်တော့မှ သောက်စမ်းမကြည့်တော့ပါဘူး။ ဖြစ် ပျက်ကို တကယ် သိသူဟာလည်း ဖြစ်ပြိး ပျက်သွားတာက လွဲလို့ ဘာအနှစ်မှ မရှိတော့တဲ့ အရာကို ဘယ်တော့မှ တွယ်တာဖြင်း မရျိပါဘူး။ ထင်လာသမျှ အာရုံ ကို သတိရှေ့သွားပြီး ၀ိပဿနာ အမြင်နဲ့သာ ကြည်လေ့ရှိတဲ့အတွက် ပျက်စီးကုန် ဆုံး တဲ့ ဆရာမှန်သမျှ" ၀ိပဿ နာဉာဏ်အား" အနှစ်ကျန်အောင် ရယူ သွားကြမြဲ ဖြစ်ပါတယ်။

တရားသဘောကို သိမြင်ပြီးတဲ့ အရှင်အညာသိ ကောဏ္ဍည (သောတာပန်) ၇ဲ့ ဂုဏ်ရည်များကတော့ ---

ဝိရဇံ- အပါယ်လေးပါး လားစေတတ်တဲ့ ကိလေသာမြူ ကင်းသွားပြီ၊

ဝီတလမံ- အယူမှား၊ အယုံမှား ဆိုတဲ့ ဒိဋ္ဌိ ၀ိစိကိစ္ဆာ တိမ်သလာ အညစ်အောကး လုံးဝ ကင်းစင်ပြီ။

ဓမ္မစက္ခု ဥဒပါဒိ- သိက္ခာသုံးပါး တစ်သားတည်း ဖြစ်သွားတဲ့ သောတာပတ္တိ ဉာဏ် မျက်စိ ပွင့်သွားပြီ ဖြစ်လို့ သင်္ခါရ မှန်သမျှ ဖြစ်ပြီး ချုပ်မြဲသာ ဆိုတဲ့ အသိ ခိုင်မြဲ သွားပြီ မျက်မြင် နားကြား စတဲ့ အာရုံများကို ထင်ထင်ရှားရှား သိသလို သစ္စာလေး ပါး ကိုလည်း ထင်ရှားပြည့်စုံ လွှမ်းခြုံ သိမြင်သွားပြီ ဖြစ်လို့ " ဘယ်လိုပါ လိမ့်၊ ဘာ လုပ်ရပါ့" စတဲ့ သံသယ ခရီးခဲကိုလည်း လွန်မြောက်ပြီး စိတ်နှလုံး တုံးတုံးချ အေးမြသွားပါပြီ။

အယူမှား၊ အယုံမှား ဆိုတဲ့ သံသယ ခရိးခဲကြီးကို လွန်မြောက် တယ်ဆိုတာ ပုထုဇဉ် နယ်က အရိယာနယ်ထဲ ကူးမြောက်သွားတာပါ၊ မဇ္ဈိမခရီးရဲ့ ပန်းတိုင် နယ်မြေထဲ ရောက်သွားတာပါပဲ။ ဒီအခါမှာ ဖြစ်ပေါ်လာတဲ့ လွန်မြောက်မှု အရသာ (၀ိမုတ္တိရသ) နဲ့ ပတသက်လို့ ဘုရားရှင် ပေးတဲ့ ဥပမာလေးကတော့--

လူတစ်ယောက်ဟာ အဖိုးတန် ရတနာထုပ်ကို ထမ်းပြီး ခိုးသူဓားပြ ထူပြောလှတဲ့ ကန္တာရခရီးကြမ်းကြီးကို ဖြတ်သန်းသွားလာ နေရတယ်။ လုယက်တာ၊ ရိုက်ပုတ် တာတွေကိုလည်း တွေ့မြင်နေရတယ်၊ ဒီိခရိးခဲကြီး မလွန် မြေက်သေးသမျှ သစ်ခက် ကြွေသံ၊ ငှက်ပျံသံ ကြားတာကို တောင် ထိတ်လန့် တုန်လှုပ် နေရလို့ ရှေမေ၇ာက်၊ နောက်ပြန် ဘေးကွေ့ ပင်ပန်းသလောက် ခရိးမ တွင် ဖြစ်နေရတယ်။

ဒီခရီးခဲကြီးကို ကြိုးစားကူးမြောက်ပြီး ဘေးရန်ကင်းတဲ့ ရွာကို ရောက်သွား တဲ့ အခါမှာတော့ ပြောပြလို့ မရနိုင်အောင် ၀မ်းမြောက်ကြည်နူးမှု ကို ရရှိခံစားရ ပါတော့တယ်။ အယုံမှား၊ အယူမှား ခရိးခဲကို လွန်မြောက်တဲ့ပုဂ္ဂိုလ်များရဲ့ ၀ိမုတ္တိ ရသက ဒီထက် ပိုပါတယ်။ ပြောမနြိုင်တော့လို့လည်း "ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ= ပညာရှိတို့သာ ကိုယ်သိ မျက်မှောက် ခံစားသိနိုင်စွမ်းတဲ့တရား" လို့ ဆိုရတာပါ။

လူ့ဘ၀ဆိုတာ ဒုလ္လဘ ရတနာကြီး ဖြစ်သလို ဗုဒ္ဓုပ္ပါဒ ဆိုတာလည်း ကြုံခဲ လှတဲ့ တကယ့် ရတနာမြတ်တွေပါ။ သာသနာ ကြုံခဲလှတဲ့ တကယ့် ရတနာ မြတ်သုံးပါးကို သက်ဝင်ယုံကြည်သူ ဖြစ်နေရတာဟာ ရသမျှလည်း" အား" ကုန်သမျှလည်း " အား" သာ ဖြစ်စေတဲ့ အတွက် ရတနာဘုံဘ၀မှာ ရတာနာ ထုပ်ကို ပိုက်ပြီး ခရီးသွားနေရတာပါပဲ။ ဒါပေမဲ အယုံမှား အယူမှားဆိုတဲ့ ခရီးခဲ ကြီးကို မကျော်လွန်နိုင်သေးသမျှ ရထားတဲ့ ရတနာကို ရတနာမှန်း မသိ၊ ကြုံတွေ့ ရတဲ့ ရတနာသုံးပါးတို့ရဲ့ ဂုဏ်ကျေးဇူးကိုလည်း နားမလည်ဘဲ အားပျက်စေတဲ့ အလုပ်ကို အားတက်၊ အာတက်စရာ အလုပ်ကိုတော့ အားပျက်နဲ့ တစ်သိန်း တန် ရွှေခွက်ကို ရက်တက်နဲ့ လဲသောက် ဆိုသလို တစ်သံသရာလုံး အဆုံးအဖြတ် ပေးမယ့် ရတနာအစစ်တွေကို တစ် ဘ၀စာ တောင် အာမခံချက် မရှိတဲ့ ရာထူး ဂုဏ်သိန် စည်းစိမ်း ဥစ္စာများ နဲ့လဲနေကြတာဟာ ဒိဋ္ဌိ ၀ိစိကိစ္ဆာနယ်ကို မလွန် မြောက် သေးတဲ့အတွက် ကြုံတွေ့ရတဲ့ အန္တရာယ် များပါပဲ။ ဒီခရိးကြမ်း ကြီးကို လွန်မြောက်သွားပြီး ဖြစ်တဲ့ အရှင်ဘာသိကောဏ္ဍည လို သောတာပန် ပုဂ္ဂိုလ် မျိုးမှာတော့-

ဝေသာရဇ္ဇပတ္တော= ကြောက်ရွံ့ခြင်းကင်း ရဲတင်းထက်မြက်သူ ဖြစ်သွားပါ ပြီ။ ဒီစကားရပ်ကို ဘာသာဋီကာ ကျမ်းပြု တောင်မြိုံ မဟာဂန္ဓာရုံ ဆရာတော်ကြီး ကတော့ "မိမိက မရိုးမသား သူတော်ကောင်းယောင် ဆောင်ပြီး သာသနာတော် ကို ကိုးကွယ် ဆည်းကပ်နေသူဟာ သူတစ်ပါး စွပ်စွဲမည့် အရေး၊ နောင်တမလွန် အရေးတို့ကို တွေးပြီး ကြောက်ရွံ့ နေတတ်တယ်။ ဒီလို မဟုတ်တဲ့ သူတော် ကောင်း စစ်စ် ဖြစ်သွားသူတို့ကတော့ သာသနာတော်ကို ကိုးကွယ် ဆည်းကပ်ရာ မှာ ဖြစ်စေ၊ ဒီဘ၀, နောင်ဘ၀ အတွက် ဖြစ်စေ ကြောက်ရွံ့စိတ် မရှိတော့ဘဲ ရဲရင့်တယ်"လို့ ရှင်းပြတော်မူပါတယ်။ ( သီ၊ဘာဋီ၊၃၊၄၅၇)။

အပရပစ္စယော- တရားအသိ ကိုယ်ပိုင် ရှိပြိး ဖြစ်လို့ သာသနာတော်နဲ့ ပတ်သက်ပြီး ကြားစကား ယုံစရာ အကြောင်းမရျိတော့ဘူး။ ရရှိတဲ့ ၀ိမုတ္တိရသ ထက် သာလွန်တဲ့ အရာ ဆိုတာလည်း မရှိတော့ဘူး ဆိုတာ အခိုင်အမာ သိပြီး

ဖြစ်လို့ နောက်ကြောင်းကို ပြန်မလှည့်တော့ပါဘူး။ ဒါကြောင့် မြတ်စွာဘုရား သာသနာတော်မှာ ရဟန်းပြုခွင့်ကို တောင်းခံလိုက်ပါတယ်။

မြတ်စွာဘုရားရှင်က " ဧဟိ ဘိက္ခု"လို့ ခေါ်တော် မူလိုက်တဲ့အခါ ပရိက္ခရာ အစုံနဲ့ တကွ ရဟန်းအဖြစ် ရောက်ရှိသွားပါတော့တယ်။ အရှင်အညာသိ ကောဏ္ဍည မထေရ်မြတ်ဟာ သာသနာတော်မျာ သစ္စာလေးပါးကို ပထမဆုံး ထိုးထွင်း သိမြင်တဲ့ သာဝကအဖြစ်" အညာသိ" ဆိုတဲ့ မော်ကွန်းနဲ့ အတူ ပထမ ဆုံး အရိယာ၊ ပထမဆုံး ရဟန်း အဖြစ် ရရှိတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ သာဝက အားလုံးတို့ရဲ့ "နောင်တော်ကြီး" ဆိုတဲ့ မော်ကွန်းလည်း တွင်ရစ်သွား ပါတော့ တယ်။

၁၃၄၂-ခုနှစ်က တိပိဋကစာမေးပွဲ ပြန်ဆိုအပြီးမှာ မဟာစည် ဆရာတော် ဘုရားကို ၀င်ရောက်ကန်တော့တဲ့အခါ ဆရာတော်ကြီးနဲ့တရင်းတနှီး စကား ပြော ဖြစ်ကြပါတယ်။ မိမိက " ဆရာတော်ဘုရား.. ပိဋကတ်တော်ထဲမှာ တွေ့ရတာက တော့ ဘုရားရှင် လက်ထက်က ပုဂ္ဂိုလ်တွေဟာ တစ်နေရာမှာ တစ်ကြိမ်သာ ကြားနာရတဲ့ စကားကို တစ်ခြားတစ်နေရာ ရောက်တော့ အပြည့်အစုံ ပြန်ပြီး ပြောပြ နိုင်ကြတယ်။ တပည့်တော် စဉ်းစားမိတာက ဒိလို မှတ်ဉာဏ် အားတွေ ကောင်းတဲ့အတွက် မြတ်စွာဘုရားရှင် ဓမ္မစကြာတရားဦးကို ဟောတော်မူစဉ်က (၅) ရက်တိတိ ဟောပြီးမှ ပဉ္စ၀ဂ္ဂီ(၅)ဦးလုံး အရိယာဖြစ်ကြတယ် ဆိုတဲ့ နေရာမှာ ဘုရားရှင်က (၅) ရက်လုံးလုံး ဓမ္မစကြာပါဠိကို မပြတ်ဟောရွက် ပြနေဖို့တော့ အကြောင်းမရှိဘူး ထင်ပါတယ် ဘုရား၊ အဲဒါ ဘယ်လိုလဲ ဆိုတာ စဉ်းစားမိ ပါ တယ်"လို့ လျှောက်ထားတော့-

"ဦးဇင်းလေး… မင်းလည်းအဲဒါကိုစဉ်းစား မိတယ်ပေါ့၊ ဟုတ်လား၊ အေး.. စာပေသင်ယူတယ် ဆိုတာ ဒီလို စဉ်းစားဖို့ အရေးကြီးတယ်၊ ဟုတ်တာပေါ့ တာဝတိံသာ မှာ အဘိဓမ္မဟောသလို မပြတ် ရွတ်ဖတ်နေတာ ဘယ်ဟုတ်မလဲ၊ ပါဠိတော်တွေမှာ တရားတစ်ပုဒ် စလိုက်တိုင်း ဘုရားရှင် ရဲ့ ရှေးဦးတိုက်တွန်းတဲ့ စကား တစ်ခွန်းကို တွေ့တယ် မဟုတ်လား။ သာဓကံ သုဏောထ၊ သာဓကံ မနသိ ကရောထ= ကောင်းစွာ နားထောင်ကြ၊ ကောင်းစွာ နှလုံးသွင်းကြ ´ ဆိုတာလေ။

"ကောင်းစွာ နားထောင်ကြ ဆိုတာက သင်ယူတဲ့ ပရိယတ်ပေါ့၊ ကောင်းစွာ နှလုံးသွင်းကြဆိုတာက သဘောပေါက်အောင် သတိပဋ္ဌာန်အလုပ်ကို လုပ်ခိုင်းတဲ့ ပဋိပတ် မဟုတ်လား၊ ဒေသနာတော် အဆုံးမှ သောတာပန် စသည် ဖြစ်သွား ကြတယ် ဆိုတာ တရားပွဲ တစ်ခုမှာ အဲဒီလို ပရယတ်၊ ပဋိပတ် နှစ်မျိုး ပြည့်စုံလို့ သာ ပဋိဝေဓ ဆိုက်သွား နိုင်ကြတာပေါ့။ မြတ်စွာဘုရားရှင် ဓမ္မစကြာ တရားဥိးကို (၅) ရက် ဟောတယ် ဆိုတာလည်း ပါးစပ်က မပြတ် ရွတ်ပြ နေတာ ဘယ်ဟုတ်မ လဲ။ ပဉ္စ၀ဂ္ဂီ (၅)ဦး တို့ကို သဘောမပေါက် မချင်း သတိပဋ္ဌာန် အလုပ်နဲပဲ နှလုံး သွင်း ခိုင်းနေတာပေါ့။ သဘောပေါက်ပြီး အသိတိုးလာအောင် မပြတ် လုပ်ရတာ ဖြစ်လို့ ´ ဘာဝနာ= ပွားများတယ်´လို့ ဆိုရတာပဲ။ ရှေးက ဆရာတော်ကြီးတွေ ပြောလေ့ရှိတဲ့ စကားတစ်ခုရှိတယ်။ ´အရွတ်တွေကြီး ၀ါးမနေ ကြနဲ့၊ အားဖြစ်ဖို့ မလွယ်ဘူး။ အသားကို စားမှ ကြေလွယ် ညက်လွယ် အားဖြစ်လွယ်မယ်´တဲ့ ၊ ဦးဇင်းတို့လည်း ခုတော့ ´အရွတ်´ကို အဓိက ထား ရတာပေါ့လေ၊ ဒါနဲ့ တင်တော့ ကျေနပ်မနေကြနဲ့ဦး၊ ဆရာတော်ကြိးမှ မိန့်ကြား သလို "အား"ဖြစ်အောင် ´အသား´ကိုလည်း စားကြဦး၊ ကြားလား၊ သတိပဋ္ဌာန် မပွားများဘဲ မပြည့်စုံဘူးလို့ သတိပေးချင်တာနော်" လို့ မိန့်ကြား ဆုံးမတော်မူ ပါတယ်။

"အသား" စားပြီး "အား"ဖြစ်ကြပါစေ……

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)
မှတ်ချက်=မတ္တာဥယျာဉ်ဆိုဒ်မှကူးတင်ပြသည်

Views: 22

ဘလော့အမျိုးအစား(ဆောင်းပါး)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

mmt သည် August 13, 2012 က 12:50amတွင် မှတ်ချက်ရေးသားသွားပါသည်။

နာယူမှတ်သားရလို့ ကျေးဇူးတင်ပါတယ်။ "အသား" စားပြီး "အား"ဖြစ်အောင်လည်း ကျိုးစားပါမယ်။

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................


anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

လေ့လာရန်

အဖွဲ့ဝင်များအားသိစေရန်


☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

အဖွဲဝင်များ

  • kham ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • kyaemone ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • Nu Nu

  • Thaung Tan ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

ashinvishittathara commented on နီစံ (အနီ)'s group 'အဘိဓမ္မာ ဌာန'
"ဒီနေရာကိုလာလည်ခွင့်ရလို့အရမ်းဝမ်းသာပါတယ်"
6 minutes ago
ashinvishittathara joined နီစံ (အနီ)'s group
Thumbnail

အဘိဓမ္မာ ဌာန

-အဘိဓမ္မာ သင်ယူလေ့လာရန် -အဘိဓမ္မာ ရေးရာ ဆွေးနွေးနှီးနှောဖလှယ်ရန်See More
8 minutes ago
kham liked မူကြိုဆရာ's blog post 'မေတ္တာလေ.ကျင်.ခန်း'
13 minutes ago
မတင်တင်မိုး commented on မူကြိုဆရာ's blog post 'ဗုဒ္ဓဘာသာဝင်တို့ နေ့စဉ်လုပ်ဆောင်သင့် အချက်များ'
"Thanks..."
20 minutes ago
Htain Lin Oo liked မူကြိုဆရာ's blog post 'ပဋိစ္စ သမုပ္ပါဒ် ဒေသနာဆိုသည်မှာ'
1 hour ago
ကောင်းမြတ်ဇော် commented on လှိုင်ကျော်ထွေး's blog post '(၆)ကြိမ်မြောက် အလှူပွဲအတွက် အသိပေးနိုးဆော်ခြင်း'
"စင်္ကာပူမှ အလှူရှင်တဦးမှ စင်္ကာပူဒေါ်လာ $၅၀ လက်ခံ ၇ရှိပါသည်။ ယခုလို စေတနာသုံးတန် ပြဠာန်းကာ လှူဒါန်းမူ…"
1 hour ago
လှိုင်ကျော်ထွေး commented on လှိုင်ကျော်ထွေး's blog post '(၆)ကြိမ်မြောက် အလှူပွဲအတွက် အသိပေးနိုးဆော်ခြင်း'
"အလှူရှင် မနန်းယုမှ လှူဒါန်းငွေကျပ်-၂၀၀၀၀/-(ကျပ် နှစ်သောင်းတိတိ) ကို လက်ခံရရှိပါတယ် ခင်ဗျာ..။ယခုလို…"
2 hours ago
နန်းယု liked မူကြိုဆရာ's blog post 'မေတ္တာလေ.ကျင်.ခန်း'
3 hours ago
မူကြိုဆရာ posted blog posts
3 hours ago
တေးအလင်္ကာ သည်profileကိုပြုပြင်သွားသည်။
4 hours ago
Than Than Nu liked မူကြိုဆရာ's blog post 'ဗုဒ္ဓဘာသာဝင်တို့ နေ့စဉ်လုပ်ဆောင်သင့် အချက်များ'
5 hours ago
Thaung Tan liked dimplemit's blog post 'ဒုက္ခများမြောင် လူတို့ဘောင်ဝယ်'
7 hours ago

© 2013   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...