zin mar win commented on ♫ ♥ မှုံနံ.သာဖြူ ♥♫'s blog post 'ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး၏ ရှင်းလင်းလွယ်ကူသော တရားစာစု ...'
zin mar win commented on ဦးခေမာစာရ's blog post 'တတိယပိုင်း..... ကျောက်ကပ် အလှူမှာ အတွေ့အကြုံလေးပါ...။'
zin mar win commented on ကောင်းမြတ်မင်း's blog post 'ဗုဒ္ဓကမ္ဘာဆိုဒ်လေးကို Android ဖုန်းတွေအတွက်(APK)'
zin mar win commented on လှိုင်ကျော်ထွေး's blog post 'ဗုဒ္ဓကမ္ဘာ၏ တတိယအကြိမ်မြောက် အလှူ အောင်ပွဲ'
ko naing left a comment for zin mar win
zin mar win commented on ဦးခေမာစာရ's blog post 'ဒုတိယပိုင်း....... ကျောက်ကပ် အလှူမှာ အတွေ့အကြုံလေးပါ....'
zin mar win commented on wai mon's blog post 'ပခုက္ကူဆရာတော်ဘုရားကြီးဟောကြားတော်မူသော ပညတ်နဲ့ပရမတ်တရားတော်'
zin mar win commented on aungaung's blog post 'ခွင့်လွှတ်သည်းခံ စိတ်ကောင်းလေးနဲ့ပြန်ချီ'
zin mar win commented on ဦးခေမာစာရ's blog post 'ကျောက်ကပ် အလှူမှာ အတွေ့အကြုံလေးပါ......'
zin mar win commented on aungaung's blog post 'ဓာတ်တော်(စေတီတော်)က ရောင်ခြည်တော် ကွန့်မြူးနိုင်ပါသလား?'
dimplemit မှတ်ချက်ရေးသွားပါသည်။ အလှူဖိတ်စာလေးလာပို့ပါတယ်။
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:293069
ko naing မှတ်ချက်ရေးသွားပါသည်။ သီတင်းကျွတ် လပြည့်နေ့သည် မြတ်စွာဘုရားကို ဆီမီး ပန်း နံ့သာတို့ဖြင့်--
ကြိုစို ပူဖော်ကြသော နေ့ထူးနေ့မြတ်လေး ဖြစ်ပါသည်..ဒီလို နေ့ထူးနေ့မြတ်လေး၌
မြတ်စွာဘုရားကို ဆီမီး ပန်း နံ့သာတို့ဖြင့် ပူဇော် ကန်တော့ကြပြီး ကုသိုလ်တရားများ တိုပွားကြပါစေဗျာ
...ဒီနေ့မှစပြီး ဘဝတစ်လျှောက် သာယာဖြောင့်ဖြူး အေးချမ်းပျော်ရွှင်ပါစေဗျာ..
...ခင်မင်လေးစားစွာဖြင့်
............ကိုနိုင်
ko naing မှတ်ချက်ရေးသွားပါသည်။ လာလည်ပါတယ် အမ...ဗုဒ္ဓစာပေများကို လေ့လာရင်း ပျော်ရွှင် ချမ်းမြေ့ပါစေ အမရေ........
ခင်မင်စွာဖြင့်.....
မောင်သိန်းထိုက် မှတ်ချက်ရေးသွားပါသည်။ လာလည်သွားပါတယ်နော် အမ ဗုဒ္ဓကမ္ဘာမှာ မြင့်မြတ်သောတရားတော်များရှာဖွေတွေ့ရှိပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျား
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ) မှတ်ချက်ရေးသွားပါသည်။ ဒီလိုပါပဲ ဒကာမရေ.........
ဘ၀-ဆိုတာ လူတွေထုတ်ထားတဲ့ အရိုးသားဆုံးပုစ္ဆာအပိုင်းအစလေးပါ...။
ငါတို့တတွေ ခလုပ်တိုက်မိတဲ့ နာကျင်ခြင်းသောကရက်ဝန်းထဲက
အဆိပ်တစ်ခွက်ပေါ့....။ ပြောချင်ရာပြောတတ်ကြတဲ့ အတ္တဆန်ဆန်
မနက်ဖြန်တွေကြားမှာ လူကျွံဘောအဖမ်းခံလိုက်ရတဲ့ ငါ့အောင်မြင်မှုတွေကတော့
လှုပ်ခါနေတဲ့ ခပ်ပါးပါးအနာဂတ်ရဲ့ နင်းချေမှုအောက်မှာ
ကခုန်ပျော်ပါးလို့ကောင်းတုန်း.....။
အမှန်တရားဆိုတာဘာလဲ? ဒါကိုရှာဖွေရင်းနဲ့
ငါတို့ရဲ့ဗုဒ္ဓဂေါတမ-လေးသင်္ချေကမ္ဘာတစ်သိန်းတိုင်အောင် ပေးဆပ်မှုတွေ
များခဲ့ရတယ်...။ ဟုတ်တယ်...ပေးသလောက်ရဖို့မျှော်လင့်နေသူတွေနဲ့
မဆုံတွေ့ဖြစ်အောင်ကြိုးစားရင်းမှာပဲ မင်းသိတဲ့အတိုင်း လှူတာနည်းနည်း
ပူဆာသူတွေများများပေါ့....။
ဆုပ်ကိုင်လို့မရတဲ့ အနိစ္စတရား၊ ပြည့်စုံမှုကင်းခြင်း ဒုက္ခဘောင်၊
ကိုယ်မပိုင်ခြင်း အနတ္တ-လောင်းရိပ်တွေနဲ့ ငါ့တို့တတွေ ကိုယ့်ကိုယ်ကို
မရဏပင်လယ်ပြင်မှာ မြုပ်နှံမိနေတုန်း...။
ဒကာမရေ......
ဒီလိုပါပဲကွာ..... ငါစိုက်ပျိုးခဲတဲ့ ငါ့ရဲ့အတိတ်ကံကြမ္မာကြောင့်
ရုန်းထွက်မရတဲ့ ဒီသံသရာစက်ဝန်းထဲမှာ ဘာတွေကိုများ ယူသွားနိုင်မှာလဲ? ?
?.............
အခု....
ဒုန်းဒုန်းဒက်ဒက်
တုံးလုံးပက်လက်-ဖြစ်နေတဲ့ “စစ်”ဆိုတဲ့ ခေါင်းစဉ်ဆိုးအောက်မှာ
စိမ့်ဝင်လာတဲ့ လူမျိုးခြားတွေကိုကြည့်ရင်း ငါ့နိုင်ငံအတွက်
ရင်လေးမိတယ်...
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ) မှတ်ချက်ရေးသွားပါသည်။ နှလုံးသွေးနဲ့ ရေးတဲ့အတွေး
မျက်ကန်းတွေကြားထဲမှာ တစ်လုံးမြင်တဲ့ကောင်က ဘုရင်ပဲ...။
ငါးပြားစေ့တစ်ခြမ်းကို စစ်တပ်နဲ့စောင့်သလိုမျိုး၊...ထမင်းစေ့တစ်ပိုင်းကို
ပုဆိန်နဲ့ ၀ိုင်းပေါက်နေသလိုမျိုး အကာခွံကို ဆေးဆိုးနေသူတွေ ဖောင်းပွလွန်းတယ်...။ ။ ။
လေးခွတစ်လက်ကို ဒုံးကျည်တစ်စင်းလို့ ထင်မှတ်နေသူတွေ, ဓားတစ်ချောင်းကို
ကမ္ဘာတစ်ခြမ်းလို့ မာန်တက်နေသူတွေကို ကြည့်ရင်း...လက်ထဲက ရထားတဲ့
အမဲထစ်ကို ဘယ်သူတွေဆီ ပစ်ပေးရပါ့မလဲ...
ယုတ်ညံ့မှုနဲ့ဖော်ကျူးထားတဲ့ ဟာသအသိုင်းအ၀ိုင်းမှာ
လောကပါလ-တရားနှစ်ပါးကတော့ မျက်နှာငယ်နေတုန်းပေါ့..။ ရုန်းထွက်ရခက်တဲ့
Free Style-ကမ္ဘာကျဉ်းကျဉ်းလေးမှာ အ၀တ်အစားတွေ ခေါင်းပါးခဲ့တဲ့ကာလ
ငှက်ကလေးတွေ မျက်စိရှက်ကြလိမ့်မယ်.....။
ကိုယ်ကျင့်တရားနဲ့ရုပ်ဝတ္ထုတို့ လွန်ဆွဲတဲ့ပွဲမှာ လူမိုက်တွေ နှစ်ခြိုက်ကြတဲ့
ဝိုင်ချိုချိုတွေ ရေမရောတာကိုကြည့်ရင်း ဆုံးရှုံးခဲ့ရတာက
ယဉ်ကျေးမှုဆိုတဲ့ လူမျိုးသမိုင်းတစ်ခုပေါ့....။
လိုချင်တာ မရတာနဲ့ မလိုချင်တာ ရတာ...အားလုံးက လောဘသားကောင်တွေအတွက်
ခါင်းသက်စရာတွေချည်းပဲ...။ အမှန်တရားကိုဝန်ခံဖို့ ရှက်တတ်သူတွေကြောင့် အက္ခောဘိဏီသစ္စာတပ်ကြီး လေပြေထိုး စကားတစ်လုံးနဲ့တင် တုံးခနဲ ဖရိုဖရဲလဲကျသွားလေရဲ့...။
သိုးမွှေရောင် ဆွယ်တာ, မိကျောင်းအရေခွံ ပိုက်ဆံအိပ်, ဆင်စွယ်ဓားမြောင်,
ရှဥ့်မြှီး သော့ချိပ်-တစ်ကိုယ်ရည် သုံးစွဲမှုအတွက် ပေးဆပ်ခဲ့ရတဲ့ သားကောင်တွေရဲ့အသက်ကို
ဘယ်သူများ တန်ဖိုးထားကြလဲ? အလှတရားအတွက် ဘ၀များစွာကို ခြွေယူဖို့ တွန်းအားပေးသူတွေ..
အပ်စူးဒဏ်ရာကို ပဋာမြေလူး ရူးနေကြလေရဲ့...။ ...။
အပိုပိုဒ်--- လေယာဉ်ပျံပေါ်ကနေ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နေသူတွေ,
လူသားချင်း စာနာထောက်ထားရေး ခေါင်းစဉ်တပ်ပြီး အသေခံ ဗုံးကျဲနေသူတွေ,
ဘုရားသခင်ကို ခုတုံးလုပ်ပြီး လူလူချင်း သွေးခွဲနေသူတွေ, ဧည့်သည်က အိမ်ရှင်ကို
လည်ပင်းတက်နင်းတာတွေ, လက်တစ်ဖက် နောက်ပစ်ထားပြီး
ဘက်မလိုက် ကြွေးကြော်နေသူတွေ.....
ပြောကြစမ်းပါ...!!! ငါတို့နေတဲ့ လောကကြီးမှာ သည်းခံခြင်းဆိုတာ
သိသိကြီးနဲ့ ခံပေးရတာမျိုးလား.....???
သန်း(၆၀)ထဲ သန်းခေါင်စာရင်း ပေါက်နေပေမယ့် နေစရာ မြေပျောက်တော့-
အို....ဗုဒ္ဓဘုရား....အရေးတော်ကို ...ငေးလှည့်တော်မူပါအုံးဘုရား.....။ ။ ။
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)
19.9.2012-(ည-2-နာရီ)
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ) မှတ်ချက်ရေးသွားပါသည်။ ဒကာမရေ....
အသက်ကြီးလာလို့လားမသိဘူး သေခြင်းတရားကို နည်းနည်းတော့နားလည်မိလာတယ်။ ။ ရှင်သန်ခဲ့စဉ်ကာလမှာ ကောင်းတာနဲ့မကောင်းတာ မကောင်းတာတွေများ ဖောင်းပွနေခဲ့သလားပေါ့...။ ဒါပေမယ့် အားတတ်စရာလေးတစ်ခုက ဗလ၀ကုသိုလ်-ဆိုတဲ့သဘောတရားလေးပေါ့။ ။ ။
Patience is bitter, but it's fruit is sweet. (သည်းခံခြင်းဟာ ခါးသီးတယ်၊ သူရဲ့အသီးကတော့ ချိုမြိန်တယ်) ဒါဆိုရင် တစ်သက်လုံး သည်းခံနေရမှာပဲလား...။ မေးစရာတော့ရှိတယ်။ ။ ။ ကာကွယ်သင့်တာတော့ ကာကွယ်ရမှာပဲ...။
ဘုရားလောင်းဘ၀တစ်ခုမှာပေါ့ သမင်ဖြစ်ခဲ့ဘူးတယ်။ အဲဒီအချိန်မှာ ကျားတစ်ကောင်က ဘုရားလောင်းရဲ့ နောက်လိုက်သမင်တွေကို နေ့စဉ်တစ်ကောင်တစ်ကောင်စီ စားသောက်လာခဲ့တယ်။ ဒါကို ဘုရားလောင်းက တစ်နေ့တော့ သတိထားမိလာတယ်...။
ဒီနေရာမှာ ပြောချင်တာက ဘုရားလောင်းသတိထားမိတာ သမင်ကောင်ပျောက်ကွယ်သွားလို့ပဲ...။ အခု ဦးဇင်းတို့တတွေ လူဆိုတဲ့ရုပ်ပုံတော့မပျောက်ဘူး ။ ဘာသာ-ဆိုတဲ့အသိုင်းအ၀ိုင်းကတော့ တဖြည်းဖြည်းဝါးမြိုခြင်းခံလာရတယ်။ ရုပ်ပုံမပျောက်လို့ မသိသာပေမယ့် အင်အားလျော့သွားတာတော့ အမှန်ပါပဲ။ ။ ။
ဘယ်လိုပဲဖြစ်ဖြစ် “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းတယ်”ဆိုတဲ့စကားအတိုင်း တို့ဘာသာဝင်တွေကို ဗုဒ္ဓဘာသာစစ်စစ်ဖြစ်ဖို့ တို့တတွေကူညီရမယ်။ ။ ။ ပြီးတော့ လူဆိုတာ သုံးဆယ်တစ်ဘုံမှာ တန်ဖိုးအရှိဆုံးပဲ..။ ဖြစ်ချင်တာဖြစ်ခွင့်ရှိတယ်၊ ဘုရားအဖြစ် အပါအ၀င်ပေါ့...။ သုံးဆယ့်တစ်ဘုံမှာ လူလောက်အင်အားကြီးတဲ့သတ္တ၀ါ လူ့ဘုံကလွဲပြီး တခြား ဘယ်ဘုံမှာမှမရှိဘူး၊ ဒါကြောင့်မို့ အားလုံး ကိုယ်ပိုင်တန်ဖိုးတွေကို မြှင့်တင်ကြရမယ်။ ။ ။
မြင့်မြတ်သူတစ်ယောက်ဖြစ်ဖို့
ကိုယ်ကျင့်တရားတွေကို လေးစားကြရမယ်။ ။ ။
ကျင့်တယ်ဆိုတာ တပလ္လင်ခွေထိုင်ပြီးကျင့်မှ ကျင့်တာမဟုတ်ဘူး၊ ကောင်းတာတစ်ခုခုကို အမြဲတမ်းကျင့်ကြံတာ၊ သီလတစ်ခုခုကို မကျိုးမပေါက်စောင့်ထိမ်းခြင်းဟာလည်း ကျင့်တာပါပဲ။ ။ ။
အို............
ပြောစရာတွေကတော့ အများကြီးပဲ...။ တရားဟောတယ်ဆိုတာကလည်း ပလ္လင်ပေါ်တက်မှမဟုတ်ဘူး။ လူသားတွေနဲ့တွေ့ကြုံတဲ့အခါ တက်နိုင်သလောက်ပြောပြတာကလည်း တရားဟောပြီး အကျိုးပြုတာပါပဲ။ ။ ။
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ) မှတ်ချက်ရေးသွားပါသည်။ အခုဆိုရင် လူသားတိုင်း ကမ္ဘာလောကရဲ့အပျက်တရားတွေကို ရင်ဆိုင်နေကြရတယ်။ တချို့ကလည်း 2012-ခုနှစ် ကမ္ဘာပျက်တော့မယ်တဲ့။ သေချာတာကတော့ လူတွေရဲ့လောဘ,ဒေါသတွေက လူသားတွေရဲ့အသက်ကို နှုတ်ယူမယ့်လက္ခဏာပဲ။ တဖြည်းဖြည်းနဲ့ စစ်မှန်တဲ့ပျော်ရွှင်မှုတွေလည်း သေဆုံးလာတယ်။ နိုက်ကလပ်စ်တွေ,ကာရာအိုကေတွေနဲ့အတူ အနေအထိုင်လျော့ပါးတဲ့ လူနေမှုစနစ်တွေက ကိုယ့်ကိုယ်ကို ဒုက္ခဘောင်ထဲ ဆွဲခေါ်သွားကြတယ်။
အမှတ်တမဲ့နေထိုင်နေကြတယ်။ စိတ်မကောင်းစရာတစ်ခုက တို့တတွေ သေဖို့အတွက် အဆင်သင့်မဖြစ်သေးတာကိုပဲ။ ။ ။
အဲဒီတော့
မသေခင်
လောကအတွက်
ဘာတွေများချန်ထားခဲ့ကြမလဲ?
သုခတွေကို မောင်ပိုင်စီးမထားကြဖို့လိုတယ်။ ။ ။
“ကိုယ့်အတွက် အလှတရားဟာ အခြားသူအတွက် ဘ၀တစ်ခုစာဖြစ်မယ်ဆိုရင် စွန့်လွှတ်ရတာ တန်ပါတယ်။”
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ) မှတ်ချက်ရေးသွားပါသည်။
လှိုင်ကျော်ထွေး မှတ်ချက်ရေးသွားပါသည်။ 


ပန်းလေးတွေလို မွေးပျံပြီး အေးချမ်းပါစေ



☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ မှ(ကြိုဆိုပါတယ်)
( မှတ်ပုံတင်ရန်နေရာ)
(မှတ်ပုံတင်ပြီးသားသူများ)၀င်ရန်
အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး
နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)
Name of Account. U HLAING KYAW HTWE
NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ
ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့
လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

ပိန်ဖောင်း ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။



yarmoe ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။
ဓနုလေးဖိုးအော် liked မောင်မြင့်'s blog post 'ကဆုန်လပြည့်နေ့ ရွှေတိဂုံစေတီတော် မြင်ကွင်းများ'
ဇော်ထက်မောင် commented on မောင်မြင့်'s blog post 'ကဆုန်လပြည့်နေ့ ရွှေတိဂုံစေတီတော် မြင်ကွင်းများ'
မောင်မြင့် posted a blog post
ဇော်ထက်မောင် posted a blog post
© 2013 Created by ကောင်းမြတ်မင်း.
Powered by
© Copyright Ning Network Name Goes Here.