☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺သည်( ၂၀၁၁ )ခုနှစ်ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါသည်။

 

 

☺☺☺ဗုဒ္ဓကမ္ဘာသာသနာပရဟိတအသင်း☺☺☺

ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်တို့ (Buddhismworld's Admins) မှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...
ထွန်းထွန်းအောင်
  • ယောက်ျားလေး
  • yangon
  • မြန်မာနိုင်ငံ
Facebookကိုသွားပြီးမျှဝေရန် မျှဝေရန်..မိတ်ဆွေထံသို့

ထွန်းထွန်းအောင်'s Groups

လက်ခံရထားသောလက်ဆောင်များ

Gift

ထွန်းထွန်းအောင် သည်လက်ဆောင်မရရှိသေးပါ။

Give a Gift

 

ထွန်းထွန်းအောင်၏ကိုယ်ပိုင်နေရာ

နောက်ဆုံးလုပ်ဆောင်ချက်များ..

ထွန်းထွန်းအောင် သည်ီဦးက္ကန္ဒောဘာသ's ၏ 'ငါတို့ဘုရား' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Oct 16, 2016
ထွန်းထွန်းအောင် သည်Thein Naing Ohn's ၏ 'သီလစင်ကြယ်ခြင်းကြောင့် ရတဲ့အကျိုး အဆက်ဆက်' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Nov 6, 2015
ထွန်းထွန်းအောင် သည်phyuthiကို မှတ်ချက်ရေးခဲ့ပါသည်။
"မွေးနေ့ဆုတောင်းပေးတဲ့အတွက်ကျေးဇူးပါ အစ်မ :-)"
Nov 6, 2015
phyuthi သည်ထွန်းထွန်းအောင်ကို မှတ်ချက်ရေးခဲ့ပါသည်။
"ယနေ့မှာကျရောက်သော ဓမ္မမိတ်ဆွေ၏ မွေးနေ့ရက်မြတ်မှသည် ကောင်းမွန်သော လိုအင်ဆန္ဒများ အားလုံးပြည့်စုံပြီး လိုချင်သော ပန်းတိုင်ကို အရောက်လျှောက်လှမ်းနိုင်ပါစေလို့ ဗုဒ္ဓကမ္ဘာ မိသားစုမှ မွေးနေ့ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။ မွေးနေ့လက်ဆောင်တရားတော် -…"
Nov 5, 2015
ထွန်းထွန်းအောင် shared မူကြိုဆရာ's blog post on Facebook
Aug 9, 2015
ထွန်းထွန်းအောင် သည်မူကြိုဆရာ's ၏ 'အဒိန္နာဒါနာ ကံအသေးစိတ်' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Aug 9, 2015
ထွန်းထွန်းအောင် သည်thein wai's ၏ 'ဗုဒ္ဓါနုဿတိ ကမ္မဌာန်း ကျင့်ကြံနည်း အင်္ဂါ ၇ ပါး။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 2, 2015
ထွန်းထွန်းအောင် shared စိုးလေး's blog post on Facebook
Nov 21, 2014
ထွန်းထွန်းအောင် သည်စိုးလေး's ၏ 'ဗုဒ္ဓ၀င်အကျဉ်း' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Nov 21, 2014
ထွန်းထွန်းအောင် သည်ဉာဏ်လင်းမြို့'s ၏ '★ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ဖြေကြားတော်မူခဲ့သည့် “သောတာပန် ရဟန်း လူထွက်/ မထွက် ပြဿနာ ”★' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Nov 17, 2014
ထွန်းထွန်းအောင် သည်မူကြိုဆရာ's ၏ '၀ါရိတ္တသီလ(ရှောင်သီလ) နှင့် စာရိတ္တသီလ (ဆောင်သီလ)' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Nov 7, 2014
phyuthi သည်ထွန်းထွန်းအောင်ကို မှတ်ချက်ရေးခဲ့ပါသည်။
"ယနေ့မှာ ကျရောက်သော ဓမ္မမိတ်ဆွေ၏ မွေးနေ့ရက်မြတ်မှသည် ဆက်လက်လျှောက်လှမ်းရမယ့် ဘ၀ခရီး လမ်းတစ်လျှောက်မှာ အာရုံ ၅ပါး ကာမဂုဏ်မုန်တိုင်းတွေ တိုက်ခတ်လာသော်လည်း မတုန်မလှုပ် ကြံ့ကြံ့ခံနိုင်သော စိတ်ဓါတ်ပိုင်ရှင်ဖြစ်ပြီး ပျော်ရွှင်ဖွယ် မိသားစု နဲ့ အတူ ဘ၀ကို…"
Nov 5, 2014
ထွန်းထွန်းအောင် သည်လှိုင်ကျော်ထွေး's ၏ 'ဗုဒ္ဓကမ္ဘာ သာသနာဟိတ အသင်း၏ (၁၁ )ကြိမ်မြောက် အလှူ ပွဲအတွက် အသိပေးနိုးဆော်ခြင်း' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Jun 17, 2014
ထွန်းထွန်းအောင် သည်thein wai's ၏ 'တဏှာဖြစ်လာလို့ရှိရင် ဖယ်ရှားနည်း။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Jun 12, 2014
ထွန်းထွန်းအောင် သည်thein wai's ၏ 'မိဘကို ဆွမ်းခံကျွေးသော ရဟန်း။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Jun 2, 2014
ထွန်းထွန်းအောင် သည်မူကြိုဆရာ's ၏ 'စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 14, 2014

အက်မင်များ၏မေးခွန်းလွှာများ(မုသားမသုံးရန်)

သင်သည် ...?
လူ
သင်၏ အသက်...?
၂၄
မြန်မာနိုင်ငံဘယ်မှာနေတာလဲ....?
ရန်ကုန်တိုင်း
သင်နေထိုင်သောမြို့အမည်...?
ကော့မှုးမြို့
ဘယ်ဘာသာဝင်လဲ?
ဗုဒ္ဓဘာသာ
ဗုဒ္ဓကမ္ဘာဆိုဒ်မှတာဝန်ရှိသူများချမှတ်သောစည်းကမ်းများကိုလက်ခံနိုင်ပါသလား?
လက်ခံမည်။

ထွန်းထွန်းအောင်'s ၏ဓါတ်ပုံများ

Loading…

ထွန်းထွန်းအောင်'s Blog

“ ဆရာတော်ကြီးများ၏ သြ၀ါဒတော်များ ပေါင်းချုပ် ”

ဒီဘလော့ကို ဒီဇင်ဘာ 17, 2012 တွင်7:30pm —ရေးသားခဲ့ပါသည်။ 2 Comments

Internet ပေါ်တွင် free donation မတွေ့၍ ကျွန်တော် ၀ယ်ခဲ့သောစာအုပ်အား scan ဖတ်ကာ ပြန်လည် မျှဝေလှူဒါန်းခြင်းဖြစ်ပါသည်။

စာမျက်နှာပေါင်း ၆၄၀ ကျော် ပါဝင်ပါသည်။

ဓမ္မမိတ်ဆွေများ အဆင်ပြေစွာ ဖတ်ရှုနိုင်ရန် မာတိကာ နှင့် ဆရာတော်ကြီးများဘွဲ့အမည် အက္ခရာစဉ်အညွှန်းများအား Link…

ဆက်လက်ဖတ်ရူရန်.........

Comment Wall (11 comments)

You need to be a member of ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ to add comments!

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

11:00pm အချိန်နိုဝင်ဘာ 5, 2015, တွင်phyuthi မှတ်ချက်ရေးသွားပါသည်။

ယနေ့မှာကျရောက်သော ဓမ္မမိတ်ဆွေ၏ မွေးနေ့ရက်မြတ်မှသည်

ကောင်းမွန်သော လိုအင်ဆန္ဒများ အားလုံးပြည့်စုံပြီး

လိုချင်သော ပန်းတိုင်ကို အရောက်လျှောက်လှမ်းနိုင်ပါစေလို့

ဗုဒ္ဓကမ္ဘာ မိသားစုမှ မွေးနေ့ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။

မွေးနေ့လက်ဆောင်တရားတော် - https://app.box.com/s/u6f9i3bcoz3po1exh6dpf8wr0io356ts

11:04pm အချိန်နိုဝင်ဘာ 5, 2014, တွင်phyuthi မှတ်ချက်ရေးသွားပါသည်။

ယနေ့မှာ ကျရောက်သော ဓမ္မမိတ်ဆွေ၏ မွေးနေ့ရက်မြတ်မှသည် ဆက်လက်လျှောက်လှမ်းရမယ့်

ဘ၀ခရီး လမ်းတစ်လျှောက်မှာ အာရုံ ၅ပါး ကာမဂုဏ်မုန်တိုင်းတွေ တိုက်ခတ်လာသော်လည်း မတုန်မလှုပ် ကြံ့ကြံ့ခံနိုင်သော စိတ်ဓါတ်ပိုင်ရှင်ဖြစ်ပြီး

ပျော်ရွှင်ဖွယ် မိသားစု နဲ့ အတူ ဘ၀ကို ငြိမ်းအေးစွာ ဖြတ်သန်းရင်း ဘ၀နှင့်ဆန္ဒထပ်တူကျလို့ဒါန၊ သီလ၊

ဘာဝနာဟူသောအကျင့်မြတ်နှင့် တရားဓမ္မများကို

သိရှိလိုက်နာကျင့်သုံးရင်းနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သော ပုဂ္ဂိုလ်ထူး

ပုဂ္ဂိုလ်မြတ်ဖြစ်ပါစေလို့ ဗုဒ္ဓကမ္ဘာ မိသားစုမှ မွေးနေ့ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။

မွေးနေ့လက်ဆောင်တရားတော် - http://thitsarparamisociety.com/wp-content/uploads/mp3/DrNandamalabhivamsa/disc1/ndml.11/259-ndml.mp3 https://www.youtube.com/watch?v=ebd0QR7_7Gk






12:03am အချိန်ဒီဇင်ဘာ 26, 2012, တွင်အရှင်ပဏ္ဍိတ(ဒေါင်းဖြူ) မှတ်ချက်ရေးသွားပါသည်။

ဒကာတော်ရေ... ဦးဇင်းကတော့ facebook-သုံးလေ့မရှိပါဘူး... အဲ မေးစရာရှိရင်တော့ ဆိုဒ်ထဲက အိမ်မှာပဲ စာပို့ပြီး မေးမြန်းဆွေးနွေးပါ... ဦးဇင်းထိုင်တဲ့အခါ ပြန်လည်ဖြေကြားပေးပါမယ်..

4:32pm အချိန်အောက်တိုဘာ 8, 2012, တွင်အရှင်ပဏ္ဍိတ(ဒေါင်းဖြူ) မှတ်ချက်ရေးသွားပါသည်။

ဒါကြောင့်မို့ ဒီနေ့ခေတ်မှာ ဗုဒ္ဓတရားတော်တွေကိုကူးယူပြီး ဖြတ်,ကဒ်,ညှပ်လုပ်ရင်း ကိုယ်ပိုင်ဝါဒယောင်ယောင် တည်ထွင်တာတွေအတွက်လည်း ဘာမှပြောလို့မရပါဘူး။ တည်ထွင်သူတွေက ကိုယ့်လိပ်ပြာကိုယ်သန့်ဖို့ပဲ လိုပါလိမ့်မယ်။

ဘာသာတရားဟာ ငြင်းခုန်စရာကောင်းတဲ့ အရာတော့မဟုတ်ပါဘူး။ တစ်ခုနဲ့တစ်ခု အပုပ်ချဖို့လည်းမဟုတ်ပါဘူး။ သို့သော်လည်း အမှန်တရားကို အမှန်အတိုင်းတော့ ပြရပါမယ်။ ဖုံးကွယ်ထားတာမျိုး မလုပ်ရပါဘူး။ တရားတော်ကို ဖုံးကွယ်ထားခြင်းဟာ ကိုယ့်အတွက်သာမက ကိုးကွယ်သူ လူတန်းစားတွေအတွက်ပါ ထိခိုက်နစ်နာပါလိမ့်မယ်။

မှတ်ချက်။ ။ ဒီစာတမ်းဟာ လွန်ခဲ့တဲ့သုံးနှစ် စာရေးသူအသက်(20)အရွယ်က ရေးသားခဲ့တဲ့စာတမ်းမို့ ပညာရှင်တွေအတွက် အမှားများတွေ့ခဲ့လျှင် ပြန်လည်ထောက်ပြပေးဖို့ တောင်းဆိုပါတယ်။

အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပြည့်စုံနိုင်ကြပါစေ...။

အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)

4:32pm အချိန်အောက်တိုဘာ 8, 2012, တွင်အရှင်ပဏ္ဍိတ(ဒေါင်းဖြူ) မှတ်ချက်ရေးသွားပါသည်။

ဘာသာတရားနှင့် ကိုယ်ပိုင်တွေးမြင်မှု

တကယ်တော့ ဖန်ဆင်းရှင်က လူတွေကိုဖန်ဆင်းတာမဟုတ်ဘဲ လူတွေရဲ့အကြောက်တရားကသာ ဖန်ဆင်းရှင်ကို ဖန်ဆင်းလိုက်တာပါ...။ ဘာသာတစ်ခုကို ကိုးကွယ်မှုမှာ ``ကြောက်ရွံ့မှုနဲ့လိုချင်တပ်မက်မှု´´က အဓိကသော့ချက်ပါ...။

ဘာသာတရားတိုင်းမှာ ``အကြောက်တရား+ဆန္ဒ´´ကိုယ်စီရှိကြပါတယ်...။ ဒါပေမယ့် ဗုဒ္ဓဘာသာရဲ့အကြောက်တရားက အခြားဘာသာတွေနဲ့ ခြားနားလှပါတယ်..။ ဗုဒ္ဓဘာသာဝင်တွေက `ဘ၀ဆိုတဲ့ ဆင်းရဲမှုအတိ´အကြောက်တရားကနေ လွတ်မြောက်ပြီး ဘာခံစားမှုမှမရှိတဲ့ နိဗ္ဗာန်ကိုလိုချင်တဲ့ ဆန္ဒမျိုးပါ...။

ဗုဒ္ဓဘာသာဟာ လူတွေထင်သလို Religion-မဟုတ်ပါဘူး။ ဒါဟာ သိပ်အရေးကြီးတဲ့အရာပါ။ Religion-ဆိုတာကို Oxford Dictionary-မှာ Belief in and worship of God or gods-လို့ ဖွင့်ပြထားပါတယ်။ အဓိပ္ပါယ်က ``ထာဝရဘုရားသခင်နဲ့ တမန်တော်တွေအပေါ်မှာ ယုံကြည်မှုအပြည့်ဖြင့် ကိုးကွယ်ခြင်း´´(ကိုယ်ပိုင်ဘာသာပြန်)လို့ ဖြစ်ပါတယ်။

ဒီတော့ ဗုဒ္ဓဘာသာဟာ Religion-မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်.။ Religion-မဟုတ်ရင် ဘာလဲလို့ မေးစရာရှိပါတယ်။ တကယ်တော့ ``ဗုဒ္ဓဘာသာဟာ ကံ,ကံ၏အကြောင်းတရား အကျိုးတရားနဲ့ ကံတရားကို အလုပ်အဖြစ်ယူဆသော လူသားဆန်သောဘာသာ´´လို့ပြောမှ ပိုမှန်ပါလိမ့်မယ်..။

တခြားဘာသာတွေလို ``မကောင်းမှုကိုဖြေဖျောက်ဖို့ ဆုတောင်းတာမျိုး´´ဗုဒ္ဓဘာသာမှာ မရှိပါဘူး။ ထို့အပြင် ကိုယ်လုပ်ခဲ့တဲ့အပြစ်တွေကို စာတစ်ပိုဒ်,ဂါထာတစ်ပုဒ်လောက်ရွတ်ရုံနဲ့ ကျေတယ်လို့ ဂေါတမဗုဒ္ဓ၀ါဒမှာ မရှိပါဘူး။ ``မကောင်းတာလုပ်ခဲ့တဲ့အပြစ်ကို ကောင်းတာလုပ်ခြင်းဖြင့် ချေဖျက်ရမယ်´´လို့ပဲ ဟောကြားတော်မူခဲ့တာပါ။ အလုပ်ကို အလုပ်နဲ့ချေဖျက်တဲ့ သဘောတရားပါပဲ။

မေတ္တာတရားနဲ့ပတ်သက်ပြီးတော့လည်း တခြားဘာသာတွေလို ပုဂ္ဂိုလ်ရေးရာမဆန်ပါဘူး။ အားလုံးသော သုခိတ,ဒုက္ခိတသတ္တ၀ါအားလုံးတို့အပေါ်မှာ ရင်၌ဖြစ်သောသားကဲ့သို့ တူညီသောစိတ်ထား ထားရမယ်လို့ ဟောကြားတော်မူခဲ့ပါတယ်။ ယနေ့ခေတ် အင်္ဂလိပ်လိုဘာသာပြန်ထားတဲ့ Loving-kindness-ဆိုတာဟာ ဗုဒ္ဓရဲ့မေတ္တာတရားထက် အများကြီးကို နိမ့်ပါးပါတယ်။

ယနေ့ သတ်ရှိသတ္တ၀ါတွေရဲ့စိတ်ထဲမှာ အကြောက်တရားဟာ အင်မတန်တိုးတက်ကြီးမားလာတယ်။ ကမ္ဘာလောကရဲ့ ဖြစ်ရပ်တွေကလည်း တဖြည်းဖြည်းနဲ့ အဆိုးဘက်တွေကိုပဲ ဦးတည်နေကြတယ်။ အဲဒီအခါ လူတွေဟာ ဖန်ဆင်းရှင်ကိုမျှော်လင့်နေကြတယ်။ ``ကောင်းကင်ဘုံရဲ့ ကျရောက်လာမယ့်အချိန်´´ကိုပေါ့။ တကယ်တော့ ဒါတွေဟာ သဘာဝတရားပေါ်မှာ လူတွေရဲ့လောဘ,ဒေါသတွေ ဖြန့်ကျဲမှုကြောင့်ဖြစ်လာတယ်ဆိုတာကိုတော့ မေ့နေကြတယ်။

ဒါတွေကို ဖန်ဆင်းရှင်ကသာ ဖန်ဆင်းနေတယ်ဆိုရင် လောကလူသားတွေရဲ့ ဖန်ဆင်းရှင်ပေါ် ယုံကြည်ကိုးစားမှုတွေကို ဖန်ဆင်းရှင်ကိုယ်တိုင်က ဥပေက္ခာပြုထားသလိုဖြစ်နေပါလိမ့်မယ်။ လူသားတွေရဲ့ ဆင်ခြင်မှုကင်းမဲ့ခြင်းဆိုတဲ့ အကြောင်းတရားကြောင့် သဘာဝတရားပျက်စီးခြင်းအကျိုးတရားသာဖြစ်တယ် ဆိုတာကို တွေးမိမယ်ဆိုရင် အရာအားလုံးဟာ အကြောင်း+အကျိုးကို အခြေခံပြီးဖြစ်တည်တယ်ဆိုတာ မယုံကြည်နိုင်စရာ မရှိပါဘူး။

ဘာသာခြားအများစုက ´´ဗုဒ္ဓ၀ါဒဟာ အဆိုးမြင်ဝါဒ´´လို့ ဟောပြောနေကြတယ်။ ဒါဟာ မမှန်ပါဘူး။ ဗုဒ္ဓ၀ါဒဟာ လူတွေမေ့နေကြတဲ့ ဆိုးကျိုးတွေကို မြင်အောင်ပြသပြီး အဲဒီအဆိုးတွေကနေ လွတ်မြောက်ဖို့ လမ်းညွှန်တဲ့ဝါဒသာ ဖြစ်ပါတယ်။

တစ်ခုက ``ဒါနဟာ နိဗ္ဗာန်ပို့ပေးတဲ့အရာမဟုတ်ဘဲနဲ့ ဒါနပြုဖို့ပဲ အဓိကဟောပြောနေကြတယ်´´လို့လည်း ပြောကြပြန်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဒါနပြုခြင်းဟာ ကောင်းမွန်တဲ့ဘ၀ကိုချည်း လိုချင်တဲ့ ဘ၀တဏှာဆန္ဒသက်သက်ကြောင့် မဟုတ်ပါဘူး။

လူဆိုတာ နိဗ္ဗာန်မရောက်ခင်ကာလစပ်ကြား သံသရာမှာ ကျင်လည်ရမှာ အမှန်ဖြစ်ပါတယ်။ အဲဒီလို ကျင်လည်ရတဲ့အခါ ဒါနဆိုတဲ့တရားမပါရင် ကောင်းတဲ့သုဂတိဘုံကို ရောက်မှာမဟုတ်ပါဘူး။ ကောင်းတဲ့သုဂတိဘုံဘ၀ကိုမရောက်ရင် နိဗ္ဗာန်ရောက်ကြောင်းတရားကို ကျင့်ကြံအားထုတ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အဲဒီအတွက်သာ ဒါနပြုကြခြင်းဖြစ်ပါတယ်။

ဥပမာ။ ။ မင်္ဂလာဒုံကနေ ရွှေတိဂုံဘုရားကို သွားတယ်ဆိုကြပါစို့၊ အဲဒီလိုသွားတဲ့အခါမှာ ကားစီးရပါလိမ့်မယ်။ ဒီတိုင်းလမ်းလျှောက်သွားမယ်ဆိုရင် အလွန်ကြာညောင်းပါလိမ့်မယ်။ ဒါကြောင့် ကားစီးသွားတဲ့အခါမှာတော့ မြန်မြန်ရောက်ပါတယ်။ ဒါပေမယ့် ရွှေတိဂုံကိုရောက်သွားတဲ့အခါမှာတော့ ကားကိုထားခဲ့တာပါပဲ။ ယူမသွားပါဘူး။

ဒီသဘောတရားဥပမာအတိုင်းပဲ- ဗုဒ္ဓဘာသာဝင်တွေဟာ ကိုယ်ပြုခဲ့တဲ့ဒါနကို နိဗ္ဗာန်ကိုသွားရာ ခရီးအတွက်သက်သက်သာ အသုံးချခြင်း ဖြစ်ပါတယ်။ ဒါကို တခြားဘာသာဝင်တွေက ဗုဒ္ဓဘာသာကို ထဲထဲဝင်ဝင်မလေ့လာမိတော့ ဝေဘန်မှုတွေကနေ ရှုံ့ချတဲ့အဆင့်ကိုကူးသွားပြီး အမြင်မှားနေကြတာ ဖြစ်ပါတယ်။

ဂေါတမဗုဒ္ဓရဲ့တရားတော်တွေဟာ နူးညံ့သိမ်မွေ့ပါတယ်။ ဘေးနားကနေ သာမန်ကာရှန်ကာလောက်ကြည့်ရုံနဲ့ နက်နဲတဲ့တရားတော်တွေရဲ့အဓိပ္ပါယ်ကို ထိုးထွင်းသိမြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဒီတရားတော်တွေဟာ ဗုဒ္ဓဘာသာဝင်တွေအတွက်သာ သီးသန့်ဟောတော်မူခဲ့တာမဟုတ်ပါဘူး။ ဘယ်သူမဆို လိုက်နာကျင့်သုံးရင် အကျိုးတရားကို ခံစားကြရမှာပါပဲ။ ဒြါေ

3:06pm အချိန်အောက်တိုဘာ 7, 2012, တွင်အရှင်ပဏ္ဍိတ(ဒေါင်းဖြူ) မှတ်ချက်ရေးသွားပါသည်။

ဒီလိုပါပဲ ဒကာတော်ရေ.........
ဘ၀-ဆိုတာ လူတွေထုတ်ထားတဲ့ အရိုးသားဆုံးပုစ္ဆာအပိုင်းအစလေးပါ...။
ငါတို့တတွေ ခလုပ်တိုက်မိတဲ့ နာကျင်ခြင်းသောကရက်ဝန်းထဲက
အဆိပ်တစ်ခွက်ပေါ့....။ ပြောချင်ရာပြောတတ်ကြတဲ့ အတ္တဆန်ဆန်
မနက်ဖြန်တွေကြားမှာ လူကျွံဘောအဖမ်းခံလိုက်ရတဲ့ ငါ့အောင်မြင်မှုတွေကတော့
လှုပ်ခါနေတဲ့ ခပ်ပါးပါးအနာဂတ်ရဲ့ နင်းချေမှုအောက်မှာ
ကခုန်ပျော်ပါးလို့ကောင်းတုန်း.....။
အမှန်တရားဆိုတာဘာလဲ? ဒါကိုရှာဖွေရင်းနဲ့
ငါတို့ရဲ့ဗုဒ္ဓဂေါတမ-လေးသင်္ချေကမ္ဘာတစ်သိန်းတိုင်အောင် ပေးဆပ်မှုတွေ
များခဲ့ရတယ်...။ ဟုတ်တယ်...ပေးသလောက်ရဖို့မျှော်လင့်နေသူတွေနဲ့
မဆုံတွေ့ဖြစ်အောင်ကြိုးစားရင်းမှာပဲ မင်းသိတဲ့အတိုင်း လှူတာနည်းနည်း
ပူဆာသူတွေများများပေါ့....။
ဆုပ်ကိုင်လို့မရတဲ့ အနိစ္စတရား၊ ပြည့်စုံမှုကင်းခြင်း ဒုက္ခဘောင်၊
ကိုယ်မပိုင်ခြင်း အနတ္တ-လောင်းရိပ်တွေနဲ့ ငါ့တို့တတွေ ကိုယ့်ကိုယ်ကို
မရဏပင်လယ်ပြင်မှာ မြုပ်နှံမိနေတုန်း...။
ဒကာလေးရေ......
ဒီလိုပါပဲကွာ..... ငါစိုက်ပျိုးခဲတဲ့ ငါ့ရဲ့အတိတ်ကံကြမ္မာကြောင့်
ရုန်းထွက်မရတဲ့ ဒီသံသရာစက်ဝန်းထဲမှာ ဘာတွေကိုများ ယူသွားနိုင်မှာလဲ? ?
?.............
အခု....
ဒုန်းဒုန်းဒက်ဒက်
တုံးလုံးပက်လက်-ဖြစ်နေတဲ့ “စစ်”ဆိုတဲ့ ခေါင်းစဉ်ဆိုးအောက်မှာ
စိမ့်ဝင်လာတဲ့ လူမျိုးခြားတွေကိုကြည့်ရင်း ငါ့နိုင်ငံအတွက်
ရင်လေးမိတယ်...

အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)

2:46pm အချိန်စက်တင်ဘာ 30, 2012, တွင်အရှင်ပဏ္ဍိတ(ဒေါင်းဖြူ) မှတ်ချက်ရေးသွားပါသည်။

နှလုံးသွေးနဲ့ ရေးတဲ့အတွေး

မျက်ကန်းတွေကြားထဲမှာ တစ်လုံးမြင်တဲ့ကောင်က ဘုရင်ပဲ...။
ငါးပြားစေ့တစ်ခြမ်းကို စစ်တပ်နဲ့စောင့်သလိုမျိုး၊...ထမင်းစေ့တစ်ပိုင်းကို
ပုဆိန်နဲ့ ၀ိုင်းပေါက်နေသလိုမျိုး အကာခွံကို ဆေးဆိုးနေသူတွေ ဖောင်းပွလွန်းတယ်...။ ။ ။

လေးခွတစ်လက်ကို ဒုံးကျည်တစ်စင်းလို့ ထင်မှတ်နေသူတွေ, ဓားတစ်ချောင်းကို
ကမ္ဘာတစ်ခြမ်းလို့ မာန်တက်နေသူတွေကို ကြည့်ရင်း...လက်ထဲက ရထားတဲ့
အမဲထစ်ကို ဘယ်သူတွေဆီ ပစ်ပေးရပါ့မလဲ...

ယုတ်ညံ့မှုနဲ့ဖော်ကျူးထားတဲ့ ဟာသအသိုင်းအ၀ိုင်းမှာ
လောကပါလ-တရားနှစ်ပါးကတော့ မျက်နှာငယ်နေတုန်းပေါ့..။ ရုန်းထွက်ရခက်တဲ့
Free Style-ကမ္ဘာကျဉ်းကျဉ်းလေးမှာ အ၀တ်အစားတွေ ခေါင်းပါးခဲ့တဲ့ကာလ
ငှက်ကလေးတွေ မျက်စိရှက်ကြလိမ့်မယ်.....။

ကိုယ်ကျင့်တရားနဲ့ရုပ်ဝတ္ထုတို့ လွန်ဆွဲတဲ့ပွဲမှာ လူမိုက်တွေ နှစ်ခြိုက်ကြတဲ့
ဝိုင်ချိုချိုတွေ ရေမရောတာကိုကြည့်ရင်း ဆုံးရှုံးခဲ့ရတာက
ယဉ်ကျေးမှုဆိုတဲ့ လူမျိုးသမိုင်းတစ်ခုပေါ့....။

လိုချင်တာ မရတာနဲ့ မလိုချင်တာ ရတာ...အားလုံးက လောဘသားကောင်တွေအတွက်
ခါင်းသက်စရာတွေချည်းပဲ...။ အမှန်တရားကိုဝန်ခံဖို့ ရှက်တတ်သူတွေကြောင့် အက္ခောဘိဏီသစ္စာတပ်ကြီး လေပြေထိုး စကားတစ်လုံးနဲ့တင် တုံးခနဲ ဖရိုဖရဲလဲကျသွားလေရဲ့...။

သိုးမွှေရောင် ဆွယ်တာ, မိကျောင်းအရေခွံ ပိုက်ဆံအိပ်, ဆင်စွယ်ဓားမြောင်,
ရှဥ့်မြှီး သော့ချိပ်-တစ်ကိုယ်ရည် သုံးစွဲမှုအတွက် ပေးဆပ်ခဲ့ရတဲ့ သားကောင်တွေရဲ့အသက်ကို
ဘယ်သူများ တန်ဖိုးထားကြလဲ? အလှတရားအတွက် ဘ၀များစွာကို ခြွေယူဖို့ တွန်းအားပေးသူတွေ..
အပ်စူးဒဏ်ရာကို ပဋာမြေလူး ရူးနေကြလေရဲ့...။ ...။

အပိုပိုဒ်--- လေယာဉ်ပျံပေါ်ကနေ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နေသူတွေ,
လူသားချင်း စာနာထောက်ထားရေး ခေါင်းစဉ်တပ်ပြီး အသေခံ ဗုံးကျဲနေသူတွေ,
ဘုရားသခင်ကို ခုတုံးလုပ်ပြီး လူလူချင်း သွေးခွဲနေသူတွေ, ဧည့်သည်က အိမ်ရှင်ကို
လည်ပင်းတက်နင်းတာတွေ, လက်တစ်ဖက် နောက်ပစ်ထားပြီး
ဘက်မလိုက် ကြွေးကြော်နေသူတွေ.....
ပြောကြစမ်းပါ...!!! ငါတို့နေတဲ့ လောကကြီးမှာ သည်းခံခြင်းဆိုတာ
သိသိကြီးနဲ့ ခံပေးရတာမျိုးလား.....???

သန်း(၆၀)ထဲ သန်းခေါင်စာရင်း ပေါက်နေပေမယ့် နေစရာ မြေပျောက်တော့-
အို....ဗုဒ္ဓဘုရား....အရေးတော်ကို ...ငေးလှည့်တော်မူပါအုံးဘုရား.....။ ။ ။

အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)

19.9.2012-(ည-2-နာရီ)

1:13am အချိန်စက်တင်ဘာ 21, 2012, တွင်thet naing မှတ်ချက်ရေးသွားပါသည်။

ညီလေးရေ လာလည်သွားပါတယ်၊ ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝနိုင်ပါစေ...။

8:00am အချိန်စက်တင်ဘာ 18, 2012, တွင်ma nge hlaing မှတ်ချက်ရေးသွားပါသည်။

မင်္ဂလာပါရှင့် တ၇ားနဲပတ်သက်လိုအခုလိုဆွေးနွေကြတာ အလွန်တ၇ာမှအကျိုးများကြပါတယ် ဒါပေမဲ့ တဦးနဲ့တဦး အမြင်ခြင်းအသိခြင်းကတော့တူနှိင်မှာမဟုပ်ဘူး တယောက်နဲ့တယောက် ရင်.ရင်းနီးနီးလေးလေးစာစားနဲ့.....ကူညီအကြံပေးတဲ့သဘေားထားမျိုးနဲ့ေ၇းသားကြတာ အလွန်ကိုဝမ်သာအား၇ဖြစ်မိတယ် ကျမပြောခြင်တာက ကျေးဇူးတင်စကားပါ ဘာကြောင့်လဲးဆိုတော့ မိမိနှစ်သက်လိုလားနေတဲ့
ဥစ္စတခုကိုတွေ့၇တာလောက်ဝမ်းသာစရာကောင်တာဘယ်မှာရှိမှာလဲး ဒိလိုပါရှင့် အခုတင်ထားတဲ့ မြစိမ်းတောင်ဆရာတော်ဘုရား၏ စာအုပ်ကျမဖတ်ချင်ခဲတယ် ဗိစီတီနဲ့ ဖွင့်ပြီးနာကြားရပြီးပြီ ဆရာတော်ရဲ့အဟောအပြောတွေက ရိုးသားပွင့်လင်းတယ် လူပိန်းတွေလဲးနားလည်လွယ်တယ် တရားဟောတဲ့နောရာမှာ နာထောင်ကောင်းဖိုထက် သဘေားရှင်းဖိုကအရေးကြီးတယ်မဟုပ်လား ကျမတော့ ဥပမာလေးတွေကိုလည်းသဘေားကြတယ် ဝိပဿနာယောဂီ အတွက် တရားစခန်းမှာဟေားတာဆိုတော့ စုံစုံစိစိကိုဟေားထားတာ အလွန်တန်ဖိုးရှီတယ် တကယ်တ၇ားတွေချင် သူတွေအတွက်က ဒီလို အလုပ်ပေးတ၇ားကိုနားကြားလိုက်နာပြီး ကျိုးစားအားထုပ်၇င်-----လိုချင်တဲ့ပန်တိုင်ရောက်မှာ အမှန်ပါ.....စာအုပ်ကိုကျမ ရှယ်တားလိုက်ပါပြီ.....အေးအေးဆေးဆေး ဖတ်ခွင်၇သွားလို အထူးကျေးဇူးတင်ပါတယ်.........နောက်များမှာလဲး .....ကောင်တာလေးတေရှိရင်မျှဝေးပေးပါနော်..စိတ်ေ၇ာကိုယ်ပါချမ်းသာစွာဖြင့်....လို၇ာဆန္ဒပြိဝပါစေရှင်........................

12:05pm အချိန်စက်တင်ဘာ 3, 2012, တွင်လှိုင်ကျော်ထွေး မှတ်ချက်ရေးသွားပါသည်။
မင်္ဂလာပါခင်ဗျာ။ ဗုဒ္ဓကမ္ဘာမှနွေးထွေးစွာ
ကြွရောက်လာကြတဲ့ ဓမ္မမိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း၊
ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။

အကြောင်းကြောင်းကြောင့် ကြိုတာနောက်ကျခဲ့သည်ရှိသော် နားလည်ပေးရန်အနူးအညွတ် တောင်းပန်အပ်ပါတယ်။


မိမိမေလ်းထဲမှ သူငယ်ချင်းများကို

ဖိတ်ခေါ်ရန်


ကိုကလစ်၍ဖိတ်ခေါ်နိုင်ပါတယ်

ဘုရားရှိခိုးရန်နေရာဌာနဗုဒ္ဓဘာသာစာကြည့်တိုက်

ဗုဒ္ဓဘာသာအမျိုးသားများအဖွဲ့ဗုဒ္ဓဘာသာအမျိုးသမီးများအဖွဲ့

မေတ္တာပို့ရန်နေရာ
နှင့် (ဗုဒ္ဓကမ္ဘာသာသနာပရဟိတအဖွဲ့ )


တို့ကိုလည်းသွားရောက်နိုင်ပါတယ်ခင်ဗျာ။

ပယ်ဖျက်မည်။

 
 
 

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................

 

 

anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

အဖွဲဝင်များ

နေ့စဉ်ဘလော့များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

zaw moe liked zaw moe's discussion အတက်သိက ဖြေကြားပေးပါဘရား
Aug 10
kyaesinsan သည်thein wai's ၏ 'ဒေါက်တာအရှင်ဆေကိန္ဒ၏ ဘ၀လှအောင်ပြင်ချင်စိတ်။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Aug 8
Thet Thet Aung shared their blog post on Facebook
Jul 30
ဖိုးကံထူး သည် A BuddhismworldAdmin's ၏ 'ဗုဒ္ဓဘာသာအမေးအဖြေကဏ္ဍ' အဖွဲ့တွင်မှတ်ချက်ရေးခဲ့ပါသည်။
"Naynayအပြစ်​မဖြစ်​နိုင်​ပါဘူး ကျုယ်​ကတကယ်​​မေတ္တ္တ္တာထားနိုင်​ဖို့ပဲရှိတယ်​ယူနိုင်​ပါတယ်​…"
Jul 25
ဖိုးကံထူး joined A BuddhismworldAdmin's group
Thumbnail

ဗုဒ္ဓဘာသာအမေးအဖြေကဏ္ဍ

ဆရာတော်ဆန်နီနေမင်းနှင့်တကွသံဃာတော်များဖြေကြားပေးမည် ဖြစ်ပါသဖြင့် မိမိ…See More
Jul 25
ဖိုးကံထူး liked ဖိုးကံထူး's profile
Jul 25
ဖိုးကံထူး သည်thein wai's ၏ 'တစ်ယောက်တည်းငြိမ်းချမ်းအောင်နေနည်း။(ယောဆရာတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကိုဟောကြား)' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Jul 25
ဖိုးကံထူး သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Jul 24
ဖိုးကံထူး သည်hla moe 24ကို မှတ်ချက်ရေးခဲ့ပါသည်။
"မ​တွေ့တာကြာလို့ပိုလှလာတယ်​ဆရာမိုး"
Jul 24
ဖိုးကံထူး သည် thein wai's၏ 'ငါကိုယ်တိုင် သောတာပန် တည်ပြီလား။'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"​မောင်​သုည​ရေးထားတာဖတ်​ဖူးတယ်​ဒီဆိုက်​မှာတင်​ထားတယ်​ ​ကျေးဇူးပါထပ်​ပီးထတ်​ရတယ်​ဦးသိန်​​ဝေ"
Jul 24
ဖိုးကံထူး သည် phyuthi's၏ 'ဗုဒ္ဓကမ္ဘာသာသနာဟိအသင်း (၁၇) ကြိမ်မြောက်အလှူပွဲ @@@@@@@@@@@@@@@@@@@ အတွက် အသိပေးနိုးဆော်ခြင်း @@@@@@@@@@@'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"သာဓုပါခင်​ဖျ အလည်​မ​ရောက်​တာကြာလို့အ​ကောင့်​​တောင်​​မေ့​နေပီ…"
Jul 24
ဖိုးကံထူး သည်phyuthi's ၏ 'ဗုဒ္ဓကမ္ဘာသာသနာဟိအသင်း (၁၇) ကြိမ်မြောက်အလှူပွဲ @@@@@@@@@@@@@@@@@@@ အတွက် အသိပေးနိုးဆော်ခြင်း @@@@@@@@@@@' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Jul 24

© 2017   Created by A BuddhismworldAdmin.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...