☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺သည်( ၂၀၁၁ )ခုနှစ်ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါသည်။

 

 

☺☺☺ဗုဒ္ဓကမ္ဘာသာသနာပရဟိတအသင်း☺☺☺

ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်တို့ (Buddhismworld's Admins) မှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...
ကိုကျော်သန်း
  • ယောက်ျားလေး
  • ပြင်ဦးလွင်မြို့
  • မြန်မာနိုင်ငံ
Facebookကိုသွားပြီးမျှဝေရန် မျှဝေရန်..မိတ်ဆွေထံသို့

ကိုကျော်သန်း's ၏မိတ်ဆွေများ

  • မူကြိုဆရာ
  • ပိသေးလေး
  • အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)
  • လှိုင်ကျော်ထွေး
  • ကလေးတို.ဆရာမ
  • လင်းကိုကို

ကိုကျော်သန်း's Discussions

လယ်ယာ စိုက်ပျိုးသစ်ပင်များ ဆေးဖြန်ခြင်း ကို ၀ိပသနာ

Started Sep 26, 2014 0 Replies

လယ်ယာစိုက် ပျိုးသစ်ပင်များ ဆေးဖြန်ခြင်း ကို ၀ိပသနာ တရားဖြင် မည်သို့ ဖြစ်သင့်ပါသလဲ ဆေးဖြန်းခြင်နှင့်တရားမပျက်အောင် မည်သို့ လုပ်ဆောင်သင့်ပါသလဲည်း ဓမ္မမိတ်ဆွေများ ဆွေးနွေးပေးပါရန်…ဆက်လက်ဖတ်ရူရန်.........

ဆွေးနွေးပေးပါရန်

Started this discussion. Last reply by ကိုကျော်သန်း Sep 21, 2013. 8 Replies

၁းးပထမ မဂ်နှင့် ၂.. ဒုတိယ မဂ် အကြောင်းသိလိုပါတယ် မည်သို့  မည်ပုံ ထင်ရှားသော ကွာခြားမူ့  ရှိပါသလည်း ဘာတွေ ထူးခြား ဘာတွေပြုလုပ်နိုင်သည် ဘယ်လိုအဆင့်၇ှိရမည် သိလိုပါတယ် ဓမမိတ်ဆွေများ ဆွေးနွေးပေးကြပါ ။။…ဆက်လက်ဖတ်ရူရန်.........

ဘလော့အမျိုးအစား(ဆွေးနွေခြင်း)

မေးမြန်းဆွေနွေးခြင်း

Started this discussion. Last reply by saw htwe Sep 16, 2013. 8 Replies

မင်္ဂ်ဥာဏ် နှင့် ဖိုလ်ဥာဏ် ကွာခြားချက် မည်သို မည်မျှ ကွာဟကိုသိလိုပါတယ် ဘာကြောင့်ဘယ်လိုကွာဟသည် ကိုသိလိုပါတယ် ဘာကဘာကြောင့် ဘယ်လိုကွာတယ်သိလိုပါတယ် ဘယ်လိုပုံ သဏန်နှင့် ကွာဟသည်ကို သိလိုပါတယ် ဓမမိတ်ဆွေများ…ဆက်လက်ဖတ်ရူရန်.........

ဘလော့အမျိုးအစား(ဆွေးနွေခြင်း)

ဆွေးနွေးပေးပါရန်

Started this discussion. Last reply by ကိုကျော်သန်း Oct 6, 2013. 11 Replies

၁ .. ဖျြစ်ပျက်မြင် ဖြစ်ပျက်မုန်း ဖြစ်ပျက်ဆုံး အောင်ကအားထုပ်ရသည်ဟု မြင်မီပါတယ်၂.. ဖျောက်ပြန်တာကဒုက္ခ သစ္စာ ရူတဲဥာဏ်က မဂ်ကသစ္စာ သေတာကသမုဒ္စရသစ္စာ နောင်ခနာမလာတော့တာ ကနီရောဓသစ္စာ ပါ၃ .. သိချင်တာက ငြီးငွေဥာဏ်…ဆက်လက်ဖတ်ရူရန်.........

ဘလော့အမျိုးအစား(ဆွေးနွေခြင်း)

လက်ခံရထားသောလက်ဆောင်များ

Gift

ကိုကျော်သန်း သည်လက်ဆောင်မရရှိသေးပါ။

Give a Gift

 

Welcome, ကိုကျော်သန်း!ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါ

အက်မင်များ၏မေးခွန်းလွှာများ(မုသားမသုံးရန်)

သင်သည် ...?
လူ
သင်၏ အသက်...?
၄၁
မြန်မာနိုင်ငံဘယ်မှာနေတာလဲ....?
မန္တလေးတိုင်း
သင်နေထိုင်သောမြို့အမည်...?
ပြင်ဦးလွင်မြို့
ဘယ်ဘာသာဝင်လဲ?
ဗုဒ္ဓဘာသာ
ဗုဒ္ဓကမ္ဘာဆိုဒ်မှတာဝန်ရှိသူများချမှတ်သောစည်းကမ်းများကိုလက်ခံနိုင်ပါသလား?
လက်ခံမည်။

ကိုကျော်သန်း's Blog

မိုးကုတ်ဆရာတော်ဘုရားကြီး အမြုတေ (၁၀)

ဒီဘလော့ကို ဖေဖော်ဝါရီ 28, 2013 တွင်4:02pm —ရေးသားခဲ့ပါသည်။ 1 Comment

** စီုးရိမ့်မူ့ တွေခြားက လွတ်မြေုာက်ဖို့  ဆိုရင် သက္ကာယဒိဋ္ဌိဖြုတ်ထားပေတော့
ထင်ရှားရှိသော တရားကို မြင်အောင် မရှုမှတ်နိုင်ရင် ၀ိပဿနာမဖြစ်ဘူး၊ ၀ိပဿနာတရားဆိုတာ ထင်ရှားရှိသောတရားကို မြင်အောင် ရှုမှတ်ခြင်းပင်ဖြစ်တယ်၊ ကိုယ်မှာ အမြဲရှိသော တရားဆိုတာ ထွက်သက်၊ ၀င်သက်ဖြစ်တယ် ထွက်သက်၊ ၀င်သက်ဆိုတာ အမိဝမ်းမှ မွေးကတည်းက သေသည်အထိ အမြဲမပြတ် တရစပ်ရှိနေသော တရားသဘောဖြစ်တယ်၊ ထွက်သက်၊ ၀င်သက်ဟာ အမြဲမပြတ် ရှိနေသော်လည်း အမှတ်တမဲ့ နေကြ၍ သတိမမူ ဂူမမြင်၊ သတိမူရင် မြူကိုတောင်မြင်ရတယ်ဆိုတာကို ဂရုစိုက်၍ ကြည့်ရှုနေမှ ရှိမှန်းသိရတယ် ကြည့်ဆိုရာ၌ ၀ိပဿနာ ဖြစ်ဖို့ရာအတွက် ထွက်သက်၊ ၀င်သက် ထိရာ နှာသီးဖျားမှာ ရိပ်ရိပ် ရိပ်ရိပ်နှင့် (ထိ၊သိ) သွားတာကို မြင်အောင် ကြည့်ရှုရမယ်။ ထိတာဟာ ပရမတ်(ရုပ်)သဘောဖြစ်တယ်။ သိတာဟာ(နာမ်)သဘောဖြစ်တယ်၊ တရိပ်ရိပ်နှင့် ထိတိုင်း ပျောက်တိုင်း(ရုပ်၊နာမ်)ဖြစ်မှု ပျက်မှုတွေ ဖြစ်ပျက်၍ နေခြင်းဖြစ်တယ်။ တရိပ်ရိပ်နှင့် နှာသီးဖျားတွင် ထိလိုက်၊ ပျောက်လိုက် ဖြစ်ပျက်နေတာတွေကို တစ်ဆက်တည်း မြင်အောင် ကြည့်ရှုနေရင် ကြာရင် ၀ိပဿနာသမာဓိ တစ်စထက်တစ်စ၊ တစ်ခဏထက်တစ်ခဏ တိုးတက်၍ အားကြီးလာ သောအခါ နှာသီးဖျားတွင်သာမက ခန္ဓာကိုယ်မှာလည်း အလိုလို တရိပ်ရိပ် တရွရွတွေ ဖြစ်ပျက်နေတာကို တွေ့ ရမယ်။ ၊ ငါလား, သူလားဆိုတာလေးက ပျောက်နေတယ်၊ ပျက်ပျက်ပြီး ပြလိုက်ပြန်တော့ ၊ ဓမ္မပေါ်၍ ဓမ္မ အနိစ္စ ရောက်တယ်ဆိုတော့ ၊ ငါ-ငါ့ဥစ္စာ ရှာမတွေတော့ဘူး ၊ ၀ိပဿနာ ရှုတာသက္ကာယဒိဋ္ဌိဖြုတ်တာ ၊ အပါယ်မရောက်ခင် သက္ကာယဒိဋ္ဌိဖြုတ်ထားကြပေတော့ ၊ကြိုးစာသလောက်ခရီးရောက်ပါလိတ်မယ် ၊။

မိုးကုတ်ဆရာတော်ဘုရားကြီး အမြုတေ (၉)

ဒီဘလော့ကို ဖေဖော်ဝါရီ 25, 2013 တွင်6:29pm —ရေးသားခဲ့ပါသည်။ 1 Comment

= တစ်နေကုန်တော့ သေဖို့ တစ်ရက်နီးတယ် ၀မ်းသာစရာဖြစ်ပြီလား
လူတစ်ယောက်ကို လောကုတ္တရာ အရ ခွဲမည်ဆိုပါလျှင် ရုပ်၊နာမ် နှစ်ပါးပဲ ရမည် ဆိုတာ လူတိုင်းနီးပါး သိပြီးသားပါ ။ ရုပ်တရား ကလည်း သင်္ခါရ တရားပဲ ၊ နာမ်က လဲ သင်္ခါရ ပဲ ဆိုတာ လဲ တရားနာဖူးသူတိုင်းသိပါသည် ။ သင်္ခါရ တရားသည် ဖောက်ပြန်ပျက်စီး ပြုပြင်စေ့ဆော်တတ်သော သဘောဆိုတာလဲ သိပြီးကြပါပြီ။ သို့သော် .. မနေ့ကထက် အိုမင်းသွားသော ကိုယ့်မျက်နှာကို မြင်ရမည် ။ သင်္ခါရတရားကြောင့်အိုမင်းသွားခဲ့ပြီ ၊ စက္ကန့် မလပ်လဲ အဖန်ဖန် ဖောက် ပြန်၍ နေပါသည် ။ ။ ရုပ်ဆိုသည် ဖောက်ပြန်ပျက်စီးတတ်သောသဘောတရားသာတည်း။ယခုပင်လက်တွေ့ကြည့်ပါလျှင်မနေ့ကထက်အိုမင်းသွားခဲ့ပါပြီ။ဒါကသင်္ခါရတရားပါပဲ။ဒီဖောက်ပြန်နေသောရုပ်တရားကြီးကိုခင်တွယ်နေလျှင်ဘာမှအနှစ်သာရမရှိ။ဒီလိုခယ်ခဲ့လို့သံသရာမှာကျင်လည်ခဲ့ရသည့်ဘ၀ပေါင်းများခဲ့ပြီ။ရုပ်တရားကြီးကိုလက်တွေ့ကြည့်၍သံဝေဂယူကာာ၊တဏှာဒိ၊ဌိတရားအလိန်မမိးအောင်ကြိုးစားအားထုပ်သင့်ပေသည်။လူသားများသည့်ကံကောင်းထောက်မ၍အသိဥာဏ်ပညာရှိသည်။၇ှိသောအသိဥာဏ်ကိုအကျိုးရှိအောင်အသုံးချပါ။အ၀ိဇ္ဖာဖုံးတဲ့ရေစုန်လမ်းတွင်ပျော်ပျော်ကြီးအမျောခံခဲ့သည်မှာကြာခဲ့ပါပြီ။အမှောင်ကိုအမှောင်မှန်းမသိခဲ့သည်မှာ ဘ၀ ပေါင်းများလှပါ ပြီ ။ လူတို့ရဲ့ အ၀ိဇ္ဖာအမိုက်မှောင်ကို ဖြိုခွင်းနိုင်တာကတော့ ဥာဏ်ပညာ အလင်းရောင်ပါပဲ ။ အလင်းရောင် လာ ချိန် လေးယခုအခါတွင်ဥာဏ်အလင်းရောင်သာသနာတွင်းကာလ၌သာထွန်းလင်းနိုင်ပေသည် ။ သစ္စာလေးပါး တရားများ ပြန်ပွားနေချိန် ယခု အခါတွင် အ၀ိဇ္ဖာ အမိုက်မှောင်မှ လွတ်မြှောက်နိုင်ရန် အခွင့်အရေးကြီးပင်ဖြစ်သည်၊။ကြိုးစားသလောက် ခရီးေ၇ာက်မည် ၊။

မိုးကုတ်ဆရာတော်ဘုရားကြီး အမြုတေ (၈)

ဒီဘလော့ကို ဖေဖော်ဝါရီ 24, 2013 တွင်6:30pm —ရေးသားခဲ့ပါသည်။ 0 Comments

အတူနေပြီး မမြင်နိုင်တာ ကန်းလိုပေါ့။
အနိစ္စ၊ ဒုက္ခ၊ အနတ္တလို. သဘာဝတွေကို အမှန်တရားလိုခေါ်တယ်။

ဝိပဿနာကျင်.စဉ်ကို ပုဂ္ဂိုလ်တိုင်း ကျင့်မယ်ဆိုရင် ဆက်ပြီး ဘာတွေ.သလဲဆိုရင် ဒီသဘာဝ တရားလေးတွေဟာ ဘယ်မှာ မှီပြီး ဖြစ်တာလဲလို. စဉ်းစားလိုက်ရင် စိတ်ရဲ.ဖြစ်ပေါ်ရာဖြစ်တဲ. နှလုံးသားကို မှီပြီး ဖြစ်တာပါလားလို. မှီရာ ရုပ်တရားကအစ ရုပ်တရားတွေကို စဉ်ဆက်မပြတ် မြင်လာတယ်။ စိတ်ရော ရုပ်ရော ဒီနှစ်ခုစလုံး မြင်လာတယ်။ ပြီးတော. စိတ်နဲ.ရုပ် မတူညီတဲ. သဘောထားလေးတွေ မြင်လာမယ်။ မြင်လာပြီး စိတ်ရော ရုပ်ရော ဒီနှစ်ခုလုံးဟာ ထာဝရတည်မြဲနေတဲ. အရာမဟုတ်ဘူး။ ဖြစ်လာပြီးတဲ.နောက် ပျက်သွားတယ်။ အကြောင်းတိုက်ဆိုင်လို. ဖြစ်တယ်။ ပေါ်ပြီးရင်ပျက်သွားတယ်။

ပျောက်တယ်ဆိုတာနောက်ထပ်ပေါ်မလာဘဲ ပျောက်တာ။

နောက်ထပ်ဖြစ်တာက နောက်ထပ်အကြောင်းတစ်ခုကြောင်. ဖြစ်တာ။

အဲဒီလို စဉ်ဆက်မပြတ်ဖြစ်ပြီးပျက်သွားတဲ.သဘောတွေကိုမြင်လာတာ အနိစ္စ ၊ အဲဒီ ဖြစ်ပျက်မှုကြီးဟာ စိတ်ပျက်စရာ ကောင်းလောက်အောင် ဖြစ်နေတာ ဒုက္ခ၊ အဲဒီအပေါ်မှာ ကိုယ်က ဘာမှ ချုပ်ကိုင်နိုင်စွမ်းမရှိတာက အနတ္တတဲ.၊ ဒီသဘောတွေကို မြင်လာတာက ၀ိပဿနာလို.ခေါ်တယ်။

ဖြစ်ပြီး ပျက်နေတာကိုက စိတ်ပျက်စရာ ကြီးလို. ပြောတာ၊ ဖြစ်ပျက်မှုတွေရဲ. နှိပ်စက်မှုကိုခံနေရတဲ. စိတ်ပျက်စရာကောင်းတာက ဒုက္ခ၊ အဲဒီလိုဖြစ်ပြီး ပျက်နေတာကို ရပ်တန်.ပစ်လို. မရဘဲ ကိုယ်မပိုင်တာက အနတ္တ။
ဒီဖြစ်မှု ပျက်မှု သဘောတွေကို အထပ်ထပ် စဉ်းစားတယ်။  ဖြစ်မှု ပျက်မှု သဘောတွေကို ရှင်းရှင်းကြီးမြင်လာတယ် ။ တဖြည်းဖြည်းနဲ. မြင်လာတဲ.အခါ သခါင်္ရတွေအပေါ်မှာ စိတ်ပျက်လာတယ် ။ ကြောက်စရာလို.မြင်လာတယ်။ ငြီးငွှေ.လာတယ်။ ဒီလို မြင်လာတော. စွန်.လွတ်ချင်လာတယ် ။ ထို.နောက် လွတ်ရာလွတ်ကြောင်း ထွက်ပေါက်ရှာလာတယ်။

ဝိပဿနာ ဆိုတာ ဒီလိုအားထုပ်မှသာဖြစ်မယ် ငါကိုယ် ငါဟာ မပါမှအောင်မြင်မယ် ၊၊

မိုးကုတ်ဆရာတော်ဘုရားကြီး အမြုတေ (၇)

ဒီဘလော့ကို ဖေဖော်ဝါရီ 23, 2013 တွင်7:04pm —ရေးသားခဲ့ပါသည်။ 2 Comments

အရွယ်တွေလဲ ကြည့်ကြစမ်းပါအုံး၊ အလွန်ကြီးရင့်ကုန်ပြီ၊ သုသာန် မျက်စောင်းထိုးကုန်ပြီ . ရင်ဝ လှံစူး၊ ဦးခေါင်း မီးလောင် ဒါထက် သက္ကာယ ဒိဋ္ဌိဖြုတ်ဖို့ ပိုအရေးကြီးတာ သက္ကာယ ဒိဋ္ဌိဖြုတ်ပါဆိုတော့၊ ဘယ့်နှယ်ဖြုတ်ရမှာတုံး မေးတော့ ဖြစ်ပျက်ရှုမှ ပြုတ်မှာ ….. ပေါ်လာတဲ့စိတ်ကလေးကို ….. (ဖြစ်ပျက်ရှုရမှာ) ဖြစ်ပျက်မှ မရှုလို့ ရှိရင်တော့ မပြုတ်ပါဘူး ၀ိပဿနာပညာနဲ့ကိုဖြုတ်မှဖြစ်မှာ ဒီတစ်လောကလုံး ကျုပ်တို့ ဘုရား အဆူဆူနဲ့ လွဲခဲ့တာလဲ အပါယ်ငရဲ နေခဲ့ရလို့ပဲ၊ အပါယ်ငရဲ ဘယ်သူက ရောက်အောင် ပို့ထားပါလိမ့်မလဲဆိုရင် (သက္ကာယဒိဋ္ဌိက ပို့ခဲ့တာ) ဘယ်လိုဆုတောင်း ဆုတောင်း တောင်းချင် သလောက်တောင်း သက္ကာယမပြုတ်ရင် လွဲရမယ် အပါယ်မျိုးစေ့ ၀မ်းထဲရှိနေတာသည် … (သက္ကာယဒိဋ္ဌိပဲ)… တစ်သံသရာလုံး ကျုပ်တို့သည်ကား ဆိုလို့ရှိရင် ဒီဒိဋ္ဌိပို့ချက်ကြောင့် ဂင်္ဂါဝါဠုသဲစုမက ဘုရားတွေနဲ့ လွဲရ, တရားတွေနဲ့လွဲရတယ် ဘာနဲ့ချည်းအမြဲနေရတုံးဆိုတော့ ဒုက္ခပြီး ဒုက္ခသာ ဆက်နေခဲ့ရတယ်လို့ ဆိုလို့ရှိရင် အမှန်ပဲ ဆုံးဖြတ်ချက်ချ၊ ခန္ဓာပဋိစ္စသမုပ္ပါဒ်လို့ သိရမယ်ဆိုတဲ့စကားက တခြားကြောင့်ပြောရတာလို့ အောက်မေ့မနေနဲ့။….. (ပုဂ္ဂိုလ်သတ္တ၀ါပေါ်လာမှာ စိုးလို့) ဒီထဲက ငါလား, သူလားဆိုတာလေးက ပျောက်နေတယ်၊ အစတည်းကလဲ ဉာဏ်နဲ့ ပျောက်ပြီးသကာလာ သွားတော့ ငါလားသူလားလို့လဲ နဂိုကလဲ မထင်တဲ့အထဲမှာမှ သူကနေပြီးသကာလ ပျက်ပျက်ပြီး ပြလိုက်ပြန်တော့ မပြုတ်ဘဲ ခံနိုင်ပါ့မလား နဂိုကလည်း ဓမ္မပေါ်တယ်၊ နောက်ကျတော့ ဓမ္မပဲ အနိစ္စ ရောက်တယ်ဆိုတော့၊ ဓမ္မပေါ်၍ ဓမ္မ အနိစ္စ ရောက်တယ်ဆိုတော့ ဘယ်မတုံးဗျ- ငါ-ငါ့ဥစ္စာ ၊ ၀ိပဿနာရှုမှု အလုပ်မှတစ်ပါး သာသနာတွင်း အလုပ်သည့် အရေးတကြီးလုပ် ထားရမယ့်အလုပ်ပဲ ၊ လုပ်သလောက်ခရီးေ၇ာက်နိုင်ပါတယ် ၊။

မိုးကုတ်ဆရာတော်ဘုရားကြီး အမြုတေ (၆)

ဒီဘလော့ကို ဖေဖော်ဝါရီ 22, 2013 တွင်4:10pm —ရေးသားခဲ့ပါသည်။ 1 Comment

ထင်ရှားရှိသော တရားကို မြင်အောင် မရှုမှတ်နိုင်ရင် ၀ိပဿနာမဖြစ်ဘူး ၊ ၀ိပဿနာတရားဆိုတာ ထင်ရှားရှိသောတရားကို မြင်အောင် ရှုမှတ်ခြင်းပင်ဖြစ်တယ် ၊ တရိပ်ရိပ်နှင့် နှာသီးဖျားတွင် ထိလိုက်၊ ပျောက်လိုက် ဖြစ်ပျက်နေတာတွေကို တစ်ဆက်တည်း မြင်အောင် ကြည့်ရှုနေရင် ကြာရင် ၀ိပဿနာသမာဓိ တစ်စထက်တစ်စ၊ တစ်ခဏထက်တစ်ခဏ တိုးတက်၍ အားကြီးလာ သောအခါ နှာသီးဖျားတွင်သာမက ခန္ဓာကိုယ်မှာလည်း တရိပ်ရိပ် တရွရွတွေ ဖြစ်ပျက်နေတာကို တွေ့ ရမယ်၊ တစ်ကိုယ်လုံး၌ တရိပ်ရိပ် တရွရွတွေ အစဉ်မပြတ် ဖြစ်ပျက်နေတာကို တွေ့ရသောအခါ အနိစ္စကို ကောင်းစွာ မြင်သောကြောင့် အနတ္တကို အလိုလို ထင်မြင်လာလိမ့်မယ်၊ ၀ိပဿနာအလုပ်ဟာ ထိမှုကို ကြည့်ရှု သိနေရုံသာ ဖြစ်တယ်၊ ကြည့်ရှုနေရင်း သိထိုက်သမျှကိုကား သိလာလိမ့်မယ်၊ အဲဒီလို တရိပ်ရိပ်နှင့် ထိမှု၊ သိမှုတို့ကို ကြည့်ရှုနေရင်း မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် ဖြစ်လာရင် သိသာလှပါတယ်၊ ဘယ်လိုသိသာမလဲဆိုတော့ (ရေငတ်၍ နေသောသူသည် ရေကို သောက်ရသည်ရှိသော် ရေငတ် ပြေသကဲ့သို့) ဖြစ်သွားတယ်။ ကြိုစားသလောက် ခရီးေ၇ာက်ပြီး ကျွန်ဘ၀ဇာတ်သိမ်းနိုင်ကြပါစေ၊၊

မိုးကုတ်ဆရာတော်ဘုရားကြီး အမြုတေ (၅)

ဒီဘလော့ကို ဖေဖော်ဝါရီ 21, 2013 တွင်6:45pm —ရေးသားခဲ့ပါသည်။ 1 Comment

အားကိုး မမှားစေနဲ့။ မိမိကိုယ်ကို မိမိ အားကိုးရမယ်။ ခန္ဓာကတော့ သူ့တရားသူ ပြနေတာပဲ။ ဘာမဆို အတွင်းက အေးနေအောင် လုပ်ရတယ်။ အပြင်က ဘယ် လောက်ပူပူ အတွင်းက အေး နေတော့ အေးတာပဲ။ အပြင်က ဘယ်လောက် အေးအေး အတွင်းက ပူတော့ ပူတာပဲ။ တရားနှင့် အိပ်စက်ခြင်း တရားနှင့်နိုးထခြင်း၊ တရားနှင့် မွေ့လျော်ခြင်း၊ မကောင်းတာ လုပ်တာသာ ကြောက်ရမှာ။ ကောင်းတာလုပ် တာ ကြောက်စရာမလိုဘူး။ မကောင်းတာတောင် ရဲရဲလုပ်ရဲရင်ကောင်းတာ လုပ်တာ ဘာမလုပ်ရဲစရာရှိသလဲ? ? ) စိတ်ကဖြတ်လို့ပြတ်တာမဟုတ်ဘူး။တရားကဖြတ်မှပြတ်တာ။တရားရှိအောင်အားထုတ်ကြ။တရားရှိတော့တရားကပဲဖြတ်ပေးတယ်။လောကီ.တ.စ်ဘ၀စာတစ်နပ်စာ။လောကုတ္တရာချမ်းသာကမှတစ်သံသရာလုံးအေးတာ။တစ်ဘ၀တစ်နပ်စာမလုပ်နဲ့။တစ်သံသရာစာလုပ်ကြ။မဟုတ်လည်းသည်းခံ၊ဟုတ်လည်းသည်းခံရမှာပဲ။ခံရမည့်အတူတူတော့အခုကတည်းက ခံလိုက်တော့ သံသရာ ပြတ်တာပေါ့။ ပထမတော့ တရားကို လူက ဦးဆောင်တယ်။ နောက်တော့ တရားက လူကို ဦးဆောင်တယ်။အဲဒီအချိန် လူက တရားနောက်ကို လိုက်ဖို့လိုတယ်။

မိုးကုတ်ဆရာတော်ဘုရားကြီး အမြုတေ (၄)

ဒီဘလော့ကို ဖေဖော်ဝါရီ 20, 2013 တွင်5:30pm —ရေးသားခဲ့ပါသည်။ 0 Comments

တရားထိုင်တဲ့အခါမှတင်မဟုတ်ဘဲ တရားအချိန်တွေမှာလည်း ကိုယ်လုပ်နေတဲ့အလုပ်တိုင်းကို သတိကပ်နိုင်မယ်ဆိုရင် စိတ်ဟာ တည်ငြိမ်မှု ရလာနိုင်တယ်.. ဘယ်နေရာကိုပဲကြည့်ကြည့် ပြောင်းလဲခြင်းအနိစ္စသဘောတရားရှိတယ်လို့ လက်ခံပြီး ကိုယ်မြင်သမျှကို လက္ခဏာရေးသုံးပါးပေါ်တင်ကြည့်နိုင်ရင်အကောင်းဆုံးပဲ၊ဒါဟာဗုဒ္ဓဟောတော်မူတဲ့လောကသဘာဝဖြစ်စဉ်တွေပဲဖြစ်တယ်... အဲဒီခန္ဒာကိုယ်ရဲ့ ဖြစ်မှု/ပျက်မှုတွေပါလားလို့ .. ငါဆိုတဲ့ နာမပညတ်ကို ဖျောက်ရှုရမယ်၊ ပြီးတော့ တရားထိုင်ရင်း ခန္ဒာကိုယ်မြောက်တက်သလိုလို.. လေထဲလွင့်သလိုလို.. ကိုယ်ရောင်ကိုယ်ဝါတွေ ထွက်သလိုလို ခံစားရတတ်တယ်.. တချို့ တကယ်ပဲ ကိုယ်ရောင်ကိုယ်ဝါ ထွက်တာတွေရှိမယ်၊ ဒါဟာ အာရုံနိမိတ်တွေပဲ.. အဲဒီပေါ်မှာသာယာမိသွားရင် တကယ့်တရားစစ် တရားမှန်ဆီရောက်ဖို့ မလွယ်ဘူး တချို့က အဲဒီနိမိတ်အာရုံတွေကို မဂ်,ဖိုလ်လို့ အယူမှားကြတာမျိုးလည်းရှိတယ်. တကယ်တော့ ဒီိလမ်းရှောက်ရင် ဒါတွေမြင်ကိုမြင်ရမယ် ဝေဒနာကို ငါနှင့်မခံစာပဲ ဆင်းရဲအဆုံးမြင်အောင်ရူနိုင်ရမယ် ၊။ကိုကြိုးစာသလောက် ခရီးေ၇ာက်မယ် ၊၊

မိုးကုတ်ဆရာတော်ဘုရားကြီး အမြုတေ (၃)

ဒီဘလော့ကို ဖေဖော်ဝါရီ 18, 2013 တွင်10:44am —ရေးသားခဲ့ပါသည်။ 1 Comment

ဝိပဿနာ မရှုရင် ဝေဒနာ သုံးပါး ငါလုပ်နေတာပဲ … ၀ိပဿနာ ရှုလိုက်တော့ ဘယ်ဝေဒနာ ကြည့်လိုက် ကြည့်လိုက် ဖြစ်ပြီး ပျက်သွားတာပဲ … သုခကို ကြည့်လိုက်ပြန်လဲ … (ဖြစ်ပြီး ပျက်သွားပါတယ်)။ ဒုက္ခကို ကြည့်လိုက်ပြန်လည်း …. (ဖြစ်ပြီး ပျက်သွားပါတယ်)။ ဥပက္ခော ကြည့်လိုက်ပြန်လဲ … (ဖြစ်ပြီး ပျက်သွားပါတယ်) ခုနင်က ရှုတဲ့ ၀ိပဿနာက ဒိဋ္ဌိ သတ်ပစ်လိုက်တယ် … ရှုတဲ့ ၀ိပဿနာက … (ဒိဋ္ဌိသတ်ပါတယ်) ဒိဋ္ဌိ သတ်ပစ်လိုက်တာနဲ့ပဲ .. ဖြစ်ပြီး ပျက်တဲ့ ဓမ္မတွေ အစုပါလား … ဖြစ်ပြီး ပျက်တဲ့ ဓမ္မတွေ အစုပါလားလို့ ဆိုပြီး ၊ ဒီဉာဏ်က ဖြစ်ပြီးပျက်တဲ့ ဓမ္မတွေပဲ မြင်နေတော့ ယောက်ျားလည်းမတွေ့၊ မိန်းမလည်း မတွေ့၊ ငါလည်းမတွေ့၊ သူလည်းမတွေ့ ဖြစ်ပျက်မှုတွေသာ တွေ့နေတော့မှ … ၀ိပဿနာဉာဏ်သည် ဒိဋ္ဌိသတ်နေတာပါကလားဆိုတာ ပေါ်လာတယ် … ကိုယ့်အမြင် ကို ခန္ဓာကိုယ်ထဲ ကြည့်လိုက် ၊ ဒိဋ္ဌိသတ်နေတာဆိုတာ သေချာပါပြီ … အဲဒီတော့ ဒိဋ္ဌိသတ် ဒိဋ္ဌိသတ် ဆိုတဲ့ ဥစ္စာသည် ကိုယ့်အမြင် ကိုယ့်ဉာဏ်ထဲက သတ်ရမှာ … ဒါကြောင့် တကယ်ဖြစ်ပျက်တဲ့ ရုပ်နာမ်ကို မရှုပါဘဲနဲ့ ဖြစ်ပျက်ဖြစ်ပျက်ဆိုနေရုံမျှဖြင့် တကယ်အဖြစ် အပျက်ကို သိတဲ့ ၀ိပဿနာဥာဏ်အစစ် မဖြစ်ဘူး ၊ ဖြစ်ဆဲရုပ်နာမ်ကို ရှုမှတ်ပြီး တကယ် ဖြစ်ပျက် သွားပုံကို တွေ့ပါမှ တကယ်အဖြစ်အပျက်ကို သိတဲ့ ၀ိပဿနာဥာဏ် အစစ် ဖြစ်မယ် ၊ကြိုးစားသလောက် ခရီးရောက်မယ် ၊

မိုးကုတ်ဆရာတော်ဘုရားကြီး အမြုတေ (၂)

ဒီဘလော့ကို ဖေဖော်ဝါရီ 10, 2013 တွင်8:28pm —ရေးသားခဲ့ပါသည်။ 0 Comments

အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿာန်မရောက်ခင် မဂ္ဂင်အလုပ် မြန်မြန် လုပ်၊ သာသနာနဲ့ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေးတရား ပေါ်တယ်၊ ကိစ္စဟူသ၍သည် မဂ်တား ဖိုလ်တားလို့ မှတ်၊ အလကားနေသ၍ အအားနေသ၍ အမှားနေခြင်းသာလို့ မှတ်ပါ၊ ဆွေနှင့် မျိုးနှင့် ပစ္စည်းဥစ္စာတွေနှင့် မသိပြုံးပြုံးနေသလောက် သေခါနီးမှာမျက်ရည်ကျရပါလိမ့်မယ်၊ ကိုယ့်ကိုကိုယ် သနားရင် အိုဘေး၊ နာဘေး၊ သေဘေးတွေကို တားနိုင်တဲ့ကာလ၊ ဒီအဘိုးတန်လှတဲ့ ကာလလေး ခန္ဓာ မလိုချင်အောင် လုပ်၊ ကံကို ဥာဏ်ကဖြတ်မှ နိဗ္ဗာန်ရမှာ၊ ဥာဏ်မပါရင် ကံက ချယ်လှယ်သွားလိမ့်မယ်၊ နိဗ္ဗာန်သည် ကံ၏အကျိုးမဟုတ်၊ ဥာဏ်၏အကျိုးဖြစ်တယ် ၊လုပ်ရင်ရမှာပါ ၊တကယ်မလုပ်သေးလို တကယ်မရသေးတာ ၊ ၊ မိုးကုတ်အမြူတေ ၊။

မိုးကုတ်ဆရာတော်ဘုရားကြီး အမြုတေ (၁)

ဒီဘလော့ကို ဖေဖော်ဝါရီ 7, 2013 တွင်8:16pm —ရေးသားခဲ့ပါသည်။ 1 Comment

ကိုယ့်ခန္ဓာကို ဉာဏ်စိုက်ကြည့်လိုက်ရင် ဝေဒနာပေါ်လဲ ဖောက်ပြန်သွားတာပဲ၊ ပျက်စီးသွားတာပဲ၊ ဝေဒနာရှုလိုက်တော့ ဝေဒနာလေးက ဖြစ်လိုက်ပျက်လိုက်နဲ့ သူ့သဘောသူ စွန့်စွန့်သွားတယ်၊ သုခဝေဒနာကလဲ သုခဝေဒနာသဘောစွန့်တယ်။ ဒုက္ခဝေဒနာကလဲ ဒုက္ခဝေဒနာသဘောစွန့်တယ်။ ဥပေက္ခဝေဒနာကလဲဥပေက္ခဝေဒနာသဘောစွန့်တယ်၊လောဘစိတ်ကလဲလောဘသဘောစွန့်တယ် စွန့်ပြီး အနိစ္စ သဘောချည်း ဖြစ်ပြီးပျက်တာချည်းပြတယ်၊ ဒီလိုမြင်အောင်ကြည့်ပြီး ဒုက္ခသစ္စာပါလား၊ ဖောက်ပြန်ပျက်စီးသွားတာမှ တစ်ပိုင်းတစ်စတောင်မကျန်တော့ပါလား လို့ ရှေးဦးစွာ ဟုတ်တိုင်းမှန်စွာမြင်ရမယ်၊ မြင်ပြီးတော့ မိမိခန္ဓာကြီး သည် ဖောက်ပြန်ပျက်စီးမှ တစ်ပါး ဘာမှမရှိ၊ တကယ့်ကို ရွံစရာ မုန်းစရာခန္ဓာကြီးပါလားလို့ ဉာဏ်တက်လာမယ်၊ ဉာဏ်တက်ပြီးနောက် ရွံစရာမုန်းစရာခန္ဓာကြီးတော့ သိမ်းမှတော်မယ်၊ သိမ်းမှအေးမယ်၊ ရချင်စရာတစ်ကွက်မှမရှိဘူးဆိုတဲ့ ဉာဏ်တက်လာလိမ့်မယ်၊၀ိပဿနာဆိုတာ ခန္ဓာ မလိုချင်အောင် လုပ်တာပါ ၊ ခန္ဓာနဲ့ ငါနဲ့ မရောပါနဲ့ ၊ တဏှာကို အဖော်မလုပ်နဲ့၊ ဒုက္ခသစ္စာကို ပိုင်းခြားသိတာလဲ မဂ်ပဲ၊ သမုဒယသစ္စာ သတ်တာလဲ မဂ်ပဲ၊ နိရောဓ သစ္စာ ရောက်အောင်လဲ မဂ်ပဲ၊ ဒါကြောင့် ၊ လောင်စာသိမ်းပြီး မီးငြိမ်းတဲ့ အလုပ်သည် မဂ္ဂင် အလုပ်ပဲ၊ လောင်စာသိမ်းပြီး မီးငြိမ်းတာသည် နိဗ္ဗာန်၊ကျြိးစာခြင် သည် အောင်မြင်ခြင်လမ်စဖြစ်သည် ၊လုပ်ရင်ဖြစ်တယ် ။။

Comment Wall (12 comments)

You need to be a member of ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ to add comments!

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

9:51pm အချိန်အောက်တိုဘာ 18, 2015, တွင်phyuthi မှတ်ချက်ရေးသွားပါသည်။

ယနေ့မှာကျရောက်သော ဓမ္မမိတ်ဆွေ၏ မွေးနေ့ရက်မြတ်မှသည်

ကောင်းမွန်သော လိုအင်ဆန္ဒများ အားလုံးပြည့်စုံပြီး

လိုချင်သော ပန်းတိုင်ကို အရောက်လျှောက်လှမ်းနိုင်ပါစေလို့

ဗုဒ္ဓကမ္ဘာ မိသားစုမှ မွေးနေ့ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။

မွေးနေ့လက်ဆောင်တရားတော် - https://app.box.com/s/u6f9i3bcoz3po1exh6dpf8wr0io356ts

12:55am အချိန်စက်တင်ဘာ 19, 2013, တွင်ကိုကျော်သန်း မှတ်ချက်ရေးသွားပါသည်။
ဓမ္မမိတ်ဆွေ မပေါ့လေနှဲ စားပြီးအိမ်နေ အိမ်ပြီးပြန်ထ မပြည်ဝမ်းစာ နေတိုင်းရှာသည်
အလယ်တစ်ခေါက် လူပြည်လူရွာ လူနေရာ ကိုရောက်ခဲ့တယ် ဥာဏ်မျှက်နှင်ကွင်း အလင်းမရ
အကန်းသွာနင့် အကန်းရှာ အကန်းသံသာရာ ချဲခဲ့တယ်
မိုက်ကန်းမျှက်စီ ဥာဏ်မရှိ ပေါသွတ်ချိန်ကုန်း အသုံးမကျနှောင်ကာလ ပါယ်လေဝမှာဆင်းရဲမှာ !!

သတိ ဝရိယ ပညာ ပေါင်သင်းပါ အရူံး မရှိ မြက်ကဝိ သိုမဟုတ်က ဘလာလူမိုက် ဒုစရိုက်ကို ပေါင်သင်းငြား
အနစ်မရှိ မိုက်ကန်းမီ၍ ဆင်းကန်းတော်တိုး အမျိုးမမှန် အဖိုးလည်းမတန် ဘလာချာလူမိုက် ဖြစ်ရ၏ !!

မမြင်မကန်း တဇောက်ကန်းမီု့  အချိန်တန်းရင် အာသဝကိုပြန်ရတယ် ပေါ့ရောချိန်ကုန် မောဟဖုန်းလို
သတိတရားပြောက်၍ ဆင်းရဲသက် အခက်ဝေကာ အသက်ရှည်ရှည် နေရမယ် !!

ဓမ္မမိတ်ဆွေ ပေါ့ရော၍မနေကြပါနဲ့  အချိန်မှန်သမျှ တန်ဖိုးရှိရှိ အသုံးချစမ်းပါ မဟုတ်မတရားလုပ်မသွားနဲ့ 
အချိန်တန်က အတိုး အရင်း အမြက် ပါမကျန် ပြန်ရမယ် ခံရမယ် မမေ့ပါနဲ ချစ်မိတ်ဆွေ !!

အများနင့်ယှဉ်ကာပြောရရင် တစ်ရောက်နင့် တစ်ရောက် မေတ္တာရှိတာ ကောင်းတာပေါ့ သိုသော်လည်းပဲ
ရွံရုပ်ရွေထင်ဖြစ်ခဲရင်တော့ မူလအတိုင် မြေကြီးဖြစ်ချိန်ငိးုရမယ် အမှန်တရား မမေ့ပါနဲ ချစ်မိတ်ဆွေ !!!

အားဓမ္မကိုမချစ်ပါနဲ့ သဘာဝက လက်ပိုက်ကြည်နေမှာမဟုတ်ဘူး သူတစ်ပါးရဲ့  အားနည်းမူ့  ယုံကြည်မူ့ 
အခွင့်ကောင်းယူပြီး တစ်ဘက်သား နိုင်ယူခဲ့ရင် သင်လည်းတစ်ချိန်မှာ ပြန်ပေးစပ်ရမယ် ချစ်မိတ်ဆွေ !!
5:18pm အချိန်စက်တင်ဘာ 6, 2013, တွင်ကိုကျော်သန်း မှတ်ချက်ရေးသွားပါသည်။

အ၊ထူး၊ပ၊အ၊အ၊ဓိ၊ဓိ၊ရ ဖြစ်က မဂ်ရမှန်။အဆိုတာအစဉ်မဆိုင်းဥာဏ်တိုင်းသိမြင်တဲ့ နောက်တခုကထူးထူးခြားဖြစ်ပျက်၊ သွက်လက်လျင်မြန် ပက ပစ္စ၀က်နှင့်ဖြစ်ပျက်ပြန်မြင်အက အလွန်ထူး ကြည်နူးစိတ်ဖြစ်အင်တဲ့ အက အဖန်ဖန်ထ ခနဖိုလ်ဝင်ဓိ - ဓိဋ္ဌါန်မပျက်ရောက်ချက်မြန်လျင်ဓိ - ဓိဋ္ဌါန်တည်ထား ကြာငြားဖိုလ်ခွင်ရ -???

12:54am အချိန်စက်တင်ဘာ 6, 2013, တွင်ကိုကျော်သန်း မှတ်ချက်ရေးသွားပါသည်။

၁။ နာမရူပ ပရိစ္ဆေဒဥာဏ် = ဤကား နာမ် ၊ ဤကား ရုပ်ဟု ခွဲခြားသိသောဥာဏ်။
၂။ ပစ္စယပရိဂ္ဂဟဥာဏ် = နာမ် ဖြစ်ပေါ်ခြင်း အကြောင်း တရား ၊ ရုပ် ဖြစ်ပေါ်ခြင်း အကြောင်း တရားတို့ကို သိမ်းကျူံးစုစည်း သိမြင်နိုင်သောဥာဏ်။
၃။ သမ္မသနဥာဏ် = ရုပ်သဘော နာမ်သဘောတို့ကို လေ့လာသုံးသပ်သောဥာဏ်။
၎။ ဥဒယဗ္ဗဥာဏ် = ရုပ်နာမ် အဖြစ်အပျက်တို့ကို သိမြင်သောဥာဏ်။
၅။ ဘင်္ဂဥာဏ် = ရုပ် ၊ နာမ်တို့၏ (အဖြစ်ကို မမီလိုက်ဘဲ) အပျက်ကိုသာ မီလိုက်သိမြင်လိုက်သော ဥာဏ်။
၆။ ဘယဥာဏ် = ရုပ်နာမ်နှစ်ပါးတို့၏ အဖြစ်အပျက်ကို ဘေး ဟူ၍ ရှုမြင်သောဥာဏ်။
၇။ အာဒီန၀ဥာဏ် = ထိုဘေးကို အဖြစ် ဟူ၍ ရှုမြင်သောဥာဏ်။
၈။ နိဗ္ဗိန္ဒဥာဏ် = ရုပ်နာမ်နှစ်ပါးတို့၏ အဖြစ်အပျက်တွေအပေါ် ငြီးငွေ့လာသော ဥာဏ် ၊ မလိုချင် မတွယ်တာ ဖြစ်လာသော ဥာဏ်။ မုန်းလာသောဥာဏ်။
၉။ မုစ္စိတုကမျတာဥာဏ် = ဖြစ်ပျက် ဒုက္ခသစ္စာကြီးမှ လွတ်မြောက်လိုသောဥာဏ်။
၁၀။ ပဋိသင်္ခါဥာဏ် = ထိုဒုက္ခတို့မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို ဆင်ခြင်သောဥာဏ်။
၁၁။ သင်္ခါရုပေက္ခာဥာဏ် = သင်္ခါရတရားတွေချည်း (အဖြစ်အပျက်တွေချည်း) ရှုမြင်နေသောဥာဏ်။
၁၂။ အနုလောမဥာဏ် = မဂ် ဖိုလ် နိဗ္ဗာန်အား ရဖို့ အလျော်ဖြစ်သောဥာဏ်။
၁၃။ ဂေါတြဘူဥာဏ် = ပုထုဇဉ် အနွယ်ကိုဖြတ်၍ အရိယာအနွယ်ကို ဖြစ်စေတက်သောဥာဏ်။
၁၄။ မဂ်ဥာဏ် = နိဗ္ဗာန်ကို မြင်သောဥာဏ်။
၁၅။ ဖိုလ်ဥာဏ် = နိဗ္ဗာန်ကိုပင် မြင်သောဥာဏ်။
၁၆။ ပစ္စဝေက္ခဏာဥာဏ် = ရခဲ့ပြီး တရားတို့ကို ပြန်လည်ဆင်ခြင်သောဥာဏ်။
ဟူ၍ ဥာဏ်စဉ် (၁၆)ပါးရှိ၏ ။ လောကီ – လောကုတ္တရာ ရောနေ၏

7:39pm အချိန်သြဂုတ် 30, 2013, တွင်ကလေးတို.ဆရာမ မှတ်ချက်ရေးသွားပါသည်။

မင်္ဂလာပါ“ကိုကျော်သန်း“
ဒုတိယအကြိမ်မေးထားတဲ့မေးခွန်းကိုကြည့်တာနဲ. “ကိုကျော်သန်း“မှာ တရားထူးတွေရရှိနေပြီဆိုတာကို လေ့လာသိမြင်နိုင်ပါတယ်။
ဒီလို (သမာဓိအားကောင်းကောင်း)နဲ.ပဲ ဆက်လက် ရှုမှတ်ပါ -
ကျင့်ကြံ အားထုတ်ပါ - အခြား ဘာကိုမျှ မစဉ်းစားပါနဲ. -
တရားကိုပဲ အစဉ်အတိုင်း တွေ.သိလာပါလိမ့်မယ် - ဝင်းဝါ- လင်းလက်တာတွေမြင်လည်း
“ဖြစ်ပျက်သဘော“ ကိုပဲ နှလုံးသွင်း ရှု မှတ်ပါ - စွဲလမ်း တပ်မက်တဲ့ အာရုံတ်ေကို မထားပါနဲ.-
“ကိုကျော်သန်း“ အနေနဲ. အောင်မြင်မှု ပန်းတိုင်ကို လှမ်းမြင်နေရပါပြီ -
တရားစစ်များရှာဖွေတွေ.ရှိကာ ထာဝရ ရွှင်လန်းချမ်းမြေ့ပါစေ

3:03pm အချိန်သြဂုတ် 29, 2013, တွင်ကလေးတို.ဆရာမ မှတ်ချက်ရေးသွားပါသည်။

မင်္ဂလာပါ “ကိုကျော်သန်း“ ကျမ ရန်ကန်ုရောက်နေတဲ့အချိန်မို.
ကငျမ အမျိုးသား(မောင်သုည) က ဖြေထားပေးတာပါ-
ကျေနပ်လိမ့်မယ်လို.လည်းမျှော်လင့်ပါတယ်-
နောက်လည်း ဒီလိုပဲ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်-
ဓမ္မမိတ်ဆွေတွေမို. အားမနာစတမ်းမေးမြန်း ဆွေးနွေးနိုင်ပါတယ်-
အစဉ်ထာဝရ ရွှင်လန်းချမ်းမြေ့ပါစေ

1:10pm အချိန်မေ 14, 2013, တွင်ကိုကျော်သန်း မှတ်ချက်ရေးသွားပါသည်။

*** တချိန်က မျော်လင့်မိသော လှသစ္စာတရား ** တချိန်က မိုးတွေ ရွာခဲတယ် သဲသဲမည်မည်ပါပဲ မှီတော့ မ မှီလိုက်ပါဘူး ဒါပေမဲ့ ရေတွေဟာ အခုချိန်ထိ မခန်ခြောက်သေး မိုးရေတွေဖွေးဖွေးမှာ ကြည်လင် သန့်ရှင်းသော အလှသစ္စာ တရားရေကို တစ်ဝတစ်ပြဲ သောက်သုံးချိုး ယူခဲ့တယ် အာပါးတရ ၀အောင်သောက်ခဲတယ် ဒီလိုမိုးကို မျော်ခဲ့ရတဲ ဘ၀ပေါင်ကမနည်းလှ ဒီလိုမိုးကို ဆောင့်ခဲ့ရတဲ ဘ၀တွေများခဲ့ တယ် တောင်တခဲရတဲ အချိန်တွေ မရေမတွက်နိုင်ခဲ ခုအချိန်မှာ တော့ ဆောက်ရကြိုးနပ်ပြီ။

3:38pm အချိနှ်ဧပြီ 17, 2013, တွင်လင်းကိုကို မှတ်ချက်ရေးသွားပါသည်။

လောကီ ထဲမှာ အသိမှန် ရှာ
အသိမှန် ထဲမှာ သတိမှန် ရှာ
သတိမှန် ထဲမှာ ဥာဏ်အစစ် ရှာ

ဥာဏ်အစစ် နဲ့မှ အကျင့်မှန် ရှာ
အကျင့်မှန် နဲ့မှ အကျိုးအကြောင်း ရှာ
အကျိုးအကြောင်း နဲ့မှ နာမ်ရုပ် ရှာ
နာမ်ရုပ် နဲ့မှ ဓါတ်သဘော ရှာ
ဓါတ်သဘော နဲ့မှ ဖြစ်ခြင်းပျက်ခြင်း ရှာ
ဖြစ်ခြင်းပျက်ခြင်း နဲ့မှ ဥပါဒ်ဌီဘင် ရှာ
ဥပါဒ်ဌီဘင် နဲ့မှ အနိစ္စဒုက္ခအနတ္တ ရှာ
အနိစ္စဒုက္ခအနတ္တ နဲ့မှ မမြဲတာ ရှာ
မမြဲတာ နဲ့မှ သံဝေဂ ရှာ
သံဝေဂ နဲ့မှ မြဲတာ ရှာ

3:49pm အချိန်ဒီဇင်ဘာ 27, 2012, တွင်အရှင်ပဏ္ဍိတ(ဒေါင်းဖြူ) မှတ်ချက်ရေးသွားပါသည်။

12:57am အချိန်ဒီဇင်ဘာ 21, 2012, တွင်zawmintun မှတ်ချက်ရေးသွားပါသည်။

ကျေးဇှုးတင်ပါတယ် အကို

6:32pm အချိန်နိုဝင်ဘာ 26, 2012, တွင်လှိုင်ကျော်ထွေး မှတ်ချက်ရေးသွားပါသည်။
မင်္ဂလာပါခင်ဗျာ။ ဗုဒ္ဓကမ္ဘာမှနွေးထွေးစွာ
ကြွရောက်လာကြတဲ့ ဓမ္မမိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း၊
ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။

အကြောင်းကြောင်းကြောင့် ကြိုတာနောက်ကျခဲ့သည်ရှိသော် နားလည်ပေးရန်အနူးအညွတ် တောင်းပန်အပ်ပါတယ်။


မိမိမေလ်းထဲမှ သူငယ်ချင်းများကို

ဖိတ်ခေါ်ရန်


ကိုကလစ်၍ဖိတ်ခေါ်နိုင်ပါတယ်

ဘုရားရှိခိုးရန်နေရာဌာနဗုဒ္ဓဘာသာစာကြည့်တိုက်

ဗုဒ္ဓဘာသာအမျိုးသားများအဖွဲ့ဗုဒ္ဓဘာသာအမျိုးသမီးများအဖွဲ့

မေတ္တာပို့ရန်နေရာ
နှင့် (ဗုဒ္ဓကမ္ဘာသာသနာပရဟိတအဖွဲ့ )


တို့ကိုလည်းသွားရောက်နိုင်ပါတယ်ခင်ဗျာ။

ပယ်ဖျက်မည်။

8:11pm အချိန်နိုဝင်ဘာ 24, 2012, တွင်ဇော်ထက်မောင် မှတ်ချက်ရေးသွားပါသည်။
မင်္ဂလာပါခင်ဗျာ။ ဗုဒ္ဓကမ္ဘာမှနွေးထွေးစွာ
ကြွရောက်လာကြတဲ့ ဓမ္မမိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း၊
ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။
အကြောင်းကြောင်းကြောင့် ကြိုတာနောက်ကျခဲ့သည်ရှိသော် နားလည်ပေးရန်အနူးအညွတ် တောင်းပန်အပ်ပါတယ်။

မိမိမေလ်းထဲမှ သူငယ်ချင်းများကို
ဖိတ်ခေါ်ရန်

ကိုကလစ်၍ဖိတ်ခေါ်နိုင်ပါတယ်
ဘုရား
ရှိခိုးရန်နေရာဌာန
ဗုဒ္ဓဘာသာစာကြည့်တိုက်
ဗုဒ္ဓဘာသာအမျိုးသားများအဖွဲ့ဗုဒ္ဓဘာသာအမျိုးသမီးများအဖွဲ့
မေတ္တာပို့ရန်နေရာ
နှင့် (ဗုဒ္ဓကမ္ဘာသာသနာပရဟိတအဖွဲ့ )

တို့ကိုလည်းသွားရောက်နိုင်ပါတယ်ခင်ဗျာ။
 
 
 

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................

 

 

anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

အဖွဲဝင်များ

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

thein wai သည် ဘလော့တင်သွားပါသည်။
Jun 2
ညီထွေး သည်အရှင်ဝိမလဝံသ's ၏ '“သတိထားဆင်ခြင်ဖွယ် မပေးလှူကောင်းသော အလှူ(၁၀)မျိုး”' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 28
ညီထွေး သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 28
နှင်းဖြူ သည်ဦးထွန်းလင်းဦး's ၏ 'ဝိပဿနာဖြင့်​ မရဏလမ်းကို ​ကျော်​ဖြတ်​ခြင်း' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
နှင်းဖြူ သည်သူရ​အောင်​'s ၏ 'ဝိရိယ၏ အရည်​​သွေ​လေးမျိုး' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
နှင်းဖြူ သည်သူရ​အောင်​'s ၏ 'ဝိရိယ၏ အရည်​​သွေ​လေးမျိုး' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
နှင်းဖြူ သည်phyuthi's ၏ 'ဗုဒ္ဓကမ္ဘာသာသနာဟိအသင်း (၁၇) ကြိမ်မြောက်အလှူပွဲ @@@@@@@@@@@@@@@@@@@ အတွက် အသိပေးနိုးဆော်ခြင်း @@@@@@@@@@@' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
OHNMAR သည် Thein Naing Ohn's၏ '၀ိဝေကသုံးပါး နှင့် ပပဉ္စတရား'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"ကျေးဇူးပါနော်"
မေ 22
အရှင်ပညာသိရီ သည်သူရ​အောင်​'s ၏ 'ဝိရိယ၏ အရည်​​သွေ​လေးမျိုး' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 4
အရှင်ပညာသိရီ သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 4
အရှင်ပညာသိရီ သည်profileကိုပြုပြင်သွားသည်။
မေ 4
Profile Iconkyaw wunna tun and Daw Yee Yee Swe joined ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺
Apr 29

© 2017   Created by A BuddhismworldAdmin.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...