☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺သည်( ၂၀၁၁ )ခုနှစ်ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါသည်။

 

 

☺☺☺ဗုဒ္ဓကမ္ဘာသာသနာပရဟိတအသင်း☺☺☺

ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်တို့ (Buddhismworld's Admins) မှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

သမီးနာမည်က စိုးစိုးတင်မြင့်ပါ .....ဝိပဿနာအလုပ်ကိုအရမ်းစိတ်ဝင်စားလို့ပါ ....ဒါပေမဲ့ ကိုယ်တိုင်သေချာနားမလည်သလိုဖြစ်နေလို့ပါရှင် .....ဝိပဿနာတရားတွေကိုတော့ နာဖြစ်ပါတယ် ....တရားစခန်းလဲ တခါမှမဝင်ဖူးပါဘူးရှင် ...ပြောရမယ်ဆိုရင်တော့ မိရိုးဖလာဗုဒ္ဓဘာသာပေါ့ရှင် .....ဘိုးစဉ်ဘောင်ဆက်က ကိုးကွယ်လာလို့ ဗုဒ္ဓဘာသာလို့ပြောနေရတာပါ ....တကယ်ဆို ဒိဌိတွေကိုလက်ကိုင်ထားပီး ဘုရားရှိခိုးနေတာပေါ့ ....မိဘတွေကိုယ်တိုင်ကလဲ ဘုရားကိုလဲကိုးကွယ်တယ် ...နောက်ပီး ဘိုးဘိုးအောင် ဘိုးမင်းခေါင် အစ ရှိတဲ့ ပုဂ္ဂိုလ်တွေကိုလဲ ကိုးကွယ်နေတာပါဘဲ ....အရင်ကတော့ သမိးလဲမသိပါဘူး ....မိဘလုပ်တော့ ကိုယ်လဲလိုက်လုပ်တာဘဲ ......အခုလက်ရှိအချိန်မှာတော့ ဘုရားမှတပါးကိုးကွယ်ရာမရှိဆိုတာ သိပါပီ......သမီးအခုရှုနေတာကတော့ စိတ်မှာအချိန်တိုင်းစက္ကန့်တိုင်းဖြစ်ပေါ်လာနေတဲ့ အကြောင်းအရာ တွေးတောချက်တွေကို သတိလေးကပ်ပီးကြည့်နေတာပါ ....အကုန်လုံးကိုတော့ လိုက်မမှတ်နိုင်ဘူးပေါ့ ...မှတ်နိုင်သလောက်တော့ မှတ်ပါတယ်....အဲလိုမှတ်ရာမှာ အရာတခုကိုတွေးတောမိပီဆိုရင် ဒီအရာကိုတွေးနေပါလားလို့ မှတ်တာပါ စိတ်က အဲဒီအရာတခုပေါ်မှာဘဲနေတာမဟုတ်ဘူးလေ...တခုကိုတွေးပီးတာနဲ့နောက်တခုဆီကို ကူးသွားတာဘဲ အဲဒီလို ကူးသွာတာကို အော်...စိတ်ကလေးက ဒီတခုပေါ်ကနေ အခြားတခုပေါ်ကို ကူးသွားတယ်လို့မှတ်လိုက်တာပါ .....သမီးမေးချင်တာက အဲလိုမှတ်နေတာလေးကို ဝိပဿနာအစစ်လို့ သတ်မှတ်လို့ရပီလားရှင် ... .........ကျေးဇူးတင်ပါတယ်ရှင် ....

ကြည့်နှုန်း= 236

Attachments:

ပြန်လည်ဆွေးနွေးချက်များ....(ရိုင်းစိုင်းသောဆွေးနွေးမှုများကိုသီးခံပေးပါရန်)

အဲတာတွေမှန်ပါတယ် အဲတာရှေစီတ်ဖြစ်ပျက် နောက်စီတ်မက်ပေါ့ အဲလိုရူတာမျာများဖြစ်မှ မမြဲဘူးဆိုတာ ကိုတိုင်းဆုံးဖြတ်ချက်ချပါလိတ်မယ် ဆင်းရတာတွေ
ကိုမုန်းအောင် ဆုံ့းအောင်ကြည်ပေးနိုင်မှ ၀ိပသနာ မှန်းမှာဖြစ်ပါတယ် ဆင်းရဲတာတွေဆုံးသွာရင် ချမ်းသာမယ်။ လုပ်ရင်ဖြစ်တယ် မရမနေကြိုးစားပေါ့ ။ငါ မပါစေနဲ ။။

ဟုတ်ကဲ့ပါရှင် ....အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင် .... ရှေ့ဆက် ထူးခြားတာတွေ နားမလည်တာလေးတွေ ရှိရင်လဲ အကူညီတောင်းပါအုံးမယ်ရှင် .......အခုလို ဓမ္မဒါန မျှဝေပေးတဲ့အတွက် နိဗ္ဗာန်ရဲ့ အထောက်အပံ့ဖြစ်ပါစေရှင်........

Attachments:

သတိကိုလက်ကိုင်ထားနိုင်အောင်ကြိုးစားနေပါတယ်.....လက်တွေ့လဲ လုပ်နေပါတယ် .....ဒါပေမဲ့ ၁၀၀ %တော့ မထိန်းနိုင်သေးပါဘူး ...အခုလို ထပ်မံသတိပေးလို့ ကျေးဇူးတင်ပါတယ်ရှင် ......

ဟုတ်ကဲ့ ....မှန်လိုက်တာ ...မတည်ငြိမ်တဲ့စိတ်နောက်ကို လိုက်နေတာ.. အဲလို လိုက်နေတာကို တ၇ားမှတ်တယ်လို့ထင်နေတာလေ...ကျေးဇူးတင်ပါတယ်ရှင်.......ကြိုးစားပီး သမာဓိ တည်အောင်အရင် လုပ်လိုက်ပါအုံးမယ်....

"တခုကိုတွေးပီးတာနဲ့နောက်တခုဆီကို ကူးသွားတာဘဲ အဲဒီလို ကူးသွာတာကို အော်...စိတ်ကလေးက
ဒီတခုပေါ်ကနေ အခြားတခုပေါ်ကို ကူးသွားတယ်လို့မှတ်လိုက်တာပါ "
- လို.ပြောလာတဲ့ သမီးလေး
"စိုးစိုးတင်မြင့်" ရေ -- ဆရာတော်ဘုရားကြီးများရဲ့ ဆုံးမထားတဲ့ တရားတော်များအရ ဆိုရင်တော့ -
အခု သမီးတွေးသလိုမျိုးတွေကို နည်းနည်းလေးပြောင်းလိုက်ရပါမယ်- တကယ်တော့ " ကူးသွား-ပြောင်း
သွားတာ"
မဟုတ်ပါဘူးတဲ့ - "တစ်ခုပျက်ပြီး နောက်တစ်ခုက ချက်ချင်းပေါ်လာတာပါ"
ဒါ့ကြောင့် "ကိုကျော်သန်း"ပြောသလိုပါပဲ "ရှေ.စိတ် ဖြစ်ပျက် - နောက်စိတ်မက်" ဆိုတာမှန်ပါတယ် -
တကယ်တာ့ " နာတယ် " ဆိုတဲ့ ခံစားချက် ဝေဒနာလေးကို " သိလိုက် -ကြည့်လိုက်" တာနဲ. အဲဒီ
ဝေဒနာလေးဟာ ချက်ခြင်း "ပျောက်ပျက်သွားမယ်" - အဲဒီအသိဟာ "မဂ်ဥာဏ်" ပါပဲ -
"မဂ်" တစ်ကြိမ်ရလိုက်တာပါပဲ။ "ဖြစ်-ပျက်=မဂ်" ဆိုတာပါပဲ ။
ခုနက အဲဒီ "နာနေတဲ့ဝေဒနာလေး ပျောက်ပျက်သွားတတာနဲ. တစ်ပြိုင်နက် အခြားတစ်နရာမှာဖြစ်ပေါ်လာတဲ့
ခံစားမှုတစ်ခုက ချက်ခြင်း အစားထိုးပေါ်ပေါက်လာစမြဲဖြစ်ပါတယ် " ဒါကို " ဖြစ်-ပျက်
" လို. မှတ်သားရမှာပါ။
အဲဒါ ဝိပဿနာ နည်းဖြစ်ပါတယ် ။ "ကူးသွားတယ်- ပြောင်းသွားတယ်" ဆိုတာ မဟုတ်ပါဘူးလို.
ဆရာတော်ကြီးများက ဟောကြားဆုံးမထားတာ နာကြားဖူးပါတယ် ။
ရွှင်လန်းချမ်းမြေ့ပါစေကွယ်

ဟုတ်ကဲ့ပါရှင် ....သမီးရဲ့ အယူအဆတွေက မှားနေသေးတာ အခုမှ သိတော့တယ်.....သမီးထင်တာက အချိန်ပြည့် တရားရှုမှတ်နေတဲ့ သူတော်စင်တွေမှ မဂ်ညဏ်ကိုရတယ်ထင်နေတာ ....အခုဆရာမပြောသလိုဆိုရင် မည်သူမဆို ဖြစ် - ပျက် မြင်အောင်ရှုနိုင်သူတိုင်း ဖြစ်-ပျက်မြင်တဲ့ တခဏတာအချိန်လေးကို မဂ်ညဏ်ရတယ်လို့ခေါ်နိုင်တာပေါ့နော်......ကျေးဇူးအထူးတင်ပါတယ်ရှင် ...ကျန်းမာခြင်းသုခနဲ့ပြည့်စုံပါစေရှင် ....._/\_...

ကျွန်တော့အနေနဲ့ ဗဟုသုတရှိသလောက်ဆွေးနွေးချင်ပါတယ်။ ၀ိပဿနာဥာဏ်ဆိုတာ နောက်မှပေါ်တဲ့ဥာဏ် ဖြစ်ပါတယ်။ ပထမဦးစွာ သမထဆိုတဲ့
စိတ်ကလေးငြိမ်အောင်အရင်လုပ်ရပါမယ်။ ကမ္မ၊ဌာန ဆိုတဲ့ တည်ရာစိတ်ကလေး(နှာသီးဖျား သို့မဟုတ် ၀မ်းဗိုက်)မှာ စူးစူးစိုက်စိုက်နဲ့ စိတ်ငြိမ်အောင်
အရင်ကြိုးစားရပါမယ်။ စိတ်ငြိမ်အောင်ကြိုးစားရာမှာလည်း မလွယ်လှပါဘူး။ ကိုယ်တိုင်လုပ်ကြည့်လို့သိတာပါ။ မစိုးစိုးအနေနဲ့ အခုပထမဆုံး စကျင့်တဲ့
အကျင့်က စိတ္တနုပဿနာ ဖြစ်နေပါတယ်။ သမထ အားကောင်းပြီး ဝေဒနာကျော်သွားမှ ကျင့်ရမယ့်အကျင့်ဖြစ်ပါတယ်။ စိတ်ဟာ မျက်စိတစ်မှိတ်အတွင်း
မှာ ကုဋေတစ်သိန်းဖြစ်ပျက်တယ်လို့ မြတ်စွာဘုရားဟောထားပါတယ်။ အဲဒီလောက်မြန်တဲ့စိတ်ကို သမာဓိအားမကောင်းဘဲနဲ့မှတ်လို့ မရနိုင်ပါဘူး။
ဒါကြောင့် ကိလေသာတွေထူပြောနေတဲ့စိတ်ကလွန်မြောက်အောင် သမာဓိကိုအရင်ထူထောင်ရပါမယ်။ မြန်မာပြည်မှာ အလုပ်ပေးတရားတွေ အများကြီး
ရှိပါတယ်။ ကြိုက်တဲ့နည်းနဲ့ကျင့်နိုင်ပါတယ်။ ဒါပေမယ့် ၀ိပဿနာတရားကို တကယ်ကြိုးစားပန်းစားအားထုတ်ဖို့ ဆုံးဖြတ်ချက်ချထားမယ်ဆိုရင်တော့
တွေးတောစိတ်တွေငြိမ်ဝပ်သွားအောင် တစ်နည်း တရားအားထုတ်စဉ်မှာ ဖြစ်ပေါ်လာတဲ့ နာကျင်ကိုက်ခဲမှုဝေဒနာတွေကို တဒင်္ဂအားဖြင့် ချုပ်သွားအောင် သီးခံပြီး အားထုတ်ရပါမယ်။ အဲဒီအဆင့်မှာတင် ဝေဒနာချုပ်ဖို့ ကျော်ဖို့ မလွယ်ကူတာတွေ့ရပါတယ်။ တရားတစ်ထိုင်တည်းမှာ ဝေဒနာချုပ်သွားရင်
တဒင်္ဂ အားဖြင့် ဝေဒနာကျော်သွားရင် စိတ်ကလေးဟာ ချမ်းသာပြီးငြိမ်နေပါတယ်။ အဲဒီအခါကျရင် ကမ္မဌာန်းဆရာရဲ့ ညွှန်ပြမှုနဲ့ အခု မစိုးစိုး မှတ်နေတဲ့
ကျင့်စဉ် စိတ္တ၀ိပဿနာ ကို မှတ်လို့ရမှာဖြစ်ပါတယ်။ ဆရာကောင်းရှိဖို့တော့လိုပါတယ်။ ဒီဘ၀မှာ သံသရာက လွန်မြောက်တဲ့လမ်းကိုလိုက်ချင်ရင်၊
အာရုံသင်္ခါရတရားတွေက လွန်မြောက်ပြီး ပရမတ္ထ နယ်ကို အရောက်သွားချင်ရင်၊ အပါယ်ဘေးကလွန်မြောက်ပြီး တစ်မဂ်တစ်ဖိုလ် ခရီးကိုသွားချင်ရင်
ဝိပဿနာ ဆရာကောင်းကို မှီပြီး တရားကျင့်ဖို့တိုက်တွန်းချင်ပါတယ်။ ရှေးရှေး ဆရာတော်ဘုရားကြီးများဖြစ်ကြတဲ့ လယ်တီဆရာတော်၊ မိုးကုတ် ဆရာတော်၊ ညောင်လွန့်တောရဆရာတော်၊ စွန်းလွန်းဆရာတော်၊ သဲအင်းဂူဆရာတော် အစရှိတဲ့ဆရာတော်ဘုရားကြီးများဟာ တစ်မဂ်တစ်ဖိုလ်ရဖို့
အတွက် တရားတစ်ခါထိုင်ရင် နာရီပေါင်းများစွာထိုင်ခဲ့ပါတယ်။ ဒီလိုထိုင်နိုင်ဖို့အတွက် အစပထမ ၁ နာရီခရီးကနေ ဇွဲနဘဲကြီးစွာနဲ့ နာရီပေါင်းများစွာ
ထိုင်ပြီးရှုမှ ကိလေသာစိတ်တွေကို အောင်နိုင်ပါတယ်။ ဆရာတော်ဘုရားကြီးများရဲ့ တရားကျင့်စဉ်စာအုပ်တွေရှိပါတယ်။ ရှာဖွေဖတ်ရှုစေလိုပါတယ်။
သံသရာမှ တစ်ကယ်လွန်မြောက်ချင်ရင်တော့ နေ့စဉ် ၁ နာရီလောက်နဲ့မလုံလောက်ပါဘူး။ ၂ နာရီမှစ၍ ကျင့်စေလိုပါတယ်။ သေချာတာတစ်ခုကတော့
တရားထိုင်ရင် ဝေဒနာချုပ်တယ်ဆိုတာရှိပါတယ်။ ဝေဒနာချုပ်နည်း ၃ နည်းရှိပါတယ်။ ပထမတစ်ခုက တဒင်္ဂအားဖြင့် တရားတစ်ထိုင်မှာ နာကျင်ကိုက်ခဲ
တဲ့ဝေဒနာတွေကို သီးခံပြီးအဆုံးမှာ ဝေဒနာချုပ်ပြီး စိတ်ကလေးငြိမ်သွားပါတယ်။ ဒါဟာ တဒင်္ဂအားဖြင့် ဝေဒနာချုပ်ခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက
ဝေဒနာ ခပ်ကြာကြာလေးချုပ်ပါတယ်။ တတိယတစ်ခုက သမုစ္ဆေဒ နည်းအားဖြင့် ဝေဒနာ အပြီးချုပ်သွားပါတယ်။ ဓာတ်လေးပါးဝေဒနာမှ အပြီးတိုင်
ချုပ်သွားပါတယ်။ တရားထိုင်စဉ် ခန္ဓာကိုယ်မှာ ဖောက်ပြန်နေတဲ့ နာကျင်ကိုက်ခဲတဲ့ ဓာတ်လေးပါးဝေဒနာကနေ လွန်မြောက်သွားပါတယ်။ စူဠသောတပန်
ပုဂ္ဂိုလ်များဟာ ဓာတ်လေးပါးဝေဒနာဖောက်ပြန်၍ရုပ်နာသော်လည်း စိတ်ကမနာတော့ပါ။ အပ္ပါယ်လေးပါးကျရောက်မယ့်ဘေးက လွတ်မြောက်သွားပါတယ်။ ဆရာသမားကောင်းနဲ့တွေ့ပြီး အပါယ်ဘေးမှ လွတ်မြောက်နိုင်ပါစေ။

မှန်ပါတယ်- ကိုစောထွေး ညွှန်ပြသွားတဲ့အတိုင်းသာ ဆက်လက် ကြိုးစားပါ -အမှန်ကန်ဆုံးနည်းလမ်းဖြစ်ပါတယ်။
“ကိလေသာတွေထူပြောနေတဲ့စိတ်ကလွန်မြောက်အောင် သမာဓိကိုအရင်ဆုံး ထူထောင်ရပါမယ်“ - ဆိုတာလည်း
အလွန်မှန်ကန်လှပါတယ်။ အိမ်မှာတော့ မိုးကုတ်ဆရာတော်ဘုရားကြီးမှအစ ရဟန်းဆရာတော် - လူဆရာများရဲ့
ဝိပဿနာ ဆိုင်ရာ စာအုပ်တွေ အတေိာများများရှိပါတယ်-နီးရင်တော့ ပေးဖတ်ပါတယ်- ပထမဆုး အဲဒီ စာအုပ်တွေ
မျာများဖတ်ပေးပါ။ တရားနာပေးပါ- နောက်မှ လက်တွေ. ကျင့်ကြံ ပွါးများ အားထုတ်သင့်ပါတယ်။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

ဗဟုသုတ များကြီး ရစေပါတယ် ဆွေးနွေး တင်ပြတဲ့ သူများအားလုံးလည်း အထူးကျေးဇူးတင်ပါတယ်

RSS

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................

 

 

anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

အဖွဲဝင်များ

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

မြူနှင်းမှုံ သည်thein wai's ၏ 'မိသားစု တစ်စုလုံး ငြိမ်းအေးလိုလျှင်။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မနေ့ကပြုလုပ်သွားပါသည်။
zaw moe liked zaw moe's discussion အတက်သိက ဖြေကြားပေးပါဘရား
Aug 10
kyaesinsan သည်thein wai's ၏ 'ဒေါက်တာအရှင်ဆေကိန္ဒ၏ ဘ၀လှအောင်ပြင်ချင်စိတ်။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Aug 8
Thet Thet Aung shared their blog post on Facebook
Jul 30
ဖိုးကံထူး သည် A BuddhismworldAdmin's ၏ 'ဗုဒ္ဓဘာသာအမေးအဖြေကဏ္ဍ' အဖွဲ့တွင်မှတ်ချက်ရေးခဲ့ပါသည်။
"Naynayအပြစ်​မဖြစ်​နိုင်​ပါဘူး ကျုယ်​ကတကယ်​​မေတ္တ္တ္တာထားနိုင်​ဖို့ပဲရှိတယ်​ယူနိုင်​ပါတယ်​…"
Jul 25
ဖိုးကံထူး joined A BuddhismworldAdmin's group
Thumbnail

ဗုဒ္ဓဘာသာအမေးအဖြေကဏ္ဍ

ဆရာတော်ဆန်နီနေမင်းနှင့်တကွသံဃာတော်များဖြေကြားပေးမည် ဖြစ်ပါသဖြင့် မိမိ…See More
Jul 25
ဖိုးကံထူး liked ဖိုးကံထူး's profile
Jul 25
ဖိုးကံထူး သည်thein wai's ၏ 'တစ်ယောက်တည်းငြိမ်းချမ်းအောင်နေနည်း။(ယောဆရာတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကိုဟောကြား)' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Jul 25
ဖိုးကံထူး သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Jul 24
ဖိုးကံထူး သည်hla moe 24ကို မှတ်ချက်ရေးခဲ့ပါသည်။
"မ​တွေ့တာကြာလို့ပိုလှလာတယ်​ဆရာမိုး"
Jul 24
ဖိုးကံထူး သည် thein wai's၏ 'ငါကိုယ်တိုင် သောတာပန် တည်ပြီလား။'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"​မောင်​သုည​ရေးထားတာဖတ်​ဖူးတယ်​ဒီဆိုက်​မှာတင်​ထားတယ်​ ​ကျေးဇူးပါထပ်​ပီးထတ်​ရတယ်​ဦးသိန်​​ဝေ"
Jul 24
ဖိုးကံထူး သည် phyuthi's၏ 'ဗုဒ္ဓကမ္ဘာသာသနာဟိအသင်း (၁၇) ကြိမ်မြောက်အလှူပွဲ @@@@@@@@@@@@@@@@@@@ အတွက် အသိပေးနိုးဆော်ခြင်း @@@@@@@@@@@'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"သာဓုပါခင်​ဖျ အလည်​မ​ရောက်​တာကြာလို့အ​ကောင့်​​တောင်​​မေ့​နေပီ…"
Jul 24

© 2017   Created by A BuddhismworldAdmin.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...