☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺သည်( ၂၀၁၁ )ခုနှစ်ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါသည်။

 

 

☺☺☺ဗုဒ္ဓကမ္ဘာသာသနာပရဟိတအသင်း☺☺☺

ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်တို့ (Buddhismworld's Admins) မှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

တရားအားထုတ်ဖူးသူများဆွေးနွေးကြရအောင်....

ဒီလိုဝိပဿနာအသိဆွေးနွေးတဲ့နေရာမှာ...... (စာရေးပြီးလှောင်ခြင်းသီးခံပေးပါ)

ကြည့်နှုန်း= 468

ပြန်လည်ဆွေးနွေးချက်များ....(ရိုင်းစိုင်းသောဆွေးနွေးမှုများကိုသီးခံပေးပါရန်)

ခင်ပွန်းကြီးဆယ်ပါးကိုမကန်တော့ ပဲထိုင်ဖြစ်တဲ့ နေ့ မှာ အရင်နေ့ တွေလိုမဟုတ်ပဲနဲနဲအခက်တွေ့ သလိုမျိုးဖြစ်တာကြုံဖူးသလားခင်ဗျာ...
အဲ့ ဒီလိုေ၇ာဖြစ်တတ်တဲ့ သဘောရှိလား လို့ ပါ.....။

ကျွန်တော့်အတွေ့အကြုံကိုပြောပါရစေ..ကျွန်တော်ကတော့ အနန္တော အနန္တ(၅)ပါးကိုပဲကန်တော့ပြီးထိုင်ဖြစ်ပါတယ်။ ငြိမ်တဲ့နေ့ငြိမ်တယ်။မငြိမ်တဲ့နေ့မငြိမ်ပါဘူး။သဒ္ဒါနဲ့ ၀ီရိယက အဓိကကျမယ်ထင်ပါတယ်။ သဒ္ဒါနဲ့ ၀ီရိယနည်းရင်အဆင်မပြေဘူး သဒ္ဒါနဲ့ ၀ီရိယများတဲ့နေ့တော့ စိတ်တည်ငြိမ်တယ်လို့ ထင်မိပါတယ်။ဖြစ်/ပျက်ကိုပိုပြီးမြင်မိပါတယ်။ ကျွန်တော်ပြောတဲ့ထဲမှာ အမှားများပါခဲ့ရင် ပြန်လည်ဆွေးနွေးပေးပါခင်ဗျာ။ အမှန်ကိုပြင်ပေးမယ့်မိတ်ဆွေကောင်းတွေကိုလိုချင်ပါတယ်ခင်ဗျာ။

သီလ သမာဓိ ပညာ ဆိုတဲ့လမ်းကနေ သွားရမယ်တဲ့ဘုရားဟောထားခဲ့တာပါ ဒီစကားလေးကတော်တော်ကိုလေးနက်ပါတယ်
သီလ လုံအောင်စောင့်ထိန်းရင်းနဲ့ သမာဓိကိုကောင်းစွာ ထူထောင်ရပါမယ် နောက်တော့ပညာစခန်းကိုရောက်ရင် ဆက်လက်ပွားများအားထုတ်ရင်းနဲ့
လမ်းမှန်ပေါ်မှာဖြောင့်တန်းအောင် လျှောက်သွားမယ်ဆိုရင်တော့ လမ်းဆုံးကိုတွေ့ရမယ်ဆိုတာ မလွဲတော့ပါဘူး ခင်ဗျာ
(သတ္တ၀ါခပ်သိမ်းတရားကိန်း အေးငြိမ်းချမ်းသာရစေသော်....)(သူတော်ဆည်းကပ်မြတ်တရားနာ လျှော်စွာအကျင့်မဂ်ဖိုခွင့်ရလင့်ဧကန်သာ)

တရားရှုမှတ်ရာတွင် အဓိကအကျဆုံးက ရှုမှတ်ခြင်း နည်းပညာရပ် ဖြစ်ပါတယ်။ (အစိုးရတွင် မူဝါဒရှိသလို လုပ်ထုံးလုပ်နည်း သည် ထိုကိစ္စကို အကောင်အထည် ဖော်သလိုပါပဲ) ရှုမှတ်မှုတွင် မိမိရှုမှတ်ဖို့ နည်းပညာရပ်က အရေးပါလှပါတယ်။( ဒါက လုပ်ထုံးလုပ်နည်း သဘောကို ဆိုလိုတာပါ) ရှုမှတ်ဖို့ရွေးချယ်ရာမှာ (၁) သမထအခြေခံ ရှုမှတ်နည်းနဲ့ (၂) သမထအခြေမခံဘဲ ရုပ်နာမ်သဘာဝကို တိုက် ရိုက်ကြည့်ရှုခြင်း(ရှုမှတ်ခြင်း) ဆိုတဲ့နည်းနှစ်မျိုးရှိပါတယ်။ ဒီ၂နည်းက လွှဲလို့ အခြားရှုမှတ်နည်း ဆင်တူတွေ ရှိပေမဲ့ မြန်မာနိုင်ငံရှိ တရား စခန်းများမှာ ဤနှစ်နည်းသာ ကျင့်သုံးမှုများ လှပေတယ်။ အမှတ်(၂) ဖြစ်တဲ့ သမထအခြေ မခံတဲ့နည်းဆိုတာ ကျမ်းဂန်အရဆိုရင် သုဒ္ဓ(အချို့ကျမ်းတွေမှာ သုက္ခလို့ခေါ်ဆို) ဝိပဿနာနည်း ဖြစ်ပါတယ်။ ခုခေတ်အရ ပြောရမယ်ဆိုရင် ကျေးဇူးတော်ရှင် မဟာစည်ဆရာ တော် ဘုရားကြီးဟောဆို ပြသခဲ့တဲ့နည်း ဖြစ်ပါပေတယ်။ အမှတ်စဉ်(၁) ကတော့ များလှပါတယ်။ အာနာပါနကို အခြေခံရှုမှတ်တဲ့နည်း မှန်သမျှဟာ သမထ အခြေခံနည်း ဖြစ်ပါတယ်။ ဖော်ပြပါနည်း အားလုံးဟာ ရှင်တော်မြတ်ဘုရားဟောကြားခဲ့တဲ့ သတိပဌာန်တရား တော်နဲ့ ဟောစဉ်တရားများမှ ထုတ်နှုတ်ပြီး ဆရာတော် ဘုရားကြီးတွေက ကျင့်ကြံသူတွေ လွယ်ကူစေရန် နည်းလမ်းပြ ထားတာပါ။ (ခုခေတ်အချို့သော ရဟန်းနှင့်တကွ လူပုဂ္ဂိုလ်တွေက နည်းများကို လက်မခဘဲံ ဝေဖန်ရှုပ်ချပြီး ဘုရားနည်းမျှသာ ရှိတယ်လို့ ပြောကြား ခဲ့လေ တယ်။ အမှန်ဆိုရင် ကျင့်ကြံသူ ယောဂီများ လွယ်လင့်တကူ ဖြစ်စေ၇န် အကျိုးများစေ၇န် လုပ်ဆောင်ပေးတဲ့ အထောက်အပံ့ မျှသာ ဖြစ်တယ် ဆိုတာကို နားမလည်ကြလို့ပါ။) နည်းသဘာကို နားလည်ဖို့ ဆိုတာစပြီးထိုင်သူ(ကျင့်ကြံလိုသူများ အနေဖြင့် ရွေးချယ် တတ်မှာမဟုတ်ပါဘူး) အတွေ့အကြုံအရ ပြောရရင် နည်းနှစ်နည်းစလုံးဟာ ကောင်းကွက်နဲ့ အားနည်း ချက် ၇ှိကြပါတယ်။

အရေးကြီးဆုံးကို အကြုံပြုရမယ်ဆိုရင် မည့်သည့်နည်းကို ကျင့်သုံးသည်ဖြစ်စေ အဆိုပါနည်းရဲ့ လုပ်နည်းလုပ်ဟန်(ကျင့်ကြံ ဖို့နည်း လမ်းကို) နားလည်တတ်ကွမ်းဖို့ အလွန်မှအရေးကြီးတ်ာလို့ ယူဆပါတယ်။ သမထနည်း ဖြစ်စေ သုဒ္ဓနည်း ဖြစ်စေ ကျင့်ကြံပုံ နည်း မှန် ကန်မှ တရားထူးဆိုတာ တွေ့မြင်နိုင်မယ် ဖြစ်ကြောင်း သိစေအပ်ပါတယ်။

ဗုဒ္ဒမြတ်ဘုရား ဟောကြားဆုံးမတော်မူခဲ့သော “တရားတော်တိုင်းသည် အနှိုင်းမဲ့“ များသာဖြစ်ပါ၏ -
“ဝိပဿနာ” တရားမှာ ခန္ဒာ့ဖြစ်စဉ်များကို ရှုမြင် မှတ်သား ကျင့်ကြံ အားထုတ်ရတာမို.
ခန္ဒာအရှိနှင့် ဥာဏ်အသိ ကိုက်ညှိ စေရန် ကျင့်ကြံ ရှုမှတ်ပေးနေရန်ဇြစ်ပါတယ် ။

ဒီနေရာမှာ “ဦးခင်“ ပြောသလို နည်း နှစ်နည်းအနက် မိမိကြိုက်နှစ်သက်ရာ နည်းနဲ. ကျင့်ကြံ အားထုတ်နိုင်သလို
အခုမှ စတင်လေ့လာသူများအနေနဲ.ကတော့ နှာသီးဖျားလေးမှာ စိတ်ကိုထားပြီး ဝင်လေ - ထွက်လေ ကို အမြဲမပြတ်
မှတ်-သိနေရပါမယ် - တနည်းအားဖြင့်တော့ နှာသီးဖျားမှာ တိုးဝှေ. ဝင်သွားတဲ့ လေကိုစိတ်နဲ.ရှုမှတ်လို. သိလိုက်တာ
နဲ.အဲဒီ အသိစိတ်လေးလည်း ဖျပ်ဆိုပျောက်သွားပါတယ် - နောက် ထွက်လေကအစားထိုးရောက်လာပြန်တော့ သူ.
ကိုလည်း လှမ်းပြီး ရှု မှတ်လိုက်ပါ -ချက်ခြင်းပဲ ပျောက်သွားပါလိမ့်မယ် - အဲဒီမှာ ကြည့်လို. သိလိုက်တဲ့ စိတ်ကလေး
က “မဂ်“ ပါပဲ ။ ဒါ့ကြောင့် “ ဖြစ် - ပျက် = မဂ်“ လို. စိတ်က အမြဲ မှတ်နေပါလို. ကျေးဇူေးတ်ာရှင် “ မိုးကုတ်
ဆရာတော်ဘုရားကြီး က အမြဲမပြတ် မှာကြား ဆုံးမတော်မူခဲ့ပါတယ် ။

တဖြည်းဖြည်း ကျင့်သားရလာတဲ့အခါတော့ စတင် ထိုင်လိုက်ပြီ ဆိုတာနဲ. စောစောက ပြောခဲ့သလို မိမိရဲ့ခန္ဒာမှာ
“ဖြစ်နေ ပျက်နေသမျှအားလုံး“ ကို (နာတယ်- ကျင်တယ် -ကိုက်တယ်- တောင့်တင်းတယ်“ စတဲ့ ဝေဒနာမှန်သမျှကို
လိုက်မှတ် - သိလိုက်တာနဲ. ပျက်သွားပြီ ဆိုတာကိုလည်း သတိနဲ.ရှု မှတ် - ဖြစ်ပျက်- ဖြစ်ပျက်တွေ မပြတ်မလပ်ကို
တွေ.နေရမှာပါ - ဟိုနေရာက ယားလိုက်တာကို ကြည့်လိုက်တာနဲ. ပျက်သွားပြီ ၊ ဒီနေရာက ကိုက်ခဲ နာကြင်တာကို
ကြည့်လိုက်တာနဲ. မရှိတော့ဘူး ပျက်သွားပြီ - စသည် စသည်ပေါ့ ။ ဒီတော့ “မဂ်တွေ “ အများကြီး ရနေတာပါပဲ ။
ကြာကြာရှုလေ မဂ် များများရလေပါ ။
ကျင့်သားရလာတဲ့အခါ နာကြင် ကိုက်ခဲတဲ့ဝေဒနာတွေ - ယားယံ တောင့်တင်းတဲ့ဝေဒနာတွေ မှနသမျှ ဘာဆိုဘာမျှ
မရှိတော့တာကို လက်တွေ. သိလာ - ခံစားလာရပါလိမ့်မယ် ။

ဒီနေရာမှာ ကိုယ်တွေ.လေးတစ်ခုကို တင်ပြလိုက်မယ်နော် - ဟုတ်ပါတယ် - ကလေးတို.ဆရာမရဲ့ တကယ့်ကိုယ်တွေ.ပါ။
လက်ကို ခွေးကိုက်ခံရပြီး အရိုးနည်းနည်း ထိသွားပါတယ် ( အိမ်မှာမွေးထားတဲ့ ခွေးပါ) ။ အရိုးဆိုကတည်းက သိကြတဲ့
အတိုင်းပါ - နာလိုက်တာလေ--သေလုအောင်ပါပဲ- အသဲ ခိုက်အောင်ကိုနာတာနော် - အိပ်လို.တောင်မရဘူးလေ - အဲ -
သတိယလိုက်ပါပြီ - ဝိပဿနာ (ခန္ဒာ့ ဖြစ်ပျက် - မပျက်ရှုပါ) တဲ့ ။ ဒီတော့ စိတ်ထဲကနေ အဲဒီ နာတာကိုပဲ စိုက်ကြည့်ပြီး
“ အော် - ဒီနာနေတာတွေဟာ - ငါနဲ.မှ မဆိုင်တာပဲ - ခန္ဒာကြီးက နာရမယ် သေရမယ် - ဟော နာလာပြီ - ကြည့်လိုက်
တာပေါ့- အို- မရှိတော့ပါလား- ပျက်သွားတာကိုး “ -- ဒီလို သတိနဲ.မှတ်- စဉ်ဆက်မပြတ် စိုက်ကြည့်နေလိုက်တာ- ဘယ်
အချိန်အိပ်ပျော်သွားမှန်းတောင် မသိလိုက်ဘူး -
နောက်တစ်ကြိမ်--
အူမှာအတက်ပေါက်ပြီး ယောင်နေတာမသိတော့ လေဆေးတွေချည်း ဖိသောက်နေခဲ့ရာက အူအတက်က ဝမ်းထဲမှာတင်
ပေါက်သွားပါလေရော ( လုံးဝကိုမသိခဲ့တာနော်) ။ မိသားစုလိုက် ပင်လယ်ကမ်းခြေမှာ အနားယူပြီး မပြန်ခင်တစ်ရက်
ကတည်းက စပြီး နာနေခဲ့တာ အိမ်ပြန်ရောက်ပြီး ၃-၄ ရက်လည်းမပျောက်တော့ အိမ်ကလူတွေက ဆေးရုံပြဖို.ပြောလည်း
နားမထောင် - တလူးလူး တလှိမ့်လှိမ့်နဲ.လေ-
ဒီလိုနဲ. မနက်ဖြန်ဆို ရေဒီယို အသံလွှင့်ရမယ့်နေ.ရောက်လာတော့မှ “ မဖြစ်ချေဘူး မနက်ဖြန် အသံလွှင့်ခန်းထဲရောက်မှ
မပြောနိုင်ပဲ တဟဲဟဲ တဟီးဟီး ဖြစ်နေမှ ဒုက္ခ“ လို.တွေးမိပြီး အိမ်သားတွေရဲ့အကြံပေးချက်ကို လက်ခံလိုက်ပါတယ်- ဒါနဲ.
တောင်မှ အိမ်ကလူကအစ သားလေးကပါ လိုက်ပို.ပေးမယ်ဆိုတာကိုလုံးဝလက်မခံပဲ- တစ်ယောက်တည်း ဆေးရုံကိုထွက်
ခဲ့ပါတယ် ။
"Bumrungrad" ဆေးရုံကြီးမှာ စကားပြန်တာဝန်ထမ်းဆောင်နေတဲ့ သမီးဖြစ်သူ ကျော့အိန္ဒြာဆွေ က လာကြိုပြီး ဆရာဝန်
ဆီခေါ်သွားတော့-“ဘယ်သူ လာပို.လဲ“- လို.ဆရာဝန်ကြီးကမေးပါတယ်- ကိုယ်တိုင်ကားမောင်းလာလာကြောင်းသိသွားတာနဲ.
ဘုရားတပြီး - အခုချက်ချင်း ဗိုက်ခွဲရမယ်ဆိုပါတယ် ။ မနက်ဖြန် အသံလွှင့်စရာရှိလို. တစ်ရက် စောင့်ခွင့်ပေးပါ ဆိုတော့ - အခု
တောင် နောက်ကျနေပြီ ခုချက်ချင်းခွဲရမယ် - တဲ့။
ဘယ်တတ်နိုင်မလဲနော်- ခွဲပေတော့ပေါ့- အဲဒီအချိန်ကစပြီး စိတ်ထဲမှာ “အော် - ဒီခန္ဒာကြိးရလာလို. ဒီလို နာရကြင်ရ ခွဲစိပ်ခံရတာပါ
လား“ - ဆိုတဲ့ အသိစိတ်ကိုမွေးထားလိုက်သလို ခွဲစိတ်နေတော့လည်း “ငါမဟုတ်- ငါ့ ခန္ဒာလည်း မဟုတ်-ငါနာတာမဟုတ်ဘူး - သူ.
ဟာသူ အခွဲအစိပ်ခံရလို. နာနေတာပဲ-“ လို. ရှု -မှတ် ဆင်ခြင်နေခဲ့ပါတယ် - အနားကပ် စောင့်ကြပ်ပေးနေတဲ့ ဆရာဝန်လေးကလည်း
“နာလား- နာလား-“တဲ.မေးလာတိုင်း -“နည်းနည်းလေးပါ“ -လို.ပဲဖြေမိပါတယ်
တကယ်ပါပဲ- နည်းနည်းလေးပဲနာတာသိနေပါတယ် - ဒါဟာ တရားမှတ်နေ စောင့်ကြည့်နေခဲ့တဲ့ “ဝိပဿနာ တရားတော်ရဲ့ ကျေးဇူးပါ“။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

သာဓုသာဓုသာဓုပါ .......ဆရာမရယ်
ကျတော်လဲ ယခု အားထုတ်နေဆဲပါ တရားရှုမှတ်နေခြင်းရဲ့ အကျိုးကျေးဇူးလို့ပြောလို့ရတာပေါ့နော်
တချို့သူတွေဆိုလဲတရားရှုမှတ်နေတာက ရောဂါကိုတောင်ပျောက်အောင်ကုနိုင်တယ်တဲ့ဗျ

ကိုလှမိုးရေ- အခုမှပဲ ဒီဆွေးနွေးခန်းထဲ ဝင်မိ သိမိပြိး ပြန်လည်ဆွေးနွေးလိုက်ရခြင်းပါ-
ရွှင်လန်းချမ်းမြေ့ပါစေ

တရားရှုမှတ်ရာမှာ ဖြစ်/ပျက်တွေကမြန်လွန်းတော့ အဖြစ်နဲ့အပျက်ကို အတွဲလိုက်မမိလိုက်တာ များနေပါတယ်။အဖြစ်ကိုမမှတ်ပဲ အပျက်တွေကိုပဲလိုက်မှတ်နေရတာ ပိုပြီးအဆင်ပြေနေပါတယ်။အဲဒါမှန်ကန်တဲ့နည်းလမ်းဟုတ်ပါရဲ့လားခင်ဗျာ ? နောက်တစ်ခုက ခန္ဓာ(၅)ပါးရယ်၊အာယတန(၁၂)ပါးရယ်၊ဓါတ်(၁၈)ပါးရယ် ဆိုတာအတူတူပဲလို့မိုးကုတ်ဆရာတော်ကြီးတရားခွေထဲမှာနာကြားဖူးပါတယ်။
ရှေ့ကခန္ဓာနဲ့အာယတနကိုတော့သဘောပေါက်ပါတယ် ဓါတ်(၁၈)ပါးကိုခုထိမသိသေးပါဘူးခင်ဗျာ။သိတဲ့ဓမ္မမိတ်ဆွေများပြန်လည်ဖြေကြားပေးစေလိုပါတယ်ခင်ဗျာ။ဖတ်ရမယ့်စာအုပ်ရှိရင်လည်း ညွန်ပြပေးစေလိုပါတယ်ခင်ဗျာ။

ဓါတ်(၁၈)ပါး ဆိုတာ မျက်စိ(အခံဓါတ်)+အဆင်း(အတိုက်ဓါတ်)=မြင်စိတ်(အပွင့်ဓါတ်) အားလုံး၃ ခုပေါ့ အဲ့ ဒါကို ဒွါရ(၆)ပေါက်နဲ့ မြောက် လိုက်ရင် ၁၈ ရပါ တယ်
ဒွါရ(၆)ပေါက် --မျက်စိ၊ နား၊ နှခေါင်း၊လျှာ၊ကိုယ်၊စိတ်

။ဝိပသနာ ဥာဏ်ပညာ ခန္ဒာဖေါက်ထွင်းကြည် စီတ်တွေဟာ ဟိုဒီဝေး သွာတိုင်းသိကာပေး နာမ် ရုပ် ဖျောက်ပြန်သူသဘော အနီစ္စလိုပြော ရှေပျက် နှောက်သိ သတိရှိ
ကြာကြာ ကြည့် ဆင်းရဲသဘာဝ မြင်ရသည် မြင်တာများရင်ထပြေးချင်သည် သတိပညာ ဇွဲကိုတင်းလို အတ္တငါ့ကိုယ် ဘယ်ကာထုပ် ငါမလုပ်မှရှေသိုချီတတ်
ဝေဒနာ တရစ် တတ်တိုင်း တတ်တိုင်း ငါမဖြစ်စေနှင့် ဆင်းရဲတာမြင်အောင်ကြည် သဘာဝစစ်တော့ထပြေးချင်လောက်အောင်ကို မခံသာဘူးပေါ အံ့ကိုခဲ ဇွဲကိုတင်း ရူရင်နှင့်ပဲ
ချမ်းသာသည် ရောင်ဆင်းလင်းလက် ကိုကထွက် ပေါ့ပါးစီတ်ကြည်သည် သတိရှေထားဥာဏ်စေစား ဝေခွဲပိုင်ခြာရတော့သည် ဘာကြောင့်လင်းလက်အရောင်ထွက် သတိမူရတော့သည်
ကြောင်း ကျိုး နှစ်တန် စဉ်စားဥာဏ်ကြောင့် ဒုက္ခကိုသာ ပြန်မြင်ရတော့သည် ဆင်းရဲဒုက္ခ မသေးလှ ကြိတ်မနှိုင်ခဲမရ မျှက်ဖြိုင်တော့သည် ပညာစက္ကူ ဥာဏ်နှင့်ရူတော့
ဆင်းရဲခန္ဒာ ပင်ကိုသဘာဝ မုန်းတော့ ဆင်းရဲသဘာဝ အမြင်မျာတော့ ကြည်လေမုန်းလေ မြင်လေမုန်း တွေလေမုန်းလေ အမုန်းလိုင်ဂရက်ပြင်ထန်းလေတော့သည် နောက်ကြောင်းရာ
ဇ၀င်ပြန်မြင်အောင် ကြည်လိုက်တော့ မသိပဲပြုလုပ်ခဲလို့  အခုဆင်းရဲရသည် နှောင်ထပ်ပြီး ဆင်းရဲတာမလိုခြင်သည့်အဆုံးတွင် ရုပ်တရား ချုပ်ငြိမ်းကာ ငြိမ်းချမ်းတော့သည်
ဆင်းရဲပြောက်ကာ ချမ;်သာခြင်ဖြင့် တခဏတာတွေလိုက်ရသော ချမ်းသာခြင်းသည် မည်သည့် ချမ်းသာမူ့  နှင့်မျှနိုင်လိုမရ ။စမ်းကြည်ပါစေချင်ပါတယ်။

RSS

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................

 

 

anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

အဖွဲဝင်များ

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

မြူနှင်းမှုံ သည်thein wai's ၏ 'မိသားစု တစ်စုလုံး ငြိမ်းအေးလိုလျှင်။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မနေ့ကပြုလုပ်သွားပါသည်။
zaw moe liked zaw moe's discussion အတက်သိက ဖြေကြားပေးပါဘရား
Aug 10
kyaesinsan သည်thein wai's ၏ 'ဒေါက်တာအရှင်ဆေကိန္ဒ၏ ဘ၀လှအောင်ပြင်ချင်စိတ်။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Aug 8
Thet Thet Aung shared their blog post on Facebook
Jul 30
ဖိုးကံထူး သည် A BuddhismworldAdmin's ၏ 'ဗုဒ္ဓဘာသာအမေးအဖြေကဏ္ဍ' အဖွဲ့တွင်မှတ်ချက်ရေးခဲ့ပါသည်။
"Naynayအပြစ်​မဖြစ်​နိုင်​ပါဘူး ကျုယ်​ကတကယ်​​မေတ္တ္တ္တာထားနိုင်​ဖို့ပဲရှိတယ်​ယူနိုင်​ပါတယ်​…"
Jul 25
ဖိုးကံထူး joined A BuddhismworldAdmin's group
Thumbnail

ဗုဒ္ဓဘာသာအမေးအဖြေကဏ္ဍ

ဆရာတော်ဆန်နီနေမင်းနှင့်တကွသံဃာတော်များဖြေကြားပေးမည် ဖြစ်ပါသဖြင့် မိမိ…See More
Jul 25
ဖိုးကံထူး liked ဖိုးကံထူး's profile
Jul 25
ဖိုးကံထူး သည်thein wai's ၏ 'တစ်ယောက်တည်းငြိမ်းချမ်းအောင်နေနည်း။(ယောဆရာတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကိုဟောကြား)' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Jul 25
ဖိုးကံထူး သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Jul 24
ဖိုးကံထူး သည်hla moe 24ကို မှတ်ချက်ရေးခဲ့ပါသည်။
"မ​တွေ့တာကြာလို့ပိုလှလာတယ်​ဆရာမိုး"
Jul 24
ဖိုးကံထူး သည် thein wai's၏ 'ငါကိုယ်တိုင် သောတာပန် တည်ပြီလား။'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"​မောင်​သုည​ရေးထားတာဖတ်​ဖူးတယ်​ဒီဆိုက်​မှာတင်​ထားတယ်​ ​ကျေးဇူးပါထပ်​ပီးထတ်​ရတယ်​ဦးသိန်​​ဝေ"
Jul 24
ဖိုးကံထူး သည် phyuthi's၏ 'ဗုဒ္ဓကမ္ဘာသာသနာဟိအသင်း (၁၇) ကြိမ်မြောက်အလှူပွဲ @@@@@@@@@@@@@@@@@@@ အတွက် အသိပေးနိုးဆော်ခြင်း @@@@@@@@@@@'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"သာဓုပါခင်​ဖျ အလည်​မ​ရောက်​တာကြာလို့အ​ကောင့်​​တောင်​​မေ့​နေပီ…"
Jul 24

© 2017   Created by A BuddhismworldAdmin.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...