ဝိပဿနာ ရှူနည်းများကိုလေ့လာနိုင်ရန်အတွက
်ရည်ရွယ်ပြီးဖွဲစည်းထားခြင်းဖြစ်ပါသည်။
ဘယ်လောက်ပဲလှူဒါန်းနိုင်ပါစေ...
ဝိပဿနာ မလုပ်ရင်နိဗ္ဗာန်မျက်မှောင်မပြုနိုင်ပါဘူး...
ဆိုဒ်လိပ်စာ= http://buddhismworld.ning.com
တည်နေရာ= ဗုဒ္ဓကမ္ဘာ
အဖွဲဝင်များ= 76
နောက်ဆုံးလုပ်ဆောင်မှု= Apr 8
မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာများ
၁။ သစ္စာလေးပါးဆိုတာ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ။
၂။ ရခဲတဲ့ ဘ၀လေးမှာ အလကား အချိန်တွေ မဖြုန်းပါနဲ့။
၃။ နားကတရားနာပါ၊ ဥာဏ်က ခန္ဓာလှည့်ပါ။
၎။ တရားနာတာသည် မိမိအရေး၊ တရားအားထုတ်တာသည် မိမိအရေး။
၅။ နားကြီးကြီးနဲ့ တရားနာပါ။
၆။ ၀ိပဿနာ အားထုတ်တဲ့အခါမှာ ကိလေသာ ကြားမခိုစေနဲ့။
၇။ ပဋိစ္စသမုပ္ပါဒ် ဆိုတာ စာထဲမှာ ရှိတာ မဟုတ်ဘူး။ မိမိခန္ဓာထဲမှာ ရှိတဲ့တရား။
၈။ မိမိ ခန္ဓာထဲမှာ ရှိတဲ့ ပဋိစ္စသမုပ္ပါဒ် ကို မိမိဥာဏ်နဲ့ ရှင်းအောင် လုပ်ပါ။
၉။ စာ ပဋိစ္စသမုပ္ပါဒ် သိတာသည် သညာသိ၊ ခန္ဓာ ပဋိစ္စသမုပ္ပါဒ် သိတာသည် ပညာသိ။
၁၀။ ရှေ့အသေကို နောက်အနေနဲ့ ရှုတာ ၀ိပဿနာ။
၁၁။ သညာသိနဲ့ နိဗ္ဗာန် မရောက်နိုင်ပါ၊ ပညာသိမှ နိဗ္ဗာန် ရောက်မည်။
၁၂။ ရှေ့နောက် ခွဲတတ်ပါစေ၊ မိမိအရေးက ရှေ့ထား၊ သားရေး သမီးရေး စီးပွားရေးက နောက်ထား။
၁၃။ ဘ၀ကူးကောင်းအောင် မလုပ်ပါနဲ့၊ ဘ၀ချုပ်ငြိမ်း ရုပ်သိမ်းအောင် လုပ်ပါ။
၁၄။ ဒါနက သံသရာ ရှည်တာလား၊ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာလား။
၁၅။ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာပါ။
၁၆။ သစ္စာသိလျှင် ခန္ဓာရောင်းလှူပါ။ သစ္စာမသိလျှင် သစ္စာသိအောင် အရင်လုပ်ပါအုံး။
၁၇။ အိုရာက နာရာမရောက်ခင် ၀ိပဿနာ လုပ်ပါ။
၁၈။ အရှိနဲ့ အသိ ကိုက်အောင်လုပ်တာ ၀ိပဿနာ။
၁၉။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာ ၀ိပဿနာ။
၂၀။ ရှေ့နာမ်ကို နောက်ဥာဏ်နဲ့ ရှုတာ ၀ိပဿနာ။
၂၁။ ၀ိပဿနာ အားမထုတ်ပဲနဲ့ နေ့ရွှေ့ ရက်ရွှေ့ ရွှေ့နေတာသည် ဥာဏ်ကမဦးဘဲ အသေကဦးသွားရင် ကိုယ့်အတွက် နာမယ်။
၂၂။ အသေက ဖြစ်ပျက် အရှင်က မဂ်၊ အပျက်နဲ့ မဂ်နဲ့ ကိုက်အောင် ရှုတာ ၀ိပဿနာ။
၂၃။ ရှေ့ကဖြစ်ပျက် နောက်ကမဂ်နဲ့ ကိုက်အောင်ရှုတာ ၀ိပဿနာ။
၂၄။ အသေကို အရှင်က ကြည့်နေတာ ၀ိပဿနာ ဖြစ်သည်။
၂၅။ အသေက ဖြစ်ပျက် အရှင်ကမဂ် အပျက်နဲ့ မဂ် ကိုက်အောင် ကြည့်တာ ၀ိပဿနာ။
၂၆။ သူများစိတ် အကဲမခတ်နှင့်၊ မှားသော်ရှိ မှန်သော်ရှိ၊ ကိုယ့်စိတ်ကိုယ် အကဲခတ်တာမှ အမှန်ရမည်။
၂၇။ အလုပ်ကြည့်ချင်ရင် ခန္ဓာကြည့်၊ အလုပ်စဉ်ကြည့်ချင်ရင် မှတ်တမ်းကြည့်။
၂၈။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်မသိတာ အရုပ်အဆိုးဆုံး။
၂၉။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်အကဲခတ်နိုင်မှ ၀ိပဿနာ။
၃၀။ ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
၃၁။ ဘယ်ဗေဒင်မှ မယုံကြနဲ့၊ ခန္ဓာ သူ့လမ်းသူ ပြေးနေတော့ မနေ့ကထက် ယနေ့ သေဘို့ တစ်ရက်နီးသွားပြီ ဆိုတာသာ ယုံလိုက်ပါ။
၃၂။ ခန္ဓာ၏ ၀တ္တရားက အသေရှာတာ၊ ဥာဏ်၏၀တ္တရားက အသေရှောင်တာ။
၃၃။ ခန္ဓာက အပြေးသွားနေတော့ အသေကဦး၍ ဥာဏ်က နောက်ကျ သွားလိမ့်မယ်။
၃၄။ အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿာန်မရောက်ခင် မဂ္ဂင်အလုပ် မြန်မြန် လုပ်ပါ။
၃၅။ အသက်တမ်း ခပ်တိုတိုလေးမှာ ခပ်ခိုခိုလုပ်နေမယ်ဆိုရင် အသေစောသွားလျှင် ကိုယ်ကျိုးနည်းလိမ့်မယ်။
၃၆။ သာသနာနဲ့ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေးတရား ပေါ်တယ်။
၃၇။ ကိစ္စဟူသ၍သည် မဂ်တား ဖိုလ်တားလို့ မှတ်ပါ။
၃၈။ ဒကာ ဒကာမတွေဟာ တဏှာ (လောဘ) ခိုင်းရာကို ကျွန်သဘောက် ပီပီ လုပ်နေကြတယ်။
၃၉။ တဏှာကို အဖော်မလုပ်နဲ့၊ ဥာဏ်ကို အဖော်လုပ်ပါ။
၄၀။ အလကားနေသ၍ အအားနေသ၍ အမှားနေခြင်းသာလို့ မှတ်ပါ။
၄၁။ ဆွေနှင့် မျိုးနှင့် ပစ္စည်းဥစ္စာတွေနှင့် မသိပြုံးပြုံးနေသလောက် သေခါနီးမှာမျက်ရည်ကျရပါလိမ့်မယ်။
၄၂။ ကိုယ့်ကိုကိုယ် သနားရင် ၀ိပဿနာ လုပ်ကြ၊ ကိုယ့်ကိုကိုယ် မသနားရင် သားရေး သမီးရေး စီးပွားရေး လုပ်ကြ။
၄၃။ အသက်ကြီး လေလေ ကံမွဲ ဥာဏ်မွဲလေလေမှတ်၊ ကံမွဲတာ အရေးမကြီး၊ ဥာဏ်မွဲရင် နိဗ္ဗာန် မရောက်။
၄၄။ ကံကို ဥာဏ်ကဖြတ်မှ နိဗ္ဗာန်ရမှာ၊ ဥာဏ်မပါရင် ကံက ချယ်လှယ်သွားလိမ့်မယ်။
၄၅။ နိဗ္ဗာန်သည် ကံ၏အကျိုးမဟုတ်၊ ဥာဏ်၏အကျိုးဖြစ်တယ်။
၄၆။ လူပြော သူပြောတွေကို မယုံနဲ့၊ မိမိခန္ဓာက ပြောတာကိုသာ ယုံကြည်။
၄၇။ ခန္ဓာကြီးရဲ့ စွမ်းရည်သတ္တိ ပင်ကိုယ်သဘောက ဖြစ်မှု ပျက်မှုဘဲရှိတယ်။
၄၈။ ၀ိပဿနာဆိုတာ ခန္ဓာ မလိုချင်အောင် လုပ်တာ။
၄၉။ ဒါနနဲ့သီလသည် ကိလေသာရောဂါ သက်သာရုံရမယ်။ ၀ိပဿနာ အလုပ်ပါ လုပ်မှသာ ရောဂါ ပျောက်မယ်။
၅၀။ အလုပ်တရားဆိုတာ ခန္ဓာအရှိနဲ့ ဥာဏ်အသိ ကိုက်အောင်လုပ်ပါ။
၅၁။ ခန္ဓာနဲ့ ငါနဲ့ မရောပါနဲ့။
၅၂။ တရားနာတယ်ဆိုတာ ဒီအချိန်မှာ မတရားအလုပ် မလုပ်တဲ့ အချိန်ပဲ။
၅၃။ ကြားတဲ့တရားနဲ့ သိတဲ့တရား နှစ်ခုထပ်ရင် သောတာပန် တည်နိုင်တယ်။
၅၄။ ယခုအချိန်ဟာ အားလုံး အဖက်ဖက်မှ ကြုံပြီး ကျွတ်တန်းဝင်ရမဲ့ အချိန်ဘဲလို့ ဆုံးဖြတ်ချက်ချပြီး အလုပ်သာလုပ်ပါ။
၅၅။ ယခုအဖက်ဖက်မှ ကြုံဆုံတဲ့ ကာလကလေးသည် အိုဘေး၊ နာဘေး၊ သေဘေးတွေကို တားနိုင်တဲ့ကာလ၊ ဒီအဘိုးတန်မှတဲ့ ကာလလေးကို သားရေး သမီးရေး စီးပွားရေးတွေနဲ့ချည်း အချိန်မကုန်လွန်ပါစေနှင့်။
၅၆။ တဏှာ (လောဘ) ခိုင်းတိုင်း လုပ်တာသည် အရှက်မရှိလို့။
၅၇။ တဏှာ (လောဘ)ခိုင်းတိုင်း လုပ်လို့ သေလျှင် အပါယ်လေးပါး ရောက်မယ် ဆိုတာလဲကြောက်။
၅၈။ အ၀ိဇ္ဇာ တဏှာ ကိန်းလာရင် ဟိရိသြတ္တပ္ပ (အရှက် အကြောက်) မရှိတော့ဘူး။
၅၉။ သားရေး သမီးရေး အတွက်သာ ဂရုစိုက်လုပ်နေရင် အချိန်အလွဲသုံးစားလုပ်တာဘဲ၊ လူမိုက်အချိန်ဘဲ ဆိုတာ မှတ်လိုက်။
၆၀။ သစ္စာတရားကို နာ၊ ဥာာဏ်က ခန္ဓာကိုလှည့်၊ ပစ္စုပ္ပန်ခန္ဓာ နောက်က ၀ိပဿနာ ဥာဏ်မလိုက်ရင် ဒုက္ခသစ္စာ လိုက်မှာဘဲ။
၆၁။ ခန္ဓာကလောင်စာ (ထင်း)၊ ဇရာ မရဏက (မီး)၊ သံသရာတလျှောက်လုံးမှာ ဘယ်ခန္ဓာရရ လောင်စာနှင့်မီးတွဲနေတာပဲ ရှိတယ်။
၆၂။ လောင်စာသိမ်းပြီး မီးငြိမ်းတာသည် နိဗ္ဗာန်။
၆၃။ လောင်စာသိမ်းပြီး မီးငြိမ်းတဲ့ အလုပ်သည် မဂ္ဂင် အလုပ်ပဲ။
၆၄။ ဒုက္ခသစ္စာကို ပိုင်းခြားသိတာလဲ မဂ်ပဲ၊ သမုဒယသစ္စာ သတ်တာလဲ မဂ်ပဲ၊ နိရောဓ သစ္စာ ရောက်အောင်လဲ မဂ်ပဲ၊ ဒါကြောင့် မဂ်သည် သုံးကိစ္စ ရွက်ဆောင်တယ်။
၆၅။ အာရုဏ်တက်တာသည် နေထွက်ဖို့ ရှေ့ပြေး၊ ၀ိပဿနာမဂ်သည် လောကုတ္တရာမဂ်၏ ရှေ့ပြေး။
၆၆။ ဒါနက သံသရာမလည်၊ အသိမလိုက်လို့ သံသရာ လည်တာမှတ်ပါ၊ သစ္စာ သိပြီးလှူရင် ခန္ဓာကိုယ်ရောင်းလှူပါ။
Started by soesoetinmyint. Last reply by ကလေးတို.ဆရာမ Feb 24. 10 Replies 0 Likes
သမီးနာမည်က စိုးစိုးတင်မြင့်ပါ .....ဝိပဿနာအလုပ်ကိုအရမ်းစိတ်ဝင်စားလို့ပါ ....ဒါပေမဲ့ ကိုယ်တိုင်သေချာနားမလည်သလိုဖြစ်နေလို့ပါရှင် .....ဝိပဿနာတရားတွေကိုတော့ နာဖြစ်ပါတယ် ....တရားစခန်းလဲ…ဆက်လက်ဖတ်ရူရန်.........
Started by တင်အေးနိုင်. Last reply by ကိုကျော်သန်း Jan 26. 11 Replies 1 Like
တရားအားထုတ်ဖူးသူများဆွေးနွေးကြရအောင်....ဒီလိုဝိပဿနာအသိဆွေးနွေးတဲ့နေရာမှာ...... (စာရေးပြီးလှောင်ခြင်းသီးခံပေးပါ)ဆက်လက်ဖတ်ရူရန်.........
ဘလော့အမျိုးအစား(ဆွေးနွေးခြင်း)
Started by နီစံ (အနီ). Last reply by Ko Chit May 29, 2012. 3 Replies 2 Likes
Dhamma Web www.dhammaweb.net မှ တဆင့် ပြန်လည် ကူးယူဖော်ပြပါသည်။ဓမ္မဖိုရမ်တွင် ဓမ္မမိတ်ဆွေတို့နှင့် သမထ၊ ၀ိပဿနာ အကြောင်း ဆွေးနွေးရာမှ ဖတ်ရှုလေ့လာမိသမျှကို…ဆက်လက်ဖတ်ရူရန်.........
ဘလော့အမျိုးအစား(ဆွေးနွေးမှု)
Started by နီစံ (အနီ). Last reply by 0rotmcd6qjael Jan 25, 2012. 1 Reply 0 Likes
ဘလော့အမျိုးအစား(ဆွေးနွေးမှု)
မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)
lastleaf သည် October 28, 2012 က 1:44pmတွင် မှတ်ချက်ရေးသားသွားပါသည်။ ဒီလိုဆိုဒ်မျိုးရှိနေတာဒီနေ့မှ သိရပါတယ်။ဝမ်းလည်းဝမ်းသာပါတယ်။ကျွန်တော် ဓါတ်(၁၈)ပါးကို မသိလို့ရှာရင်း ဒီဆိုဒ်ကိုတွေ့ရှိသွားတာပါ။စတင်တည်ထောင်သူနဲ့အဖွဲ့ဝင် မိတ်ဆွေအားလုံးကို လေးစားပါတယ်ခင်ဗျာ။လူသားတွေအားလုံး အမြတ်ဆုံးနိဗ္ဗာန်ကို အရောက်လှမ်းနိုင်ဖို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။
ice cool သည် September 21, 2012 က 9:48pmတွင် မှတ်ချက်ရေးသားသွားပါသည်။ ဓမ္မာနုပဿနာ... သဗ္ဗေ သင်္ခါရ အနိစ္စာ..
သင်္ခါရ လို. သိ သင်္ခါရ လို. နှလုံးသွင်း သင်္ခါရ ထက် မပိုစေနဲ. (သို.)
ဖောက်ပြန်မှု လို. သိ ဖောက်ပြန်မှု လို. နှလုံးသွင်း ဖောက်ပြန်မှု ထက် မပိုစေနဲ.
ဖြစ်ဖြစ်သမျှ သင်္ခါရ ဒုက္ခသစ္စာ မှတ်..
သင်္ခါရတွင် ငါကောင်ထင် ခင်မင် သမုဒယ မှတ်..
တစ်ခုခုဖြစ် လာတာမဟုတ် ပဲ ဖောက်ပြန်မှု(ဒုက္ခသစ္စာ) တွေပဲ ဖြစ်နေတာ လို. နားလည်ထားရပါမယ်..
တစ်ခုခုပျက် သွားတာမဟုတ် ပဲ ဖောက်ပြန်မှု(ဒုက္ခသစ္စာ) တွေပဲ ပျက်နေတာ လို. နားလည်ထားရပါမယ်..
သင်္ခါရ ဖြစ် သင်္ခါရ ပျက် ခြင်း သဘော မျှသာ..
သင်္ခါရ(ပရမတ် စစ်) ဆိုတာ နာမည်တပ် မရတဲ. ဖြစ်ကာမျှ လေးပဲ..
အဲ.ဒါကို သိတဲ. အသိကလဲ သင်္ခါရ သိကာမျှလေး ပဲ..
တရားဆိုတာ သဘော တရားသိတယ်ဆိုတာ သူ.သဘောသိ သွားခြင်းသာ..
အညွန်းး ပခုက္ကူ ဆရာတော်ကြီး
မိုးကုတ်ဆရာတော်ကြီး
သစ္စာဒီပက ဆရာကြီး ဦးကြည်
သဘာဝရိပ်သာ ဦးဥတ္တမသာရ
မူလဓမ္မဆရာတော် ဦးဝိဇယ
မဟာဗောဓိမြိုင် ဆရာတော်
ကလေးတို.ဆရာမ သည် July 16, 2012 က 4:36pmတွင် မှတ်ချက်ရေးသားသွားပါသည်။ သာဓု -စာဓု -သာဓုပါ
thet naing သည် July 16, 2012 က 4:14pmတွင် မှတ်ချက်ရေးသားသွားပါသည်။ လောကမှာ လူရယ်လို့ ဖြစ်လာရင် စားဝတ်နေရေး ကျန်းမာရေး စီးပွါးရေး လူမှုရေး အစရှိသဖြင့် မိုးလင်း
ကမိုးချုပ် လှုပ်ရှား ရုန်းကန်နေကြရတာဟာ လူ့ သဘာဝ လို့ တောင် ပြောရမလိုဖြစ်နေတယ်၊
ဘ၀တစ်ခု ရှင်သန်ကြီးပွါးတိုးတက်ဖို့ ဆိုပြီး အပြိုင်အဆိုင်လုပ်နေကြရတာဟာ ကိုယ့်အတွက်တော့
ဟုတ်လှပြီလို့ ထင်နေကြတယ်၊ လူမှန်ရင် ကြီးပွားတိုးတက်ချင်တဲ့သူမှန်ရင် ဒီလိုပဲလုပ်ရမယ်လို့  အများ
ကထင်နေတြတယ်၊လက္ခံထားကြတယ်၊အဲဒီလို ပင်ပင်ပန်းပန်းရှာဖွေပြီး ရလာတဲ့ပိုက်ဆံလေးနဲ့  ကိုယ်
လုပ်ချင်တာ လုပ်လို့ ရတယ်ဆိုပြီး ပျော်ပျော်ပါးပါးနဲ့ ဇိမ်ခံနေတတ်ကြတယ်၊ဒါကိုပဲ လောကချမ်းသာလို့ 
သူတို့ က ထင်နေကြတယ်၊ဟုတ်ပါတယ် လောကချမ်းသာပါ၊ဒါပေမယ့် ဒီချမ်းသာတွေဟာ တကယ့်
အရေးအကြောင်း၊ ဒုက္ခတွေနဲ့ လည်းတွေ့ ပါရော ကိုယ့်ကို စိတ်ချမ်းသာအောင်၊ စိတ်ဆင်းရဲမှုမှ လွတ်
မြောက်အောင် ကယ်တင်နိုင်ပါရဲ့ လားလို့ ပြန်စမ်းစစ်ကြည့်ပါ၊မကယ်တင်နိုင်တာကို တွေ့ ရပါလိမ့် မယ်၊
ဒါဆိုရင် တစ်ချို့ က အားကိုးစရာဆိုတာ လောကမှာ မရှိနိုင်တော့ဘူးလားလို့  မေးစရာဖြစ်လာလိမ့်မယ်၊
ဟုတ်ပါတယ် လောကမှာ အားကိုးစရာအစစ်ဆိုတာ ရှိပါသေးတယ်၊ အဲဒါကတော့ ဘုရားပွင့်မှသာ
ဘုရားဟောမှသာ လောကလူသားတွေသိနိုင်တဲ့ ၀ိပဿနာတရားပါပဲ၊ မဂ္ဂင်(၈)ပါးတရားပါပဲ။
ဝိပဿနာတရားဆိုတာ ငါ သူတစ်ပါး ယောင်္ကျား မိန်းမ ဆိုတာမရှိ အကျဉ်းပြောရရင် ရုပ်တရား၊
နာမ်တရား၊အကျယ်ပြောရမယ်ဆိုရင် ခန္ဓာ ၅-ပါး၊ အာယတန ၁၂-ပါး၊ ဓါတ် ၁၈-ပါး စသည်ဖြင့်
ပရမတ်တရားတွေသာရှိတယ်၊ပရမတ်တရားတွေဟာလည်း မတည်မြဲ အမြဲတမ်းဖောက်ပြန်ပျက်စီး
နေတဲ့သဘောရှိတယ်၊ အဲဒီ မမြဲတဲ့သဘောာ ဆင်းရဲတဲ့သဘော ကိုယ်စိုးကိုယ်ပိုင်တဲ့သဘောမရှိ
အနှစ်မရှိတဲ့သဘောကို မြင်အောင်ရှုရတာဖြစ်တယ်၊မမြဲတဲ့ အရာကို ချမ်းသာလို့ ခေါ်နိုင်မလား၊
ဖောက်ြပန်ပြီးဆင်းရဲနေတဲ့သဘောကို ချမ်းသာလို့ ခေါ်နိုင်မလား၊ မမြဲတာကိုမြဲအောင် ဆင်းရဲတာကို
ချမ်းသာအောင် ကိုယ်လုပ်ချင်တိုင်း လုပ်မရတဲ့ အနတ္တသဘောကိုချမ်းသာလို့ ခေါ်မလား၊၀ိပဿနာ
ဥာဏ်ရင့်သန်လာတဲ့အခါမှာ အဲဒီလိုမြင်လာတယ်၊လောကမှာ ပစ္စည်းဥစ္စာကြီးပွားဖို့ ထက် ၀ိပဿနာ
တရားကြီးပွါး တိုးတက်ဖို့ ကပိုပြီးတော့ အရေးကြီးလာတယ် တရားကို ပိုပြီးတော့ အားထုတ်လာတယ်၊
လောကကြီးပွါးမှာကတစ်ခဏ တစ်ဘ၀၊ အရှာအဖွေ မရိုးသားရင် သံသရာမှာ ဘ၀ပေါင်းများစွာခံရမှာ၊
ဝိပဿနာစိတ်ကလေးရှိလို့  ရောင့်ရာင့်ရဲ ရဲနေနိုင်ရင် ဒီဘ၀မှာလည်း စားဝတ်နေရေးအတွက် ရိုးရိုးသား
သားရှာဖွေလို့  သမ္မာအာဇီဝဖြစ်ကာ နောက်ဘ၀ အပါယ်လေးပါးမှလွတ်မြောက်ပြီး နောက်ဆုံးဘ၀မှာ
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မယ်၊ ဒါ့ကြောင့် နေ့ စဉ်ဘ၀ထဲမှာ ၀ိပဿနာ အလုပ်လေးကိုပါတွဲပေးသင့်
ပါတယ်။ အားလုံး ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေလို့ ...။
wai mon သည် May 7, 2012 က 2:59pmတွင် မှတ်ချက်ရေးသားသွားပါသည်။ ဓမ္မမိတ်ဆွေများအားလုံး
ခရီးမထောက် လမ်းဖြောင့်ကို ရှာနိုင်ပြီး
လုပ်ငန်းစဉ်အတိုင်း ကြိုးစားအားထုတ်၍ မဂ်ဖိုလ် နိဗ္ဗာန်ကို အလျှင်အမြန် မျက်မှောက်ပြုနိုင်ကြပါစေ...
ကျွန်မလည်း ကြိုးစားလျက်ပါ...
Chan Myae Oo သည် February 16, 2012 က 6:25amတွင် မှတ်ချက်ရေးသားသွားပါသည်။ မိတ်ဆွေအအပါင်းတို့
မိမိ၏ ရုပ်နာမ်ခန္ဓာက ဖြစ်ပျက် ကို မမြင်သေးရင် မိမိ သန္တာန်မှာ ဘုရား မပွင့်သေးဘူး ဆိုတာကို ကောင်းကောင်းကြီး သတိပြုပါ။ ဒါကြောင့် ဝိပသာနာ အလုပ်ကို တကြိမ်ကနေစပြီး ကြိမ်ဖန်များစွာ အားထုတ်နိုင်အော် ကြိုးစားကြပါ လို့တိုက်တွန်းလိုက်ပါတယ်
မျိုးသန့် ကျော် သည် February 2, 2012 က 12:39amတွင် မှတ်ချက်ရေးသားသွားပါသည်။ မသေခင်ချစ်၊သေလျှင်ပြစ်
အနှစ်မပါ ဤ ခန္ဓာ
ကြိုးစားပါ
Moe သည် January 18, 2012 က 4:12pmတွင် မှတ်ချက်ရေးသားသွားပါသည်။
zatila2010 သည် January 14, 2012 က 7:03pmတွင် မှတ်ချက်ရေးသားသွားပါသည်။ အသင် ကြိုးစားပါ
၁။ ငရဲ ရောက်စဉ် ရှုမှတ်ချင် အသင် မရပါ။
၂။ တိရိစ္ဆာန် ဖြစ်စဉ် ရှုမှတ်ချင် အသင် မရပါ။
၃။ ပြိတ္တာ ဖြစ်စဉ် ရှုမှတ်ချင် အသင် မရပါ။
၎။ အသုရကာယ် ဖြစ်စဉ် ရှုမှတ်ချင် အသင် မရပါ။
၅။ သင့်ဘ၀တွင် ရှုမှတ်ချင် ခုပင် ရနေပါ။
၆။ ရှုမှတ်ခွင့်ရ သင့်ဘ၀ အရ တော်လှပါ။
၇။ မဂ်ဖိုလ်ဆိုတာ ပျင်းသူဟာ ဘယ်ခါ မရပါ။
၈။ နိဗ္ဗာန်ဆိုတာ ပျင်းသူဟာ ဘယ်ခါ မရပါ။
၉။ ကြိုးကြိုးစားစား ရှုမှတ်ပွား သူကား ရနိုင်ပါ။
၁၀။ မဂ်ဖိုလ်ရချင် ယခုပင် အသင် ကြိုးစားပါ။
၁၁။ နိဗ္ဗာန်ရချင် ယခုပင် အသင် ကြိုးစားပါ။
၁၂။ ကြိုးစားမှတ်က မဂ်ဖိုလ်က မုချ သင့်ထံ ဆိုက်ရောက်မှာ။
၁၃။ ကြိုးစားမှတ်က နိဗ္ဗာန်က မုချ သင့်ထံ ဆိုက်ရောက်မှာ။
၁၄။ မဂ်ဖိုလ်ရမှ အပါယ်က လုံးဝ လွတ်မြောက်ပါ။
၁၅။ နိဗ္ဗာန်ရမှ အပါယ်က လုံးဝ လွတ်မြောက်ပါ။
hla moe 24 သည် January 2, 2012 က 7:13pmတွင် မှတ်ချက်ရေးသားသွားပါသည်။ ငါသေမှ အေးမယ်...
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ မှ(ကြိုဆိုပါတယ်)
( မှတ်ပုံတင်ရန်နေရာ)
(မှတ်ပုံတင်ပြီးသားသူများ)၀င်ရန်
အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး
နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)
Name of Account. U HLAING KYAW HTWE
NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ
ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့
လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။
ဓနုလေးဖိုးအော် liked မောင်မြင့်'s blog post 'ကဆုန်လပြည့်နေ့ ရွှေတိဂုံစေတီတော် မြင်ကွင်းများ'
© 2013 Created by ကောင်းမြတ်မင်း.
Powered by
© Copyright Ning Network Name Goes Here.
ဝိပဿနာရှူနည်းများလေ့လာနိုင်ရန်.. သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။