☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺သည်( ၂၀၁၁ )ခုနှစ်ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါသည်။

 

 

☺☺☺ဗုဒ္ဓကမ္ဘာသာသနာပရဟိတအသင်း☺☺☺

ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်တို့ (Buddhismworld's Admins) မှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

အတွင်း (၃၇)မင်း (ပုဂံခေတ် ၃၇ မင်း)

နတ် ဆိုသည်မှာ ကိုးကွယ်ရန် ပူဇော်ပသ ရန် မဟုတ်ပါ။ အတွင်း (၃၇) မင်း စတင်ဖြစ်ပေါ်လာပုံမှာ
ပုဂံခေတ် အနော်ရထာ တို့ ကျန်စစ်သားတို့ လက်ထက်ဆီက စ၍ ပုဂံခေတ် ၃၇ မင်း ပေါ်လာသည်။ ပုဂံရွှေစည်းခုံ ဘုရားတံတိုင်း အတွင်းတွင် ရုပ်ပုံနှင့်တကွ ထား၍ အတွင်း ၃၇ မင်း ခေါ်သည်။ ၄င်းတို့စာရင်းကို ရုပ်ပုံထုလုပ်ဟန်နှင့်တကွ ရေးသားပြပါမည်။

၁။ ဓတရဋ္ဌ။ ။ဂန္ဓုဗ္ဗနတ် ဖြစ်သည်။ (နတ်ဝတ်တန်တဆာဒုယင်ဝတ်၍ လက်တစ်ဘက်က သန်လျက် ကိုင်လျက် ဒူးတစ်ဘက်ထောင် တစ်ဘက်လှဲ။)

၂။ ၀ိရူဠက။ ။ကုမ္ဘဏ်နတ် (၄င်းအတိုင်း)

၃။ ၀ိရူပက္ခ။ ။ နတ်နဂါး (၄င်းအတိုင်း)

၎။ ကုဝေရ။ ။ နတ်ဘီလူး၊ နတ်ဝတ်တန်ဆာ၊ ဒုယင်သုံးဆင့်၊ ခြေထောက် သုံးချောင်း၊ အစွယ် ရှစ်ချောင်း၊ သံတင်းပုတ်ကိုင်ဟန်
(ဤလေးပါးကား၊ စတုမဟာရာဇ်နတ်ကြီး လေးပါးဖြစ်သည်။)

၅။ သိကြား၊ ။ သိကြားနတ်ရုပ် အတိုင်း၊ ခရုသင်း၊ သားမြီးယပ်ကိုင်သည်။

၆။ မဟေသရ။ ။ နတ်အ၀တ် တန်ဆာ၊ နွားလးဥသဘကိုစီး၊ လှံသုံးခွကို ကိုင်

၇။ မဟာပိန္နဲ။ ။ နတ်ကိုယ်နှင့် ဆင်ဦးခေါင်း၊ လက်ယာဘက်လက်နှစ်ခွတွင် အထက်လက်မှာ ချွန်း၊ အောက်လက်မှာ သန်လျက် ကိုင်ဟန်၊ လက်ဝဲလက်တွင် နှစ်ခွ၊ အထက်လက်မှာ စက်ဝန်း၊ အောက်လက်မှာ မိမိဦးခေါင်းရှိ ဆင်နှာမောင်းကို ကိုင်ဆုပ်နေဟန် ကြွက်ယာဉ်စီးသည်။

၈။ စန္ဒီ။ ။ နတ်သမီး။ လက်ဆယ်ဘက်၊ လက်ယာဘက်ငါးဘက်မှာ ဓါးလွယ်၊ သန်လျက်၊ လှံ၊ ချွန်း၊ ဓားမြှောင် တစ်ခုစီ ကိုင်သည်။ လက်ဝဲငါးဘက်မှာ ဒိုင်း၊ ထီး၊ လေး၊ ပုတီး၊ ခရုသင်း တစ်ခုစီ ကိုင်သည်။ ပတ္တမြားနီခံသော ခြင်္သေ့ယာဉ်ဖြင့် သွားလာဟု အဒိကပ္ပကျမ်းတွင် ဆိုသည်။

၉။ သူရဿတီ။ ။ နတ်သမီး။ ဥဂ္ဂါယဂင် စိုက်၊ နတ်တန်ဆာဆင်လျက်၊ ဟင်္သာငှက်ပေါ်တွင် ထိုင်၍ လက်နှစ်ဘက်မှာ ကြာပန်းကို ကိုင်နေဟန်။

၁၀။ ပြသမင်္ဂံ=ရသမင်္ဂံ။ ။ နတ်သမီး။ လက်က ပန်းခိုင်ကိုင်၍ ဘုရားရှိခိုးနေဟန်။

၁၁။ စန္ဒာ ။ ။နတ်သား ။ စန္ဒီ နတ်သမီးအတိုင်း ၊ နတ်သမီး တန်ဆာနှင့် နတ်သားတန်ဆာ အ၀တ်သာ ခြားသည်

၁၂။ အာဠ၀ီ။ ။ မတ်ရပ်ထ၍ သန်လျက်ကိုင်

၁၃။ မာရ်နတ်။ ။လက်ဝဲလက်ယာ လက်ဆယ်ခွစီး၊ လက်နက်တစ်မျိုးစီ ပေါင်း လက်နက် အမျိုးနှစ်ဆယ် ကိုင်သည်။

၁၄။ သောတာပန်။ ။ အင်ကြင်းပင်စောင့် အင်ကြင်းပန်းဖြင့် ဘုရားရှိခိုးနေဟန်။

၁၅။ အနာဂါမ်။ ။ ရွှေသပိတ်စောင့် ယင်နှင်နတ်။ (သပိတ်တော် အနီး ယပ်ခတ်နေဟန်)

၁၆။ ဇမ္ဗူဒီပါ။ ။ ( မတ်ရပ်ထ သန်လျက်ကိုင်)

၁၇။ ဇမ္ဗူတံဆိပ်။ ။ (၄င်း အတိုင်း )

၁၈။ ဇမ္ဗူ့ချမ်းသာ။ ။ (၄င်း အတိုင်း )

၁၉။ ဇမ္ဗူ့ကျက်သရေ။ ။(၄င်းအတိုင်း )

၂၀။ ဇမ္ဗူ့သပြေ။ ။ ( ဒူးတစ်ဘက်ထောင်၊ တစ်ဘက်လှဲ၊ ထိုင်၍ သန်လျက်ကိုင် )

၂၁။ ဇမ္ဗူ့တန်ဆောင် ။ ။ (၄င်း အတိုင်း )

၂၂။ ဇမ္ဗူ့တပွတ်။ ။ (၄င်း အတိုင်း )

၂၃။ ဇမ္ဗူ့ရန်အောင်။ ။ ( ၄င်း အတိုင်း )

၂၄။ ရွှေသက်စိုး။ ။ ( မတ်ရပ်ထ သန်လျက် ကိုင် )

၂၅။ ရွှေပြည်သင်။ ။(၄င်း အတိုင်း )

၂၆။ ရွှေညိုသင်။ ။ (၄င်း အတိုင်း )

၂၇။ ရွှေစကား။ ။ (၄င်း အတိုင်း )

၂၈။ ခယားပင်စောင့်နတ်။ ။ လက်တွင် ခယားပွင့် ပန်းဖြင့် ရှိခိုးနေဟန်။

၂၉။ မန်ကျည်းပင်စောင့်နတ်။ ။ မတ်ရပ်ထ၊ သန်လျက်ကိုင်။

၃၀။ ဆင်ဖြူရှင်နတ်။ ။ ဆင်ဖြူတော်စီးဟန်

၃၁။ မြင်းဖြူရှင်နတ်။ ။ မြင်းဖြူ စီးဟန်

၃၂။ ငဆွဲသင်။ ။ ( မတ်ရပ် ထ၊ သန်လျက်ကိုင် )

၃၃။ ငနွဲ့သင်။ ။ (၄င်း အတိုင်း )

၃၄။ ပက်မသင်။ ။ (၄င်း အတိုင်း )

၃၅။ ဘုံမသင်။ ။ (၄င်း အတိုင်း )

၃၆။ ထုံသင်းကြီး ။ ။ (၄င်း အတိုင်း )

၃၇။ ပွဲစားကြီး ။ ။ (၄င်း အတိုင်း )

ဤကား လူတို့ ပါးစပ်ဖျားတွင် ပြောဆိုနေကြသော (၃၇) မင်း နတ်များအကြောင်းတည်း။
ဤ အတွင်း (၃၇) မင်း နတ် များအားကိုးကွယ်ခြင်း ဆည်းကပ်ခြင်း ပူဇော်ပသခြင်းများ ပြုလုပ်ပါကလည်း လူသားတို့ အတွက် အကျိုးထူးများ ရရှိလာလိမ့်မည် မဟုတ်ပါကြောင်း မေတ္တာဂရုဏာရှေ့ထား၍ ရေးသားလိုက်ရပါသည်။

အမျိုးသားပညာဝန် ဦးဖိုးကျား၏ ၃၇မင်း စာအုပ်မှ ကူးယူဖော်ပြအပ်ပါသည်။
ဓမ္မမိတ်ဆွေများအားလုံး၏အကျိုးကိုမျှော်ကိုးလျက်
လူ(pinklylove5@gmail.com)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

နတ်ကိုးကွယ်မှု ပပျောက်ရေးအဖွဲ့ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

တာတာ သညှ်ဧပြီ 8, 2013 က 3:32pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ကောင်းလိုက်တာ နတ်တွေယုံစားနေကြတဲ့သူတွေအတွက်တော့ရင်လေးလှပါဘိ

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................

 

 

anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

အဖွဲဝင်များ

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

thein wai သည် ဘလော့တင်သွားပါသည်။
Jun 2
ညီထွေး သည်အရှင်ဝိမလဝံသ's ၏ '“သတိထားဆင်ခြင်ဖွယ် မပေးလှူကောင်းသော အလှူ(၁၀)မျိုး”' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 28
ညီထွေး သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 28
နှင်းဖြူ သည်ဦးထွန်းလင်းဦး's ၏ 'ဝိပဿနာဖြင့်​ မရဏလမ်းကို ​ကျော်​ဖြတ်​ခြင်း' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
နှင်းဖြူ သည်သူရ​အောင်​'s ၏ 'ဝိရိယ၏ အရည်​​သွေ​လေးမျိုး' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
နှင်းဖြူ သည်သူရ​အောင်​'s ၏ 'ဝိရိယ၏ အရည်​​သွေ​လေးမျိုး' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
နှင်းဖြူ သည်phyuthi's ၏ 'ဗုဒ္ဓကမ္ဘာသာသနာဟိအသင်း (၁၇) ကြိမ်မြောက်အလှူပွဲ @@@@@@@@@@@@@@@@@@@ အတွက် အသိပေးနိုးဆော်ခြင်း @@@@@@@@@@@' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
OHNMAR သည် Thein Naing Ohn's၏ '၀ိဝေကသုံးပါး နှင့် ပပဉ္စတရား'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"ကျေးဇူးပါနော်"
မေ 22
အရှင်ပညာသိရီ သည်သူရ​အောင်​'s ၏ 'ဝိရိယ၏ အရည်​​သွေ​လေးမျိုး' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 4
အရှင်ပညာသိရီ သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 4
အရှင်ပညာသိရီ သည်profileကိုပြုပြင်သွားသည်။
မေ 4
Profile Iconkyaw wunna tun and Daw Yee Yee Swe joined ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺
Apr 29

© 2017   Created by A BuddhismworldAdmin.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...