☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺သည်( ၂၀၁၁ )ခုနှစ်ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါသည်။

 

 

☺☺☺ဗုဒ္ဓကမ္ဘာသာသနာပရဟိတအသင်း☺☺☺

ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်တို့ (Buddhismworld's Admins) မှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

အဖွဲ့လုပ်ဆောင်ချက်

အဘိဓမ္မာ ဌာန

-အဘိဓမ္မာ သင်ယူလေ့လာရန်
-အဘိဓမ္မာ ရေးရာ ဆွေးနွေးနှီးနှောဖလှယ်ရန်

တည်နေရာ= ဗုဒ္ဓကမ္ဘာဆိုဒ်
အဖွဲဝင်များ= 37
နောက်ဆုံးလုပ်ဆောင်မှု= Sep 20, 2015

Discussion Forum

မစောသဇင်ရဲ့ တရားအားထုတ်နေစဉ် ဖြစ်ပေါ်နိုင်သော တွဲမိသည့် စေတသိက်အလုံးကလေးများမေးခွန်းအား လက်လှမ်းမှီသလောက် ခြုံငုံပြီးတင်ပြခြင်း

စတင်ရေးသားခဲ့သူ nyansoe. ပြန်လည်ဆွေးနွေးပေးချက် မှာ nyansoe Jul 12, 2013. 2 Replies

စိတ်သည် လက်ဖျစ်တချက်တီး ကာလ၌ ပင်လျှင် ကုဋေတစ်သိန်းဖြစ်ပျက်နေသည်ဟု ဘုရားဟောရှိပါသည်။စေတသိက်သည် စိတ်နှင့် အတူဖြစ် စိတ်နှင့်အတူချုပ် သောကြောင့် စိတ်ဖြစ်တိုင်း စေတသိက်တို့ အမြဲဖြစ်နေပါမည်။ တရားအားထုတ်နေစဉ်မှာ ဖြစ်ပျက်နေသောစိတ်တို့သည် မိုးကုတ်ဆရာတော်…ဆက်လက်ဖတ်ရူရန်.........

ogyis@m ရဲ့ "ကုသိုလ်ပြုလုပ်ရာတွင်" ဆွေးနွေးချက်ကို မှတ်ချက်ရေးသားခြင်း

ဆွေးနွေးချက်စတင်ရေးသားသူ nyansoe Jul 11, 2013. 0 Replies

စေတနာဟူသော အကြောင်းပစ္စည်းတရားသည်သာ ဆိုင်ရာအကျိုးပစ္စယုပ္ပန် တရားတို့အား သဟဇာတ ကမ္မသတ္တိ၊ နာနာက္ခဏိက ကမ္မသတ္တိ၊ တို့ဖြင့် (ဖြစ်သင့်သလို) ဖြစ်တည်စေမှု ကျေးဇူးပြုနိုင်သောကြောင့်" စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ" စေတနာသာ ကံဟု ဗုဒ္ဓမြတ်စွာက ဟောခဲ့ခြင်းဖြစ်သည်။…ဆက်လက်ဖတ်ရူရန်.........

ogyis@m ရဲ့ ဆွေးနွေးချက်ကို မှတ်ချက်ရေးသားခြင်း

ဆွေးနွေးချက်စတင်ရေးသားသူ nyansoe Jul 8, 2013. 0 Replies

ဇောတွေဟာ များသောအားဖြင့် (ယေဘုယျအားဖြင့်) ၇ကြိမ်စောပါသည်။ ၈ ကြိမ် ၊ ၉ ကြိမ် မစောနိုင်ပါ။ ဘာကြောင့်လဲ ဆိုရင် ဇ၀န နိယာမကြောင့်ဟု ပြေရပါမည်။ ဥပမာကို ကာမဇောစောပုံနှင့် ပြသပါမည်။ ကာမဇောများတွင် ပဉ္စာရုံတို့၌ ပဉ္စပသာဒ ထင်လာသောအခါ စိတ္တက္ခဏ…ဆက်လက်ဖတ်ရူရန်.........

အကုသိုလ်စိတ်၁၂ပါးထဲမှ လောဘမှုစိတ်၈ပါး

စတင်ရေးသားခဲ့သူ ko nyo. ပြန်လည်ဆွေးနွေးပေးချက် မှာ နီစံ (အနီ) မေ 4, 2012. 2 Replies

အကုသိုလ်စိတ်၁၂ပါးထဲမှ လောဘမှုစိတ်၈ပါးko nyo မှ April 30, 2012 12:26am တွင် တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။ယ္ခုတင်ပြချက်သည် ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ ဒေါက်တာမင်းတင်မွန်နှင့် ဆုထူးပန် ဆရာဟန်အဘိဓမ္မာ စာအုပ်များမှကောက်နုတ်တင်ပြထားခြင်းဖြစ်ပါသည်။…ဆက်လက်ဖတ်ရူရန်.........

ဘလော့အမျိုးအစား(အဘိဓမ္မာ)

အကုသိုလ်စိတ်၁၂ပါးမှဒေါသမှုစိတ် ၂ပါး၊မောဟမှုစိတ်၂ပါး

စတင်ရေးသားခဲ့သူ ko nyo. ပြန်လည်ဆွေးနွေးပေးချက် မှာ 3hugiiftwckx6 မေ 2, 2012. 1 Reply

လောဘမှုစိတ် ၈ ပါးကိုတင်ပြပြီးဖြစ်ရ်ျ ကျန်ဒေါသမှုစိတ် ၂ပါး၊မောဟမှုစိတ်၂ပါးကိုထပ်မံတင်ပြလိုက်ပါသည်။ဒေါသမှုစိတ်(ဒေါသမှုလဖြစ်သောစိတ်) -၂ပါး ၁။ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိက စိတ်-၁၊ စိတ်ဆင်းရဲခြင်းနှင့်တကွဖြစ်သော၊ပဋိဃသမ္ပယုတ် အမျက်ဒေါသနှင့်ယှဉ်လျက်…ဆက်လက်ဖတ်ရူရန်.........

ဘလော့အမျိုးအစား(အဘိဓမ္မာ)

မိတ်ဆွေများ၏ရေးသားချက်

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

အဘိဓမ္မာ ဌာန သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

ashinvishittathara သည် မေ 22, 2013 က 2:55pmတွင် မှတ်ချက်ရေးသားသွားပါသည်။
ဒီနေရာကိုလာလည်ခွင့်ရလို့အရမ်းဝမ်းသာပါတယ်
လမင်း သည် အောက်တိုဘာ 27, 2012 က 3:24amတွင် မှတ်ချက်ရေးသားသွားပါသည်။

ဤအသင်းအတွင်းရှိ ရဟန်းပညာရှိ၊ လူပညာရှိ များအား တပည်တော် ကို တပည့်တော် အပ်ပါသည် ဘုရား တပည့်တော် ယခု အဘိဓမ္မာရိုးရိုး တတိယ အဆင့်ကို သင်ကြားပူဇော်နေပါသည်။ တပည့်တော် သိသင့်သမျှ၊ မသိနားလည်သမျှကို ကရုဏာရှေ့ထားပြီး သင်ပြတော်မူကြပါဘုရား။ တပည့်တော် မဟာပဌာန်းကျမ်းကို အဘိဓမ္မာ တတိယအဆင့် သင်ရိုးဖြင့် မတင်းတိမ်နိုင်ပါ ယခုထက်ပိုပြီး သိချင် ပူဇော်ချင် နေပါသည် ဘုရား .... တပည့်တော်အား ဖတ်သင့်သမျှသောစာအုပ်များ လုပ်သင့်သမျှသောအရာများ ကို သွန်သင်ပြတော်မူကြပါဘုရား

thet naing သည် ဇွန် 24, 2012 က 4:35amတွင် မှတ်ချက်ရေးသားသွားပါသည်။

အရှင်ဘုရားဖြေကြားပေးတာအလွန်ပဲရှင်းလင်းပါတယ်၊နိဗ္ဗာန်ကိုကိုယ်စိုးကိုယ်ပိုင်တာမဟုတ် ကိုယ်ပြုပြင်စီရင်ဖန်တီးလို့ မရအဲဒါကြောင့်အနတ္တ၊မဂ်တည်းဟူသောအကြောင်းတရားကြောင့်သာဖြစ်ပေါ်နိုင်သောကြောင့်အကြောင်းတရားပြည့်စုံလို့ ဖြစ်ပေါ်လာတဲ့အကျိုးတရားဖြစ်တဲ့အတွက်အနတ္တ၊
အကြောင်းဓမ္မတွေကြောင့်ဖြစ်ပေါ်လာသောအကျိုးဓမ္မသာဖြစ်တဲ့အတွက်အနတ္တ၊သဗ္ဗေဓမ္မာအနတ္တာအရ
အနတ္တဖြစ်ကြောင်းသိလိုက်ရတဲ့အတွက်အရှင်ဘုရားနှင့်ဓမ္မမိတ်ဆွေအပေါင်းကိုကျေးဇူးအထူးတင်ပါတယ် အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ၊ကောင်းကျိုးလိုရာဆန္ဒ ပြည့်စုံ
ကြပါစေ။ ရိုသေလေးစားစွာဖြင့်.....။

phyuthi သည် ဇွန် 19, 2012 က 9:59pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ကျမဖတ်ဖူးတဲ့ ဆရာတော်ဆန်နီနေမင်း web site ထဲက အဖြေကို ကူးယူဖေါ်ပြပေးပါ့မယ်ရှင်။

သဗ္ဗေဓမ္မာ အနတ္တာဆိုတဲ့ တရားတော်မှာ အနတ္တဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကို စုံစုံစေ့စေ့သိအောင် ပြောပါမယ်။
၁။ အ သာရကတ္ထေန အနတ္တာ။ အနှစ်သာရ အခိုင်အမာ အားထားမှီခိုစရာ လုံးဝမရှိတဲ့အတွက် ‘အနတ္တ’လို့ခေါ်တယ်။
၂။ အ ၀သ၀တ္တနတော အနတ္တာ။ ငါလည်းမဟုတ်၊ ငါ့ဥစ္စာလည်းမရှိ ငါ့အလိုမလိုက်၊ ငါ့အကြိုက်မပါ ငါလိုရာမပြီး အချည်းနှီးအပျက်သဘောကိုသာ ဆောင်နေတဲ့အတွက်ကြောင့် ‘အနတ္တ’ ခေါ်တယ်။

၃။ အ နိဿရေန အနတ္တာ။ ကိုယ်ပိုင်ဆိုင်တာ ကိုယ်အစိုးရတာ ဘာတစ်ခုမှ မရှိတဲ့အတွက်ကြောင့် ‘အနတ္တ’ခေါ်တယ်။
၎။ ယံ ဒုက္ခံ တံ အနတ္တာ။ ဆင်းရဲဒုက္ခမှန်သမျှ အားလုံးကို ‘အနတ္တ’ ခေါ်တယ်။
ဘုရားရှင်လက်ထက်က ဘုရားကို ခံတိုက်ခဲ့တဲ့သူများဟာ အနတ္တကိုမကြိုက်တဲ့သူတွေ အများဆုံးဖြစ်တယ်။
ယခုဖြေရမှာက နိဗ္ဗာန်ကို သဗ္ဗေဓမ္မာ အနတ္တာထဲ ပါဝင်ပုံဖြစ်တယ်။ လောကလူအများ ပိုင်ဆိုင်တဲ့ပစ္စည်းများကို ငါ့ဟာ ငါ့ဥစ္စာ ငါပိုင်တယ် ငါလုပ်သလိုရတယ် အစိုးရတယ်ဆိုတဲ့ အတ္တ ဖြစ်ပါသလားလို့ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ အကယ်၍ ပစ္စည်းတွေဟာ ကိုယ့်ဟာ ကိုယ့်ဥစ္စာ ကိုယ်လုပ်သလိုဖြစ်ပြီး ခံစားသုံးဆောင်နိုင်တယ်ဆိုပြီး အတ္တဖြစ်နေကြတယ်။ တကယ်တမ်းကျတော့ ပစ္စည်းဥစ္စာတွေဟာလည်း တည်မြဲမှုမရှိလို့ အတ္တလို့ မဆိုနိုင်သလို နိဗ္ဗာန်ကိုလည်း ချက်ချင်းကြီး ယူလို့လည်းမရနိုင်ပါဘူး။ သည်လိုဆိုရင် နိဗ္ဗာန်ဟာ ကိုယ်ဖြစ်ချင်တိုင်း မဖြစ်နိုင်တဲ့အတွက် ငါ့ဟာမဟုတ်သလို ငါ့ဟာလည်း မဖြစ်ဘူး။ ဒါကြောင့် “သဗ္ဗေဓမ္မာ အနတ္တာ”လို့ ဟောရတာဆိုပြီး မှတ်ယူရပါမည်ဖြစ်ကြောင်း ဖြေကြားပေးလိုက်ရပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com မှ

thet naing သည် ဇွန် 19, 2012 က 12:58amတွင် မှတ်ချက်ရေးသားသွားပါသည်။

အဘိဓမ္မာတရားဟာစိတ်၊စေတသိတ်၊ရုပ်၊နိဗ္ဗာန်(ပရမတ္တ)တရားတွေအကြောင်းဟောထားတာဖြစ်ပါတယ်။စိတ်၊စေတသိတ်၊ရုပ်၊တရားတွေက အနိစ္စ၊ဒုက္ခ၊အနတ္တ တရားဖြစ်ပြီး နိဗ္ဗာန်တရားကတော့ နိစ္စ၊သုခ၊အနတ္တဖြစ်တယ်လို နာကြားဖူးပါတယ်၊ဘာ့ကြောင့်နိဗ္ဗာန်က နိစ္စ၊သုခ၊အတ္တမဖြစ်တာလဲ?
တတ်သိနားလည်သော လူပညာရှိ ရဟန်းပညာရှိများဖြေကြားပေးတော်မူပါဘုရား။

hla moe 24 သည် မေ 31, 2012 က 7:49amတွင် မှတ်ချက်ရေးသားသွားပါသည်။

အားလုံးမင်္ဂလာပါ

အဖွဲ့  ဘယ်လိုဝင်ရမလဲး ကူညီပါလား

ko nyo သည် မေ 2, 2012 က 1:43amတွင် မှတ်ချက်ရေးသားသွားပါသည်။

အဘိဓမ္မာ အဖွဲ့ဝင် ဦးအောင်ကိုးအဘိဓမ္မာကိုလေ့လာနေတယ်ဆိုတော့ဆက်ကြိုးစားပြီးလေ့လာပါအားပေး
တယ်ဗျာ ကျွန်တော်လဲ သူငယ်ချင်းကိုအားနာလို့လိုက်တက်ရင်ကနေ တောက်လျှေက်လေ့လာဖြစ်သွှားတာပါ ဝိရိယတော့ အတော်စိုက်ရတယ်၊သာသနာနဲ့ကြုံခိုက်လောကမှာ အမြင့်ဆုံး၊တန်ဖိုးအရှိဆုံးပညာကို သင်ယူပါ
ဗုဒ္ဓတရားတော်တွေသင်ကြားခြင်း၊နိဗ္ဗာန်ကိုရောက်အောင်လေ့ကျင့်ရခြင်း၊အားထုတ်ရခြင်း
တွေဟာ ရေဆန်ကိုလှော်တက်ရသလိုဘဲ ခက်ခဲပင်ပန်းပါတယ် အားမလျှော့ပါနဲ့ သင်ပြီးတဲ့အချိန်ကြရင် ငါ့အတွက်ဘာအကျိုးရှိလဲဆိုတာ ကိုယ်တိုင်သိလာလိမ့်မယ် ဒီကြားထဲတော့ဝိရိယမလျှော့ဘဲ သင်ယူဖို့အားပေးပါတယ်

ko nyo သည် မေ 2, 2012 က 1:22amတွင် မှတ်ချက်ရေးသားသွားပါသည်။

တရားအားထုတ်နေစဉ်မှာတွဲမိတဲ့စေတသိတ်အလုံးလေးတွေ ဆိုတော့တရားအားထုတ်တဲ့ အချိန်မှာ ဘာကိုရှုမှတ်နေတာလဲ ဥပမာ ဝင်လေထွက်လေကိုလား၊စသဖြင့်ပေါ့ဗျာ တိကျတာလေးဆိုရင် ကြိုးစားဖြေဆိုရတာလွယ်မယ်ထင်တယ်

နီစံ (အနီ) သည် မေ 1, 2012 က 7:08amတွင် မှတ်ချက်ရေးသားသွားပါသည်။

မစောသဇင်ရဲ့ မေးခွန်း ဖြစ်တဲ့ တရားအားထုတ်နေစဉ်မှာတွဲမိတဲ့စေတသိတ်အလုံးလေးတွေ
အကြောင်း
ကို0gyis ရဲ့မေးခွန်း ဘာကြောင့် (၇)ကြိမ်ဘဲ စောရတာလဲ ဆိုတာတွေက အရမ်း
စိတ်ဝင်စားဖို့ ကောင်းပါတယ် သိသူများရှိက ဖြေဆိုပေးသွားကြပါနော်..

နီစံ (အနီ) သည် မေ 1, 2012 က 7:04amတွင် မှတ်ချက်ရေးသားသွားပါသည်။

မေးခွန်းတွေလဲ အများကြီးပဲ..ဆရာတော်တွေလဲ..အလုပ်ရှိလို့ ..လောလောဆယ်တော့
လာရောက်နိုင်မှာ မဟုတ်သေးဘူး..လို့သိရပါတယ် အဲဒီတော့ အနီတို့တတွေ အချင်းချင်းပဲ..၀ိုင်းမေး ၀ိုင်းဖြေကြတာပေါ့..:)

.အဘိဓမ္မာဘလော့အနေနဲ့ စာအရှည်တင်လိုရင်လဲ..add a Discussion..ဆိုတာကနေ..တင်ပေးသွားကြပါနော်..

အောက်ကမေးခွန်းထဲမှာ တခုတော့ အနီ မှတ်ထားရတာလေး ရှိတယ်
ဦးအောင်ကိုးရဲ့ မေးခွန်းပါ..:)
အဘိဓမ္မာကို တာဝတိံသာမှာ ဟော၇တဲ့အကြောင်းက
၁။)မယ်တော်မိနတ်သားအဖြစ် မွေးမိခင်ကို ကျေးဇူးဆပ်ဖို့..(မယ်တော်မိနတ်သားက သုတိတာနတ်ပြည်ကပါ) ဒါပေမယ့်တာဝတိံသာမှာ ဟောတဲ့အခါ စကြာဝငြာသိုက်တစ်သောင်းက နတ်ဗြဟ္မာတွေ တရားနာလာပါတယ်။

၂။) အဘိဓမ္မာကို အသံမစဲဟောရမယ့်နေ၇ာမှာ လူ့ပြည်မှာသာဆို၇င် သုံးလနီးပါးကြာမယ်..
ဆိုတော့ကာ..ဒီသုံးလလုံးကို တလစပ်နာဖို့ကမလွယ်ဘူး..အဲတော့အဘိဓမ္မာအကျယ်ကို လူပြည်က သုံးလလောက်ဟောရမှာက တာဝတိံသာမှာ မိနစ်ပိုင်းပဲကြာပါတယ် (လူ့ပြည်နှစ်တစ်၇ာက တာဝတိံသာတစ်ရက် ) ဒီအကြောင်းနှစ်ချက်ကြောင်လို့တော့
မှတ်သားထားရပါတယ်..
မြတ်စွာဘု၇ားက အကျယ်ကို တာဝတိံသာမှာ ဟောပါတယ် အရှင်သာရိပုတ္တလာကို
အကျဉ်းပြန်ဟောပါတယ် အရှင်သာရိပုတ္တလာမှ ရဟန်း ၅၀၀ ကို မကျဉ်းမကျယ် ပြန်ဟော
ပါတယ်..ယခု အနီတို့ သင်ကြားနေရသော အဘိဓမ္မာက အရှင်သာရိပုတ္တလာ မှ ၇ဟန်း
၅၀၀ကို ဟောတဲ့မကျဉ်းမကျယ်ပါ တဲ့။
မှားတာရှိ၇င်လဲ ပြင်ပေးပါ..ကျေးဇူးတင်ပါတယ်။

 

အဖွဲ့ဝင်များ(37)

 
 
 

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................

 

 

anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

အဖွဲဝင်များ

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

hla moe 24 သည် thein wai's၏ 'သူ့အကြောင်း ကိုယ့်အကြောင်း။'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"ကျေးဇူးတင်ပါတယ်"
2 နာရီအကြာ
hla moe 24 သည် thein wai's၏ 'သေခြင်းအကြောင်း ၄ မျိုး။'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"အကြိုက်ဆူံးစာအုပ်ပါ"
2 နာရီအကြာ
hla moe 24 သည် thein wai's၏ 'ထိုသူပညာရှိ။'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"ကျေးဇူးတင်ပါတယ်"
2 နာရီအကြာ
မြူနှင်းမှုံ သည်thein wai's ၏ 'မိသားစု တစ်စုလုံး ငြိမ်းအေးလိုလျှင်။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
တနင်္ဂနွေ
zaw moe liked zaw moe's discussion အတက်သိက ဖြေကြားပေးပါဘရား
Aug 10
kyaesinsan သည်thein wai's ၏ 'ဒေါက်တာအရှင်ဆေကိန္ဒ၏ ဘ၀လှအောင်ပြင်ချင်စိတ်။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Aug 8
Thet Thet Aung shared their blog post on Facebook
Jul 30
ဖိုးကံထူး သည် A BuddhismworldAdmin's ၏ 'ဗုဒ္ဓဘာသာအမေးအဖြေကဏ္ဍ' အဖွဲ့တွင်မှတ်ချက်ရေးခဲ့ပါသည်။
"Naynayအပြစ်​မဖြစ်​နိုင်​ပါဘူး ကျုယ်​ကတကယ်​​မေတ္တ္တ္တာထားနိုင်​ဖို့ပဲရှိတယ်​ယူနိုင်​ပါတယ်​…"
Jul 25
ဖိုးကံထူး joined A BuddhismworldAdmin's group
Thumbnail

ဗုဒ္ဓဘာသာအမေးအဖြေကဏ္ဍ

ဆရာတော်ဆန်နီနေမင်းနှင့်တကွသံဃာတော်များဖြေကြားပေးမည် ဖြစ်ပါသဖြင့် မိမိ…See More
Jul 25
ဖိုးကံထူး liked ဖိုးကံထူး's profile
Jul 25
ဖိုးကံထူး သည်thein wai's ၏ 'တစ်ယောက်တည်းငြိမ်းချမ်းအောင်နေနည်း။(ယောဆရာတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကိုဟောကြား)' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Jul 25
ဖိုးကံထူး သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Jul 24

© 2017   Created by A BuddhismworldAdmin.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...