☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺သည်( ၂၀၁၁ )ခုနှစ်ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါသည်။

 

 

☺☺☺ဗုဒ္ဓကမ္ဘာသာသနာပရဟိတအသင်း☺☺☺

ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်တို့ (Buddhismworld's Admins) မှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

မစောသဇင်ရဲ့ တရားအားထုတ်နေစဉ် ဖြစ်ပေါ်နိုင်သော တွဲမိသည့် စေတသိက်အလုံးကလေးများမေးခွန်းအား လက်လှမ်းမှီသလောက် ခြုံငုံပြီးတင်ပြခြင်း

စိတ်သည် လက်ဖျစ်တချက်တီး ကာလ၌ ပင်လျှင် ကုဋေတစ်သိန်းဖြစ်ပျက်နေသည်ဟု ဘုရားဟောရှိပါသည်။စေတသိက်သည် စိတ်နှင့် အတူဖြစ် စိတ်နှင့်အတူချုပ် သောကြောင့် စိတ်ဖြစ်တိုင်း စေတသိက်တို့ အမြဲဖြစ်နေပါမည်။
တရားအားထုတ်နေစဉ်မှာ ဖြစ်ပျက်နေသောစိတ်တို့သည် မိုးကုတ်ဆရာတော် ဘုရားကြီး၏ စိတ္တာနုပဿနာရှုပွားနည်းအရ အိမ်သည်စိတ် (၂)ခု၊ အပြင်ဧည်သည်စိတ်(၅)ခု၊ အတွင်းဧည့်သည်စိတ်(၆)ခု ပေါင်း (၁၃)ခုတို့ အနက်မှ တစ်ခုမဟုတ် တစ်ခုဖြစ်ပျက်နေမည်သာဖြစ်သည်။
၎င်းစိတ် (၁၃)ခုတို့မှာ အိမ်သည်စိတ် (၂)ခု -လေကိုရှူသွင်းသောစိတ်
-လေကိုရှိုက်ထုတ်သောစိတ် ဘ၀င်စိတ်
အပြင်ဧည့်သည်စိတ် (၅)ခု -မြင်သိစိတ်
-ကြားသိစိတ်
-နံသိစိတ်
-စားသိစိတ်
-ထိသိစိတ် အဟိတ်စိတ်
အတွင်းဧည့်သည်စိတ် (၆)ခု -လောဘစိတ်
-ဒေါသစိတ်
-မောဟစိတ် အကုသိုလ်စိတ်

-အလောဘစိတ်
-အဒေါသစိတ် ကုသိုလ်စိတ်

-ကြံတွေးစိတ် မနောဝိညာဏ်စိတ်(ကုသိုလ်+အကုသိုလ်)

မိုးကုတ်ဆရာတော်ဘုရားကြီးသည် စိတ္တာနုပဿနာရှပွားလျှင် အဘိဓမ္မာ အခေါ်အဝေါ်နှင့် စိတ်တို့ကို အမည်မတပ်ပဲ သုတ္တံနည်းအရ အမည်ပေးခဲ့ပါသည်။ အထက်ပါစိတ်များကို အဘိဓမ္မာအရ ဖေါ်ပြရလျှင် ဘ၀င်စိတ်၊ကုသိုလ်စိတ်၊အကုသိုလ်စိတ်၊အဟိတ်စိတ် ဟူ၍ ကာမာဝစရစိတ်(ကာမဘုံ၌သာ အဖြစ်များသည့်စိတ်) (၅၄)ပါးလုံး ဖြစ်နိုင်ပါသည်။ ၄င်းစိတ်များထဲမှ ဘုရား၊ရဟန္တာ၊တို့၌ ဖြစ်သော မဟာကြိယာစိတ် (၈)ပါး၊ ဟသိတုပ္ပါဒ်စိတ် (၁)ပါးကို နှတ်လိုက်လျှင် ကျန်စိတ် (၄၅)ပါးလုံး တရားအားထုတ်နေစဉ်မှာ ဖြစ်နိုင်ပါသည်။
ထို့ကြောင့်တရားအားထုတ်နေစဉ် တွဲမိသည့် စေတသိက်များမှာ-
ဘ၀င်စိတ်ဖြစ်နေပါက ဘ၀င်စိတ်နှင့် ယှဉ်သော စေတသိက်များ၊
ကုသိုလ်စိတ်ဖြစ်နေပါက ကုသိုလ်စိတ်နှင့် ယှဉ်သောစေတသိက်များ၊
အကုသိုလ်စိတ်ဖြစ်နေပါက အကုသိုလ်စိတ်နှင့် ယှဉ်သောစေတသိက်များ၊
အဟိတ်စိတ်ဖြစ်နေပါက အဟိတ်စိတ်နှင့် ယှဉ်သော စေတသိက်များ၊
ဖြစ်နိုင်ပါသည်။
စေတသိက် (၅၂)မျိုးကို အမျိုးအစားအလိုက်ခွဲခဲ့လျှင် သဗ္ဗစိတ္တသာဓါရနစေတသိက် (၇)ပါး၊
-ပကိဏ်းစေတသိက် (၆)ပါး
-အကုသိုလ်စေတသိက် (၁၄)ပါး
-ကုသိုလ်စေတသိက် (၂၅)ပါး ဖြစ်ပါသည်။

စိတ်တမျိုးခြင်းအား စေတသိက် များနှင့်တွဲပုံကို အဘိဓမ္မာစာအုပ်များ၏ စေတသိက်ပိုင်းရှိ သင်္ဂဟနည်းများတွင် လေ့လာသိရှိနိုင်ပါသည်။

ကြည့်နှုန်း= 143

ပြန်လည်ဆွေးနွေးချက်များ....(ရိုင်းစိုင်းသောဆွေးနွေးမှုများကိုသီးခံပေးပါရန်)

မှန်ပါတယ်ခင်ဗျား။ မဟာကုသိုလ်စိတ် ပထမဒွေမှာ အမြဲတမ်း စေတသိက် (၃၃)လုံး ယှဉ်ပြီး ၀ိရတီ နှင့် အပ္ပမညာစေတသိက်တို့က တစ်ပါးစီသာ ယှဉ်ခွင့်ရသောကြောင့် တစ်ပြိုင်နက် အများဆုံး စေတသိက် (၃၄)ပါး ယှဉ်နိုင်ပါသည်။
အဘိဓမ္မာ အဖွဲ့ဝင်များခင်ဗျား-
အမေး အဖြေလေးတွေ လုပ်ကြပါဦးလို့ တိုက်တွန်းအပ်ပါသည်။

RSS

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................

 

 

anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

အဖွဲဝင်များ

နေ့စဉ်ဘလော့များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

tin aung bo သည်thein wai's ၏ 'ပဋိစ္စသမုပ္ပာဒ် ၁၂ ပါး။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
သောကြာ
tin aung bo သည်thein wai's ၏ 'ဓမ္မနဲ့ ပတ်သက်ပြီး “၀ိဝါဒ” မဖြစ်ပွားရလေအောင်။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
သောကြာ
ဖိုးကံထူး သည်thein wai's ၏ 'အသက်တိုရတာ။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Sep 14
ဖိုးကံထူး သည်yupar ayeကို မှတ်ချက်ရေးခဲ့ပါသည်။
"မတွေ့တာကြာပီလာလည့်ပါတယ်ဘယ်ရေက်နေလဲမမ"
Sep 14
ဖိုးကံထူး သည် thein wai's၏ 'သူတော်ကောင်းရဲ့ စိတ်နေသဘောထား(ရှင်ပုဏ္ဏက)။'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"တန်ဖိုးရှိလိုက်တာဘုရားကျင့်နိုင်အောင်ကြိုးစား၇အုံးမယ်"
Sep 14
tin aung bo သည်thein wai's ၏ 'အရှင်နန္ဒမာလာဘိဝံသ၏ လှူတတ်ဖို့လိုတယ်။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Sep 14
tin aung bo သည်thein wai's ၏ 'ကိုယ့်သန္တာန်မှာ တရားရှိ မရှိ၊ သိချင်လျှင်။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Sep 14
tin aung bo သည်thein wai's ၏ 'ဆရာတော်ဦးသုမင်္ဂလဘုရား၏ ဆုံးမစကားအချို့။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Sep 14
tin aung bo သည်thein wai's ၏ 'တရားအားထုတ်မည့်သူ၌ ရှိရမည့် အပရိဟာနိယတရား ၇ ပါး။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Sep 13
tin aung bo သည်thein wai's ၏ 'ကိုးဘွဲ့ရဆရာတော်၏ " အသဲနာတယ် "။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Sep 13
ဖိုးကံထူး replied to သုခ's discussion 'အာနာပါန'
"လေကိုမှတ်၇မှာမဟုတ်ဘူးနားသီဝမှာဝင်လေသိထွက်လေသိကိုသတိထားကြည့်၇မှာ…"
Sep 9
ဖိုးကံထူး သည်thein wai's ၏ 'အရှင်သာရိပုတ္တရာရဲ့ အတုယူစရာစိတ်ဓာတ်ကောင်း။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Sep 9

© 2017   Created by A BuddhismworldAdmin.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...