-အဘိဓမ္မာ သင်ယူလေ့လာရန်
-အဘိဓမ္မာ ရေးရာ ဆွေးနွေးနှီးနှောဖလှယ်ရန်
တည်နေရာ= ဗုဒ္ဓကမ္ဘာဆိုဒ်
အဖွဲဝင်များ= 29
နောက်ဆုံးလုပ်ဆောင်မှု= Mar 31

ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ် (ဒေါက်တာမင်းတင်မွန်).pdf

ဓမ္မဗျူဟာ အဘိဓမ္မာ ရိုးရိုးသင်တန်း သဂြိုလ်ကိုးပိုင်း ဇယား

ဓမ္မဗျူဟာ အဘိဓမ္မာ ရိုးရိုးသင်တန်း ပထမအဆင့် (စိတ်ပိုင်း စေတသိက်ပိုင်း ပဏိက်းပိုင်း)

ဓမ္မဗျူဟာ အဘိဓမ္မာ ရိုးရိုးသင်တန်း ဒုတိယအဆင့် မှတ်စု (ဝီထိပိုင်း၊ ဝီထိမုတ်ပိုင်း၊ ရုပ်ပိုင်း)

ဓမ္မဗျူဟာ အဘိဓမ္မာ ရိုးရိုးသင်တန်း တတိယအဆင့် မှတ်စု သမုပစ္စည်းပိုင်း ပစ္စည်းပိုင်း ကမ္မဠာန်း ပိုင်း)
Started by ko nyo. Last reply by နီစံ (အနီ) May 4, 2012. 2 Replies 1 Like
အကုသိုလ်စိတ်၁၂ပါးထဲမှ လောဘမှုစိတ်၈ပါးko nyo မှ April 30, 2012 12:26am တွင် တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။ယ္ခုတင်ပြချက်သည် ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ ဒေါက်တာမင်းတင်မွန်နှင့် ဆုထူးပန် ဆရာဟန်အဘိဓမ္မာ စာအုပ်များမှကောက်နုတ်တင်ပြထားခြင်းဖြစ်ပါသည်။…ဆက်လက်ဖတ်ရူရန်.........
ဘလော့အမျိုးအစား(အဘိဓမ္မာ)
Started by ko nyo. Last reply by 3hugiiftwckx6 May 2, 2012. 1 Reply 1 Like
လောဘမှုစိတ် ၈ ပါးကိုတင်ပြပြီးဖြစ်ရ်ျ ကျန်ဒေါသမှုစိတ် ၂ပါး၊မောဟမှုစိတ်၂ပါးကိုထပ်မံတင်ပြလိုက်ပါသည်။ဒေါသမှုစိတ်(ဒေါသမှုလဖြစ်သောစိတ်) -၂ပါး ၁။ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိက စိတ်-၁၊ စိတ်ဆင်းရဲခြင်းနှင့်တကွဖြစ်သော၊ပဋိဃသမ္ပယုတ် အမျက်ဒေါသနှင့်ယှဉ်လျက်…ဆက်လက်ဖတ်ရူရန်.........
ဘလော့အမျိုးအစား(အဘိဓမ္မာ)
မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)
လမင်း သည် October 27, 2012 က 3:24amတွင် မှတ်ချက်ရေးသားသွားပါသည်။ ဤအသင်းအတွင်းရှိ ရဟန်းပညာရှိ၊ လူပညာရှိ များအား တပည်တော် ကို တပည့်တော် အပ်ပါသည် ဘုရား တပည့်တော် ယခု အဘိဓမ္မာရိုးရိုး တတိယ အဆင့်ကို သင်ကြားပူဇော်နေပါသည်။ တပည့်တော် သိသင့်သမျှ၊ မသိနားလည်သမျှကို ကရုဏာရှေ့ထားပြီး သင်ပြတော်မူကြပါဘုရား။ တပည့်တော် မဟာပဌာန်းကျမ်းကို အဘိဓမ္မာ တတိယအဆင့် သင်ရိုးဖြင့် မတင်းတိမ်နိုင်ပါ ယခုထက်ပိုပြီး သိချင် ပူဇော်ချင် နေပါသည် ဘုရား .... တပည့်တော်အား ဖတ်သင့်သမျှသောစာအုပ်များ လုပ်သင့်သမျှသောအရာများ ကို သွန်သင်ပြတော်မူကြပါဘုရား
ogyi s@m သည် September 2, 2012 က 8:56pmတွင် မှတ်ချက်ရေးသားသွားပါသည်။ တိရစ္ဆန်တွေမှာ ရယ်ရွှင်တဲ့စိတ် ဖြစ်ပါသလားဘုရား။ ဖြစ်ရင် ဘယ်လို စိတ်နဲ့ ရယ်ရွှင်ကြပါလဲ။
နောက် နတ်ဗြဟ္မာတွေမှာကော ရယ်ရွှင်စိတ် ဖြစ်ပါသလား။ ဖြစ်ရင် ဘယ်လိုစိတ်နဲ့ ရယ်ရွှင်ကြပါသလဲ။
အဘိဓမ္မာပညာရှင်များ(ရဟန်းရှင်လူအားလုံး) ဖြေကြားပေးပါရန် ရိုသေစွာ တောင်းပန်ပါသည်။ တတ်နိုင်ရင် ကျမ်းကိုးအထောက်အထားပါ ထည့်သွင်း ဖေါ်ပြပေးပါရန်လည်း အနူးအညွတ် မေတ္တာရပ်ခံပါသည်။
thet naing သည် June 24, 2012 က 4:35amတွင် မှတ်ချက်ရေးသားသွားပါသည်။ အရှင်ဘုရားဖြေကြားပေးတာအလွန်ပဲရှင်းလင်းပါတယ်၊နိဗ္ဗာန်ကိုကိုယ်စိုးကိုယ်ပိုင်တာမဟုတ် ကိုယ်ပြုပြင်စီရင်ဖန်တီးလို့ မရအဲဒါကြောင့်အနတ္တ၊မဂ်တည်းဟူသောအကြောင်းတရားကြောင့်သာဖြစ်ပေါ်နိုင်သောကြောင့်အကြောင်းတရားပြည့်စုံလို့ ဖြစ်ပေါ်လာတဲ့အကျိုးတရားဖြစ်တဲ့အတွက်အနတ္တ၊
အကြောင်းဓမ္မတွေကြောင့်ဖြစ်ပေါ်လာသောအကျိုးဓမ္မသာဖြစ်တဲ့အတွက်အနတ္တ၊သဗ္ဗေဓမ္မာအနတ္တာအရ
အနတ္တဖြစ်ကြောင်းသိလိုက်ရတဲ့အတွက်အရှင်ဘုရားနှင့်ဓမ္မမိတ်ဆွေအပေါင်းကိုကျေးဇူးအထူးတင်ပါတယ် အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ၊ကောင်းကျိုးလိုရာဆန္ဒ ပြည့်စုံ
ကြပါစေ။ ရိုသေလေးစားစွာဖြင့်.....။
PPThi သည် June 19, 2012 က 9:59pmတွင် မှတ်ချက်ရေးသားသွားပါသည်။ ကျမဖတ်ဖူးတဲ့ ဆရာတော်ဆန်နီနေမင်း web site ထဲက အဖြေကို ကူးယူဖေါ်ပြပေးပါ့မယ်ရှင်။
သဗ္ဗေဓမ္မာ အနတ္တာဆိုတဲ့ တရားတော်မှာ အနတ္တဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကို စုံစုံစေ့စေ့သိအောင် ပြောပါမယ်။
၁။ အ သာရကတ္ထေန အနတ္တာ။ အနှစ်သာရ အခိုင်အမာ အားထားမှီခိုစရာ လုံးဝမရှိတဲ့အတွက် ‘အနတ္တ’လို့ခေါ်တယ်။
၂။ အ ၀သ၀တ္တနတော အနတ္တာ။ ငါလည်းမဟုတ်၊ ငါ့ဥစ္စာလည်းမရှိ ငါ့အလိုမလိုက်၊ ငါ့အကြိုက်မပါ ငါလိုရာမပြီး အချည်းနှီးအပျက်သဘောကိုသာ ဆောင်နေတဲ့အတွက်ကြောင့် ‘အနတ္တ’ ခေါ်တယ်။
၃။ အ နိဿရေန အနတ္တာ။ ကိုယ်ပိုင်ဆိုင်တာ ကိုယ်အစိုးရတာ ဘာတစ်ခုမှ မရှိတဲ့အတွက်ကြောင့် ‘အနတ္တ’ခေါ်တယ်။
၎။ ယံ ဒုက္ခံ တံ အနတ္တာ။ ဆင်းရဲဒုက္ခမှန်သမျှ အားလုံးကို ‘အနတ္တ’ ခေါ်တယ်။
ဘုရားရှင်လက်ထက်က ဘုရားကို ခံတိုက်ခဲ့တဲ့သူများဟာ အနတ္တကိုမကြိုက်တဲ့သူတွေ အများဆုံးဖြစ်တယ်။
ယခုဖြေရမှာက နိဗ္ဗာန်ကို သဗ္ဗေဓမ္မာ အနတ္တာထဲ ပါဝင်ပုံဖြစ်တယ်။ လောကလူအများ ပိုင်ဆိုင်တဲ့ပစ္စည်းများကို ငါ့ဟာ ငါ့ဥစ္စာ ငါပိုင်တယ် ငါလုပ်သလိုရတယ် အစိုးရတယ်ဆိုတဲ့ အတ္တ ဖြစ်ပါသလားလို့ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ အကယ်၍ ပစ္စည်းတွေဟာ ကိုယ့်ဟာ ကိုယ့်ဥစ္စာ ကိုယ်လုပ်သလိုဖြစ်ပြီး ခံစားသုံးဆောင်နိုင်တယ်ဆိုပြီး အတ္တဖြစ်နေကြတယ်။ တကယ်တမ်းကျတော့ ပစ္စည်းဥစ္စာတွေဟာလည်း တည်မြဲမှုမရှိလို့ အတ္တလို့ မဆိုနိုင်သလို နိဗ္ဗာန်ကိုလည်း ချက်ချင်းကြီး ယူလို့လည်းမရနိုင်ပါဘူး။ သည်လိုဆိုရင် နိဗ္ဗာန်ဟာ ကိုယ်ဖြစ်ချင်တိုင်း မဖြစ်နိုင်တဲ့အတွက် ငါ့ဟာမဟုတ်သလို ငါ့ဟာလည်း မဖြစ်ဘူး။ ဒါကြောင့် “သဗ္ဗေဓမ္မာ အနတ္တာ”လို့ ဟောရတာဆိုပြီး မှတ်ယူရပါမည်ဖြစ်ကြောင်း ဖြေကြားပေးလိုက်ရပါတယ်။
ဦးကောဝိဒ(မြိတ်) http://venkawwida.com မှ
ogyi s@m သည် June 19, 2012 က 7:15pmတွင် မှတ်ချက်ရေးသားသွားပါသည်။ နိဗ္ဗာန်တရားဟာ နိစ္စ၊သုခ၊အနတ္တ ဖြစ်တယ်ဆိုတာကို သိဖို့အတွက် စိတ်၊စေတသိက်၊ရုပ်တွေရဲ့ အနိစ္စ၊ဒုက္ခ၊အနတ္တဖြစ်ပုံကို အရင်သိမှ ဖြစ်ပါမယ်။ ဘာကြောင့်လဲဆိုတော့ နိဗ္ဗာန်မှာ စိတ်၊စေတသိက်၊ရုပ်တွေ မရှိလို့ပါဘဲ။ စိတ်+စေတသိက်တွေက ခဏတိုင်း ဖြစ်လိုက် ပျက်လိုက်နဲ့ ပြောင်းလဲနေပါတယ်။ ရုပ်ကလည်း စိတ်သက် ၁၇ ချက်ပြည့်တိုင်း ဖြစ်လိုက် ပျက်လိုက်နဲ့ သွားနေပါတယ်။ ဆိုချင်တာက စိတ်၊စေတသိက် (နာမ်)နဲ့ ရုပ်တွေဟာ ပြောင်းလဲတတ်တဲ့သဘောရှိပါတယ်။ ဒါကိုဘဲ အနိစ္စလို့ ပြောရမှာပါ။ အနိစ္စဖြစ်တဲ့တရားတိုင်းဟာ ဒုက္ခတရားချည်းဘဲလို့ မြတ်ဗုဒ္ဓဟောထားပါတယ်။ ဒုက္ခဖြစ်တဲ့တရားတိုင်းဟာလည်း အနတ္တတရားပါလို့ ဘုရားဟော ရှိပါတယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားသုံးမျိုးမှာ အနိစ္စကို နားလည်ဖို့ အရေးကြီးပါတယ်။ အနိစ္စ ပြောင်းလဲခြင်းမှာ ခဏတိုင်းပြောင်းလဲတာ (momentary change), အချိန်အတော်ကြာမှ ပြောင်းလဲတာ (temporary change) တွေကို သိရပါမယ်။ ဒါမှ ဖြစ်ပျက်ရဲ့သဘောဆိုတာ အနိစ္စပါလားလို့ နားလည်မှာပါ။ ညီမျှခြင်းနဲ့ ပြောရမယ်ဆိုရင် အနိစ္စ (A)=ဒုက္ခ (B) ၊ ဒုက္ခ (B) =အနတ္တ (C) ဖြစ်လို့ ဒီလက္ခဏာသုံးခုဟာ တစ်ခုနဲ့ တစ်ခု အပြန်အလှန် ဆက်သွယ်နေပါတယ်။ ဒုက္ခရဲ့ ဆင်းရဲပုံလေးကတော့ အများသိတဲ့အတိုင်း ရှင်းမယ်လို့ ထင်ပါတယ်။ အနတ္တကိုတော့ နားလည်ဖို့ နည်းနည်းခက်ပါတယ်။ အနတ္တဆိုတာ န+အတ္တ ဖြစ်လို့ အတ္တမရှိလို့ အဓိပ္ပါယ်ရပါတယ်။ တခြားတခြားသောဘာသာဝင်တွေရဲ့ philosophy မှာ အတ္တ (atman) က အရမ်းကို အရေးပါ အရာရောက်ပါတယ်။ စားတာလဲ အတ္တဘဲ။ သွားတာလဲ အတ္တဘဲ။ ခံစားတာလဲ အတ္တဘဲ။ အားလုံးဟာ အတ္တချည်းပါဘဲ။ ရုပ်တို့ မနတို့ဟာ အတ္တစံစားခံစားဖို့အတွက် အကူပစ္စည်းတွေသာ (instrument) တွေသာ ဖြစ်ပါတယ်တဲ့။ နောက် အတ္တဟာ ရုပ်လည်းမဟုတ် နာမ်လည်း မဟုတ်တဲ့ တတိယအမျိုးအစားအစား တစ်ခု ဖြစ်ပါသတဲ့ (သူတို့အပြောအရ...)။
ဗုဒ္ဓဘာသာမှာတော့ အတ္တဆိုတာမရှိဘဲ ရုပ်နဲ့နာမ် နှစ်မျိုးသာ သူတို့ဆိုင်ရာ လုပ်ငန်းတွေကို ထမ်းဆောင်ရင်း ဖြစ်စဉ်တစ်ခုအနေနဲ့ သွားနေတယ်လို့ နားလည်ရပါမယ်။
ဒါတွေကတော့ နိဗ္ဗာန်ဆိုတာ နိစ္စ၊သုခ၊အနတ္တဖြစ်တယ်ဆိုတဲ့အကြောင်း အခြေခံနားလည်ရမယ့် အချက်တွေဘဲ ဖြစ်ပါတယ်။ သိသလောက်ကို နားလည်သလို ပြောပြခြင်းသာ ဖြစ်ပါတယ်။ အမှားပါလျှင် ခွင့်လွှတ်ပြင်ဆင်ပေးဖို့လည်း တောင်းပန်ပါတယ်။
...........................
ဆရာတော်များထံမှ ကျမ်းကိုးကျမ်းကားများဖြင့် ဖေါ်ပြလာမည့် အဖြေကို စောင့်မျှော်နေပါသည်ဘုရား။
thet naing သည် June 19, 2012 က 12:58amတွင် မှတ်ချက်ရေးသားသွားပါသည်။ အဘိဓမ္မာတရားဟာစိတ်၊စေတသိတ်၊ရုပ်၊နိဗ္ဗာန်(ပရမတ္တ)တရားတွေအကြောင်းဟောထားတာဖြစ်ပါတယ်။စိတ်၊စေတသိတ်၊ရုပ်၊တရားတွေက အနိစ္စ၊ဒုက္ခ၊အနတ္တ တရားဖြစ်ပြီး နိဗ္ဗာန်တရားကတော့ နိစ္စ၊သုခ၊အနတ္တဖြစ်တယ်လို နာကြားဖူးပါတယ်၊ဘာ့ကြောင့်နိဗ္ဗာန်က နိစ္စ၊သုခ၊အတ္တမဖြစ်တာလဲ?
တတ်သိနားလည်သော လူပညာရှိ ရဟန်းပညာရှိများဖြေကြားပေးတော်မူပါဘုရား။
၊
ogyi s@m သည် June 6, 2012 က 11:28pmတွင် မှတ်ချက်ရေးသားသွားပါသည်။ စိတ်ရှည်လက်ရှည် ဖြေကြားပေးတော်မူတဲ့အတွက် ၀မ်းမြောက်မိပါသည်ဘုရား။
ကုသိုလ်အရာဝယ် အိပ်မက်၌ဖြစ်သော ဇောစေတနာ၊ ပဉ္စဒွါရဝီထိ၌ဖြစ်သော ဇောစေတနာ၊ မရဏသန္နဝီထိ၌ဖြစ်သော ဇောစေတနာ တွေကို အင်္ဂါညီ/မညီ စိစစ်ဖို့ လိုအပ်တယ်လို့ နားလည်ရပါသည်ဘုရား။ ဘာကြောင့် စိစစ်ဖို့ လိုတာလဲ ဆိုတဲ့ အကြောင်းပြချက်လေးရှိရင်လည်း သိခွင့်ပြုတော်မူပါဘုရား။
ကျန်းမာချမ်းသာစွဖြင့် သာသနာ့အကျိုးသယ်ပိုးနိင်ပါစေဘုရား။ ရိုသေစွာ ရှိခိုးဦးတင်ပါသည်ဘုရား။
ogyi s@m သည် May 31, 2012 က 4:39pmတွင် မှတ်ချက်ရေးသားသွားပါသည်။ အကုသိုလ်လုပ်ရာမှာ လိုအပ်တဲ့အချက်အလက်တွေ ပြည့်စုံမှ ကံမြောက်တယ်လို့ သိရပါတယ်။
ဥပမာ..သူ့အသက်သတ်ရာမှာ
၁။သက်ရှိသတ္တ၀ါ ဖြစ်ရမယ်။ ၂။သတ်လိုတဲ့စေတနာ ပါရှိရမယ်။ ၃။သတ်လည်း သတ်ရမယ်။
၎။သေလည်း သေသွားမယ်။.... ဆိုရင် သေချာပေါက် အကုသိုလ်ကံမြောက်သွားပြီလို့ ဆိုပါတယ်။
ကုသိုလ်လုပ်တဲ့နေရာမှာ...ဒါန၊ သီလ။ သမထ/၀ိပဿနာ ဘာဝနာ တွေပြုတဲ့အခါ ဘယ်လို အချက်အလက်တွေ ပြည့်စုံမှ ကုသိုလ်ကံမြောက်ပါသလဲ။ အချက်အလက် ဘယ်လောက်လိုအပ်ပါသလဲ။ ကုသိုလ်ကံမြောက်သွားအောင် ဘယ်လို ပြုလုပ်ရပါမလဲ။
ဘုန်းဘုန်းများအပါဝင် ပညာရှင်များ ဖြေကြားပေးပါရန် မေတ္တာရပ်ခံပါသည်။ အကိုးအထောက်အထားပါ ပြောပြပေးနိုင်လျှင် ပိုမို အဆင်ပြေမည် ထင်ပါသည်။
hla moe 24 သည် May 31, 2012 က 7:49amတွင် မှတ်ချက်ရေးသားသွားပါသည်။ အားလုံးမင်္ဂလာပါ
အဖွဲ့  ဘယ်လိုဝင်ရမလဲး ကူညီပါလား
ko nyo သည် May 2, 2012 က 1:43amတွင် မှတ်ချက်ရေးသားသွားပါသည်။ အဘိဓမ္မာ အဖွဲ့ဝင် ဦးအောင်ကိုးအဘိဓမ္မာကိုလေ့လာနေတယ်ဆိုတော့ဆက်ကြိုးစားပြီးလေ့လာပါအားပေး
တယ်ဗျာ ကျွန်တော်လဲ သူငယ်ချင်းကိုအားနာလို့လိုက်တက်ရင်ကနေ တောက်လျှေက်လေ့လာဖြစ်သွှားတာပါ ဝိရိယတော့ အတော်စိုက်ရတယ်၊သာသနာနဲ့ကြုံခိုက်လောကမှာ အမြင့်ဆုံး၊တန်ဖိုးအရှိဆုံးပညာကို သင်ယူပါ
ဗုဒ္ဓတရားတော်တွေသင်ကြားခြင်း၊နိဗ္ဗာန်ကိုရောက်အောင်လေ့ကျင့်ရခြင်း၊အားထုတ်ရခြင်း
တွေဟာ ရေဆန်ကိုလှော်တက်ရသလိုဘဲ ခက်ခဲပင်ပန်းပါတယ် အားမလျှော့ပါနဲ့ သင်ပြီးတဲ့အချိန်ကြရင် ငါ့အတွက်ဘာအကျိုးရှိလဲဆိုတာ ကိုယ်တိုင်သိလာလိမ့်မယ် ဒီကြားထဲတော့ဝိရိယမလျှော့ဘဲ သင်ယူဖို့အားပေးပါတယ်
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ မှ(ကြိုဆိုပါတယ်)
( မှတ်ပုံတင်ရန်နေရာ)
(မှတ်ပုံတင်ပြီးသားသူများ)၀င်ရန်
အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး
နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)
Name of Account. U HLAING KYAW HTWE
NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ
ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့
လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

kham ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

Soe Myint Aung ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

Thet Thet Oo ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

Mg hein thu soe ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။


dimplemit ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။
kham commented on အရှင်ဝဏ္ဏ's blog post 'မနေသူတွေထဲမှာ နေပါ..'
Thet Thet Oo liked လှိုင်ကျော်ထွေး's blog post 'ဗုဒ္ဓသာသနာတော်၌ အပြောရ အသိရ အခက်ဆုံးတရားဆိုတာ ဘာလဲ'
Htain Lin Oo replied to နီစံ (အနီ)'s discussion 'တရား ရိပ်သာ ကဏ္ဍ'
© 2013 Created by ကောင်းမြတ်မင်း.
Powered by
© Copyright Ning Network Name Goes Here.
အဘိဓမ္မာ ဌာန သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။