☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺သည်( ၂၀၁၁ )ခုနှစ်ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါသည်။

 

 

☺☺☺ဗုဒ္ဓကမ္ဘာသာသနာပရဟိတအသင်း☺☺☺

ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်တို့ (Buddhismworld's Admins) မှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

တရားဂုဏ်တော် -၆ ပါးရှင်းလင်းချက်

တရားဂုဏ်တော် ခြောက်ပါးပါဠိ, အနက်, သရုပ်, အကျိုးကျေးဇူး

၁။ သွာက္ခာတော ဘဂ၀တော ဓမ္မော၊

၂။ သန္နိဋ္ဌိကော၊

၃။ အကာလိကော၊

၎။ ဧဟိပဿိကော၊

၅။သြပနေယျိကော၊

၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟီ”တိ။

လယ်တီမူ တရားဂုဏ်တော် ခြောက်ပါးအနက်

၁။ ဘဂ၀တာ၊ မြတ်စွာဘုရားသည်။ ဓမ္မော၊ တရားတော်မြတ်ကို။ သွာက္ခာတော၊ အစ, အလယ်, အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံစွာ ဟောကြားတော်မူအပ်၏။

၂။ ဓမ္မော၊ တရားတော်မြတ်သည်။ သန္ဒိဋ္ဌိကော၊ ကျင့်ဆောင်သူတို့အား ယခုဘ၀ပစ္စက္ခ၌ပင် ဒိဋ္ဌကိုယ်တွင် တွေ့မြင်ခံစားရသော ဂုဏ်ကျေးဇူးအထူးနှင့်လည်း ပြည့်စုံတော်မူပေ၏။

၃။အကာလိကော၊ ကာလမရွေ့ ကျင့်သည့်နေ့ပင် တွေ့မြင်ယုံကြည်ရသော ကောင်းကျိုးချမ်းသာနှင့်လည်း ပြည့်စုံတော်မူပေ၏။

၎။ ဧဟိပဿိကော၊ လာရောက်ရှုမြင် ကျေးဇူးတင်မြဲဖြစ်၍ လာပါ ရှုပါ, ကျင့်ကြံပါဟု မပါပါအောင် ခေါ်ဆောင်သွတ်သွင်း တိုက်တွန်းခြင်းငှာ ထိုက်တန်စွာသော ဂုဏ်ထူးဝိသေသနှင့်လည်း ပြည့်စုံတော်မူပေ၏။

၅။ သြပနေယျိကော၊ မိမိကာယ အဇ္ဈတ္တတွင် ရရှိပေါက်ရောက် ကိုယ်တွေ့မြောက်အောင် ကပ်၍ဆောင်ထိုက်သော ဂုဏ်ထူးဝိသေသနှင့်လည်း ပြည့်စုံတော်မူပေ၏။

၆။ ၀ိညူဟိ၊ ပညာရှိသူ ရှင်, လူအပေါင်း သူတော်ကောင်းတို့သည်။ ပစ္စတ္တံ၊ အသီးသီးသော မိမိတို့သန္တာန်၌။ ဝေဒိတဗ္ဗော၊ ချမ်းသာလေစွ ကောင်းလေစွဟု ကာယ, စိတ္တ သုခနှစ်ပြင် ထင်ထင်ရှားရှား ခံစားသိမြင်ရသော ဂုဏ်ထူးဝိသေသနှင့်လည်း ပြည့်စုံတော်မူပေ၏။

တံ၊ ထိုသွာက္ခာတောအစ ဝေဒိတဗ္ဗောအဆုံး ဘ၀ဂ်ချုံးမျှ ဘုန်းရှိန်ကြီးမား ဂုဏ် ၆ ပါးနှင့် ပြည့်စုံတော်မူသော တရားတော်မြတ်ကို။ အဟံ၊ ခန္ဓာအာယတန ဓာတ်စုမျှကို ကာယသမုတ် အကျွန်ုပ်သည်။ ၀န္ဒာမိ၊ သဒ္ဓါစိတ်ဇော အာရုံပြော၍ မနော, ၀စီ, ကာယညီလျက် ဦးချီလက်မိုး ကြာငုံဖြိုးသို့ ရှိခိုးပါ၏ဘုရား။

တရားဂုဏ်တော် ခြောက်ပါးသရုပ်

၁။သွာက္ခာတ ဂုဏ်တော် = ကောင်းစွာ ဟောကြားအပ်သော ဂုဏ်တော်၊

၂။ သန္နိဋ္ဌိကာဂုဏ်တော် = လက်တွေ့ မျက်တွေ့ ဂုဏ်တော်၊

၃။ အကာလိက ဂုဏ်တော် =လက်ငင်းအကျိုးပေး ဂုဏ်တော်၊

၎။ ဧဟိပဿိက ဂုဏ်တော် = ဖိတ်ခေါ်တိုက်တွန်း ဂုဏ်တော်၊

၅။ သြပနေယျိက ဂုဏ်တော် = ကပ်၍ ဆောင်ထိုက်သော ဂုဏ်တော်၊

၆။ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ ဂုဏ်တော် = ပညာရှိတို့ သိမြင်ခံစားအပ်သောဂုဏ်တော်။

တရားဂုဏ်တော်ပွားများ၍ အကျိုးရသော

သာဓက၀တ္ထုများ ဓမ္မာနုဿတိ တရားဂုဏ်တော် အောက်မေ့ပွားများခြင်း၏ အကျိုးပြသာဓက၀တ္ထုများအဖြစ် - ဖားနတ်သားဝတ္ထု၊ လင်းနို့သားငါးရာဝတ္ထု၊ ဓမ္မစကြာ မယ်ဟေမာဝတ္ထု၊ စွန်လက်မှလွတ်သော ဗုဒ္ဓရက္ခိတကျေးသားဝတ္ထု စသည်များကို ထုတ်ဆောင်အပ်၏။ အကျိုး ၁၁-ပါးလင်္ကာ

၁။ ကိလေမနှောင့်

၂။စိတ်စဉ်ဖြောင့်၏

၃။ ဘုန်းခေါင်ဟောကြား၊ တရားရိုသေ၊

၎။ သဒ္ဓါစွေ၍၊

၅။နှစ်ထွေပီတိ၊

၆။ သည်းခံချိ၏၊

၇။ စေတီပုံလား၊

၈။ တရားနှင့်နေ၊

၉။ထင်ပေဟိရောတ်*၊ (*ဟိရွတ်ဟု ဖတ်ပါ။ ဟိရိသြတ္တပ္ပဟု ဆိုလိုသည်။)

၁၀။စိတ်ညွှတ်ဓမ္မ၊

၁၁။ မဂ်မရလည်း၊ ရောက်ထမမှား၊ နတ်ရွာလားသည်၊ တရားဂုဏ်တော်ပွားကျိုးတည်း။ (မာဂဓိ - လင်္ကာ)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

ဘုရားရှိခိုးရန်နေရာဌာန သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................

 

 

anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

အဖွဲဝင်များ

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

thein wai သည် ဘလော့တင်သွားပါသည်။
Jun 2
ညီထွေး သည်အရှင်ဝိမလဝံသ's ၏ '“သတိထားဆင်ခြင်ဖွယ် မပေးလှူကောင်းသော အလှူ(၁၀)မျိုး”' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 28
ညီထွေး သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 28
နှင်းဖြူ သည်ဦးထွန်းလင်းဦး's ၏ 'ဝိပဿနာဖြင့်​ မရဏလမ်းကို ​ကျော်​ဖြတ်​ခြင်း' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
နှင်းဖြူ သည်သူရ​အောင်​'s ၏ 'ဝိရိယ၏ အရည်​​သွေ​လေးမျိုး' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
နှင်းဖြူ သည်သူရ​အောင်​'s ၏ 'ဝိရိယ၏ အရည်​​သွေ​လေးမျိုး' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
နှင်းဖြူ သည်phyuthi's ၏ 'ဗုဒ္ဓကမ္ဘာသာသနာဟိအသင်း (၁၇) ကြိမ်မြောက်အလှူပွဲ @@@@@@@@@@@@@@@@@@@ အတွက် အသိပေးနိုးဆော်ခြင်း @@@@@@@@@@@' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
OHNMAR သည် Thein Naing Ohn's၏ '၀ိဝေကသုံးပါး နှင့် ပပဉ္စတရား'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"ကျေးဇူးပါနော်"
မေ 22
အရှင်ပညာသိရီ သည်သူရ​အောင်​'s ၏ 'ဝိရိယ၏ အရည်​​သွေ​လေးမျိုး' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 4
အရှင်ပညာသိရီ သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 4
အရှင်ပညာသိရီ သည်profileကိုပြုပြင်သွားသည်။
မေ 4
Profile Iconkyaw wunna tun and Daw Yee Yee Swe joined ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺
Apr 29

© 2017   Created by A BuddhismworldAdmin.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...